News @ M-Media

Category: အာရွ-ပဖိဖိတ္

  • Untitled post 101225

    ပစိဖိတ်၀ေဟင်မှာ အမေရိကန်ကို အသာရတော့မယ့် တရုတ်

    ဧပြီ ၂၇၊ ၂၀၂၅
    M-Media

    (ဓာတ်ပုံ – တရုတ်၏ J-20 တိုက်လေယာဥ်များ)


    တရုတ်ဟာ ပစိဖိတ်သမုဒ္ဒရာ ကမ်းရိုးတန်းတစ်လျှောက် အမေရိကန်ရဲ့ လေကြောင်းအသားစီရမှုကို အန်တုဖို့အတွက် သူတို့ရဲ့လေတပ်အင်အားကို အလျင်အမြန်တိုးချဲ့နေတယ်လို့ အမေရိကန် အိန္ဒိယ-ပစိဖိတ် စစ်ဌာနချုပ်ရဲ့ ဗိုလ်ချုပ်ကြီး ဆမ်မြူယဲလ် ပါပါရိုက ပြောပါတယ်။

    တရုတ်လေတပ် (PLAAF) မှာ တိုက်လေယာဉ် ၂,၁၀၀ ကျော်နဲ့ H-6 ဗုံးကြဲလေယာဉ် ၂၀၀ ကျော်ရှိပြီး၊ လေယာဥ်ထုတ်လုပ်နိုင်မှုမှာလည်း အမေရိကန်နဲ့ ကွာဟာမှု သိပ်မရှိတော့ပါဘူး။ F-22 နဲ့ F-35 လို ပဉ္စမမျိုးဆက် လေယာဉ်တွေနဲ့ အမေရိကန်က အသားစီးရနိုင်ပေမယ့် တရုတ်ကလည်း J-20 လို အဆင့်မြင့်တိုက်လေယာဉ်တွေကို ပိုမိုထုတ်လုပ်ပြီး အမှီလိုက်လာနေပါတယ်။

    တရုတ်ရဲ့ စစ်ရေးအားသာချက်ဟာ လေယာဉ်တွေတင်မကဘဲ၊ ကီလိုမီတာရာချီအကွာက ပစ်မှတ်တွေကို ထိအောင်ပစ်နိုင်တဲ့ PL-17 လို ဒုံးခွင်းစနစ်တွေ ပိုင်ဆိုင်ထားတာပါ။ အမေရိကန် ကာကွယ်ရေးဌာနရဲ့ အချက်အလက်တွေအရ တရုတ်လေတပ်နဲ့ ရေတပ်က လေကြောင်းဌာန နှစ်ခုပေါင်းရင် လေယာဉ်ပေါင်း ၃,၁၅၀ ရှိပြီး အိန္ဒိယ-ပစိဖိတ်ဒေသမှာ အကြီးဆုံးဖြစ်ပါတယ်။ အဲဒီအထဲက ၁၉၀၀ က တိုက်လေယာဥ်တွေဖြစ်ပြီး၊ ပြီးခဲ့တဲ့ ၃ နှစ်အတွင်း ၄၀၀ လောက် ပိုများလာတာပါ။ ဒီနှုန်းအတိုင်း သွားမယ်ဆိုရင် အမေရိကန်လေတပ်ကို သိပ်မကြာခင် ကျော်တက်သွားလိမ့်မယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

    ဒုံးကျည်စွမ်းရည်မှာတော့ တရုတ်ဟာ အမေရိကန်ထက် သာနေပြီလို့ စစ်ရေးသုံးသပ်သူတွေက ဆိုပါတယ်။ တရုတ်ဒုံးလက်နက်တပ်ဖွဲ့ (PLARF) ဟာ ဂျပန်၊ ဂူအမ်နဲ့ ပစိဖိတ်ဒေသက အမေရိကန်လေတပ်စခန်းအားလုံးကို ဖျက်စီးနိုင်စွမ်း ရှိနေပါပြီ။
    တစ်ဖက်မှာတော့ အမေရိကန်ရဲ့ ပစိဖိတ်လေတပ်စခန်းတွေမှာ လုံလောက်တဲ့ ကာကွယ်ရေးအဆောက်အအုံတွေ မရှိဘူးလို့ စစ်ရေးအစီရင်ခံစာတွေက ဆိုပါတယ်။ တရုတ်ရဲ့ ဒုံးကျည်တိုက်ခိုက်မှုတွေကို ခံနိုင်ရည်မရှိတဲ့အတွက် ထိုင်ပေကိစ္စနဲ့ပတ်သက်တဲ့ ပဋိပက္ခမှာ အမေရိကန်တပ်တွေဟာ မြေပြင်မှာတင် ကြီးမားတဲ့ ဆုံးရှုံးမှုတွေ ကြုံရနိုင်ပါတယ်။

    တရုတ်ရဲ့ လေတပ်နဲ့ ဒုံးကျည်အင်အား အလျင်အမြန် တိုးတက်လာမှုကို ကာကွယ်ဖို့အတွက် အမေရိကန်ဟာ ခိုင်ခံ့တဲ့ လေတပ်စခန်းအဆောက်အအုံတွေ၊ အဆင့်မြင့် ကွပ်ကဲရေးစနစ်တွေနဲ့ ပိုဝေး၀ေး ပစ်နိုင်တဲ့ ဒုံးခွင်းစနစ်တွေမှာ အမြန်ဆုံး ရင်းနှီးမြှုပ်နှံဖို့ အရေးကြီးတယ်လို့ ကျွမ်းကျင်သူတွေက ထောက်ပြပါတယ်။ လက်ရှိအနေအထားတိုင်း သွားမယ်ဆိုရင် တရုတ်ဟာ ထိုင်ပေနဲ့ ပတ်ဝန်းကျင်ဒေသတွေမှာ လေကြောင်းအသာစီးရပြီး ပဋိပက္ခဖြစ်လာခဲ့ရင် အစောပိုင်းအဆင့်တွေမှာ အမေရိကန်ရဲ့တုံ့ပြန်မှုက နှေးကွေးကာ၊ စရိတ်ထောင်းပြီး အကျိုးမရှိဖြစ်နိုင်တယ်လို့လည်း သတိပေးထားတယ်။


    Ref: Asia Times

  • ဖေဖော်၀ါရီ ၁၇ ရက်နေ့ နိုင်ငံတကာသတင်းများ

    ဖေဖော်၀ါရီ ၁၇ ရက်နေ့ နိုင်ငံတကာသတင်းများ

    M-Media

    တရုတ်သမ္မတ ရှီကျင့်ဖျင်

    မလေးရှားတွင် ဟာလာလ်လိုဂို အလွဲသုံးစားပြုမှု ဖြစ်ပွား
    ———————–
    မလေးရှား စားသောက်ကုန်လုပ်ငန်းတစ်ခုဖြစ်တဲ့ Shake and Bake Cafe ဟာ သူတို့ထုတ်တဲ့ အသားညှပ်ပေါင်မုန့်တွေမှာ အစိုးရရဲ့ ခွင့်ပြုချက်မရှိဘဲ ဟာလာလ်လိုဂိုတွေ အသုံးပြုခဲ့တာကြောင့် တရားစွဲဆိုခြင်း ခံထားရပါတယ်။

    မလေးရှားရဲ့ အကြီးဆုံးတက္ကသိုလ် Universiti Malaya က KK ကုန်စုံဆိုင်တွေမှာ ရောင်းချတဲ့ အသားညှပ်ပေါင်မုန်တွေကနေတစ်ဆင့် ဒီကိစ္စကို သိရှိသွားတာဖြစ်ပါတယ်။ တူနာ၊ အာလူး၊ ကြက်သားတို့အပါအ၀င် အသားညှပ်ပေါင်မုန့် အမျိုးပေါင်း ၃၆၀ ကျော်လောက်ကို ဒီကုမ္ပဏီက ထုတ်လုပ်ပါတယ်။ ကုမ္ပဏီပိုင်ရှင်ကတော့ သူတို့ရဲ့ ထုတ်ကုန်တွေမှာ ဟာလာလ်မဟုတ်တဲ့ ပစ္စည်းတွေ ဘာမှ အသုံးမပြုထားတာကြောင့် အပြစ်မရှိဘူးလို့ တရားရုံးမှာ လျှောက်လှဲခဲ့ပါတယ်။

    Ref: CNA

    တရုတ်သမ္မတ ရှီကျင့်ဖျင် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ
    ———————
    နိုင်ငံစီးပွားရေး ကျဆင်းနေပြီး အမေရိကန်နဲ့ ကုန်သွယ်ရေးတင်းမာမှုတွေ ပိုဆိုးလာနိုင်ချေ ရှိနေတဲ့အချိန် တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ဖေဖော်၀ါရီ ၁၇ ရက်နေ့မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ တရုတ်အစိုးရနဲ့ အဆင်သိပ်မပြေတဲ့ Alibaba ပိုင်ရှင်ဂျက်မာ၊ Huawei ပိုင်ရှင် ရန်ကျန်ဖေး၊ Xiaomi သူဌေး လီဂျွန်၊ BYD ပိုင်ရှင် ၀မ်ချွမ်ဖူးတို့ အပါအ၀င် ထိပ်တန်းလုပ်ငန်းရှင် တော်တော်များများ တက်ရောက်ခဲ့ပါတယ်။ တရုတ်လုပ်ငန်းရှင်တွေအနေနဲ့ ပြည်တွင်း၊ ပြည်ပမှာ လုပ်ငန်းတွေ ချဲ့ထွင်ကြဖို့ ရှီက ပြောကြားခဲ့ပြီး အသေးစိတ်အချက်အလက်တွေကို ထုတ်ပြန်ခြင်း မရှိပါဘူး။

    Ref: CNA

    အိန္ဒိယရထားဘူတာတွင် လူအုပ်တိုး၀ှေ့၍ သေဆုံးမှုဖြစ်
    ————————–
    နိုင်ငံမြောက်ပိုင်းမှာ ၁၂ နှစ်တစ်ကြိမ် ပြုလုပ်တဲ့ Kumbh Mela ဘုရားပွဲကို သွားဖို့အတွက် နယူးဒေလီမြို့က ဘူတာရုံမှာ ရထားပေါ်တက်ဖို့ တိုး၀ှေ့ရာကနေ လူအုပ်ပြိုမှုတစ်ခု ဖေဖော်၀ါရီ ၁၅ ရက်နေ့မှာ ဖြစ်ပွားခဲ့ပြီး အနည်းဆုံး ၁၅ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဘုရားပွဲကို နိုင်ငံတစ်၀ှမ်းက လူပေါင်းသန်းချီ သွားရောက်မှာပါ။ ပြီးခဲ့တဲ့လကလည်း ယမုံနာနဲ့ ဂင်္ဂါမြစ်မှာပြုလုပ်ပြီး လူသန်းချီ ပါ၀င်တဲ့ ဘုရားပွဲတော်အတွင်း လူအုပ်တိုး၀ှေ့မှု ဖြစ်ပွားတာကြောင့် အနည်းဆုံး လူ ၃၀ လောက် သေဆုံးခဲ့ပါတယ်။

    Ref: CNA

  • အာကာသစူးစမ်းရေးသမိုင်းတွင် မှတ်တမ်းသစ်တစ်ခု အိန္ဒိယထပ်ရ

    အာကာသစူးစမ်းရေးသမိုင်းတွင် မှတ်တမ်းသစ်တစ်ခု အိန္ဒိယထပ်ရ

    ဇန်န၀ါရီ ၁၈၊ ၂၀၂၄
    M-Media

    -အိန္ဒိယ အာကာသအေဂျင်စီဟာ အာကာသထဲမှာ ဂြိုဟ်တုငယ်နှစ်ခုကို အောင်မြင်စွာချိတ်ဆက်နိုင်ခဲ့ပြီး ဒီလို လုပ်ဆောင်နိုင်တဲ့ ကမ္ဘာပေါ်က စတုတ္ထမြောက် နိုင်ငံအဖြစ် မှတ်တမ်း၀င်ခဲ့ပါတယ်။

    အာကာသမှာ ပစ္စည်းနှစ်ခုကို ချိတ်ဆက်တဲ့လုပ်ငန်းဟာ အန္တရာယ်များပြီး၊ ကျွမ်းကျင်မှု လိုအပ်ကာ ကိုယ်ပိုင်အာကသစခန်းထားရှိနိုင်ဖို့၊ လပေါ်ကို လူလွှတ်ဖို့ စတဲ့ နောက်ပိုင်း စီမံကိန်းကြီးအတွက် မရှိမဖြစ် အရေးပါပါတယ်။

    ချိတ်ဆက်မယ့် ဂြိုဟ်တုငယ်နှစ်ခုကို နိုင်ငံတောင်ပိုင်းက အာကာသစခန်းကနေ ဒီဇင်ဘာ ၃၀ ရက်နေ့မှာ ဒုံးပျံတစ်စီးနဲ့ လွှတ်တင်ခဲ့ပြီး ဇန်န၀ါရီ ၁၆ ရက်နေ့မှာ အောင်မြင်စွာ ချိတ်ဆက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

    “လာမယ့်နှစ်တွေမှာ ဖြစ်လာတော့မယ့် အိန္ဒိယရဲ့ ရည်မှန်းချက်ကြီးတဲ့ အာကာသစီမံကိန်းတွေအတွက် အလွန်အရေးပါတဲ့ အခြေခံအုတ်မြစ်ဖြစ်ပါတယ်” လို့ အိန္ဒိယ၀န်ကြီးချုပ် မိုဒီက ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ပါတယ်။

    Ref: BBC

  • ဒီဇင်ဘာ ၂၇ ရက်နေ့ နိုင်ငံတကာသတင်းများ

    ဒီဇင်ဘာ ၂၇ ရက်နေ့ နိုင်ငံတကာသတင်းများ

    M-Media

    တောင်ကိုရီးယားတွင် ယာယီသမ္မတ ဖြုတ်ချခံရ
    —————
    ယာသီသမ္မတ ဟန်ဒက်ဆူးကို တောင်ကိုရီးယား လွှတ်တော်က အယုံအကြည်မရှိအဆို တင်သွင်းမဲခွဲပြီး ဒီကနေ့မှာ ဖြုတ်ချလိုက်ပါတယ်။ အခြေခံဥပဒေခုံရုံးက လစ်လပ်နေတဲ့ တရားသူကြီး ၃ ဦးနေရာကို ခန့်အပ်ဖို့ ယာယီသမ္မတက နှောင့်နှေးနေတာကြောင့် ဒီလို ဖြုတ်ချခံလိုက်ရတာဖြစ်ပါတယ်။ လက်ရှိမှာ ဘဏ္ဏာရေး၀န်ကြီး ချွိုင်ဆန်မော့က်က ယာယီသမ္မတ ဖြစ်လာမှာပါ။ တောင်ကိုရီးယားသမ္မတ ယွန်ဆက်ယိုလည်း မာရှယ်လော ကြေငြာမှုအတွက် ပြီးခဲ့တဲ့ ၂ ပတ်မှာ လွှတ်တော်ရဲ့ ဖြုတ်ချမှုကို ခံခဲ့ရပါတယ်။

    အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါစောင့်ကြည့်မှုကို တရုတ်က တိုးမြှင့်လုပ်ဆောင်
    ———–
    ဒီဇင်ဘာလ၀က်ကနေစပြီး အဆုပ်ရောင်ရောဂါတစ်မျိုး ကူးစက်ဖြစ်ပွားမှု မြင့်တက်လာခဲ့တဲ့နောက် အနီးကပ် စောင့်ကြည့်လေ့လာရေးစနစ်တစ်ခုကို အကောင်အထည်ဖော် ဆောင်ရွက်နေပြီလို့ တရုတ်အာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။ ကူးစက်မှု ဘယ်လောက်ရှိနေပြီဆိုတာ မပြောသေးဘဲ ဆောင်းရာသီနဲ့ နွေဦးရာသီတွေမှာ ပိုမိုမြင့်တက်လာနိုင်တယ်လို့ အာဏာပိုင်တွေက ခန့်မှန်းထားပါတယ်။

    ရုရှားလက်ချက်ကြောင့် အဇာဘိုင်ဂျန်လေယာဥ်ပျက်ကျ
    ———————-
    ကာဇက်စတန်နိုင်ငံမှာ ဗုဒ္ဓဟူးနေ့က ပျက်ကျခဲ့တဲ့ အဇာဘိုင်ဂျန် ခရီးသည်တင်လေယာဥ်ဟာ ရုရှားရဲ့ ဒုံးကျည်နဲ့ ပစ်ချမှုကို ခံလိုက်ရတာ ဖြစ်နိုင်တယ်လို့ အဇာဘိုင်ဂျန်နဲ့ အမေရိကန်အာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။ ဒီပျက်ကျမှုမှာ ခရီးသည် ၃၈ ဦး သေဆုံးခဲ့ပါတယ်။ ယူကရိန်းဒရုန်းတွေ လှုပ်ရှားနေတဲ့ နေရာအနီးကနေ ပျံသန်းတာကြောင့် မှားယွင်းပစ်ခတ်ခံရတာ ဖြစ်မယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ရုရှားကတော့ စုံစမ်းစစ်ဆေးမှုမပြီးခင် မစွပ်စွဲဖို့ သတိပေးထားပါတယ်။

    Ref: CNA

  • နို၀င်ဘာ ၉ ရက်နေ့ နိုင်ငံတကာသတင်းများ

    နို၀င်ဘာ ၉ ရက်နေ့ နိုင်ငံတကာသတင်းများ

    M-Media

    (ဓာတ်ပုံ – မလေး၀န်ကြီးချုပ်ဟောင်း မွဟ်ယစ်ဒင်ယာစင်)

    မလေး၀န်ကြီးချုပ်ဟောင်း အသရေဖျက်မှုဖြင့် ပြစ်ဒဏ်ချခံရ
    ———
    ဘဏ္ဍာရေး၀န်ကြီးဟောင်း လင်ဂွမ်အန်ကို အသရေဖျက်မှုအတွက် လျော်ကြေး ရင်းဂစ် ၁ ဒဿမ ၃၅ သန်း (ဒေါ်လာ ၄ သိန်းကျော်) ပေးဆောင်ဖို့ ၀န်ကြီးချုပ်ဟောင်း မွဟ်ယစ်ဒင် ယာစင်ကို မလေးရှားတရားရုံးက နို၀င်ဘာ ၈ ရက်နေ့မှာ အမိန့်ချမှတ်ခဲ့ပါတယ်။ ၂၀၂၃ ခုနှစ်က လူမှုကွန်ယက်မှာ တင်ခဲ့တဲ့ ပို့စ်တစ်ခုအတွက်ဖြစ်ပါတယ်။ မွဟ်ယစ်ဒင်ယာစင်ဟာ ခြစားမှု၊ ဘုရင်ကို အသရေဖျက်မှု စတဲ့ စွဲချက်တွေနဲ့လည်း တရားစွဲဆိုခံထားရပါတယ်။

    GPS စနစ်ကို မြောက်ကိုရီးယားက ပိတ်ပစ်
    ———–
    ကမ္ဘာ့လမ်းပြစနစ် (GPS) ကို မြောက်ကိုရီးယားက သောကြာနဲ့ စနေနေ့တွေမှာ ပိတ်ပစ်ခဲ့တာကြောင့် မိမိတို့ ပိုင်နက်က ရေကြောင်းနဲ့ လေကြောင်း ခရီးသွားလာမှုတွေ အခက်အခဲဖြစ်ခဲ့တယ်လို့ တောင်ကိုရီးယားက ထုတ်ပြန်ပါတယ်။ ပင်လယ်၀ါကို ဖြတ်မယ့် သင်္ဘောတွေနဲ့ လေယာဥ်တွေ ဒီကိစ္စကို သတိထားဖို့လည်း သတိပေးထားပါတယ်။ မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယားတို့ဟာ ပြီးခဲ့တဲ့ လအနည်းငယ်အတွင်း တင်းမာမှုတွေ မြင့်တက်လာတာ ဖြစ်ပါတယ်။

    ကက်ရှ်မီးယား ကိုယ်ပိုင်အုပ်ချုပ်ရေးကိစ္စ မိုဒီလက်မခံ
    —————–
    ကက်ရှ်မီးယားကို ကိုယ်ပိုင် အုပ်ချုပ်ခွင့်ပြန်ပေးရေး ပြည်နယ်လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ကို အိန္ဒိယ၀န်ကြီးချုပ် နရန်ဒရာမိုဒီက ပယ်ချလိုက်ပါတယ်။ မိုဒီဦးဆောင်တဲ့ ဖက်ဒရယ်အစိုးရဟာ ကက်ရှ်မီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ၂၀၁၉ ခုနှစ်မှာ ပယ်ဖျက်ခဲ့ပြီး အဲဒီနောက်ပိုင်း ကက်ရှ်မီးယား ဒေသခံတွေကို ဖိနှိပ်ချုပ်ချယ်မှုတွေ ပိုမိုလုပ်ဆောင်ခဲ့ပါတယ်။

    Ref: CNA