News @ M-Media

Category: သူ့အမြင်

  • ဆင်ဖြူကို နဖားကြိုး ထိုးရန် ကြံစည်ကြ သူများ (သူ့အမြင်ကဏ္ဍ)

    Robert Elhose
    သြဂုတ်လ ၂၄ ရက်၊ ၂၀၁၃။

    Quintana
    သြဂုတ်လ ၁၉ ရက်နေ့ ကုလ လူအခွင့်အရေးကိုယ်စားလှယ် ကင်တားနား မိထ္ထိလာမြို့သို့ရောက်ရှိစဉ် တွေ့ရသော ဆန္ဒပြလူအုပ်ကို တွေ့ရစဉ်
    Photo Credit- (VOA Burmese Service)

    ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုးချူပ် ရဲ့ အထူးကိုယ်စားလှယ် ပါမောက္ခ တောမတ်စ်အိုဟေး ကင်တားနား ရဲ့ မြန်မာပြည် ယခု ခရီးစဉ် အတွင်း မှာ မြန်မာနိုင်ငံ အတွက် အရုပ်ဆိုး အကျည်းတန် တဲ့ မျက်နှာ ပျက်စရာ အဖြစ်အပျက် အတော် များ များ အများပြည်သူတို့ ကြားသိခဲ့ရပါတယ်။

    တခြားသော ကိစ္စ အများအပြားကို ထားလိုက်ပါတော့။ ဒီ မျက်နှာပျက်စရာ ကိစ္စ အတော်များများ ထဲမှာ အခုနောက်ဆုံး အနေနဲ့ မြန်မာအစိုးရ တာဝန်ရှိ သူတွေ အနေ နဲ့ ကင်တားနားရဲ့ မင်္ဂလာဒုံ လေဆိပ် သတင်းထုတ်ပြန်ချက် အပေါ် တရားဝင် ပြန် လည် တုံ့ပြန်မှု တွေက မျက်နှာပျက်စရာ တွေထဲက က ရုပ်အပျက်ဆုံး ဖြစ်ရပ် တွေ လို့ ကျွန်တော်တော့ ထင်ပါတယ်။

    ပထမ အနေနဲ့ မြန်မာအစိုးရအဖွဲ့ ရဲ့ ပြောရေး ဆိုခွင့် ရှိသူ လည်းဖြစ်၊ လက်ရှိ အစိုးရ ပြန်ကြားရေး ၀န်ကြီးဌာန ရဲ့ ဒုတိယ၀န်ကြီး လည်း ဖြစ်တဲ့ ဦးရဲထွဋ် ရဲ့ ပြောကြား ချက် တွေပါ။ သြဂုတ်လ ၂၂ ရက်နေ့ည ဘီဘီစီ မြန်မာပိုင်း အစီအစဉ် နဲ့ လုပ်တဲ့ အင်တာ ဗျူးမှာ သူပြောသွားတာတွေ တော့ အများကြီးပါပဲ။ ဒါပေမဲ့ ကျွန်တော့်အနေနဲ့ တစ်ချက် နှစ်ချက်လောက်ကိုပဲ ထောက်ပြချင်ပါတယ်။

    သူပြောချင်တာက ပါမောက္ခကင်တားနားက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားတဲ့ မိတ္ထီလာမှာ ဆန္ဒပြတယ် ဆိုတဲ့ လူအုပ်က သူ့ကားကို ကန်ကျောက်တယ်၊ လက်သီးနဲ့ ထိုးတယ် ၊ ပြီးတော့ သူ့ကားတံခါးကို ဆွဲ ဖွင့်ဖို့ ကြိုးစားခဲ့ကြတယ် ဆိုတဲ့ ပြောဆိုချက် ကို ဦးရဲထွဋ် ပြန်လည် ချေပတာက ၊ “မဟုတ်ပါဘူး။ ဆန္ဒပြတဲ့ သူတွေက သူ့ကို အိတ်ပိတ်စာ နဲ့ တီရှပ်တစ်ထည် ပေးဖို့ ကြိုးစားတာပါ။ ကားတံခါး မဖွင့်ပေးတော့ ကားတံခါး ဖွင့်ခိုင်း တဲ့အနေနဲ့ ကားမှန်ကို ခေါက်တာပါ ” ဆိုပြီး အဲ့ဒီအချိန်က မူးရူးနေ ကြတဲ့ ဆန္ဒပြသူများ ဆိုသူ တွေကို ကာကွယ်ဖို့ ထင်ထင်ရှားရှားကြီး ကြိုးစားထားတာ တွေ့ရပါတယ်။

    နောက်တစ်ခါ မိတ္ထီလာခရိုင် တာဝန်ခံ ရဲမှုးကြီးနဲ့ အာရ်အက်ဖ်အေ တို့ သြဂုတ်လ ၂၃ ရက် နံနက် ပိုင်း မြန်မာဘာသာ အစီအစဉ် အင်တာဗျူးမှာလည်း ဒီလေသံ ပဲ ဆန္ဒပြ လူအုပ်စု တွေက သူ့ကို အိတ်ပိတ်ပေးစာ တစ်စောင်နဲ့ တီရှပ်တစ်ထည် လက်ဆောင် ပေးဖို့ ကင်တားနား ရဲ့ ကားတံခါး ကို ဖွင့်ပေးဖို့ အချက်ပေးတဲ့ အနေနဲ့ ကားမှန်တွေ ကို ခေါက်ရတာပါ လို့ ထုချေ ထားပြန်ပါတယ်။ ကင်တားနားက ကား တံခါး မဖွင့်ပေးရ ကောင်းလား ဆိုပြီး တော့တောင် အပြစ်တင် ချင် ပုံ မျိုး။

    ပြီးတော့ အဲ့ဒီအချိန်က မိတ္ထီလာမှာ ညမထွက်ရ အမိန့်ထုတ်ထားတဲ့ ကန့်သတ်ချိန် က ည ၁၀ နာရီ။ သဘောက ည ၁၀ နာရီ ဆို လမ်းတွေပေါ်မှာ လူမပြောနဲ့ ၊ ခွေး တောင် ရှိမနေရ တော့ပါဘူး။ ကင်တားနား တို့ ကားတန်း အဲ့ဒီ မိတ္ထီလာ တံတား ပေါ် ရောက်လာခဲ့တဲ့ အချိန်က ၁၀ နာရီ ၃၀ လို့ အားလုံးလက်ခံ ထားကြတယ်။

    ဒီတော့ မေးစရာ မေးခွန်း ရှိလာတာက ကင်တားနား လိုလူရဲ့ ကားကို ဆိုပါစို့ လူတစ် အုပ် က ဆန္ဒပြတယ်ပေါ့ဗျာ။ ဒါလက်ခံနိုင်ပါတယ်။ ညမထွက်ရ အမိန့် နောက်ဆုံးကန့်သတ်ချိန် နဲ့ မိနစ်သုံးဆယ် အပြင်ဖက် ကို စွန်းနေတဲ့ အချိန်မတော် မှာ လူအုပ်စုနဲ့ ဒီလို ရုန့်ရင်းတဲ့ အပြု နဲ့ ဆန္ဒပြနိုင်၊ ဆန္ဒပြခဲ့တာ ကပဲ ထူးဆန်းနေတာ။

    ကဲ .. ကင်တားနား ကဘယ်သူလဲ။ ကင်တားနား ဆိုတာ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုးချူပ် ဘန်ကီမွန်း ရဲ့ အထူးကိုယ်စားလှယ်တော်။ ကုလသမဂ္ဂ ရဲ့ အထူးအခွင့်အာဏာ (Mandate) အပ်နှင်းခံရသူတစ်ဦး အနေ နဲ့ မြန်မာပြည် ကို လာခဲ့ တာ။ သူ့ဟာသူ ပျော်လို့ ငါးမျှားထွက်လာတာ မ ဟုတ်ပါ ဘူး။ သူလာတာ ကုလအတွင်းရေးမှုးချူပ် ကိုယ်တိုင် လာတဲ့သဘော သက် ရောက်တယ်။

    ကုလအတွင်းရေးမှုးချူပ်လို လူက နေရာတိုင်းကို အသေးစိတ် သွားပြီး စစ်ဆေးမေးမြန်း တာတွေ လုပ်ဖို့ အခြေအနေ မပေးဘူး။ အချိန် မရှိဘူး။ ဒါ့ကြောင့် သူ့ ကိုယ်စား လာ တာ။ လေးစားလောက်တဲ့ သိက္ခာသမာဓိ ရှိသူ၊ ပညာရည် ရှိသူ၊ နိုင်ငံတကာ အတွေ့အကြုံ ရှိသူများ သာ ဒီလိုရာထူးမျိုး ထမ်းဆောင် နိုင်ပါတယ်။ ဦးရဲထွဋ် လိုလူမျိုး ဒါမျိုး ရာထူး သွားထမ်းဆောင်ချင်လို့လည်း အနားတောင် သီနိုင်မှာ မဟုတ်ပါ။

    ဒီတော့ ဒီလို အဆင့်ရှိသူ ကို လမ်းဘေးမှာ တွေ့တဲ့ ဘယ်သူမှန်းမသိရသူ လူအုပ်စု က ခပ်လှမ်းလှမ်း ကနေ ဆန္ဒပြတာမဟုတ်ဘဲ၊ အနားကပ်လာ၊ ပြီးတော့ တံခါးပါ ဖွင့်ခိုင်းတာဆိုတော့။

    ဥပမာဗျာ သမ္မတဦးသိန်းစိန် ကိုပဲ ဆိုပါစို့။ မင်္ဂလာဒုံ လေဆိပ်လို နေရာမျိုးမှာ သူ့ကားတန်း ထွက်လာတဲ့အခါ မကျေနပ်သူ လူတစ်စု က ဆန္ဒပြတယ်ပေါ့ဗျာ။ သမ္မတ ကို တီရှပ်တစ်ထည် ပေးချင်တယ်။ ဒီတော့ သမ္မတ စီးလာတဲ့ ကား ကို အနားကပ်ပြီး တံခါးသွားဖွင့် ခိုင်းတယ်။ ပုံစံအနေအထား တွေကြည့် ရတာကလည်း မူးရူးသောက် စား ထားတဲ့ ပုံစံတွေ ဆိုတာ မြင်ရုံ နဲ့တင် သိသာနေတယ်။ ဒီတော့ သမ္မတ က တံခါး ဖွင့်ပေးမလား။ ဖွင့်မပေးဘူးလား။ ဒါမျူိးလုပ်လာခဲ့ရင် ကားတန်းမှာ အသင့် ပါလာတဲ့ လုံခြုံရေး တပ်ဖွဲ့များကရော ဘယ်လိုတုန့်ပြန် ကြမှာလဲ။ ကျွန်တော်လည်း တမ္မတကြီးကို ဆန္ဒပြတဲ့ အနေနဲ့ သမ္မတ ကိုတီရှပ် တစ်ထည် သွားပေးချင်ပါတယ်။ ဒါ့ကြောင့် သမ္မတ ကားနားကို ကပ်သွားပြီး ကားတံခါး ဖွင့် ပေးဖို့ မှန်တံခါး ကို ခြေထောက်နဲ့ ကန် ပြိး ခေါက်ချင်ပါတယ်။ ရမလား ခင်ဗျာ။

    သမ္မတ အဆင့် ထားပါဦး တိုင်းမှုးအဆင့်လောက် ရှိသူတစ်ဦး ကို ဒီအချိုးမျိုး သွားချိုး ရင်ရော ဒါမျိုး သွားလုပ်တဲ့ သူတွေ ဘာဖြစ်သွား နိုင်သလဲ။ ပြီးတော့ ညမထွက်ရ ကာ ဖျူးအမိန့် ထုတ်ထားတဲ့ အချိန် မျိုးကြီးမှာ။ ဘာဖြစ်သွားနိုင်သလဲ ဆိုတဲ့ အဖြေကို မြန် မာပြည် မှာ မွေးပြီး ကြီးခဲ့တယ် ဆိုရင် အားလုံးသိပါတယ်။ မစ္စတာကင်တားနား ရဲ့ ကားတန်း ကိုဒါမျိုး သွားလုပ်ခဲ့ပါတယ်။

    ဒါကို တီရှပ်နဲ့ စာ ပေး ချင်လို့ တံခါးဖွင့် ဖို့ မှန်ကို ခေါက်တာပါဆို ပြီး အစိုးရ နဲ့ နယ်မြေစိုးမိုး ရေး အာဏာ ကို ဖော်ဆောင် နေကြတဲ့ တာဝန်ရှိသူများက တာဝန်မဲ့တုံ့ ပြန် ခဲ့ပါတယ်။ တံခါး မဖွင့် ပေးရ ကောင်းလားဆိုပြီး အပြစ်တင်ချင်တဲ့ သဘောထား ကိုလည်း တွေ့ရပါတယ်။ ဒါဟာ မိုးကြိုးပစ်ရာ ထန်းလက် နဲ့ ကာ ဆိုသလို အင်မတန် ရယ်ဖွယ် ကောင်းတဲ့ ပျက်လုံး သက်သက် ပါပဲ။ ရယ်စရာ လည်း ဟာသဂုဏ် မမြောက်လှတဲ့ ပျက်လုံးပဲ ဖြစ်ပါတယ်။

    ဒီလိုလုပ်ရ့ပ်မျိုး လုပ်ခဲ့ကြ သူတွေ နဲ့ သူတို့ရဲ့ လုပ်ရပ်ကို ရယ်ဘွယ် ကာကွယ် ပေး နေကြသူတွေ ဟာ ဆင်ဖြူတော် ကို နွားအမှတ် နဲ့ နဖားကြိုး ထိုး ဖို့ ကြိုးစား နေသူ တွေလို ပါပဲ။ ကိုယ့်အဖြစ် ကိုယ်ပြန်မမြင် နိုင်တာမို့ ကိုယ့်ကိုကိုယ် ဘာမှန်း ညာမှန်း မသိကြပေမယ့် အများအမြင် မှာတော့ ဆင်ဖြူတော်ကို နဖား ကြိုးထိုးဖို့ ကြံ သူများ သာ နွားလုံးလုံး ဖြစ်တယ် ဆိုတာ လယ်ပြင် ဆင်သွားသလို ထင်ရှားလှပါတယ်။

    နောက်နောင် ဆင်ခြင်ဖို့နဲ့ တွေးတော နိုင်စေဖို့ မိချောင်းမင်းများ ကို ရေခင်း ပြနေ ရခြင်းသာ ဖြစ်ပါကြောင်း ရေးသားရင်း နိဂုံးချူပ်ခွင့်ပြုပါခင်ဗျာ။    ။

    ဓါတ်ပုံ ရှင်းလင်းချက်- သြဂုတ်လ ၁၉ ရက်နေ့ ကုလ လူအခွင့်အရေးကိုယ်စားလှယ် ကင်တားနား မိထ္ထိလာမြို့သို့ရောက်ရှိစဉ် တွေ့ရသော ဆန္ဒပြလူအုပ်ကို တွေ့ရစဉ်
    Photo Credit- (VOA Burmese Service)

  • တူဖြစ်တုန်း နှံ ပြီး ပေ အဖြစ်မခံဝံ့ သူ သတ္တိရှင် ကြီးများ

    သြဂုတ်-၁၄ရက်။ ၂၀၁၃
    ရေးသူ-Robert Elhose  (အမေရိကန်ပြည်ထောင်စု)

    4

    ၁၉၈၈ ခုနှစ်အရေးအခင်း မတိုင်မီကလေးမှာ အရင် ကာကွယ်ရေးဦးစီးချူပ်ဟောင်း ၊ ဗိုလ်မှူးချူပ်ဟောင်း အောင်ကြီးရဲ့ ဦးနေ၀င်း သို့ အိတ်ဖွင့်ပေးစာ ဆိုတာ ထွက်လာပါတယ်။ အဲ့ဒီမှာ ၁၉၆၂ ခုနှစ် အာဏာသိမ်းပြီး နောက် ဇူလိုင်လ ၇ ရက်နေ့မှာ ရန်ကုန်တက္ကသိုလ်ထဲက သမိုင်းဝင် ကျောင်းသားများသမဂ္ဂ အဆောက်အအုံ ကြီးကို ဒိုင်းနမိုက် နဲ့ ဖောက်ခွဲ ဖြိုချ လိုက်ဖို့ အမိန့်ပေးတာ မှာ အဓိက တာဝန်ရှိသူ ဟာ ဗိုလ်ချူပ်ကြီး နေ၀င်း သာဖြစ်တယ်လို့ ဆိုထားပါတယ်။

    ဒီကျောင်းသားများသမဂ္ဂဖြိုခွင်းခဲ့မှု မှာ အဲ့ဒီအချိန်က တက္ကသိုလ်ကျောင်းသားပေါင်း ရာပေါင်းများစွာ ရက်ရက်စက်စက် အသတ်ခံခဲ့ရတာပါ။

    နောက်မကြာပါဘူး ဦးနေ၀င်းကလည်း တီဗွီဖန်သား ပြင်ပေါ်မှာ ပေါ်လာပြန်ပြီး အဲ့ဒီ ကျောင်းသားများ သမဂ္ဂ ဖောက်ခွဲ ခဲ့မှု မှာ သူ့မှာ တာဝန်မရှိခဲ့ဘူး။ အဲ့ဒီအချိန်က ဒုတိယ ကာကွယ်ရေး ဦးစီးချူပ်ဖြစ်တဲ့ ဗိုလ်မှူးချူပ်အောင်ကြီး မှာ သာ တာဝန်ရှိတယ်ဆိုပြီး ပြန်လည် ပုံချပါတယ်။

    နောက်ဆုံး သူတို့ နှစ်ဦးစလုံးသာ သေသွားတယ်။ ဒီသမိုင်း တရားခံအစစ်က ဘယ်သူဆိုတာ ဒီနေ့ထိ အဖြစ်မှန်ကို ပြည်သူတွေ မှာ မသိလိုက်ရပါ။ ဒါ ဗမာပြည်က စစ်ဗိုလ် တွေ ကိုယ်တိုင်ရေးခဲ့တဲ့ သူရဲဘောကြောင် သမိုင်းပါ။ လုပ်တုန်းက လုပ်ပြီး ခံအလှည့်ကျတော့ မခံရဲ့တဲ့ သမိုင်းပါ။

    ဟော အခုလည်း လာပြန်ပြီ ။ ၈၈ အာဏာသိမ်းပြီးကာလ ကနေ ၂၀၀၄ ခုနှစ် သူပြုတ်မသွားခင် အထိ ဗမာပြည်မှာ လူတိုင်းက ဖိန့်ဖိန့်တုန်အောင် ကြောက်ခဲ့ရတဲ့ ကမ္ဘာ့ အကောက်ကျစ်ဆုံး ဗမာစစ်ထောက်လှမ်းရေး အဖွဲ့ နဲ့ ၀န်ကြီးချူပ်ဟောင်း၊ အတွင်းရေးမှူး(၁)ဟောင်း (အဲ့ဒီရာထုးက အဲ့ဒီအချိန် ဗမာပြည်မှာ နံပါတ် နှစ်) ဖြစ်ခဲ့ဘူးတဲ့ ဗိုလ်ချူပ်ကြီးဟောင်း ခင်ညွန့်။

    လျှပ်တစ်ပြတ်ဂျာနယ် က ကိုမြတ်ခိုင် နဲ့ အင်တာဗျူးမှာ အဲ့ဒီတုန်းက ဖြစ်ပျက် ခဲ့သမျှ တွေအတွက် လူပေါင်း သန်းပေါင်းများစွာ နစ်နာ ခဲ့ရတာတွေအတွက် သူ့မှာ တာဝန်မရှိဘူးတဲ့။ မျက်နှာမည်းကြီး မှာ သာ တာဝန်ရှိတာပါတဲ့။ နှစ်ယောက်လုံးကလည်း လောကမှာ ကြာကြာ နေရတော့မယ့် အသက်အရွယ်တွေ တော့မဟုတ်တော့ဘူး။ ဒီတစ်ခါလည်း ဗိုလ်နေ၀င်းနဲ့ ဗိုလ်အောင်ကြီးတုန်းကလို ပဲ သူတို့သာ သေသွားမယ် အဖြစ်မှန် က ပေါ်လာဖို့တော့ မရှိဘူး။

    မှတ်ထားပါ။ ဒါဟာ ဗမာပြည်မှာ လုပ်သာလုပ်ရဲပြီး တာဝန်ခံစိတ် တစ်ပြားသားမျှ မရှိတဲ့ လေနဲ့သာ သတ္တိပြောင် တဲ့ စစ်ဗိုလ် တွေ အုပ်ချူပ်ခဲ့တဲ့ ခေတ်ဆိုးခေတ်ပျက် တစ်ခေတ်ဆိုတာ။ ဒီလူတွေ ဟာလည်း သမိုင်းရဲ့ အမှိုက်ပုံ ထဲမှာ ပုပ်ပွ ဟောင်စော် သူများ အဖြစ် အခိုင်အမာ နေရာ ရသွား ခဲ့ကြပြီဆိုတာ။

  • “ကျောက်စာဆိုတာ လက်ညိုးကို တံတွေးဆွတ်ပြီး ဖျက်ပြစ်လို့ ရတဲ့အရာ မဟုတ်ဘူး”

    သြဂုတ်-၂၊ ၂၀၁၃
    M-Media
    ရေးသူ- ဗေဒါလမ်း
    8888 collages
    တပါတီ စစ်အာဏာရှင် ဗိုလ်နေဝင်းရဲ. မ-ဆ-လ ပါတီကို နိဂုံးချုပ်စေခဲ့တဲ့ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီး အတွင်း ခေတ်အဆက်ဆက် သမိုင်းပေး တာဝန်ကို တာဝန်ယူ လက်ဆင့်ကမ်း သယ်ဆောင်ခဲ့သော မန္တလေးမြို.က အစ္စလာမ် ဘာသာဝင်တွေရဲ. သမိုင်းဝင် တိုက်ပွဲပုံများပါ။ မြန်မာနိုင်ငံမှာ မြန်မာမွတ်စလင်တွေဟာ ကိုလိုနီနယ်ချဲ့ ဆန့်ကျင်ရေး၊ ဖက်ဆစ် ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲ အဆက်ဆက်တွင် သာမက ၊ တပါတီ အာဏာရှင် ဆန့်ကျင်ရေး၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး တိုက်ပွဲများ နောက်ဆုံး ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး အတွင်းမှာပါ ရှေ.တန်းမှ ပါဝင်ခဲ့ကြတာဟာဖြင့် သမိုင်းမှာ မော်ကွန်းထိုးလောက်တဲ့ ပြောင်မြောက်တဲ့ လုပ်ဆောင်ချက်များဖြစ်ခဲ့ပါတယ်။

    ဒါပေမဲ့အခုအချိန်မှာ ပုဂ္ဂိုလ် အချို.ဟာ ရှစ်လေးလုံး ဒီမိုကရေစီတိုက်ပွဲ အတွင်းတွင်လည်း ဘယ်အခန်းကဏ္ဍမှ မပါ၊ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးဖြစ်စေခဲ့သော ပခုက္ကူတွင် သံဃာတော်များအား ဓါတ်တိုင်တွင် ကြိုးတုတ်ရိုက်သော ကိစ္စနှင့် လက်ပန်းတောင်းတောင် သပိတ် အတွင်း သံဃာတော်များအား မီးလောင်ဗုံးများ သုံးကာ ဖြိုခွဲခဲ့သော ကိစ္စများတွင် ဘယ်သွား အိပ်ပျော်နေမှန်း မသိဘဲ ရေငုံနှုတ်ပိတ်နေခဲ့သော သူများက ယခုအချိန်ကျမှ အိပ်ယာမှ နိုးလာကာ ကယောင်ကတန်းဖြင့် ဘာအရေး.. ညာအရေးဆိုပြီး .. ညာသံပေးနေကြသည်များကို ကြားရမြင်ရသည်မှာ မသတီစရာပင် ကောင်းတော့သည်…….

    ဓါတ်ပုံများ ကြည့်လိုလျှင်=> Click Here

  • ရိုးရိုးကြီးမတွေးဘဲ ဖောက်ထွက်တွေးရင် ဒါကို ဘယ်လိုမြင်သလဲ (သူ့အတွေး သူ့အမြင် )

    ဇူလိုင် ၃၁၊ ၂၀၁၃
    ရေးသူ- ရောဘတ်အယ်လ်ဟို့စ်

    wiratu and aung toung2
    ဦးဝီရသူ နှင့် ဦးအောင်သောင်းတို့ တွေ့ဆုံခဲ့သည့် ဗီဒီယိုကလစ် http://youtu.be/llxLP9v-ZVo

    ဒီဗီဒီယို ကလစ်ပ် က ဦးဝီရသူ ဖေ့စ်ဘွတ်ခ် စာမျက်နှာမှာ မနေ့က အသစ်တင်ထားလိုက်တဲ့ ဟာပါ။ သာမန် တွေးရင်တော့ ဒါက ဦးအောင်သောင်းနဲ့ သူ့…ကြားမှာ ဘာအဆက်အစပ် မှ မရှိဘူးဆိုတာကို တစ်ဖက်လှည့် နဲ့ထုတ်ပြတာပဲလို့ယူဆတယ်။ ဟိုတစ်လောက ဦးသန်းရွှေကို လူသိရှင်ကြား ဝေဖန် တဲ့ ဟာလိုပေါ့။သူတို့တွေဟာ ဘာမှ မဆက်စပ်ပါဘူး ဆိုတဲ့သဘောကို လူအများက ဒီလိုထင်သွားစေချင်တာ။

    စဉ်းစားကြည့်နော်။ ဦးဝီရသူ ကို ထောင်က လွှတ်တာ ၂၀၁၂ ခုနှစ် ၊ ဇန်န၀ါရီလ ၁၃ ရက်နေ့။ အခု ဒီနေ့နဲ့ ကြားမှာ တစ်နှစ်ခွဲလောက် ဟ သွားပြီ။ ဒီကြားထဲမှာလည်း ဆိုးဆိုးဝါးဝါး ကိစ္စတွေ အများကြီးပေါ်လာပြီး ၊ ဖြေရှင်းလို့မရသေးတဲ့ ကိစ္စတွေလည်း အများကြီးကို ကျန်နေသေးတယ်။ ဒါဆို ဘာလို့ ဒီ တစ်နှစ်ခွဲအတွင်း ဒီ ဗီဒီယိုကလစ်ပ် က မထွက်လာခဲ့ဘဲ၊ ခုကျမှာ ဘာလို့ ရည်ရွယ်ချက် ရှိရှိ လိုလိုလားလား လူအများသိအောင် ချပြရတာလဲ။ ပေးထားတဲ့နာမည် ကိုက သူနဲ့ ဦးအောင်သောင်း ကြားမှာ ခပ်စိမ်းစိမ်းပါ ဆိုတာကို ဖော်ညွှန်းချင်မှန်း သိပ်ထင်ရှားပါတယ်။

    ကမ္ဘာ့အမြင် မှာ ဘာသာတရား ရဲ့ သိက္ခာကိုပါ ထိခိုက်လာ၊ နိုင်ငံတကာ သံတမန်ရေးရာ တွေမှာ အသံတွေထွက်လာ၊ လာရောက် ရင်းနှီး မြှပ်နှံ ချင်သူတွေ လောကမှာ နှာခေါင်းရှုံ့ ခံလာရတဲ့ အခြေတွေ လည်း မြင်လာရော ကစားကွက် တွေက တစ်မျိုးပြောင်း ကစားလာပြီနော်။ သတိထားကြည့်ဖို့လိုမယ်။

    ဦးရွှေမန်းက အမေရိကန်မှာ ၉၆၉ ကို ပြန်ရောက်ရင် နှိမ်နင်း ပါမယ်လို့ ကတိပေးခဲ့တယ်။ ပြန်ရောက်တော့ မယ်မယ်ရရ ဘာမှလည်း မဟုတ်ဘူး။ ၉၆၉ ကို နည်းနည်း မှိန်လိုက်ပြီး အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအသင်း ဆိုတာကို အသစ်ဖွဲ့တယ်။ ရည်ရွယ်ချက်ခြင်းကတော့အတူတူပဲ။ လားရာခြင်းကလည်း အတူတူပဲ။ နောက်ပိုင်း သံတွဲတို့ ဘာတို့မှာတောင် ထပ်ဖြစ်လိုက်သေးတယ်။

    အဲ .. ဒီရက်ပိုင်းအတွင်း မှာပဲ ကစားကွက်ဆန်းဆန်း တစ်ခုထပ်ပေါ်လာပြန်တယ်။ ဒါက ၀ီရသူ ရဲ့ နောက်ဆုံးဗားရှင်း တရားပွဲ တစ်ခုမှာ မျက်နှာမည်းကြီး ဗိုလ်သန်းရွှေတို့၊ ကြံ့ဖွတ်ပါတီတို့၊ နာဂစ်ကွန်စတီကျူးရှင်း တို့၊ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး တို့ အကြောင်း ထည့်ပြောလာပြီး သူ့ကိုသူ ဒီမိုကရက် တစ်ယောက်ပေါ့။

    အာဏာရှင်တွေ ထောက်လှမ်းရေး တွေနဲ့ ဘာမှမဆိုင်တဲ့ သီးခြား ပုဂ္ဂိုလ်တစ်ဦးပေါ့၊ အမျိုးသားရေး အာဇာနည် တစ်ဦးပေါ့ ။ ဒါမျိုး ပုံဖော်လာတာတွေ့ရတယ်။

    ဦးအောင်သောင်းကလည်း လက်ရှိအစိုးရ နဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ တို့ အပေါ် သြဇာ ရှိနေသူတစ်ဦး၊ နောက်ပြီး အခုတစ်နှစ်လောက်အတွင်း မြန်မာနိုင်ငံ မှာ ဖြစ်ပွားခဲ့တဲ့ ဘာသာရေး ပေါ် ဦးတည်တိုက်ခိုက်ပြီး နိုင်ငံရေး ကစားကွက် ဖော်သူ လို့ နာမည်ပျက်စာရင်း ကျယ်ကျယ်ပြန့်ပြန့်ပေါက်နေသူတစ်ဦးလည်းဖြစ်နေတယ်။

    သူတို့ သူတို့ တွေ ဆက်စပ်နေတယ် ဆိုရင် လက်ရှိအစိုးရ အာဏာ ရှိနေစဉ် မှာဖြစ်စေ တစ်ချိန် အာဏာ လက်မဲ့ ဖြစ်သွားချိန် မှာ ဖြစ်စေ၊ ဒီနေ့ဖြစ်ပျက်ခဲ့တဲ့ ကမ္ဘာတုန် ရာဇ၀တ် မှု တွေအတွက် ဒီပုဂ္ဂိုလ် တွေမှာ အန္တရာယ် ရှိနေတယ်။

    ဘက်ပေါင်းစုံကနေ ဖိအားတွေ ပေါ်လာနေတယ်။ သံတမန်ရေးအရရော၊ နိုင်ငံတကာဆက်ဆံရေးတွေအရရော၊ ၀ီရသူ ဟာ လက်ရှိအစိုးရ ဖြစ်ချင်တာတွေကို တစ်ဖက်တစ်လမ်း ၀ိုင်းလုပ်ပေးနေသူ လို့ ကမ္ဘာ မှာ ဒီလိုပဲသိထားကြ တယ်။

    ဒါ့ကြောင့် လက်ရှိမှာ မြန်မာအစိုးရ က မွတ်စလင်မ် ထဲက အလိုတော်ရိ တစ်ချို့ကို မွေးပြီး မြန်မာပြည်တွင်း တန်းတူညီမျှ ဘာသာရေး လွတ်လပ်ခွင့် ရှိပါတယ်ဘာညာ လိမ်ညာ ခိုင်းဖို့ ကြိုးစားနေတဲ့ ကိစ္စ မျိုးတွေ အထိကြံဆောင်လာတယ်။

    နောက်ပြီး နာမည်ပေါက်နေပြီးသားဖြစ်တဲ့ ၀ီရသူ ဟာ ဦးသိန်းစိန် အစိုးရ ၊ ဒါမှမဟုတ် စစ်တပ်ကျောထောက်နောက်ခံပြု ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီ နဲ့ ဘာမှ မပတ်သက် ပါဘူး ဆိုတာ ချပြဖို့ အတင်းရောကာရော လုပ်ပြနေတာတွေဟာ အရမ်းကို ဆက်စပ်မှု ရှိနေတယ်။

    သူတို့တတွေ အားလုံးအပေါ် ကျရောက်နေတဲ့ ဖိအား က အများထင်ထားတာထက် ပိုကြီးနေတယ်။ဆက်ကစားမယ့် ကစားကွက်တွေက ပိုကောက်ကျစ် လိမ့်မယ်လို့ ထင်တယ်။ အားလုံး သတိတရားနဲ့ မျက်လုံးကျယ်ကျယ်ဖွင့်ပြီး ပိုစောင့်ကြည့်ရတော့မယ်။

  • ဗုဒ္ဓသာသနာတော်ကို ညှိုးနွမ်းစေသူများ (သူ့အတွေး သူ့အမြင် )

    ဇူလိုင်-၂၄၊ ၂၀၁၃
    ရေးသူ- ရောဘတ်အယ်လ်ဟို့စ်

    miktelar1
    ဓါတ်ပုံအညွှန်း- ၂၀၁၃ မတ်လ ၂၀ ရက်နေ့က မိထ္ထိလာမြို့ရှိ မွတ်စလင်မ်များပိုင် ဆိုင်နှင့် အိမ်များ ဖျက်ဆီးနေသည့် မြင်ကွင်း

    တောင်ကြီး ထင်ရှုးမြိုင် ကျောင်းတိုက် က အရှင်က၀ိစာရ ကို ကျောင်းလု မှုနဲ့ မနှစ်က တရားစွဲထားတာ မနေ့ကတော့ သာသနာတော် ညှိုးနွမ်းစေမှု နဲ့ ဆိုပြီး အလုပ်ကြမ်း နဲ့ ထောင်ဒဏ် တစ်နှစ်ခွဲ ပြစ်ဒဏ် ကို တောင်ကြီး တရားရုံးက ချမှတ်လိုက်တယ်တဲ့။

    ဒီမှာ စဉ်းစားစရာ ရှိတာက ဘုန်းကြီးတစ်ပါး ဟာ သူ ၁၀ နှစ်ကျော် ကျောင်းထိုင်လာခဲ့တဲ့ ကျောင်းကို ဆေး တက္ကသိုလ် ဆောက်ရန် ဆိုပြီး အစိုးရ သိမ်းထားတဲ့ မြေ ပေါ်မှာ မဖယ်ရှားရရေး ကြိုးပမ်း တာဟာ သာသနာတော် ညှိုးနွမ်းစေမှု မြောက်သလား ဆိုတာပါ။

    ကဲထားပါတော့ … ဒါက ဗုဒ္ဓသာသနာတော် ကို ညှိုးနွမ်း စေတယ် ဆိုရင် ဒီ့ထက် အပုံကြီး ပိုပြီး သာသနာတော် ကို ညှိုးနွမ်းစေတဲ့ ဘုန်းကြီး တွေများကျတော့ ရောဗျာ။

    တစ်ချို့ဘုန်းကြီးတွေရဲ့ ဗုဒ္ဓသာသနာ နဲ့ မပတ်သက်တဲ့ အလဇ္ဇီတရား တွေ ဟောကြားမှုကြောင့် လူပေါင်း သိန်းကျော် အိုးအိမ်တွေ မီးရှို့ခံရ၊ ဥကွဲသိုက်ပျက်တွေ ဖြစ်ရ၊ အသက်ပေါင်းများစွာတွေ ဗုဒ္ဒသာသနာအကြမ်းဖက်မှု ဆိုတဲ့ တံဆိပ်ကပ်ခံရမှု တွေ နောက်မှာ ပိုးစိုးပက်စက် စတေးခံခဲ့ရ။

    တစ်ချို့ ဗီဒီယို အထောက်အထားတွေ မှာဆို သင်္ကန်းပတ် ထားတဲ့ ဘုန်းတော်ကြီးတွေ ကိုယ်တိုင် ကို ဓါးတွေ၊ တုတ်တွေ ကိုင်ဆောင်ပြီး ကာယကံမြောက် ခုတ်ထစ်သတ်ဖြတ်ကြ၊ လူစင်စစ် တွေကို အရှင်လတ်လတ် မီးရှို့ သတ်ဖြတ်ကြနဲ့ လူကြားလို့လည်း မကောင်းဘူး၊ လူမြင်လို့လည်း မကောင်းဘူး။

    လူမမယ် ကလေးငယ်လေး တွေကိုတောင် စာနာညှာတာ ရကောင်းမှန်းမသိ၊ အဘိဇ္ဇာမောဟ စီးပြီး ရက်ရက်စက်စက် သတ်ဖြတ်တော်မူကြတဲ့ ဘုန်းကြီးတွေ၊ ဒါတွေအားလုံး က ၀ှက်ထားလို့လည်း ရတာမဟုတ်ဘူး။ ကမ္ဘာကသိကြပြီ။ ဟိုးလေးတကြော် ကို မြန်မာဗုဒ္ဓဘာသာ ဘုန်းကြီးယုတ်တွေရဲ့ အကြောင်းကို ခါးစောင်းတင် ဖော်ပြနေလိုက်ကြတာမှ လိုက်ဖတ်လို့မနိုင်။

    ဒီကြားထဲ ကိုယ်တိုင် ကာယကံမြောက် မသတ်ဖြစ်ဘူး ဆိုရင်တောင် ၀ဇီကံမြောက် တရားဟောပြီး၊ ဗီစီဒီ တွေ စာအုပ်ကြီးငယ် တွေဖြန့်ပြီး ဒါမျိုးဖြစ်အောင် ၊ ဒါမျိုးသတ်ဖြတ်အောင် ဇောင်းပေး လှုံ့ဆော်ပေးနေတာတွေ မမြင်ချင့် အဆုံး။

    ဟိုတလောက ဆိုရင် ဘုန်းကြီးဆိုတဲ့ ပလ္လင်ပေါ် က လုပ်ပိုင်ခွင့်ကို အလွဲသုံးစား ပြုပြီး တခြားဘာသာဝင် တွေ အလေးအမြတ် ထားတဲ့ ကိစ္စတွေကို ယုတ်ယုတ်ရိုင်းရိုင်း၊ ရင့်ရင့်သီးသီး ပျက်လုံးထုတ်တဲ့ ၊ သီလ၊သမာဓိ၊ ပညာ၊ စာဂ ဘာမှမရှိတဲ့၊ ရုပ်ရည်တွေ ကြည့်လိုက်ပြန်ရင်လည်း ကြက်သရေမဲ့လှတဲ့ ဘုန်းကြီးတွေ ဆိုလည်း မတွေ့ချင် အဆုံး။

    သူတို့ သူတို့ တွေရဲ့ ကာယကံ၊ ၀ဇီကံ၊ မနောကံ လုပ်ရပ်မှားတွေ ကြောင့် မြန်မာဗုဒ္ဓဘာသာလည်း ကမ္ဘာ့ အလယ် မှာ အဖတ်ဆည် မရအောင် နာမည်ပျက်ရ၊ နောက်ဆုံး အတုံ့အလှည့်အဖြစ် ဘယ်တုန်းကမှ ဘာယင်ကောင်မှ တောင် မ၀ဲ ခဲ့ဘူးတဲ့ ဗုဒ္ဓဂယာ က ဗုဒ္ဓသမိုင်းဝင် အဆောက်အအုံ တွေလည်း ဥပါဒ်ပြုခံရ။

    အကြောင်းကြောင့် အကျိုးဖြစ်ရတာတဲ့၊ ဒါက ဗုဒ္ဓအဘိဓမ္မာလေ နော်။ ကဲ ..ဒီလိုဒီပုံအကျိုးတွေ ဖြစ်လာရတာ ဒီဘုန်းကြီးတွေရဲ့ အကြောင်းပြုမှုကြောင့်ပဲ မဟုတ်ပေဘူးလား။ ဒါဆို ဘာလဲ ဒီဘုန်းကြီးတွေ က ဗုဒ္ဓသာသနာတော် ကို ညှိုးနွမ်းစေ သူတွေ မဟုတ်ဘူးလား။ ဒါမှ မဟုတ် ဗုဒ္ဓသာသနာတော် ကို ဂုဏ်ရောင် ပြောင်အောင် သိဒ္ဓိတင်ပေးနေကြသူတွေ လား။

    ကဲဘယ်ဘုန်းကြီးတွေကို ပြောနေတာလဲ မေးစရာတော့ မလိုပါဘူးနော်။ သူတို့ဟာ ဗုဒ္ဓသာသနာ ကို ညှိုးနွမ်းစေ သူတွေ မဟုတ်ကြဘူးလား။ သူတို့ကိုကျ ဘာ့ကြောင့် လူဝတ်လဲ ပြီး အလုပ်ကြမ်းနဲ့ ထောင်ဒဏ်တွေ မချ နိုင်တာလဲ။ ဒီလိုမှ မဟုတ်ရင် ဒီဘုန်းကြီးတွေကပဲ ဗုဒ္ဓသာသနာ ကို ဖျက်ဆီးမယ့် သူတွေပဲ ဆိုတာ ပြောပါရစေ။

    (ရောဘတ်အယ်လ်ဟို့စ်)