6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

အောက်တိုဘာ ၂၆ ၊ ၂၀၁၅
M-Media

Meikhtila

အစ္စလာမ်ဘာသာဝင်တွေရဲ့ ဗလီကို ဖျက်ပြစ်ဖို့ လှုံ့ဆော်နေတဲ့ မတူကွဲပြားခြင်း နှင့် ငြိမ်းချမ်းရေးပါတီ ဥက္ကဌ ဦးနေမျိုးဝေ ၏ ရေးသားမှု ၊ အမုန်းတရား ရေးသားမှု နှစ်ချီနေပြီဖြစ်သော်လည်း အစိုးရမှ ယခုချိန်ထိ အရေးမယူသေး

မကြာမီကျင်းပတော့မည့် နိုဝင်ဘာရွေးကောက်ပွဲနှင့်ပတ်သက်၍ အွန်လိုင်းပေါ်မှ အမုန်းတရားဝါဒဖြန့်မှုနှင့် အသရေဖျက်မှုများအပေါ် တရားစွဲဆိုရာတွင် အစိုးရသည် ဘက်လိုက်သည့် မူဝါဒ ကျင့်သုံးနေကြောင်း ရှေ့နေများနှင့် တက်ကြွလှုပ်ရှားသူများက ဆိုသည်။

ရိုးရာလုံချည် အစိမ်းရောင်ဝတ်ဆင်ထားသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအ၀င် အခြားစစ်တပ်အရာရှိများမှ ၀တ်ဆင်ထားသော လတ်တလော တပ်မတော် ၀တ်စုံသစ်တို့ကို နှိုင်းယှဉ် ဖန်တီးသည့် ဓာတ်ပုံအား ဖေ့စ်ဘွတ်ပေါ် ဝေမျှခဲ့သည့်အတွက် အသက် ၂၅ နှစ်အရွယ် မိန်းကလေးတစ်ဦးကို ဖမ်းဆီး အရေးယူလိုက်ချိန် လွန်ခဲ့သည့်ရက်သတ္တပတ်ကစပြီး ဝေဖန်မှုများ တဟုန်ထိုးမြင့်မားလာ၏။

ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ကလည်း ကချင်ငြိမ်းချမ်းရေးလှုပ်ရှားသူ အသက် ၄၃ နှစ်အရွယ် ပက်ထရစ် ခွန်ဂျာလီအား ကာချုပ်မင်းအောင်လှိုင်၏ဓာတ်ပုံအပေါ် ကချင်ပုဆိုးဝတ်သူတစ်ဦး တက်နင်းထားသည့်ပုံကို အွန်လိုင်း၌ ဝေမျှခြင်းကြောင့် ဖမ်းဆီးထိန်းသိမ်းလိုက်ပြန်သည်။
အဆိုပါအမှုနှစ်ခုလုံးကို စစ်တပ် အရာရှိများက တိုင်ကြားစွဲဆိုခြင်းဖြစ်ပြီး တရားစွဲဆိုခံရသူ နှစ်ဦးလုံးကို ဖမ်းဆီးချိန်ကတည်းက ယခုထိ ထိန်းသိမ်းထားဆဲဖြစ်သည်။

“သူတို့ကိုပြောင်လှောင်ရင် သူတို့က ချက်ခြင်းအရေးယူတုန့်ပြန်တယ်။ အွန်လိုင်းပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ခိုက်နေတာတွေကျတော့ရော အရေးမယူကြဘူးလား” ဟု လူအချို့မှ အတိုက်အခံခေါင်းဆောင်အား သိက္ခာချနိုင်ရေးအတွက် ဒစ်ဂျစ်တယ် ဖန်တီးချက်များ ကျယ်ကျယ်ပြန့်ပြန့် ဝေမျှနေခြင်းအပေါ် မြန်မာရှေ့နေများကွန်ရက်မှ ဦးသိန်းသန်းဦးက မေးခွန်းထုတ်လိုက်သည်။

အစိုးရသည် ဗုဒ္ဓဘာသာဝင်နှင့်မွတ်စ်လင်မ်တို့အကြား အမုန်းတရားလှုံ့ဆော်ရေး ရေးသားချက်များကိုမူ ထိရောက်မျှတစွာ အရေးယူဆောင်ရွက်ခြင်း မရှိကြောင်း ရှေ့နေဦးကိုနီမှ ဧရာဝတီသို့ ပြောဆိုသည်။ “ဘာသာတရားနှစ်ခုစလုံးကို မထေမဲ့မြင်ပြုပြီး အကြမ်းဖက်မှုကို မီးမွှေးနေတဲ့ ရေးသားချက်တွေ အွန်လိုင်းပေါ်မှာ အများအပြား ရှိနေပါတယ်။ ဒါပေမယ့် ဒီရေးသားချက် နောက်ကွယ်မှာ ရှိနေတဲ့သူတွေကို ဖမ်းဆီးအရေးယူမှုဆိုတာ ကျွန်တော်တို့ မကြားဖူးသလောက်ပါပဲ”။

တိုးပွားလာသည့် အမုန်းတရားလှုံ့ဆော်မှု
—————————————–
စမတ်ဖုန်းနှင့် ဆင်းမ်ကဒ်များ ဈေးထိုးကျသွားသည်နှင့်အမျှ ဆိုရှယ်မီဒီယာအသုံးပြုသူများ တရှိန်ထိုး တိုးထက်များပြာလာခဲ့သည်။ နိုင်ငံအတွင်း ဖေ့စ်ဘွတ်သုံးစွဲသူဦးရေမှာ ၆ သန်း ၀န်းကျင် ရှိကြောင်း  ရန်ကုန်မြို့လယ်အခြေစိုက် နည်းပညာစောင့်ကြည့် အဖွဲ့အစည်းဖြစ်သော ဖန်တီးရာ က ဆိုသည်။

သို့သော် အမှောင်ဖုံး လူ့အဖွဲ့အစည်းအား အွန်လိုင်းအသုံးပြုမှုက စိုးရိမ်စရာအကျိုးဆက်များထံ ဦးတည်သွားစေခဲ့သည်။

၂၀၁၂ ခုနှစ်တွင် ဒီဂျစ်တယ် နည်းပညာဖြင့် ဖန်တီးထားသော ဗုဒ္ဓဘာသာဝင် အမျိုးသမီး မုဒိန်းကျင့်ခံရပုံ ဖေ့စ်ဘွတ်ပေါ် ပလူပျံရောက်ရှိလာသည်။ ၎င်းကိုတုန့်ပြန်မှု အဖြစ် ရခိုင်ပြည်နယ် တောင်ကုတ်ခရီးသွား ဘတ်စ်ကားပေါ်မှ မွတ်စ်လင်မ် ၁၀ ဦးကို ၀ိုင်းဝန်းသတ်ဖြတ်ခဲ့ကြသည်။

ထိုအကြမ်းဖက်မှုက မြန်မာဖေ့စ်ဘွတ်အသိုင်းအ၀ိုင်း အကြား အမုန်းတရား ခေတ်သစ်အတွက် ရှေ့ပြေးသံတော်ဆင့် ဖြစ်ခဲ့သည်။ ၎င်းမှတဆင့် လူမျိုးရေးဘာသာရေး တင်းမာမှု တင်းမာမှုဖြစ်အောင် မီးမွှေးအားဖြည့်ပေးသည်။ ၎င်းနောက် နိုင်ငံတစ်ဝှမ်း နေရာ အနှံ့အပြားတွင် လူမျိုးရေး ဘာသာရေး အကြောင်းပြ ကြောက်စရာ အကြမ်းဖက်ဖြစ်ရပ်များ ပေါ်ပေါက်လာ ပါတော့သည်။

(1)_Wira_Thu_-_2014-07-02_02.37.56

နောက်ပိုင်းကာလဖြစ်စဉ်တစ်ခု၌ ဗုဒ္ဓဘာသာဘုန်းကြီး ဦးဝီရသူသည် မန္တလေးမြို့ လက်ဖက်ရည် ဆိုင်ပိုင်ရှင်တစ်ဦးက ဗုဒ္ဓဘာသာဝင်အ မျိုးသမီးတစ်ဦးကို လိင်ပိုင်းစော်ကားသည်ဟု စွပ်စွဲဖော်ပြရေးသားချက်အား ဖေ့စ်ဘွတ်ပေါ် တင်ခဲ့သည်။ အဆိုပါဖြစ်ရပ်မှာ မဟုတ်မလျား စွပ်စွဲချက်များဖြစ်ကြောင်း ပေါ်လွင်ခဲ့သော်လည်း နောက်ဆက်တွဲ မန္တလေးအကြမ်းဖက်မှုဖြစ်စဉ်၌ ပြည်သူနှစ်ဦး အသက်ဆုံးရှုံးသွားစေခဲ့သည်။

ထိုဖြစ်စဉ်များက လူမှုမီဒီယာများရှိ အမုန်းတရားစောင့်ကြည့်ရေးအတွက် မြန်မာအစိုးရကို ဖေ့စ်ဘွတ်နှင့် အခြားနည်းပညာကုမ္ပဏီများထံမှ အကူအညီရယူစေခဲ့သည်။

အွန်လိုင်းအမုန်းတရားဝါဒဖြန့်မှုကို တိုက်ဖျက်ရန်အတွက် အွန်လိုင်းအသုံးပြုမှုဆိုင်ရာ ဥပဒေသစ်မူကြမ်းရေးဆွဲမှု၊ အင်တာနက်ဆက်နွှယ်ပြစ်မှုများစောင့်ကြည့်ရန် ရဲတပ်ဖွဲ့တစ်ရပ် ဖွဲ့စည်းခြင်း၊ ဖေ့စ်ဘွတ်အသုံးပြုသူများလိုအပ်ချက်များ သတိပေးခြင်း အပါအ၀င် အစိုးရသည် တာဝန်များစွာယူထားကြောင်း သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဋ္ဌေးက ဧရာဝတီသို့ ပြောကြားသည်။

“အခုဆိုရင် အသုံးပြုသူများဟာ သူတို့ရဲ့ဖေ့စ်ဘွတ်အကောင့်အတွက် ဖုန်းနံပါတ်များကို ထည့်သွင်းဖော်ပြရပါတော့မယ်”။ သူ့အား ဆက်လက်မေးမြန်းရာ  အွန်လိုင်းအမုန်းတရားဖြန့်ချိခြင်း အတွက် ထိန်းသိမ်းအရေးယူခံရသောသူတို့၏ ဖုန်းနံပါတ်များကို မိမိ မသိခဲ့ကြောင်း ဖြေကြားပါသည်။

နိုင်ငံရေးကိစ္စများကိုသာ ကွက်ကြားမိုးဖြိုခွင်းပြီး ဘာသာရေးအမုန်းဝါဒဖြန့်ခြင်းအပေါး် အစိုးရမှလျစ်လျူရှုနေခြင်းမှာ မကောင်းသောအလားအလာဖြစ်ကြောင်း အမုန်းတရားဖြန့်ချိမှု ဆန့်ကျင်သူတစ်ဦးဖြစ်သော ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ်ကိုယ်စားပြု တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးနေဘုန်းလတ်က ဆိုသည်။

“အစိုးရဟာ စစ်တပ်ကိစ္စနဲ့ပတ်သက်လာရင် ထိလွယ်ရှလွယ် ဖြစ်နေဆဲ ဆိုတာကို လက်ရှိ ဖမ်းဆီးမှုများက ပြသနေပါတယ်။ ကျွန်တော်တို့ဟာ အထိမခံနယ်ပယ်ထဲ ရှိနေသေးတာကို သိရှိပြီး ဖေ့စ်ဘွတ်အသုံးပြုသူများ သတိကရုပြုစေချင်ပါတယ်”။
အလိမ်အညာများနှင့် ဖေ့စ်ဘွတ်

သမိုင်းတွင်မည့် ၂၀၁၅ ရွေးကောက်ပွဲအတွက် မဲဆွယ်ခြင်းများ အရှိန်မြင့်လာသည်နှင့်အမျှ ကိုယ်စားလှယ်လောင်းအသီးသီးအတွက် အွန်လိုင်းထောက်ခံမှုများလည်း အရှိန်မြင့်လာကြသည်။ သို့သော် ထင်ရှားသော နိုင်ငံရေးခေါင်းဆောင်တို့ကို သရော်ပြောင်လှောင်သော သို့မဟုတ် သိက္ခာချသော ရေးသားတင်ပြချက်များဖြင့် ဖြန့်ချိမှု များပြားနေကြောင်း တွေ့ရသည်။

ကန်ကြီးထောင့်မြို့နယ်ရုံးမှ USDP ပါတီတွဲဖက်အတွင်းရေမှူး ဦးသန်းထွန်းသည် ဗလာကျင်း အမျိုးသမီးခန္ဓာကိုယ်နှင့် ဒေါ်အောင်ဆန်းစုကြည်၏မျက်နှာကို တွဲ၍ ဒစ်ဂျစ်တယ်သုံး ဖန်တီးဓာတ်ပုံအား ဖေ့စ်ဘွတ်ပေါ်တင်ခဲ့သည်။ သုံးရက်မြောက် ပြီးခဲ့သည့် အင်္ဂါနေ့တွင် ဖမ်းဆီးခံရသည်။

တူညီသော ဆက်သွယ်ရေးဥပဒေချိုးဖောက်မှုဖြစ်လင့်ကစား ပက်ထရစ်ခွန်ဂျာလီအား မဆိုင်းမတွဖမ်းဆီးသော်လည်း ဦးသန်းထွန်းကိုမူ ရဲတပ်ဖွဲ့မှ ဖမ်းဆီးရန် နှောင့်နှေးနေခဲ့သည်ဟု မြို့နယ်ရဲစခန်း၌ အမှုဖွင့်တိုင်ကြားခဲ့သည့် တရားလို ဦးစည်သူအောင်၏စကားအရ သိရသည်။

အာဏာပိုင်အသိုင်းအ၀ိုင်းမှ လူအချို့အပါအ၀င် ဒေါ်စုကြည်အား အွန်လိုင်းပေါ်၌ ဦးတည်စော်ကားနေသူအများအပြားကို ဥပဒေကြောင်းအရ အရေးယူမှုမရှိသည့် သာဓကအများအပြား ရှိနေပေသည်။
ယမန်နှစ်က သတင်းနှင့်ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်၏ ဇနီး ဒေါ်ခင်စန္ဒာထွန်းက ဒစ်ဂျစ်တယ်နည်းပညာသုံးပြီး ပြုပြင်ဖန်တီးထားသည့် အစ္စလာမ်ဝတ်စုံနှင့်ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံကို ဖြန့်ခဲ့သည်။ မြန်မာ စစ်တပ်မှရေးဆွဲခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံဥပဒေအား ဒေါ်အောင်ဆန်းစုကြည်မှ အပြောင်းအလဲလုပ်ရန် ကြိုးပမ်းသည့် အပေါ် ရည်ရွယ်တုန့်ပြန်ချက်များ အနက် တစ်ခုဖြစ်သည်။ ထိုပုံမှာ ဖေ့စ်ဘွတ်ပေါ်၌ အများအပြား ဖြန့်ဝေခဲ့ကြပြီး ဝေဖန်မှုများ လျှံထွက်လာကြသည်။ ဦးရဲထွဋ်မှ ချက်ခြင်းပင် ဒေါ်အောင်ဆန်းစုကြည်အား ပုဂ္ဂိုလ်ရေးအရ လူသိရှင်ကြား တောင်းပန်ခဲ့သည်။

ယခုသီတင်းပတ်အတွင်း အလားတူဖြစ်ရပ် ထွက်လာပြန်သည်။ USDP အမတ် (ဘူးလက်) ဦးလှဆွေ သည် ဂျော်ဂျီယာ သမိုင်းဝင်အဆောက်အဦ Brighton Pavillion နောက်ခံပြုထားသည့် ဒေါ်အောင်ဆန်းစုကြည်၏ပုံကို ဖေ့စ်ဘွတ်ပေါ်ပြီး၊ ယင်း အဆောက်အဦသည် ဗလီ – ဒေါ်စုကြည်သည် မွတ်စ်လင်မ်အားပေးသူအဖြစ် တလွဲတချော် ခေါင်းစည်းတပ်ခဲ့သည်။ များမကြာမီ သူ၏ စာမျက်နှာမှ ပြန်ဖျက်ခဲ့သည်။

အဆိုပါဖော်ပြချက်နှင့်ပတ်သက်၍ မိမိ၏အကောင့်မှာ တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ကြောင်း၊ ထိုဓာတ်ပုံအတွက် မိမိမှာတာဝန်မရှိကြောင်း ဦးလှဆွေက ပြောဆိုသည်။

“ဥပဒေဆိုတာ နှစ်ဖက်ခွပြီး လိုတစ်မျိုးမလိုတစ်မျိုး မဖြစ်အပ်ပါဘူး။ အခုဖြစ်နေပုံက သူတို့ကို ဝေဖန်ရင် အရေးယူပြီး သူတို့ကိုယ်တိုင်က တစ်ဖက်သားတွေကို မျက်လုံးစုံမှိတ် တိုက်ခိုက်နေကြတယ်” ဟူ၍ ကွက်ကြားမိုးရွာနေသော အသေဖျက်မှုဆိုင်ရာဥပဒေများနှင့် ပတ်သက်ပြီး ဦးသိန်းသန်းဦးက ဆိုပါသည်။

ကျော်ဖြိုးသာ ရေးသားသော ဧရာဝတီသတင်းဆောင်းပါး Burmese Govt Accused of “Double Standard” on Online Hate Speech ကို မြင့်မိုရ်မောင်မောင်မှ ဆီလျော်အောင် ပြန်ဆိုသည်။

Leave a Reply