News @ M-Media

Category: ကမ္ဘာ့မွတ်စလင် သတင်းများ

  • စက်တင်ဘာ ၆ ရက်နေ့ သတင်းတို

    စက်တင်ဘာ ၆ ရက်နေ့ သတင်းတို

    M-Media

    မွတ်စလင်နိုင်ငံများတွင် အရောင်းကျလာပြီဖြစ်တဲ့ Coke နှင့် Pepsi
    —————
    ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၇ ရက်နေ့က စတင်တဲ့ ဂါဇာက အစ္စရေးရဲ့လူသတ်ပွဲ နောက်ဆက်တွဲ မွတ်စလင်နိုင်ငံတွေမှာ Coke နဲ့ Pepsi တို့ကို သပိတ်မှောက်မှုကြောင့် ပြည်တွင်းထုတ် အချိုရည်စျေးကွက် ပိုမို အားကောင်းလာပါတယ်။ ဂျူးလုပ်ငန်းတွေဖြစ်ကြတဲ့ Coke နဲ့ Pepsi တို့ဟာ အစ္စရေးကို ဒေါ်လာသန်းရာထောင်ချီ ထောက်ပံ့နေကြတာဖြစ်လို့ မွတ်စလင်နိုင်ငံတွေက သပိတ်မှောက်ကြတာပါ။ အီဂျစ်၊ ပါကစ္စတန်နဲ့ ဘင်္ဂလားဒေ့ရှ်တို့လို နိုင်ငံတွေမှာ ဒေသထုတ် အချိုရည်တွေဟာ Coke နဲ့ Pepsi တို့နေရာမှာ သိသိသာသာကို နေရာယူလာပြီ ဖြစ်ပါတယ်။

    ဟာလာလ်စျေးကွက်တွင် ရုရှား၀င်လာပါက မလေးရှား ကူညီမည်
    ——————-
    မလေးရှားဟာ အစ္စလာမ့်ဘဏ်လုပ်ငန်းနဲ့ ဟာလာလ်စျေးကွက်မှာ အတွေ့အကြုံ ကြွယ်၀နေပြီဖြစ်တာကြောင့် ရုရှားနိုင်ငံက ဒီလုပ်ငန်းတွေမှာ ပါ၀င်လုပ်ကိုင်ချင်ရင် ကူညီပေးမယ်လို့ ၀န်ကြီးချုပ် အန်၀ါရ်အီဘရာဟင်က ပြောပါတယ်။ လက်ရှိ ရုရှားကိုရောက်နေတဲ့ အန်၀ါရ်ဟာ သမ္မတပူတင်၊ ရုရှားမွတ်စလင်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံကာ စီးပွားရေးမှာ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးခဲ့ကြပါတယ်။

    အစ္စလာမ်သာသနာကို အမြတ်မထုတ်ရေး ပါကစ္စတန်ဆော်သြ
    ———————-
    အကြမ်းဖက်၀ါဒ လှုံ့ဆော်ရေးမှာ အစ္စလာမ်သာသနာကို တစ်လွဲအသုံးချ အမြတ်ထုတ်နေတာကို ရပ်တန့်ဖို့ ပါကစ္စတန် ပြည်ထဲရေး၀န်ကြီး မိုရှင်နက်ဗီက တိုက်တွန်းလိုက်ပါတယ်။ ပါကစ္စတန်မှာ ခွဲထွက်ရေး အစွန်းရောက်အဖွဲ့တွေရဲ့ တိုက်ခိုက်မှု လတ်တလောမှာ မြင့်တက်နေတာဖြစ်ပါတယ်။ ဘာသာပေါင်းစုံ လူ့အဖွဲ့အစည်းကြားမှာ ညီညွတ်ရေး ကူညီပေးကြဖို့လည်း ပါကစ္စတန်အစိုးရက ဘာသာရေးခေါင်းဆောင်တွေကို တောင်းဆိုထားပါတယ်။

    Ref: Reuters, The Star

  • သူတစ်ပါးကို မပုတ်ခတ်ဘဲ မိမိကိုယ်ကို မြှင့်တင်ခြင်းဖြင့် မွတ်စလင်လူ့အဖွဲ့အစည်းကို တည်ဆောက်ရန် မလေးဘုရင် ပြော

    သူတစ်ပါးကို မပုတ်ခတ်ဘဲ မိမိကိုယ်ကို မြှင့်တင်ခြင်းဖြင့် မွတ်စလင်လူ့အဖွဲ့အစည်းကို တည်ဆောက်ရန် မလေးဘုရင် ပြော

    သြဂုတ် ၂၇၊ ၂၀၂၄
    M-Media

    (ဓာတ်ပုံ – ညီလာခံပြီးနောက် တွေ့ရသည့် ဘုရင် မူအီဇူဒင် (လယ်) နှင့် တာ၀န်ရှိသူများ)

    -အကြောက်တရား ရိုက်ထည့်ပေးခြင်းထက်၊ မိမိတို့စွမ်းအားကို ကိုယ်တိုင်မြှင့်တင်ခြင်းနဲ့သာလျင် မွတ်စလင် လူ့အဖွဲ့အစည်း ရှင်သန်ရပ်တည်ရေး ဆောင်ရွက်သွားရမယ်လို့ မလေးရှားက ဘုရင်တစ်ပါးဖြစ်တဲ့ ဆူလ်တန် နဇ်ရင် မူအီဇူဒင်ရှားက ပြောပါတယ်။

    အခုတစ်ပတ် အစောပိုင်းက ပြုလုပ်တဲ့ ၇၂ ကြိမ်မြောက် အစ္စလာမ့်ရေးရာကောင်စီ နှစ်ပတ်လည် ညီလာခံမှာ ဘုရင်ကြီးက ပြောကြားခဲ့တာပါ။ ဘုရင် မူအီဇူဒင်ရှားဟာ ကောင်စီဥက္ကဌဖြစ်ပြီး ညီလာခံကို ဦးဆောင်ကျင်းပခဲ့တာ ဖြစ်ပါတယ်။

    အခြားဘာသာ၀င်တွေနဲ့ပတ်သက်ပြီး မွတ်စလင်လူ့အဖွဲ့အစည်းမှာ အကြောက်တရား ရိုက်ထည့်ပေးခြင်းဟာ ကလေးငယ်တွေကို သရဲပုံပြင်တွေပြောပြီး ခြောက်လှန့်တာနဲ့ ဆင်တူကြောင်း၊ မွတ်စလင်မဟုတ်တဲ့ လူ့အဖွဲ့အစည်းတွေကိုလည်း စိတ်အနှောက်အယှက်ဖြစ်စေကြောင်း ဘုရင်ကြီးက ဆိုပါတယ်။

    “အကြောက်တရားရိုက်ထည့်ခြင်းဟာ လူ့အဖွဲ့အစည်းကို အလွန်ထိခိုက်ပါတယ်။ မိမိကိုယ်ကို ယုံကြည်မှု လျော့ကျစေတယ်။ ကိုယ့်လူ့အဖွဲ့အစည်းရဲ့ ပြင်ပ၊ အထူးသဖြင့် ကမ္ဘာနဲ့ချီပြီး ယှဥ်ပြိုင်ရတဲ့ အခါမျိုးမှာ ကိုယ့်လူ့အဖွဲ့အစည်းရဲ့ စွမ်းဆောင်ရည်ကို ကျဆင်းစေပါတယ်”

    လူ့အဖွဲ့အစည်းနဲ့ အစ္စလာမ်သာသနာရဲ့ ဂုဏ်သိက္ခာကို ထိခိုက်ပျက်ဆီးစေတဲ့ လုပ်ရပ်မျိုးတွေကို မွတ်စလင်လူ့အဖွဲ့အစည်းက လုံး၀ လက်မခံဖို့လည်း ဘုရင် မူအီဇူဒင်က တိုက်တွန်းခဲ့ပါတယ်။

    ညီလာခံကို မလေးရှား၀န်ကြီးချုပ် အန်၀ါရ် အီဘရာဟင်နဲ့ အစိုးရ၀န်ကြီးတစ်ချို့လည်း တက်ရောက်ခဲ့ပါတယ်။

    Ref: The Straits Times


  • အစ္စလာမ့်ရေးရာကောလိပ်တစ်ခုကို စင်ကာပူအစိုးရက တည်ထောင်ပေးမည်

    အစ္စလာမ့်ရေးရာကောလိပ်တစ်ခုကို စင်ကာပူအစိုးရက တည်ထောင်ပေးမည်

    သြဂုတ် ၁၉၊ ၂၀၂၄
    M-Media

    (ဓာတ်ပုံ – စင်ကာပူ၀န်ကြီးချုပ် လောရင့် ၀ွန်)

    -အနာဂတ် အစ္စလာမ့်ခေါင်းဆောင်တွေ ပေါ်ထွက်လာဖို့အတွက် ‘အစ္စလာမ့်ရေးရာကောလိပ်တစ်ခု’ တည်ဆောက် ထူထောင်ပေးမယ်လို့ စင်ကာပူ၀န်ကြီးချုပ် လောရင့် ၀ွန်က ပြောပါတယ်။

    သြဂုတ်လ ၁၈ ရက်နေ့က ပြုလုပ်တဲ့ အမျိုးသားနေ့ ချီတက်ပွဲမှာ လောရင့်က ကြေငြာတာပါ။ ၀န်ကြီးချုပ်ဖြစ်ပြီးနောက် ချီတက်ပွဲကို ပထမဆုံးအကြိမ် တက်ရောက်တာလည်း ဖြစ်ပါတယ်။

    အစ္စလာမ့်ရေးရာ ကောလိပ်တစ်ခု စင်ကာပူမှာ ပေါ်ပေါက်လာဖို့အတွက် ၂၀၁၆ ခုနှစ်မှာ အဲဒီတုန်းက မွတ်စလင်ရေးရာ ၀န်ကြီးအဖြစ် တာ၀န်ထမ်းဆောင်ခဲ့တဲ့ ယာကွဘ် အီဘရာဟင်က အဆိုပြုခဲ့တာပါ။

    လောရင့်က နိုင်ငံအတွင်းက မလေးမွတ်စလင် လူ့အဖွဲ့အစည်းနဲ့ ခေါင်းဆောင်တွေဟာ နိုင်ငံ တိုးတက်အောင်မြင်ဖို့အတွက် ဘက်ပေါင်းစုံကနေ ကူညီပံ့ပိုးပေးခဲ့ပြီး ဒီလုပ်ဆောင်ချက်တွေကို သူ့အနေနဲ့ အသိအမှတ်ပြုတယ်လို့ ပြောကြားခဲ့ပါတယ်။

    မွတ်စလင်လူ့အဖွဲ့အစည်းက ပေါ်ထွက်လာတဲ့ မှတ်ချက်တွေ၊ အတွေးအမြင်တွေကို မိမိတို့အစိုးရအနေနဲ့ တလေးတစား နားထောင်နေပြီး ခိုင်ခိုင်မာမာ ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း ၀န်ကြီးချုပ်က ပြောပါတယ်။


  • အိုလံပစ် ဆုတံဆိပ်ရခဲ့သည့် ဥပရောမှ ပထမဆုံး ပု၀ါဆောင်းအမျိုးသမီး

    အိုလံပစ် ဆုတံဆိပ်ရခဲ့သည့် ဥပရောမှ ပထမဆုံး ပု၀ါဆောင်းအမျိုးသမီး

    သြဂုတ် ၁၄၊ ၂၀၂၄
    M-Media

    -ဘလ်ဂျီယံ တိုက်ကွမ်ဒို အားကစားမယ် ဆာရာ အလ် ရှယ်ရီဟာ ၂၀၂၄ ပဲရစ်အိုလံပစ်ပြိုင်ပွဲမှာ ဆုတံဆိပ်တစ်ခု ရရှိပြီး ဥပရောက အိုလံပစ်ဆုတံဆိပ်ရ ပထဆုံး ပု၀ါဆောင်း အမျိုးသမီးအဖြစ် မှတ်တမ်း၀င်ခဲ့ပါတယ်။

    မော်ရိုကိုနွယ်ဖွား ဖခင်၊ ဘလ်ဂျီယံ မိခင်တို့က မွေးဖွားတဲ့ ဆာရာဟာ အသက် ၁၉ နှစ်သာ ရှိပါသေးတယ်။ ၂၀၂၂ ခုနှစ်က ကမ္ဘာ့ တိုက်ကွမ်ဒိုချန်ပီယံဖြစ်ခဲ့ပါတယ်။

    သူမဟာ ပညာရေးဖက်မှာလည်း ထူးချွန်ခဲ့ပြီး ဆေးတက္ကသိုလ် တက်ရောက်နေပါတယ်။

    Ref: Explore Islam

  • ၂၀၂၄ ခုနှစ် ဟဂျ်ဘုရာဖူးကာလအတွက် ဆော်ဒီက ဘာတွေ ပြင်ဆင်ထားလဲ

    ၂၀၂၄ ခုနှစ် ဟဂျ်ဘုရာဖူးကာလအတွက် ဆော်ဒီက ဘာတွေ ပြင်ဆင်ထားလဲ

    မေ ၁၀၊ ၂၀၂၄

    M-Media

    – ယခုနှစ် ဟဂျ်ဘုရားဖူးကာလအတွက် ဆော်ဒီအမျိုးသားလေကြောင်းလိုင်းက အကောင်းဆုံး ၀န်ဆောင်မှုတွေ ပေးနိုင်အောင် စီစဥ်ထားတယ်လို့ ဆော်ဒီအာရေဗျက ထုတ်ပြန်ပါတယ်။ 

    ဆော်ဒီအမျိုးသားလေကြောင်းလိုင်းမှာ လေယာဥ်ပေါင်း ၁၅၀ ကျော်အထိ ဖြည့်တင်းထားပြီး ဘုရားဖူးခရီးသည်တွေအတွက် ထိုင်ခုံပေါင်း ၁ ဒဿမ ၂ သန်း သတ်မှတ်ပေးထားပါတယ်။ 

    ဆော်ဒီဟာ ဟဂျ်ခရီးသည်တွေကို ဂျစ်ဒါ၊ မဒီနာ၊ ရီယာ့ဒ်၊ ဒမ်မမ်နဲဲ့ ယန်ဘူ လေဆိပ်တွေကနေ ကြိုဆိုမှာဖြစ်ပါတယ်။ ဘုရားဖူးတွေကို လက်ခံရေးနဲ့ နေရာချထားပေးရေးအတွက် အထူးအဖွဲ့တွေကိုလည်း ဖွဲ့စည်းထားပါတယ်။ 

    ဂျစ်ဒါနဲ့ မဒီနာမြို့က နိုင်ငံတကာ လေဆိပ်တွေမှာ ဟဂျ်ခရီးသွားတွေကို စီမံခန့်ခွဲနိုင်ရေး ပုံတူလေ့ကျင့်ပြင်ဆင်မှုတွေကိုလည်း လုပ်ဆောင်ထားပြီးပါပြီ။ 

    ဘုရားဖူးတွေကို ကြိုဆိုဧည့်ခံဖို့အတွက် ရှေ့ပြေး၀န်ထမ်း ၁၁၀၀၀ ကျော်ကို ခန့်အပ်ထားပါတယ်။ 

    ဆော်ဒီဟာ “Hajj with No Bags” လှုပ်ရှားမှုကိုလည်း ဒီနှစ်မှာ ဆောင်ရွက်မှာပါ။ ဟဂျ်ခရီးသည်တွေဟာ လူကလွဲပြီး ဘာမှ ယူလာစရာမလိုဘဲ ဆော်ဒီလေဆိပ်ရောက်တာနဲ့ စားသောက်၀တ်ဆင်ဖို့ အားလုံး စီစဥ်ပေးထားမှာ ဖြစ်ပါတယ်။ 

    လေဆိပ်ရောက်တာနဲ့ တည်းမည့်ဟိုတယ်ကို တန်းသွားပြီး လက်ဆွဲအိတ်တွေကို ဟိုတယ်အထိ ပို့ဆောင်ပေးမယ့် ၀န်ဆောင်မှုကိုလည်း ဆော်ဒီအာဏာပိုင်တွေက စီစဥ်ပေးထားပါတယ်။ 

    ကမ္ဘာတစ်၀ှမ်းက သန်းနဲ့ချီတဲ့ ဟဂျ်ဘုရားဖူးခရီးသည်းတွေ ဆက်သွယ်ပြောဆိုရာမှာ အဆင်ပြေနိုင်ဖို့အတွက် ဘာသာစကားပေါင်း ၃၀ နဲ့ ဆက်သွယ်ပြောဆိုလို့ရအောင်လည်း လုပ်ဆောင်ပေးထားပါတယ်။ 

    Ref: Arab News