ဇန်န၀ါရီ ၂၀ ၂၀၁၄
M-Media
– ချယ်ဆီးအသင်းနည်းပြ မော်ရင်ဟိုက ၎င်းအနေဖြင့် တစ်ခါတစ်ရံတွင် အင်္ဂလိပ်များထက် ပို၍ အင်္ဂလိပ် ပီသသည်ဟု ပြောကြားလိုက်သည်။
ယမန်နေ့က မန်ယူအအသင်းအား အနိုင်ရရှိခဲ့သည့် ပွဲအပြီး နာရီအနည်းငယ်အကြာတွင် Savoy ဟိုတယ်၌ ပေးအပ်ခဲ့သည့် The guest of honour ဆုအား လက်ခံရယူပြီးနောက် ထိုကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။
“တစ်ခါတစ်ရံမှာ ကျွန်တော်ဟာ တစ်ချို့အင်္ဂလိပ်တွေထက် ပိုပြီး အင်္ဂလိပ် ပီသတယ်လို့ ခံစားရပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ကျွန်တော်ဟာ နိုင်ငံ (ဗြိတိန်)နဲ့ အင်္ဂလိပ် ဘောလုံးလောက ကိုလည်း အများကြီး ကာကွယ်နေပါတယ်။ ဒါတွေကို ကျွန်တော်လုပ်တာဟာ လုပ်ရမယ်လို့ ခံစားရလို့ပါ” ဟု ပြောကြားခဲ့သည်။ ထို့ပြင် မိမိအနေဖြင့် ချစ်ခြင်းမေတ္တာနှင့် ပျော်ရွှင်မှုတို့ မရှိဘဲ နည်းပြအလုပ်ကို လုပ်နိုင်မည် မဟုတ်ကြောင်း၊ လက်ထောက် နည်းပြများ မှာလည်း ညီအစ်ကိုများကဲ့သို့ဖြစ်ကြောင်း မော်ရင်ဟိုက ထည့်သွင်းပြောကြားခဲ့သည်။
အသက် ၅၀ အရွယ်ရှိ မော်ရင်ဟိုမှာ အင်္ဂလန် ဘောလုံးလောကသို့ စတင်ရောက်ရှိခဲ့သည့် ၂၀၀၅ ခုနှစ် ဘောလုံးရာသီကပင် အောင်မြင်မှုများ ရရှိခဲ့သူဖြစ်ပြီး အင်္ဂလိပ် ဘောလုံးလောက၏ လိုအပ်ချက်များကို အမြဲလိုလို ထောက်ပြ ဝေဖန်လေ့ရှိသူဖြစ်သည်။
Ref : Daily
Leave a Reply
You must be logged in to post a comment.