News @ M-Media

Category: ပြည်သူ့အသံ

  • ၄၃၆ ကို ဥပဒေ စာအုပ်ကြီးထဲမှာ အပြီး မသိမ်းထားပါနဲ့ ကြိုးတုတ် မထားပါနဲ့။ (ပြည်သူ့ အသံ)

    မေ ၃၀ ၊ ၂၀၁၄
    M-Media
    ရေးသူ- ကောလင်းသောင်းထိုက်
    No 436
    ပြည်သူတွေ မြန်မာပြည်အနှံ့ ဆန္ဒပြ ထုတ်ဖော်ပြောဆိုနေကြတဲ့ အသံတွေ နေ့စဉ်နဲ့အမျှ ကြားနေရပါသည်။ ဟုတ်ပါသည်။

    စာရေးသူလည်း ပြည်သူတွေလို ဆန္ဒရှိနေသည်မှာ အမှန်ပင် ဖြစ်ပါသည်။ ကျွန်တော်နဲ့ မြန်မာပြည်သူတွေမှာ ခေတ်အဆက်ဆက် (နှစ်အဆက်ဆက်) နှစ်ပေါင်းများစွာ ခံစားခဲ့ရတဲ့ သူတွေပါ၊ (တစ်မင်း) ကြီးစိုးပြန်လည် အမျိုးမျိုး ဒုက္ခတွေ့ခဲ့ရတဲ့ သူတွေပါ….ကျွန်တော်တို့ အသက်တွေသာ နှစ်တွေ တိုးလာ၊ ကျွန်တော်တို့ ပြည်သူတွေ အစော်ကားခံရ အလိမ်ခံရ၊ ဘ၀ကို ရုန်းကန်နေကြရသည်မှာ ယခုထက်တိုင်အောင်ပါဘဲ။

    ဟိုဟာနဲ့ နှစ်သိမ့်လိုက်၊ ဒီဟာနဲ့ နှစ်သိမ့်လိုက်၊ ဒီစကား ပြောလိုက်-ဟိုစကား ပြောလိုက်နဲ့ ကျေနပ် ရတော့မလို၊ အော်……….(မင်းကြီးတို့ ပြည်သူတွေကို မလှည့်စားပါနဲ့ဗျာ)လို့ ပြည်သူ့ကိုယ်စား ပြောလိုက်ပါ ရစေ။

    ကျွန်တော်တို့ခင်ဗျားတို့ တတွေ ဆင်းရဲတွင်းက လွတ်မြောက်နိုင်ရန် တွေးစရာ အကြောင်းမရှိတော့ ဘူးလေ။ နေစရာ အိမ်မရှိတော့ ဒုက္ခ၊ စားစရာ မရှိတော့ ဒုက္ခ၊ ဒုက္ခပင်လယ် ဝေနေတာ နှစ်ပေါင်း (၅၀) ကျော်ခဲ့ပါပြီ။ (တစ်မင်း) အုပ်စိုးလာရင် ကောင်းလာမလား (တစ်မင်း) ပြောင်းလဲသွားရင် ကောင်းလာမလား (တစ်လားလား………တစ်လားလား) ပါဘဲဗျာ။

    စာရေးသူရဲ့ မိဘနှစ်ပါး ရှိစဉ်က ဆင်းရဲဒုက္ခ၊ မိဘနှစ်ပါးဆုံးပါးသွား ပြန်တော့လည်း ဒုက္ခ၊ စာရေးသူ မှာ သားသမီးတွေ ရှိလာပြန်တော့လည်း ဒုက္ခ၊ (ဒုက္ခ၊ဒုက္ခ၊ ဒုက္ခ ပါတကား) ယခု နီးကပ်လာပြီ ဖြစ်သော ၂၀၁၅ ရွေးကောက်ပွဲ မရောက်ခင် ရင်တမမနဲ့ မျှော်နေရပြန်ပြီလေ။ ငါတို့ရဲ့ ပြည်သူတွေကို ဒုက္ခကင်းဝေး ပါ့မလား။

    အဲဒီတော့ ပြည်သူတွေနဲ့အတူ စာရေးသူ ပါဝင်၍ ဆန္ဒထုတ်ဖော် ပြောဆိုနေတဲ့ ဥပဒေ ပုဒ်မ ၄၃၆ ကို ဥပဒေ စာအုပ်ကြီးထဲမှာ မသိမ်းထားပါနဲ့၊ ကြိုးတုတ်မထားပါနဲ့လို့ ပြောဆိုခြင်းဖြင့်၊ ပြင်ပေးပါ၊ မြန်မြန် ပြင်ပေးပါလို့ ဆန္ဒပြင်းပြစွာဖြင့် အော်…………လိုက်ရပါသည်။

  • ၂၀၁၅ ရွေးကောက်ပွဲမှာ မဲပေးမယ့် ပါတီ (ပြည်သူအသံ)

    ဇန်နဝါရီ ၂၄၊ ၂၀၁၄
    M-Media

    1560741_240712366110038_1284340969_n

    ဒေါ်အောင်ဆန်းစုကြည် ရှမ်းပြည်ခရီးစဉ်မှာ တောင်ကြီးမြို့ခံတွေ ကြိုဆိုဖို့ ပြင်ဆင်နေကျတုန်း NLDပါတီဝင်တချို့က ကားနဲ့ အလံလေးတွေ လိုက်လံဝေဌရင်း NLD အလံလေးယူလိုက်တဲ့ ကျနော်တို့ကို မိတ်ဆွေ တယောက်ကလာမေးတယ်—

    NLD ပါတီကို အစ္စလာမ်ဘာသာဝင်တွေက အားပေးပြီး ၂၀၁၅မှာ မဲပေးကျမလားတဲ့၊၊

    အစ္စလာ မ်ဘာသာဝင်တဦး တယောက် အနေနဲ့ ကျနော်ပြန်ဖြေလိုက်တယ်၊၊

    မြန်မာပြည်သူပြည်သားအားလုံး လူ့အခွင့်အရေးနဲ့ တန်းတူ ညီမျှရှိဖို့ ဆောင်ရွက်ပေးမယ်…

    ဘာသာရေး လွတ်လပ်ခွင့်တွေ ဘာသာအသီးသီးအတွက် ထိုက်သင့် မျှတစွာဖော်ဆောင်ပေးမယ်..

    ပြည်သူပြည်သားတွေရဲ့ဆင်းရဲမွဲတေမှုတွေတိုက်ဖျက်ပေးမယ်…

    အလုပ်အကိုင် အခွင့်အလမ်းတွေဖန်တီးပေးပြီး ပညာရေး အဆင့်မြင့်မားစေမယ်…

    တရားဥပဒေ စိုးမိုးရေးကို အဓိကထားလို့ တိုင်းပြည် တိုးတက်ရေးကို ရှေ့ရှုဆောင်ရွက်မယ်ဆိုရင်…

    NLD ပါတီမှ မဟုတ်ဘူး ဘယ်ပါတီပဲဖြစ်ဖြစ် ဘယ်သူပဲ ဦးဆောင်သည်ဖြစ်ပါစေ မှန်ကန်တဲ့ ဦးဆောင်မှုပြုပေးသူတွေကို အားပေးလျှက် ၂၀၁၅ မှာမဲပေးဖို့ အဆင်သင့်ပါပဲလို့၊၊

    ** ရှမ်းမင်းသား FB တွင် ရေးသားထားခြင်းကို ခွင့်ပြုချက်တောင်းခံပြီး ဖော်ပြပါသည်။

  • Facebook ပေါ်မှ ပြည်သူအသံ (၁)

    voice of the pp;
    ပြောပြချင်တဲ့ စကားတွေ။
    မခင်ဦး။
    ( ၂၂၇)

    မနေ့က မစိုးရိမ်တိုက်က ဦးဝီရသူရဲ.အငြင်းပွားဖွယ်ရာပြောဆိုမှုတွေနဲ့ ပတ်သက်ပြီး ဦးဝိရသူကို ဘုန်းကြီး မဟုတ်ဘူးပြောတာ ဘယ်ကောင်တွေလဲဆိုတဲ့ post တခုတက်လာတယ်။ မစိုးရိမ်တိုက်မှာနာယကဖြစ်ဘို့ စာတတ်ပေတတ်မှ ဖြစ်နိုင်ကြောင်းလဲ ပါပါတယ်။

    ဦးဝိရသူဟာ ကျောက်ဆည်ဘာသာရေးအဓိကရုန်းနဲ့ဆက်စပ်ပြီး စစ်အစိုးကိုယ်တိုင် ထိန်းသိမ်းထားခဲ့သူ ဆိုတာတော့ ငြင်းနိုင်မယ်မထင်ပါဘူး။

    နိုင်ငံရေးနဲ့ ပတ်သက်ပြီး အဖမ်းခံရတဲ့ သံဃာတော်တွေ၊ သီလရှင်တွေ ထောင်ကထွက်လာရင် ဘယ်ကိုယ်တော်၊ ဘယ်သီလရှင်မှ ကိုယ်ကျောင်းကိုယ် ပြန်နေခွင့်မရှိခဲ့တာ သတိရမိတယ်။

    ၁၉၉၃ခုနှစ်ကတဲက ကျောင်းသားသမဂ္ဂနဲ့တွေ့ဆုံဆွေးနွေးခဲ့လို့ အမှုဆင် အဖမ်းခံရတဲ့ ဦးဇ၀နကိုယ်တော်၊ ဦးစန္ဒောဘာသတို့ဆိုရင် ထောင်ထဲမှာ ၁၆နှစ်လောက်နေပြီး ပြန်ထွက်လာတော့ ဆရာတော်တို့ရဲ. မူလကျောင်းမှာတောင် ပြန်နေခွင့်မရဘူး။ ရဟန်းမှတ်ပုံတင်ပြန်မရလို့ မြန်မာပြည်ထဲမှာ မနေနိုင်ဘဲ နိုင်ငံခြားထွက်နေရတယ်။

    ရွေဝါရောင်မှာ အဖမ်းခံရတဲ့ သီလရှင်ကြီးတွေ သီလရှင်ပြန်ဝတ်ခွင့်မရလို့ လူဘ၀နဲ့စက်ချုပ်ပြန်သင်ပြီး အသက်မွေးရတယ်။ အတော်လေးဒုက္ခရောက်ကြရတယ်။

    ထောင်ကထွက်လာပြီး ကိုယ်ကျောင်းမှာကိုယ် ဇိမ်နဲ့ ပြန်သီတင်းသုံးနိုင်တာ ဦးဝီရသူတပါးဘဲ ကြားဘူးတာတော့အမှန်ဘဲ။ ထူးတယ်ပြောရမှာပေါ့။ အခွင့်အရေးခြင်းမတူတာကိုပြောတာပါ။

    ကျွန်မတို့တတွေ ဝေဖန်နေတယ်ဆိုတာ သံဃာတပါးကိုဝေဖန်နေတာမဟုတ်ဘဲ မလိုလားအပ်တဲ့ အမုန်းတရားတွေကို ပျိုးထောင်နေသူကို ဝေဖန်နေတာသာဖြစ်ပါတယ်။ သူမိန်းကြားနေတာတွေဟာ နိုင်ငံအတွက်လဲအကျိုးပျက်သလို လောကအတွက်လဲ အကျိုးမဲ့စေတယ်လို့ ထင်မိပါတယ်။

    ရှေ.့ ဆရာတော်ကြီးတွေ ဘယ်လိုသာသနာပြုခဲ့ကြသလဲ။ သာသနာတော်ကို ဘယ်လိုထိန်းသိမ်း စောင့်ရှောက် ခဲ့သလဲ နည်းလမ်းလေးများယူသင့်ပါတယ်။ လက်ရှိထေကြီးဝါကြီးပုဂ္ဂိုလ်တွေရောဒကာဒကာမကို ဘယ်လို ဆုံးမသွန်သင်သလဲ အတုယူသင့်ပါတယ်။

    ဒကာဒကာမကိုဆုံးမတဲ့အခါ ဆုံးမသွန်သူကလဲ တရာဓမ္မနဲ့ညီမှဘဲ လိုက်နာနိုင်မယ်။ ဒေ၀ဒတ်က ဗုဒ္ဓဘာသာဝင်တွေ သတ်သတ်လွတ်စားဘို့ကို မြတ်စွာဘုရားက မဖြစ်နိုင်တဲ့ကိစ္စ၊ တင်းကျပ်တဲ့ကိစ္စမို့ ခွင့်မပြုခဲ့ပါဘူး။

    ကျွန်မတို့ ဗုဒ္ဒဘာသာဝင်တွေအနေနဲ့ဖြစ်နိုင်တာနဲ့ ဖြစ်သင့်တာကိုဘဲ လိုက်နာရမှာပါဘဲ။ ဒါမှ ဘုရားအဆုံအမနဲ့ညီမယ်။

    အယူဝါဒဆိုတာကတော့ ဝေဖန်ရမှာဘဲ။ သုံသပ်ရမှာဘဲ။ မြတ်စွာဘုရားလက်ထက်တော်ကတဲက မြတ်စွာဘုရားဟောတာနာခံရမှာလား။ ဒေ၀ဒတ်ဟောတာ လိုက်တာရမှာလား ခွဲချမ်းစိတ်ဖြာကြရပါတယ်။ ဒေ၀ဒတ်လဲ သင်္ကန်းဝတ်ထားသူပါဘဲ။ နည်းလမ်းကလွဲနေရင် လက်မခံသင့်ဘူးလေ။

    မြတ်စွာဘုရားရဲ့ အယူတရားဒေသနာကို ၀ိဘဇ္ဇ၀ါဒလို့သေတ်မှတ်ပါတယ်။ ဆင်ခြင်တုံတရားကို လက်ကိုင်ထားရတဲ့ သဘောသဘာဝရှိပါတယ်။

    တိုင်းပြည်မှာ စည်းလုံးညီညွတ်ရေးလိုအပ်ချိန်မှာ သံဃာခြင်းတောင်သဘောထားကွဲလွဲစေတာတွေ ပြောဆိုနေတာကတော့ ဘုန်းကြီးပင်ဖြစ်လင့်ကစား ဆင်ခြင်ပြောဆိုသင့်တာတော့ အမှန်ပါဘဲ။

    အမှန်အတိုင်းပြောရရင် တရားစစ်လား-တရားမစစ်ဘူးလားသုံသပ်ရမှာ ဒကာဒကာမမှာလဲ တာဝန်ရှိတယ် မဟုတ်လား။

    စစ်အစိုးရအဆက်ဆက် တရားဥပဒေတွေ ဖေါက်ဖျက်ကျူးလွန်သမျှ အတိုက်အခိုက်ကိုနင်းချေဖျက်ဘို့ ဘာသာရေးနဲ့ လုတွေကိုမှိုင်းတိုက် ပြောဆိုမှုတွေကိုတော့လက်မခံနိုင်ပါဘူး။ အပြစ်တင်စားရှိရင် အစဉ်အဆက်တာဝန်ပျက်ကွက်ခဲ့သူ တာဝန်ရှိသူတွေကိုဘဲ အပြစ်တင်ပါ။

    အခုအချိန်မှာ မွတ်ဒေါင်းတွေ-မွတ်ဒေါင်းပါတီတွေ စသည်စသည် စွပ်စွဲပြောဆိုမှုတွေဟာလဲ မလုပ်သင့်ဘူး ထင်ပါတယ်။

    အမျိုးဘာသာ သာသနာဆိုတာ ကာကွယ်ရမှာ လူတိုင်းတာဝန်ပါ။ ဒါပေမဲ့ နည်းမှားကြီးနဲ့ သွေးချွတာမျိုးကိုတော့ လက်မခံနိုင်ပါဘူး။

    တိုင်းပြည်မျက်နှာရှိပါတယ်။

    ဘာသာတရားမျက်နှာရှိပါတယ်။

    ကျွန်မတို့လူမျိုးတွေဟာ အရိုင်းအစိုင်းတွေ၊ လူဂွစာတွေ၊ ပြောမရဆိုမရတွေ၊ မယဉ်ကျေးသူတွေဆိုတာမျိုး ကမ္ဘာပုံရိပ်မှာ အများကမြင်လာအောင် ပြောဆိုလုပ်ကိုင်နေတာတွေကိုတော့ ဘယ်လိုမှသဘောမတူနိုင်ပါဘူး။ ဒီအခြေအနေမျိုး ဒီပြောဆိုမှုတွေကို အစိုးရက လက်ပိုက်ကြည့်နေတာကလဲ စဉ်းစားစရာပါဘဲ။

    ဥပဒေတွေ ရှိပါတယ်။ ဥပဒေနဲ့ အညီလုပ်ရမယ့်ကိစ္စတွေ ဥပဒေလက်မဲ့ လုပ်ဘို့ မြှောက်ထိုးပင့်ကော် ပြောဆိုမှုတွေကို ရပ်တန်းကရပ်သင့်ပြီလိုသာ ပြောလိုပါတယ်။

    အစွန်းရောက်မှုကိုတားမြစ်ရမှာ အစိုးရတိုင်းမှာ တာဝန်ရှိပါတယ်။ အစွန်းရောက်မှုဆိုတာ ဘာသာတိုင်းမှာ တခါတရံပေါ်လာတတ်ပါတယ်။ အမေရိကားမှာ ခရစ်ယန်အစွန်းရောက်ဂုဏ်တွေဖြိုခွင်းခဲ့ရဘူးသလို ဂျပန်မှာလဲ သြောင်းအမည်ရှိတဲ့ ဗုဒ္ဓဘာသာအစွန်းရောက်ဂုဏ်းကို နှိမ်နင်းရဘူးပါတယ်။

    ကျွန်မတို့ဟာ ဒေ၀ဒတ်ကိုသင်္ကန်းဝတ်ထားသူဖြစ်သော်ခြား ယခုထက်တိုင် ပယ်ထားတယ်ဆိုတာ အသေအချာပါဘဲ။ သင်္ကန်းထက် အကျင့်တရာိးကုလ်ကမခံကြတာပါ။ ရှင်းလင်းပါတယ်။

    နိုင်ငံပုံရိပ်-ဘာသာပုံရိပ်တွေကိုထိပါးလာရင်တော့ လက်ခံဘို့ခက်သလို အစိုးရမှာတာဝန်လုံးဝရှိတယ်ဆိုတာ ပြောပါရစေ။

    ( ၁၅-၆-၁၃)

    https://www.facebook.com/makhin.oo/posts/574253449263847 မှ ကူးယူဖော်ပြပါသည်။