6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

နိုဝင်ဘာ ၁၀၊ ၂၀၁၆
M-Media

putin

– အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ဒေါ်နယ်ထရမ့်အနိုင်ရသွားပြီးနောက် အစိုးရသစ်နှင့် ဆက်ဆံရေး ပြန်လည်ကောင်းမွန်အောင်ဆောင်ရွက်ရန် အဆင်သင့်ရှိနေသည်ဟု ရုရှားသမ္မတ ဗလာဒီမီရ်ပူတင်က ပြောကြားလိုက်သည်။

ထရမ့်သည် ပြိုင်ဘက်ဖြစ်သူ ဟီလာရီကလင်တန်ကို အင်္ဂါနေ့ သမ္မတရွေးကောက်ပွဲ၌ အနိုင်ယူခဲ့ပြီး ကမ္ဘာကြီးကို အံ့သြစေခဲ့ကာ ဒီမိုကရက်တစ်ပါတီ၏ ၈ နှစ်ကြာ ကြီးစိုးမှုကို အဆုံးသတ်နိုင်ခဲ့သည်။

ထို့ပြင် အမေရိကန်ကို မရေရာသော လမ်းကြောင်းသစ်ပေါ်သို့ တင်ပေးနိုင်ခဲ့ပြီး ယင်းကဲ့သို့ မသေချာမရေရာမှုများအနက် ထရမ့်ဦးဆောင်သည့်အစိုးရအဖွဲ့နှင့် ရုရှားတို့ကြား ဆက်ဆံရေးလည်း ပါဝင်သည်။ အမေရိကန်နှင့် ရုရှားတို့အကြား ဆက်ဆံရေးသည် ယူကရိန်းနှင့် ဆီးရီးယားပဋိပက္ခများ၊ အမေရိကန်ရွေးကောက်ပွဲ မဲဆွယ်ပွဲ၌ ရုရှား၏ ဆိုက်ဘာတိုက်ခိုက်မှုကြောင့် တင်းမာမှုမြင့်တက်လာခဲ့သည်။

“အမေရိကန်သမ္မလောင်းတွေရဲ့ မဲဆွယ်ဟောပြောချက်တွေထဲမှာ ရုရှားနဲ့ အမေရိကန်ပြည်ထောင်စုတို့အကြား ဆက်ဆံရေး ပြန်လည်ကောင်းမွန်အောင် လုပ်ဆောင်မယ့်အကြောင်း နားထောင်လိုက်ရပါတယ်။ လွယ်ကူတဲ့လမ်းကြောင်းတော့မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ ကျွန်တော်တို့အပိုင်းကိုတော့ အသင့်ပြင်ထားပြီးပါပြီ၊ ရုရှားနဲ့ အမေရိကန်ဆက်ဆံရေး တည်ငြိမ်ဖွံ့ဖြိုးတဲ့လမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိအောင် အစွမ်းကုန်ကြိုးစားသွားမှာပါ” ဟု ပူတင်က ယမန်နေ့တွင် ပြောကြားခဲ့သည်။

ထရမ့်မှာ ရုရှားနှင့် နွေးထွေးသောဆက်ဆံရေးရှိမည်ဟု အများစုက ယူဆနေကြပြီး ပူတင်ကမူ ထရမ့်မှာ ပါရမီရှိပြီး၊ ကိုယ်ရည်ကိုယ်သွေး ပြည့်ဝသည်ဟု ပြောကြားဖူးသည်။

ဗုဒ္ဓဟူးနေ့ မနက်ပိုင်းကလည်း ရုရှားက မိမိတို့အနေဖြင့် ဆီးရီးယားအရေးတွင် အမေရိကန်နှင့် ပူးပေါင်းဆောင်ရွက်သွားရန် မျှော်လင့်ထားသည်ဟု ပြောကြားခဲ့သည်။

Ref : alarabiya

Tags:

Comments are closed.