News @ M-Media

Category: ဥရောပ

  • လန်ဒန်မှ ဆိပ်ကမ်းတွင် ကုန်သေတ္တာ တခုတွင်း လူမှောင်ခိုကူးခံရသည့် အိန္ဒိယနိုင်ငံသား ၃၅ ဦးတွေ့၊ ၁ ဦးသေဆုံး

    လန်ဒန်မှ ဆိပ်ကမ်းတွင် ကုန်သေတ္တာ တခုတွင်း လူမှောင်ခိုကူးခံရသည့် အိန္ဒိယနိုင်ငံသား ၃၅ ဦးတွေ့၊ ၁ ဦးသေဆုံး

    သြဂုတ် ၁၇ ၊ ၂၀၁၄
    M-Media
    1408228313759_wps_43_tilbury_grasphic_2_jpg
    – လန်ဒန်ရှိ ဆိပ်ကမ်းတစ်ခုတွင် ဆိုက်ကပ်ထားသော သင်္ဘောပေါ်မှ ကွန်တိန်နာတစ်လုံးထဲတွင် သေဆုံးသူတစ်ဦးအပါအ၀င် ပိတ်မိနေသူ ၃၆ ဦးကို ကယ်ဆယ်ခဲ့သည်ဟု ရဲတပ်ဖွဲ့က ယမန်နေ့တွင် ကြေညာခဲ့သည်။

    အက်ဆက်ကောင်တီရှိ တီလ်ဘူရီ ဆိပ်ကမ်းတွင်ဖြစ်ပြီး ဘယ်လ်ဂျီယံမှ ဆိုက်ကပ်လာသော ကုန်တင်သင်္ဘောတွင် တွေ့ရှိခဲ့ရခြင်းဖြစ်သည်။ ကွန်တိန်နာအတွင်းမှာ ခြေထောက်ဖြင့်ကန်ကျောက်မှုများ အော်ဟစ်မှုများ ကြားခဲ့ရပြီးနောက် ထိုသင်္ဘောပေါ်ရှိ သင်္ဘောသားများက အဆိုကွန်တိန်နာအား ဖွင့်ကြည့်ခဲ့ကြပြီး ပိတ်မိနေသူများတွင် ကလေးငယ်များလည်း ပါဝင်သည်။

    ၎င်းတို့မှာ အိန္ဒိယတိုက်ငယ်မှ ဖြစ်နိုင်ပြီး လူကုန်ကူးခံရခြင်းဖြစ်နိုင်ကြောင်း၊သေဆုံးသူအတွက် လူသတ်မှုဖြင့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီး ကျန်ရှိသည့် ၃၅ ဦးမှာ ရေဓာတ်ခမ်းခြောက်မှု၊ ကိုယ်အပူချိန် အလွန်အမင်းကျဆင်းမှုတို့ကြောင့် ဆေးရုံးသို့ ပို့ကာ ဆေးကုသထားကြောင်း၊ သင်္ဘောပေါ်ရှိ အခြားသော ကွန်တိန်နာ ၅၀ ကျော်ကိုလည်း ဖွင့်လှစ်ကာ ရှာဖွေမှုများ ပြုလုပ်နေကြောင်း သတင်းစာရှင်းလင်းပွဲတွင် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများက ပြောကြားခဲ့သည်။