News @ M-Media

Category: အာဖရိက

  • အီဘိုလာပြန့်နှံ့မှုမှာ လျော့နည်းခြင်း မရှိဘဲ အနောက် အာဖရိကအား ခြိမ်းခြောက်နေသည်ဟု WHO ဆို

    အီဘိုလာပြန့်နှံ့မှုမှာ လျော့နည်းခြင်း မရှိဘဲ အနောက် အာဖရိကအား ခြိမ်းခြောက်နေသည်ဟု WHO ဆို

    အောက်တိုဘာ ၁၀၊ ၂၀၁၄
    M-Media
    0,,17862389_303,00
    – လူပေါင်း ၄ ထောင်နီးပါး သေဆုံးခဲ့ရသည့် အီဘိုလာ ဗိုင်းရပ်စ်ပိုးပြန့်နှံ့မှုမှာ လျော့နည်းခြင်း မရှိသေးဘဲ ဆေးဘက်ဆိုင်ရာ ပစ္စည်းကိရိယာများ နည်းပါသည့် အနောက်အာဖရိက နိုင်ငံများကို ခြိမ်းခြောက်နေသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ယမန်နေ့တွင် ပြောကြားလိုက်သည်။

    လိုက်ဘေးရီးယားနှင့် ဆီရာလီယွန်နိုင်ငံတို့မှာ အီဘိုလာ ဗိုင်းရပ်စ်ပိုး အဆိုးရွာဆုံး ပြန့်နှံ့နေသည့် နိုင်ငံများဖြစ်ပြီး ကူးစက်သူဦးရေမှာ အောက်တိုဘာ ၅ ရက်နေ့အထိ ၈၀၃၃ ဦး ရှိနေပြီဟု WHO ၏ ထုတ်ပြန်မှုတွင် ဖော်ပြထားသည်။

    “ဂီနီ၊ လိုက်ဘေးရီးယား၊ ဆီရာလီယွန် နိုင်ငံတွေရဲ့ အခြေအနေက ဆက်လက်ဆိုးရွားနေပြီး အီဘိုလာပြန့်နှံ့မှုဟာလည်း အများအပြား ဖြစ်ပွားနေပါတယ်။ အနောက်အာဖရိကမှာ ဒီကပ်ရောဂါကို ထိန်းချုပ်နိုင်အောင် လုပ်နေတဲ့ဆိုတဲ့ အထောက်အထားမျိုးတွေလည်း မရှိပါဘူး” ဟု ဖြော်ပထားသည်။

    အမေရိကန်ရှိ အီဘိုလာ ကူးစက်နေသော လိုက်ဘေးရီးယားနိုင်ငံသား တစ်ဦးမှာလည်း ယမန်နေ့တွင် သေဆုံးသွားခဲ့သည်။ ထို့ပြင် စပိန်တွင် အီဘိုလာကူးစက်နေသည့် သူနာပြုတစ်ဦး အပါအ၀င် သံသယရှိသူ ၁၀ ဦးခန့်ကို စောင့်ကြည့်လျက်ရှိနေသည်။ သြစတေးလျတွင်လည်း ဆီရာလီယွန်မှ ပြန်လာသူတစ်ဦးကို အီဘိုလာသံသယဖြင့် သီးသန့်ခွဲထားကာ စောင့်ကြည့်မှုများ ပြုလုပ်နေသည်။

    WHO ကမူ အီဘိုလာရောဂါပိုး ပြန့်နှံ့နေသည့် နိုင်ငံများ၏ ပတ်ဝန်းကျင်နိုင်ငံများမှာ အီဘိုလာ အတွက် ပြင်ဆင်မှုများ ပြုလုပ်ထားရန် တိုက်တွန်းခဲ့သည်။

    ref_  Al Jazeera and agencies

  • အီဘိုလာ သံသယကြောင့် လိုက်ဘေးရီးယား လက်ထောက် ကျန်းမာရေး ၀န်ကြီးကို ထိန်းသိမ်း

    အီဘိုလာ သံသယကြောင့် လိုက်ဘေးရီးယား လက်ထောက် ကျန်းမာရေး ၀န်ကြီးကို ထိန်းသိမ်း

    စက်တင်ဘာ ၂၉ ၊ ၂၀၁၄
    M-Media
    2014928182352690734_20
    – အီဘိုလာဗိုင်းရပ်စ်ပိုး ကူးစက်ခံရမှု သံသယကြောင့် ကျန်းမာရေးဝန်ကြီးဌာနမှ အကြီးအကဲတစ်ဦးနှင့် ၎င်း၏ ၀န်ထမ်းများအား ထိန်းသိမ်းထားလိုက်ပြီဟု လိုက်ဘေးရီးယား အာဏာပိုင်များက ယမန်နေ့တွင် ကြေညာခဲ့သည်။

    အီဘိုလာကူးစက်ခံနေရသူများအား ကျန်းမာရေး ကူညီမှုများကိုပေးအပ်နေသည့် လက်ထောက် ကျန်းမာရေးဝန်ကြီး ဒေါက်တာ ဘားနိုက်စ် ဒန်နှင့် အဖွဲ့ဖြစ်ပြီး ဘားနိုက်စ်၏ လက်ထောက်တစ်ဦးမှာ အီဘိုလာကြောင့် ကြာသာပေးတေးနေ့က သေဆုံးခဲ့ပြီးနောက် ယခုကဲ့သို့ ထိန်းသိမ်းကာ သီးသန့်ခွဲထားခြင်းဖြစ်သည်။

    ၎င်းတို့အား ရောဂါပိုးရှင်သန်ဖောက်ဖွာသည့်ကာလ ၂၁ ရက်အထိ ထိန်းသိမ်း စောင့်ကြည့်သွားမည် ဖြစ်သည်။

    အီဘိုလာကူးစက်ပြန့်ပွားနေသည့် အနောက်အာဖရိက ၄ နိုင်ငံတွင် လိုက်ဘေးရီးယားမှာ အပြင်းထန်ဆုံး နိုင်ငံတစ်ခုဖြစ်ပြီး ကုလ၏ စနေနေ့က ထုတ်ပြန်သော စာရင်းများအရ လိုက်ဘေးရီးယားတွင် အီဘိုလာကူးစက်ခံရသူ ၃၄၅၈ ဦးတွင် ၁၈၃၀ သေဆုံးခဲ့သည်ဟု သိရသည်။

    လိုက်ဘေးရီးယားတွင် ကျန်းမာရေး ၀န်ထမ်းများမှာ ကာကွယ်ရေးနှင့် ဆေးဘက်ဆိုင်ရာ ထောက်ပံ့မှုများ ပြည့်ဝစွာ မရရှိဘဲ အီဘိုလာကူးစက်နေသည့်နိုင်ငံများ၌ ကျန်းမာရေးဝန်ထမ်း ၂၁၁ ဦး သေဆုံးခဲ့ရာတွင် လိုက်ဘေးရီးယားမှ ၈၉ ဦးအထိ ပါဝင်သည်။

    Agencies

  • အီဘိုလာကြောင့် သေဆုံးသူ ၃ ထောင်ကျော်ပြီ

    အီဘိုလာကြောင့် သေဆုံးသူ ၃ ထောင်ကျော်ပြီ

    စက်တင်ဘာ ၂၈ ၊ ၂၀၁၄
    M-Media
    1407502809087_wps_1_epa0434563
    – အနောက်အာဖရိကနိုင်ငံများတွင် အီဘိုလာဗိုင်းရပ်စ်ပိုး ကူးစက်မှုကြောင့် သေဆုံးသူအရေအတွက်မှာ ၃ ထောင်ကျော်လာခဲ့ပြီဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO မှ ယမန်နေ့တွင် ကြေညာခဲ့သည်။

    သေဆုံးသူမှာ စက်တင်ဘာ ၂၃ ရက်နေ့အထိ ရရှိသော အချက်အလက်များအရ အနည်းဆုံး ၃၀၉၁ ဦးရှိခဲ့ပြီး ကူးစက်မှုမှာ ၆၅၇၄ ခု ရှိနေသည်ဟု  WHO မှ ထုတ်ပြန်သော အစီရင်ခံစာတွင် ဖ်ာပြထားသည်။

    သေဆုံးသူများတွင် လိုက်ဘေးရီးယားမှ ၁၈၃၀ ဦးဖြင့် အများဆုံးဖြစ်နေကာ အနောက်အာဖရိကရှိ ရောဂါပိုးကူးစက်ခံနေရသည့် အခြားနိုင်ငံများထက် ၃ ဆ ပိုများနေသည်။ ထို့ပြင် ကူးစက်ပြန့်ပွားမှုနှုန်းမှာလည်း အခြားနိုင်ငံများထက် မြင့်မားနေသည်။

    အီဘိုလာဗိုင်းရပ်စ်မှာ ယခုနှစ်အစောပိုင်းက ဂီနီနိုင်ငံတွင် ပြန်လည် ပေါ်ပေါက်လာခြင်းဖြစ်ပြီး နောက်ပိုင်းတွင် ဆီရာလီယိုနီ၊ လိုက်ဘေးရီးယား၊ နိုက်ဂျီးရီးယားနှင့် ဆီနီဂေါနိုင်ငံများသို့ ပြန့်နှံ့သွားခဲ့သည်။

    သို့သော်လည်း နိုက်ဂျီးရီးယားနှင့် ဆီနီဂေါနိုင်ငံတွင် ရောဂါပိုးအားထိန်းချုပ်နိုင်ခဲ့ပြီဟု WHO က ကြေညာခဲ့သည်။ ထိုရောဂါပိုးမှာ ယခုအတိုင်း ပြန့်နှံ့နေပါက ၂၀၁၅ ခုနှစ် ဇန်န၀ါရီလတွင် ရောဂါပိုးကူးစက်ခံရသူ သန်းချီရှိလာနိုင်သည်ဟု အမေရိကန်ရောဂါဘယ ကာကွယ်တားဆီးရေးနှင့် ထိန်းချုပ်ရေးစင်တာက ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ပြောကြားခဲ့သည်။

    MSM/MAM/MHB

  • ၂၀၁၅ နှစ်ဆန်းတွင် အီဘိုလာ ကူးစက်သူ ၁.၄ သန်းအထိ ရှိလာနိုင်မည်ဟု CDC ခန့်မှန်း

    ၂၀၁၅ နှစ်ဆန်းတွင် အီဘိုလာ ကူးစက်သူ ၁.၄ သန်းအထိ ရှိလာနိုင်မည်ဟု CDC ခန့်မှန်း

    စက်တင်ဘာ ၂၅ ၊ ၂၀၁၄
    M-Media
    Liberia Battles Spreading Ebola Epidemic
    – ယခုလက်ရှိ အီဘိုလာဗိုင်းရပ်စ်ပိုး ကူးစက်ခံနေရသူများနှင့် ပြန့်နှံ့မှုများကို အခြေခံကာ လေ့လာမှုအရ အီဘိုလာကူးစက်ခံရသူမှာ ၂၀၁၅ ခုနှစ် ဇန်န၀ါရီအကုန်တွင် ၁.၄ သန်းအထိ ရောက်ရှိသွားနိုင်သည်ဟု အမေရိကန် ရောဂါဘယ ထိန်းချုပ်ရေးနှင့် ကာကွယ်တာဆီးရေး စင်တာ CDC က ထုတ်ပြန်လိုက်သည်။

    ယမန်နေ့က ထုတ်ပြန်သော အစီရင်ခံစာတွင် CDC က ယခုကဲ့သို့ ဖော်ပြခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ရောဂါပိုး ကူးစက်ခံရသူမှာ ၅၈၀၀ ဟု သိရသော်လည်း ဆေးရုံများသို့ မလာရောက်သေးသည့် ကူးစက်ခံရသူများမှာ ၂.၅ ဆ၊ အရေအတွက် ၂၀၀၀၀ ခန့်ရှိသည်ဟုလည်း အဆိုပါအစီရင်ခံစာက ဆိုသည်။

    ထို့ကြောင့် အီဘိုလာဗိုင်းရပ်စ်ပိုး သယ်ဆောင်ထားသူများထံမှ ကူးစက်ပြန့်ပွားနိုင်မှုကို တွက်ချက်ခဲ့ရာ လာမည့်လေးလအတွင်း ရောဂါကူးစက်ခံရသူပေါင်း ၅၅၀၀၀၀ မှ ၁.၄ သန်းအထိ ရောက်ရှိသွားနိုင်သည်ဟု CDC က သတိပေးခဲ့သည်။

    ဗိုင်းရပ်စ်ပြန့်နှံ့မှု အဆိုးဝါးဆုံးဖြစ်နေသည့် အနောက်အာဖရိကနိုင်ငံအချို့တွင် ရောဂါအား ထိန်းချုပ်ရေး တင်းကြပ်သည့် ဆောင်ရွက်မှုများကို ပြုလုပ်နေသည်။ ဆီရာလီယိုနီ နိုင်ငံကမူ ပြီးခဲ့သည့် သောကြာနေ့မှ တနင်္ဂနွေနေ့အထိ နိုင်ငံတစ်ဝှမ်း အိမ်ပြင်မထွက်ရ အမိန့် ထုတ်ခဲ့ကာ အီဘိုလာ ကူးစက်ခံရသူများကို ရှာဖွေခဲ့ပြီး ၁၃၀ ကျော်တွေ့ရှိခဲ့သည်။ ထို့ပြင် ထိုကဲ့သို့ ဆောင်ရွက်မှုများကို ထပ်မံလုပ်ဆောင်သွားမည်ဟု အစိုးရက ကြေညာခဲ့သည်။

    ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က မူ ဆီနီဂေါနှင့် နိုက်ဂျီးရီးယားတို့တွင် အီဘိုလာအား ထိန်းချုပ်နိုင်ခဲ့ပြီဟု ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ကြေညာခဲ့သည်။

    ref_ Agencies
  • ကင်ညာ သမ္မတအား လူသားထု အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှု အတွက် ICC ဆင့်ခေါ်

    ကင်ညာ သမ္မတအား လူသားထု အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှု အတွက် ICC ဆင့်ခေါ်

    စက်တင်ဘာ ၂၀၊ ၂၀၁၄
    M-Media
    201495174758382734_20
    – လူသားထုအပေါ်ကျူးလွန်သည့် ရာဇ၀တ်မှုများအတွက် ဆိုင်းငံ့ထားသည့် ကြားနာမှုကို တက်ရောက်ရန် အတွက် နိုင်ငံတကာ ရာဇ၀တ်ခုံရုံး ICC က ကင်ညာသမ္မတ အူဟူရု ကန်ယက်တာအား ဆင့်ခေါ်ခဲ့သည်ဟု သိရသည်။

    ကန်ယက်တာနှင့် ကင်ညာအစိုးရ အကြီးတန်းအရာရှိများမျာ ၂၀၀၇ ခုနှစ် ရွေးကောက်ပွဲ ဆန္ဒပြမှုအတွင်း လူပေါင်း ၁၂၀၀ သေဆုံးခဲ့သော ရုန်းရင်းဆန်ခတ်မှုများတွင် ပါဝင်ခဲ့သည်ဟု စွပ်စွဲခံထားရသည်။ သို့သော်လည်း ၎င်းမှ ထိုစွဲချက်အား ငြင်းဆိုခဲ့သည်။

    ပြီးခဲ့သည် နှစ်ပတ်က ကန်ယက်တာ၏ ကြားနာမှုကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းခဲ့ပြီး ထိုကဲ့သို့ ရွှေ့ဆိုင်းခဲ့ခြင်းမှာ လုံလောက်သည့် အထောက်အထားများ မရရန် ကင်ညာအစိုးရက တားဆီး ပိတ်ပင်ခြင်းကြောင့်ဖြစ်သည်ဟု ICC ကဆိုသည်။ ယခုတွင် ကြားနာမှုကို အောက်တိုဘာ ၈ ရက်နေ့တွင် ပြုလုပ်ရန် ပြန်လည် သတ်မှတ်၍ ကန်ယက်တာအား ဆင့်ခေါ်ခဲ့ခြင်းဖြစ်သည်။

    ကန်ယက်တာမှာ လူသတ်မှု၊ နယ်နှင်မှု၊ အတင်းအကျပ် ရွှေ့ပြောင်းစေမှု၊ မုဒိမ်းမှု၊ ညှင်းပန်းနှိပ်စက်မှုနှင့် အခြားသော လူမဆန်မှုများ စသည့် စွဲချက် ၅ ခုဖြင့် တရားစွဲဆိုခြင်း ခံထားရသည်။ ထိုအမှုအား ကြားနာရေန် နှောင့်နှေးမှုက ICC အား ဝေဖန်မှုများကို ဖြစ်ပေါ်စေခဲ့သည်။

    Agencies