News @ M-Media

Category: နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်းများ

  • ကုလသမဂ္ဂ နျူကလီးယား အေဂျင်စီ၏ လျို့ဝှက် အချက်အလက်များ ဟက်ကာများခိုးယူ

    ကုလသမဂ္ဂ နျူကလီးယား အေဂျင်စီ၏ လျို့ဝှက် အချက်အလက်များ ဟက်ကာများခိုးယူ

    နိုဝင်ဘာ ၂၈၊ ၂၀၁၂
    M-Media
    မောင်မှန်

    ကုလသမဂ္ဂ နျူကလီးယား အေဂျင်စီ (IAEA) မှ ၄င်းတို့၏ Server များအတွင်း ဟက်ကာများဝင်ရောက်ခဲ့ခြင်း နှင့် ၄င်းတို့၏ သတင်းအချက်အလက်များ ပေါက်ကြားသွား ခဲ့ခြင်းရှိကြောင်းကို ဝန်ခံပြောကြားလိုက်သည်။ အဆိုပါ ဟက်ကာ များမှ အဓိက တောင်းဆိုသည်မှာ အစ္စရေးလ် နိုင်ငံ၏ နျူကလီးယား ကိုင်ဆောင်ထားမှုအား စနစ်တကျ စုံစမ်းပေးရန်နှင့် အခွင့်မရှိဘဲ ကိုင်ဆောင်ထားသော အစ္စရေးလ် နိုင်ငံ၏ နျူကလီးယား လက်နက်များအပေါ် တာဝန်ယူပေးရန် အချက်များဖြစ်သည်။

    အဆိုပါ ဟက်ကာများသည် ၄င်းတို့ဘာသာ လမ်းကြောင်းတခုပေါ်မှနေ၍ ကုလသမဂ္ဂ IAEA ဆာဗာ တစ်လုံးအတွင်း ဝင်ရောက်လာခြင်းဖြစ်သည်။ သတင်းအချက်အလက်များ ရယူ သိမ်းပိုက်ခဲ့ကြောင်းလဲ IAEA မှ ဝန်ခံ ပြောကြား ထားသည်ဟု ရိုက်တာ သတင်းတရပ်တွင် ဖော်ပြထားသည်။

    IAEA တာဝန်ရှိသူများနှင့် နည်းပညာရှင်များမှ ယခုဖြစ်ရပ်အတွက် လေ့လာ သုံးသပ်လျက်ရှိပြီး အခြားသော နည်းပညာ ဟာကွက်များ အားနည်းချက်များကို သုံးသပ်ကာ အနာဂတ်တွင် ထိုသို့မဖြစ်ရန် ဆောင်ရွက်သွားရန် ကြိုးပမ်းလျက်ရှိသည်ဟု ပြောရေးဆိုခွင့်ရှိသူ ဂိလ်တူဒါ က ရိုက်တာသို့ အသိပေးပါသည်။ ယခုဖြစ်ရပ်တွင် IAEA မှ ဆာဗာများ ရပ်တန့်သွားသည် အထိ အဖျက်စွမ်းအား ရှိခဲ့ပြီး ထိပ်တန်း လျှို့ဝှက်ချက် အချို့ ပေါက်ကြား ခဲ့သည်ဟုလဲ ၄င်းက ပြောကြားသည်။

    မိမိတို့ကို မိမိတို့ Parastoo ဟု အမည် ကြေငြာလိုက်သော ဟက်ကာ များသည် IAEA မှ အရေးကြီး ထိပ်တန်း အီးမေးလ် လိပ်စာ (၁၀၀) ထက်မနည်း ရယူ သိမ်းပိုက်ခဲ့ပြီး အဆိုပါ အီးမေးလ်များသည် IAEA မှ Expert များပိုင်ဆိုင်သော လျှို့ဝှက် မေးလ်များဖြစ်သည်။
    ယခု ဖြစ်ရပ်အတွက် ဟက်ကာများမှ IAEA အား လုံးဝ လွတ်လပ်သော စုံစမ်းရေးအဖွဲ့အား Dimona စုံစမ်းမှု ပြုရန် တောင်းဆိုလိုက်ပြီး အစ္စရေးလ် ၏ လူသားမဆန်သော ဂါဇာ စစ်ပွဲ အတွက် လက်တုံ့ပြန်ခြင်း ဖြစ်ကြောင်း ကြေငြာလိုက်သည်။ Dimona သည် အစ္စရေးလ်က ဆောင်ရွက်လျက်ရှိသော နျူကလီးယား လက်နက် တပ်ဆင် စီမံကိန်း တရပ်ဖြစ်သော ဒေသတခုနာမည်ဖြစ်သည်။

    Anonymous ဟက်ကာ ဂရုပ်မှလည်း အစ္စရေးလ် ၏ ဂါဇာ ကျူးကျော်မှုကို ရပ်ဆိုင်းရန် ကမ်ပိန်း တခုပြုလုပ်ခဲ့ပြီး OpsIsrael ဟု အမည်ပေးထားပြီး အစ္စရေးလ် ၏ လူသတ်ပွဲများ ကျူးကျော်မှုများ ကိုနောက်ကွယ်မှ ထောက်ပံ့နေသော အဖွဲ့များ ပုဂ္ဂိုလ်များ (၁၀၀၀) ကျော် စာရင်းကို ထုတ်ပြန်ခဲ့သည်။ အစ္စရေးပိုင် Website (၆၀၀) ကျော်ကိုလဲ ဖျက်ဆီးခဲ့ပြီးဖြစ်သည်။

    Parastoo ကလဲ ၄င်းတို့သည် Anonymous များနှင့် ပါတ်သက်ခြင်း မရှိဟု ငြင်းဆိုခဲ့ခြင်း မရှိပေ။ ၄င်းတို့က ရရှိထားသော အချက်များကို အွန်လိုင်းမှနေ၍ ဖွင့်ချမည်ဟု ထပ်မံ ခြိမ်းခြောက်ထားကြောင်း ရိုက်တာ သတင်းကို ကိုးကားဖော်ပြလိုက်ရပါသည်။

  • ပါလက်စတိုင်း ခေါင်းဆောင် ရာဆာအာရာဖတ် ရုပ်ကြွင်း စစ်ဆေးဖို့ ပြန်တူးဖော်

    ပါလက်စတိုင်း ခေါင်းဆောင် ရာဆာအာရာဖတ် ရုပ်ကြွင်း စစ်ဆေးဖို့ ပြန်တူးဖော်

    နိုဝင်ဘာ ၂၇ ၊ ၂၀၁၂
    M-Media

    အာရဖတ်အလောင်းကို စစ်ဆေးဖို့ အစိတ်အပိုင်းတွေယူပြိး ပြန်ပိတ်ခဲ့တယ်လို့ သိရပါတယ်။

    ပါလက်စတိုင်း ခေါင်းဆောင်ဟောင်း ရာဆာအာရာဖတ် သေခဲ့ရတဲ့အကြောင်းရင်းကို လေ့လာ သိရှိနိုင်ဖို့ သူ့ရဲ့ရုပ်အလောင်းကို စစ်ဆေးစမ်းဆေးဖို့ အတွက် နိုင်ငံတကာ ကျွမ်းကျင်သူတွေက အလောင်းကို ပြန်လည် တူးဖော်ခဲ့ကြတာမှာ အခု အလောင်းကို ပြန်လည် မြှုပ်နှံလိုက်ပြီလို့ ပါလက်စတိုင်း အရာရှိတွေက ပြောပါတယ်။

    ၂၀ဝ၄ ခုနှစ်က ကွယ်လွန် ခဲ့တဲ့ မစ္စတာ အာရာဖတ်ဟာ အဆိပ်သင့် သေဆုံး ခဲ့တာလား ဆိုတာကို ဖေါ်ထုတ် နိုင်ဖို့ သူ့ရဲ့ ရုပ်အလောင်းက အစိတ် အပိုင်း နမူနာတွေကို ဆွစ်ဇာလန်၊ ပြင်သစ်နဲ့ ရုရှား မှုခင်း ကျွမ်းကျင်သူ တွေကို ပေးအပ်လိုက်ပြီ ဖြစ်ပါတယ်။

    ဂျော်ဒန်မြစ် အနောက်ဘက်ကမ်း ရာမာလာ မြို့မှာရှိတဲ့ ကြီးမားတဲ့ ဂူဗိမန်ကနေ အင်္ဂါနေ့ အစော ပိုင်းက မစ္စတာ အာရာဖက်ရဲ့အလောင်းကို ကျွမ်းကျင်သူတွေက ပြန်လည် တူးဖော်ခဲ့ကြတယ်လို့ တာဝန်ရှိ သူတွေ က ပြောပါတယ်။

    အာရာဖတ်ရဲ့ဇနီးဖြစ်သူ ပေးလာတဲ့ အာရာဖတ်ရဲ့ အ၀တ်အစားပေါ်မှာ ရေဒီယိုသတ္တိကြွ ပိုလိုနီယံ အဆိပ်အတောက် ဓာတုပစ္စည်းတွေ ရှာတွေ့ခဲ့ပြီးတဲ့နောက် သူ သေဆုံးခဲ့ရတဲ့အကြောင်းနဲ့ ပတ်သက်လို့ စစ်ဆေးဖို့ ပြင်သစ်အာဏာပိုင်တွေက ဒီနှစ်အစောပိုင်းက အမိန့်ထုတ်ခဲ့တာပါ။

    ဒါပေမဲ့ ရေဒီယို သတ္တိကြွ ပိုလိုနီယံ ဓာတုပစ္စည်းဟာ အလျင်အမြန်ပဲ ပြိုကွဲပျက်စီးတတ်တာကြောင့် ကျန်နေသေးတဲ့ နမူနာတွေဟာ စမ်းသပ်ဖို့ ဖြစ်နိုင်ပါ့မလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးဘူး လို့ ကျွမ်းကျင်သူတချို့က ပြောပါတယ်။ အာရာဖက်ဟာ ၂၀၀၄ ခုနှစ်က အသေအချာ မသိရတဲ့ နာမကျန်းဖြစ်မှုကို ခံစားခဲ့ရပြီးတဲ့နောက် သိပ်မကြာခင်မှာ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။

    သူ့ရဲ့ ရုပ်ကြွင်း အစအန နမူနာတွေကို ပြင်သစ်၊ ဆွစ်ဇာလန်၊ ရုရှားနဲ့ ပါလက်စတိုင်း ကျွမ်းကျင် သူတွေဆီ ပေးအပ်ခဲ့ပြီး သက်ဆိုင်ရာ နိုင်ငံအသီးသီးမှာ လေ့လာစစ်ဆေးကြမှာ ဖြစ်ပါတယ်။

    အစ္စရေး အစိုးရ ကတော့ မစ္စတာ အာရာဖတ် သေဆုံးမှုဟာ သူတို့နဲ့ ပတ်သက်မှု မရှိဘူးဆိုပြီး အခိုင်အမာ ငြင်းဆိုထား ပါတယ်။


    ယာဆာအာရာဖတ်ဧ။် ထူးခြားခဲ့သော သမိုင်း
    ၁။ ၁၉၂၉ ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့တွင် ဖွားမြင်ခဲ့သည်။
    ၂။ ၁၉၅၈ ခုနှစ်တွင် ပါလက်စတိုင်း တပ်ဖွဲ့ကို ဖွဲ့စည်းခဲ့သည်။
    ၃။ ၁၉၇၄ ခုနှစ်တွင် PLO အဖွဲ့မှ ဥက္ကဋ္ဌ အဖြစ်ရွေးချယ် ခံရသည်။
    ၄။ ၁၉၈၂ ခုနှစ်တွင် အစ္စရေးတို့ရန်ကြောင့် လက်ဘနွန်သို့ ထွက်ခွာခဲ့သည်။
    ၅။ ၁၉၉၃ ခုနှစ်တွင် အမေရိကန်သမ္မတ အိမ်ဖြူတော်တွင် ငြိမ်းချမ်းရေး စာချုပ် ချုပ်ဆိုခဲ့သည်။
    ၆။ ၁၉၉၄ ခုနှစ်တွင် ကမ္ဘာ့ငြိမ်းချမ်းရေး နိုဗယ်ဆု ရရှိခဲ့သည်။
    ၇။ ၂၀၀၁ ခုနှစ်တွင် အစ္စရေးတို့ရန်ကြောင့် (တစ်နည်းအားဖြင့် ပိတ်ဆို့မှု) ကြောင့် ပါလက်စတိုင်း အာဏာပိုင် ဋ္ဌာနချုပ်ဝင်းအတွင်း နေထိုင်ခဲ့ရသည်။
    ၈။ ၂၀၀၄ ခုနှစ်တွင် နာဖျားမှုကြောင့် ပြင်သစ်နိုင်ငံ ပါရီမြို့အနီး စစ်ဆေးရုံ၌ ဆေးဝါးကုသမှုခံယူသည်။ ဖျားပြီးတစ်လအကြာ ၁၁.၁၁.၂၀၀၄ ရက်နေ့ ဒေသစံတော်ချိန် ၃ နာရီခွဲတွင် ကွယ်လွန် အနိစ္စရောက်ခဲ့သည်။

  • အရှေ့အလယ်ပိုင်း နျူလက်နက်ကင်းရေး အစည်းအဝေး အစ္စရေးကြောင့် ဖျက်သိမ်းလိုက်ရ

    အရှေ့အလယ်ပိုင်း နျူလက်နက်ကင်းရေး အစည်းအဝေး အစ္စရေးကြောင့် ဖျက်သိမ်းလိုက်ရ

    နိုဝင်ဘာ ၂၄ ၊ ၂၀၁၂

    M-Media

    အရှေ့အလယ်ပိုင်း ဒေသ ငြိမ်းချမ်းရေးအတွက် နျူကလီးယား လက်နက်မပြန့်ပွားရေးနှင့် ပိတ်ပင်ထားဆီးရေးအတွက် ရည်ရွယ် သည့် အဓိက အစည်းအဝေးတစ်ရကို အစ္စရေးနိုင်ငံက ကန့်ကွက်သည့်အျွှါက် ဖျက်သိမ်းလိုကရကြောင်း Press TV သတင်းတပုဒ်တွင် ဖော်ပြထားပါသည်။

    အဆိုပါ အစည်းအဝေးကိုးမူလက ဖင်လန်နိုင်ငံ ဟယ်လ်ဆင်ကီမြို့၌ ဒီဇင်ဘာလ လယ်ရက်ပိုင်းများတွင် ကျင်းပရန် စီစဉ်ထားသည်။ သို့သော် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဌာန ပြောခွင့်ရ ပုဂိုလ် ဗစ်တိုးရီးယား နုလန်းက အရှေ့အလယ်ပိုင်းဒေသ နျူကလီးယားကျင်းစင်ရေး ဆောင်ရွက်လျှင် အစ္စရေး၏ လုံခြုံရေး ထိပါးလာနိုင်သည့် အတွက် အစည်းအဝေးကို ဖျက်သိမ်းလိုက်ရကြောင်း ဟု ပြောကြားခဲ့သည်။

    အစ္စရေးနိုင်ငံသည် အရှေ့အလယ်ပိုင်းဒေသတွင် နျူကလီးယားလက်နက် ပိုင်ဆိုင်သော တစ်ခုတည်းသော နိုင်ငံဖြစ်ကာ နျူကလီးယား ထိပ်ဖူးပေါင်း ၂၀၀ မှ ၄၀၀ ကြားလျှို့ဝှက်စွာ ပိုင်ဆိုင်ထားသည့် နိုင်ငံဖြစ်သည်။

    ကိုးကား AFP

  • အပစ်အခတ်ရပ်ဆဲရေး သဘော တူညီချက်ရအပြီး အစ္စရေးတို့ ပါလစ္စတိုင်း လူငယ်တစ်ဦးကို ပစ်သတ်

    အပစ်အခတ်ရပ်ဆဲရေး သဘော တူညီချက်ရအပြီး အစ္စရေးတို့ ပါလစ္စတိုင်း လူငယ်တစ်ဦးကို ပစ်သတ်

    M-Media

    နိုဝင်ဘာ ၂၄၊ ၂၀၁၂

    www.guardian.co.uk

    ဂါဇာနယ်စပ်ရှိ အစ္စရေးခံတပ်မှ စစ်သားများ

    အီဂျစ်တို့ ကြားဝင်စေ့စပ်ပေးမှုဖြင့် ရရှိခဲ့သော ဟားမတ်စ်နှင့် အစ္စရေးတို့အကြား အပစ်အခတ်ရပ်ဆဲရေး သဘောတူညီ မှုနောက်ပိုင်း အစ္စရေးဘက်မှ ပါလစ္စတိုင်း အရပ်ဘက်တစ်ဦးကို အပစ်အခတ်ကင်းမဲ့ဇုံအတွင်း ပစ်သတ်ခဲ့ကြောင်း ဂါးဒီးယန်း သတင်းက ဖော်ပြသည်။ အစ္စရေးတို့ ပစ်ခတ်မှုကြောင့် အခြား ၇ဦး လည်း ဒဏ်ရာရခဲ့ကြောင်း သိရသည်။

     

    အသတ်ခံခဲ့ရသူမှာ အသက်နှစ်ဆယ် အရွယ်ကျော်ရှိသည့် အန်ဝါရ် ကုဒီးယာဆို သူဖြစ်ပြီး ၄င်းသည် အပစ်အခတ်ရပ်ဆဲရေး သဘောတူညီချက်ရရှိအပြီး ဥယျာဉ်ခြံစိုက် ပျိုးရေး ပြန်လည် လုပ်ကိုင်ဖို့ ဆွေမျိုးများထံသို့ ပြန်အလာတွင် ကြမ္မာငင်ခဲ့ ရခြင်းဖြစ်သည်။ သို့သော် အခြားသတင်းတစ်ခုအရမူ သူသည် ဟားမတ်စ်အလံအား အစ္စရေးအကာအကွယ် ခံတပ်တစ်ခု အနီးတွင် စိုက်ထူဖို့ ကြိုးစားသဖြင့် ၄င်းအား ပစ်သတ် ခဲ့ခြင်းဖြစ်သည်ဟုလည်း သိရသည်။

     

    အခြားသော ရာနှစ်ချီသည့် ပါလစ္စတိုင်းများကလည်း အစ္စရေးတို့ကိုအံတုကာ ကိုက် ၃၀၀ ကန့်သတ်ဇုံသို့ဝင်ရောက်ခဲ့ကြသည်။ နှစ်ဘက်စလုံးက တဘက်နှင့် တဘက် အပြန်အလှန် အပစ်အခတ်ရပ်ဆဲရေးသဘောတူညီထားချက် ကို ချိုးဖောက်သည်ဟု စွပ်စွဲနေကြသည်။ အစ္စရေးစစ်တပ် ၏ ပြောခွင့် ရပုဂ္ဂိုလ် အဗီတဲလ် လိုင်ဘိုပစ်ခ်ျကမူ ဂါဇာခံတပ်ကို ဖြတ်ပြီး အစ္စရေးဘက်သို့ ၀င်ရောက်ဖို့ ကြိုးစားခြင်းသည် အပစ်အခတ်ရပ် ဆဲရေး သဘောတူ ထားချက်ကို ချိုးဖောက်ခြင်းဖြစ်သည်ဟု မှတ်ချက်ပေးသည်။

     

    ဟားမတ်စ်တို့ကမူ အစ္စရေးတို့၏ ဂါဇာဘက်သို့ ပစ်ခတ်မှုကသာလျှင် သဘောတူညီချက်အား ချိုးဖောက်ခြင်းမည်ကြောင်း၊ သို့သော် အပစ်အခတ်ရပ် ဆဲရေးသဘောတူထားချက်ကို ထိမ်းသိမ်းရ မည်ဖြစ်ပြီး ကြားဝင်စေ့စပ်ပေးသည့် အီဂျစ်ကိုလည်း ယခုကဲ့သို့သော အဖြစ်အပျက်မျိုး ထပ်မံဖြစ်မ လာစေဖို့ သတိပေးကြောင်း ပြောကြားသည်။

     

    အစ္စရေးစစ်တပ်က ယခုကဲ့သို့ပင် အစ္စရေးဘော်ဒါသို့ချဉ်းကပ်သည့် ဂါဇာဘက်တွင်ပင်ရှိနေသေးသော အရပ်သားများကို ပစ်ခတ်လေ့ရှိသည်ဟု ဂါးဒီးယန်းက ဖော်ပြသည်။ အစ္စရေးကမူ အကြမ်းဖက်သမားများ အစ္စရေးသို့ဝင်မလာစေဖို့ ကာကွယ်ခြင်းဖြစ်သည်ဟု အကြောင်းပြပြောဆိုသည်။

     

    ပါလစ္စတိုင်းလူငယ်အချို့က နယ်စပ်ဒေသရှိ အစ္စရေးခံတပ်များကို မခံချင်အောင်ပြောဆိုမှုများရှိကြောင်း၊ ထို့အတွက် အစ္စရေးစစ်တပ်က ပစ်ခတ်မည် ဟု ခြိမ်းခြောက်သော်လည်း ၄င်းတို့က ဆက်လက်ပြုလုပ်ကြသဖြင့် ယင်းသို့သော လူသေမှုဖြစ်လာကြောင်း အေပီသတင်းအရသိရသည်။ ဟားမတ်စ် တို့ကမူ ပါလစ္စတိုင်းတို့အား နယ်စပ်အနီးတွင် မနေကြဖို့ တိုက်တွန်းနှိုးဆော်ထားကြောင်း သိရသည်။

  • အိုဗရီကို့စ် သမ္မတဟောင်း ဇနီးအား နိုင်ငံတကာ ရာဇ၀တ်မှုဆိုင်ရာ ခုံရုံး(ICC) မှ  စွဲချက်တင် ၀ရမ်းထုတ်

    အိုဗရီကို့စ် သမ္မတဟောင်း ဇနီးအား နိုင်ငံတကာ ရာဇ၀တ်မှုဆိုင်ရာ ခုံရုံး(ICC) မှ စွဲချက်တင် ၀ရမ်းထုတ်

    နိုဝင်ဘာ ၂၂ ၊ ၂၀၁၂

    M-Media

    လူ့အခွင့်အရေးချိုးဖောက်မှု့ ပြစ်မှု့များနှင့် ပတ်သက်၍ အိုင်ဗရီကို့စ် သမ္မတဟောင်း Laurent Gbagbo ၏ ဇနီးဖြစ်သူအား နိုင်ငံတကာ ရာဇ၀တ်မှုဆိုင်ရာခုံရုံး (အိုင်စီစီ) မှ ဖမ်းဆီးရန် ၀ရမ်း ထုတ်ပြန်ပြီး ဖြစ်ကြောင်း ကြေငြာလိုက်ပါသည်။

    ဖေဖော်ဝါရီလ ၂၉ ရက်နေ့တွင် ထုတ်ပြန်လိုက်တဲ့ ဝရမ်းကို Hague အခြေစိုက် နိုင်ငံတကာခုံရုံးမှ ကြာသပတေးနေ့တွင် လူသိရှင်ကြား အတိအလင်း ထုတ်ပြန်ကြေငြာခဲ့ပါသည်။ Simone Gbagbo အား လူသားချင်းစာနာမှုကို ဖီဆန်သော လုပ်ကြံသတ်ဖြတ်မှု၊ မုဒိမ်းမှု ၊ အခြားသော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ ညှင်းပန်းနှိပ်စက်မှု နှင့် လူမဆန်သော ပြုမူ လုပ်ဆောင်မှုများ အတွက် စွဲချက်တင်ခြင်း ခံထားရပါသည်။

    အနောက်အာဖရိက နိုင်ငံ၏ ၂၀၁၀ ရွေးကောက်ပွဲ နောက်ပိုင်း ပေါ်ပေါက်ခဲ့သော အကြမ်းဖက်မှုများ ဖြစ်ပွားပြီးသည့်နောက်တွင် ထိုဥပဒေချိုးဖောက်မှုများ ကျူးလွန်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည် ဟု အိုင်စီစီက ဖော်ပြခဲ့ပါသည်။

    အလားတူ စွပ်စွဲချက်များ နှင့် အမှုရင်ဆိုင်နေရာသော Gbagobo သည်  ပြိုင်ဘက်ဖြစ်သူ Alassane Ouattara အား မိမိ၏ အာဏာလွှဲပြောင်းပေးလိုက်ရပြီး မိမိကျဆုံးမှုကို လက်ခံရန်ငြင်းဆိုခဲ့ပြီးနောက် ထိုနိုင်ငံရေး ခလောက်ဆန် မှုများ ဆက်တိုက်ပေါ်ပေါက်လာခဲ့ ခြင်းဖြစ်ပါသည်။

    “ Simone Gbagbo ဟာ နိုင်ငံရေး အတွေးအမြင်များအရရော လုပ်ငန်းပိုင်းဆိုင်ရာ အရရော သူ့ခင်ပွန်းနဲ့ တော်တော်လေး နီးစပ်မှုရှိခဲ့ပါတယ်… သမ္မတ အဖြစ် ရွေးကောက်ခြင်း မခံရပေမဲ့ သူမဟာ သူမခင်ပွန်းရဲ့ ကွယ်ဝှက်ထားတဲ့ ကိုယ်ကျိုးရှာစိတ်၊ အတ္တစိတ်တွေကို နိုင်ငံတော်အာဏာ နဲ့ ဆုံးဖြတ်ချက်တွေကဲ့သို့ ပြုမူခဲ့တာပါ။“ ဟု ထုတ်ပြန်သော ၀ရမ်းတွင် တင်ပြခဲ့ပါသည်။

    အိုင်ဗရီကို့စ်တွင် ၂၀၁၀-၁၁ ကာလအတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခများသည် စစ်သားများ နှင့် တပ်မတော်သည် UN နှင့် လက်ရှိအာဏာရ သမ္မတ Ouattara ကို ထောက်ခံသော ပြင်သစ်ကျောထောက်နောက်ခံများ အား ဆန့်ကျင်တိုက်ခိုက်သော ၎င်းတို့သည် Gbagbo ၏  သစ္စာခံများဖြစ်ကြောင်း ပေါ်လွင်စေခဲ့သည်။

    လက်ရှိ အိုင်ဗရီကို့စ်တွင် အကျဉ်းကျခြင်းခံနေရသော Simone Gbagbo သည် လူပေါင်း (၃၀၀၀)ကျော် တို့၏ အသက်စတေးခဲ့ရသော အကြမ်းဖက်မှုများအား ကိုယ်ကျိုးအတွက် ကြိုတင်စီမံမှု နှင့် လုပ်ကြံဖန်တီးမှုတွင် ပါဝင်ပတ်သက်ခဲ့ကြောင်း ၀ရမ်းတွင်  စွဲချက်တင်ထားပါသည်။

    ကိုးကား:http://www.presstv.ir