News @ M-Media

မှတ်တမ်းရုပ်ရှင် အော်စကာဆုရ ဆွီဒင်လူငယ် ဒါရိုက်တာ မိမိကိုယ်ကို သတ်သေ

မေ ၁၈ ၊ ၂၀၁၄
M-Media

201451451229972734_20

– အမေရိကန် အဆိုတော်တစ်ဦး တောင်အာဖရိကတွင် အောင်မြင်ခဲ့ပုံကို ရိုက်ကူးထားသည့် Searching for Sugar Man မှတ်တမ်းရုပ်ရှင်ဖြင့် ၂၀၁၃ ခုနှစ် အော်စကာဆုရခဲ့သော လူငယ် ဆွီဒင်ဒါရိုက်တာ မာလစ် ဘန်ဂျဲလ်လူမှာ သေဆုံးခဲ့သည်ဟု သိရသည်။

စတော့ဟုမ်းရှိ ၎င်းနေအိမ်တွင် အင်္ဂါနေ့က သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ဆွီဒင်ရဲတပ်ဖွဲ့ ပြောကြားခဲ့သည်။ မာလစ်မှာ စိတ်ကျဝေဒနာကို အချိန်အတိုင်းအတာတစ်ခုအထိ ခံစားနေရပြီး မိမိကိုယ်ကို သတ်သေခဲ့ခြင်းဖြစ်သည်ဟု ၎င်း၏အကိုဖြစ်သူက ယမန်နေ့တွင် ပြောကြားခဲ့သည်။ မာလစ်မှာ သေဆုံးချိန်တွင် အသက် ၃၆ နှစ်သာ ရှိသေးသည်။

Searching for Sugar Man မှတ်တမ်းရုပ်ရှင်မှာ အမေရိကန်မှ အဆိုတော် ဆစ်ဇ်တို ရော်ဒရီဂက်စ် တောင်ကိုရီးယားတွင် နာမည်ကျော်စူပါစတားဖြစ်လာခဲ့သည့် အကြောင်းကို ရိုက်ကူးထားခြင်းဖြစ်ပြီး ၁၉၈၄ ခုနှစ်နောက်ပိုင်း ပထမဆုံး အော်စကာရရှိခဲ့သည့် ဆွီဒင်ဇာတ်ကားလည်းဖြစ်သည်။ အဆိုပါ ရုပ်ရှင်မှာ ဗြိတိန် BAFTA အကောင်းဆုံး မှတ်တမ်းရုပ်ရှင်ဆုနှင့် ဆွီဒင် Guldbagge ဆုအပါအ၀င် အခြားသော ဆုများစွားကိုလည်း ရရှိခဲ့သည်။

မာလစ်၏သေဆုံးမှုသတင်းကြောင့် ဆွီဒင်ရုပ်ရှင်လောကမှာ တုန်လှုပ်ခဲ့ရပြီး ဆွီဒင်ရုပ်ရှင်အသင်းမှ ဂျန်ဂေါ်ရန်ဆန်က မာလစ်မှာ စိတ်လှုပ်ရှားဖွယ်ကောင်းသည့် ဒါရိုက်တာဖြစ်သည်ဟု ပြောကြားခဲ့သည်။ မာလစ်မှာ လက်ရှိတွင် ရုပ်ရှင်ဇာတ်ကားတစ်ကားကို ဖန်တီးနေသည်ဟု ဂေါ်ရန်ဆန်က ထည့်သွင်းပြောကြားခဲ့သည်။

Ref: Agencies

Comments

Leave a Reply