မြန်မာနိုင်ငံအပါဝင် အခြား အာရှနိုင်ငံများနှင့် အစ္စလာမ့် ပညာရေးတွင် တိုးမြင့် ပူးပေါင်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်း အင်ဒိုနီးရှား သာသနာရေးရာ ၀န်ကြီး Suryadharma Ali က ပြောကြားလိုက်ပါသည် “ အင်ဒိုနီးရှားက ပျော့ပျောင်းပြီး အလယ်လတ်ကျတဲ့အစ္စလာမ်ကို ကျင့်သုံးနေတဲ့အတွက် အရှေ့အလယ်ပိုင်းမဟုတ်တဲ့နိုင်ငံတွေက ဒီမှာ အစ္စလာမ်ကို လေ့လာဆည်းပူလိုကြပါတယ် ‘ ဟု ၄င်းက ဆိုပါသည်။ အင်ဒီုနီးရှားသည် ရုရှား၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊မြန်မာ စသောနိုင်ငံ အစ္စလာမ့်နယ်ပယ်များတွင်ပူးပေါင်းဆောင်ရွက်လျက်ရှိနေကြောင်း ၊ အင်ဒိုနီးရှား သာသနာရေးရာ ၀န်ကြီး ဌာနသည် နိုင်ငံများစွာရှိ မွတ်စလင်အသိုင်းများနှင့် လက်တွဲပြီး ဟဂ်ျရေးရာ၊ အစ္စလာမ့်ပညာရေး နှင့်အကြမ်းဖတ်တိုက်ဖျက်ရေးတွင် ပူးပေါင်းလျက်ရှိပါကြောင်းသတင်းထောက်များအား ပြော ပါသည်။ ‘လက်ရှိကာလမှာတော့ ရုရှားနဲ့ဟဂ်ျရေးရာတွေမှာပူးပေါင်းနေတာရှိပါတယ် ၊ ရုရှားကျောင်းသား ၁၀ဦးကိုလည်း အင်ဒိုနီးရှားမှာ အစ္စလာမ်ရေးရာသင်ကြားရေးအတွက် ပညာသင်ဆုပေးအပ်ထားပါတယ’် ဟု ၄င်းပြောကြားခဲ့သည်။ antaranews
Comments