News @ M-Media

ဟူသီ-ဆော်ဒီကိစ္စ အီရန်ကိုအရေးယူရန် ကုလကို ကန်တိုက်တွန်း

နိုဝင်ဘာ ၁၁၊ ၂၀၁၇
M-Media

– ယီမင်နိုင်ငံ ဟူသီသူပုန်တွေကနေတဆင့် အီရန်နိုင်ငံက စစ်ရေးအရ တိုက်ရိုက်တိုက်ခိုက်ကြောင်း အမေရိကန်မဟာမိတ် ဆော်ဒီက စွပ်စွဲပြောဆိုပြီးနောက် ၎င်းလုပ်ရပ်အပေါ် အရေးယူရန် ကုလသမဂ္ဂကို အမေရိကန်က တိုက်တွန်းလိုက်သည်။

စနေနေ့ ရီယာ့ဒ်မြို့တော် နိုင်ငံတကာလေဆိပ်သို့ဦးတည်၍ အီရန်သည် ဟူသီတပ်စွဲထားသည့် နယ်မြေမှတဆင့် ဒုံးကျည်တစ်စင်းပစ်လွှတ်ခဲ့ကြောင်း အင်္ဂါနေ့က ထောက်ပြပြောဆိုခဲ့သည်။

ဆော်ဒီမှာ ၎င်းဒုံးကျည်ကို ပစ်မှတ်သို့ မရောက်မီ နှောင့်ယှက်ဖျက်ဆီးနိုင်ခဲ့သည်။

ဟူသီသူပုန်များကို ထောက်ပံ့ထားသည်ဟု ယုံကြည်ရသည့် အီရန်က ထိုဒုံးကျည် ပံ့ပိုးပေးခြင်းမရှိကြောင်းပြောပြီး ဆော်ဒီ၏ စွပ်စွဲချက်မှာ အရှိတရားနှင့် သွေဖည်နေကြောင်း ငြင်းဆိုခဲ့သည်။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် Nikki Haley က ယင်းဒုံးကျည်ကို ဟူသီတပ်ဖွဲ့တွေဆီ အီရန်က ထောက်ပံ့ထားကြောင်းနှင့် ရီယာဒ့်သို့ ပစ်လွှတ်ခဲ့သည့် ဒုံးကျည်မှာ အီရန်လက်ချက်ဖြစ်နိုင်ကြောင်း စွပ်စွဲပြောဆိုခဲ့သည်။

“ယီမင်က ဟူသီသူပုန်တွေဆီ ဒီလိုလက်နက်မျိုး ထောက်ပံ့ပေးလိုက်ခြင်းဖြင့် အီရန်ဟာကုလသမဂ္ဂရဲ့ ပဋိညာဉ် စာချုပ်ပါ အချက်နှစ်ချက်ကို တစ်ပြိုင်တည်းချိုးဖောက်လိုက်ရာရောက်ပါတယ်” ဟု Haley က ပြောသည်။

Ref : Aljazeera