News @ M-Media

Category: နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်းများ

  • ဟဂ်ျညီလာခံအတွက် မက္ကဟ်မြို့တွင် အစ္စလာမ့်ပညာရှင်များရောက်ရှိ

    အောက်တိုဘာ၊ ၇
    M-Media

    9c20a620-d892-4532-96ec-eead9f41ea1c_16x9_600x338

    မက္ကဟ်မြို့တော်တွင်ပြုလုပ်သော ၃၈ ကြိမ်မြောက်နှစ်ပတ်လည်ညီလာခံ၌ သုတေသနစာတမ်း ၃၂ စောင်ကို ဆော်ဒီအာရေဗျ၏ ဟဂ်ျရေးရာဝန်ကြီးဌာနမှ လက်ခံရရှိခဲ့သည်။ ယင်းညီလာခံကို ကမ္ဘာတစ်ဝှန်းရှိ အစ္စလာမ့်ပညာရှင်များ၊ သုတေသီများ နှင့် တွေးခေါ်ပညာရှင်များ ၂၀၀ ဦး တက်ရောက်မည်ဟု မျှော်လင့်ထားကြသည်။

    လာမည့် အင်္ဂါနေ့တွင် စတင်ကျင်းပမည့် သုံးရက်တာညီလာခံတွင် အမျိုးသမီး ၃၂ ဦးနှင့် အမျိုးသား ၁၃၅ ဦးပါဝင်သည့် သုတေသီ ၁၆၇ ဦး ပါဝင်တက်ရောက်မည်ဟု ညီလာခံကြီးကြပ်သူ ဟဂ်ျရေးရာဒုဝန်ကြီး Dr. Issa bin Muhammad Rawas မှ ပြောကြားသည်။

    ဤနှစ်ညီလာခံအကြောင်းအရာမှာ ဟဂ်ျဦးစားပေးကိစ္စများ ဖြစ်ကြောင်း၊ ဘာသာရေးကျင့်ဝတ်ဆောင်ရွက်မှုများ၌ အဓိကဦးစားပေးရန်လိုအပ်ချက်များကို ဘုရားဖူးလာရောက်သူတို့အား သင်ကြားပေးဖို့ ရည်ရွယ်ကြောင်း၊ လူပြည့်ကျပ်ခြင်းကဲ့သို့သော ဘုရားဖူးများကြုံတွေ့လေ့ရှိသည့် အခက်အခဲများကို လျှော့ချရေးနည်းလမ်းအပါအ၀င် ဟဂ်ျကျင့်ဝတ်ညွှန်ကြားချက်များအား ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ ဘုရားဖူးများအားလုံး အဆင်ပြေချောမွေ့ရေး နှင့် လုံခြုံရေးအတွက် ယင်းညွှန်ကြားချက်များကို လိုက်နာရန် အရေးကြီးကြောင်း ၄င်းမှ ဆက်လက်ပြောကြားခဲ့သည်။

    Ref: Alarabiya

  • Mr. Bean သည် မွတ်စ်လင်မ် ဖြစ်ပြီလော ?

    အောက်တိုဘာ၊ ၎
    M-Media

    main_RA_p41a_0410

    ကမ္ဘာကျော် Mr.Bean ဟာသသရုပ်ဆောင်ဖြစ်သူ ရိုဝမ် အဒ်ကင်ဆင် (Rowan Atkinson) သည် အစ္စလာမ်ဘာသာသို့ ကူးပြောင်းလိုက်ပြီဟု ဆိုရှယ်မီဒီယာများတွင် ဖော်ပြလျက်ရှိကြသည်။

    သူ၏ မယုံကြည်နိုင်စရာကူးပြောင်းမှုကို အောက်တိုဘာ ၁ ရက်တွင် အာရပ်ဘာသာစကား ၀က်ဆိုဒ် sadapladi.com ပေါ်မှ စတင်တွေ့ကြရပြီး၊ အစ္စရေးတို့၏ israellycool မှလည်း ထပ်ပြန်တလဲ တင်ပြခဲ့၏။

    ထိုမှတဆင့် အာရပ်ကမ္ဘာ တစ်ခုလုံးအပြင် အရှေ့တောင်အာရှရှိ ၀က်ဘ်ဆိုဒ်စာမျက်နှာများတွင်လည်း ပြန့်နှံ့သွားသည်။ အသက် ၅၈ နှစ်အရွယ် Mr.Bean သရုပ်ဆောင်၏ ညာဖက်လက်ညှိုးထောင်မတ်ထားသည့်ပုံမှာ အစ္စလာမ့်သက်သေခံချက်အား ကိုယ်စားပြုလက်ခံသကဲ့သို့ဖြစ်နေသည်ဟု မွတ်စ်လင်မ်အသိုင်းအ၀ိုင်းတို့မှပြောကြားကြောင်း Islampos.com မှဆိုသည်။

    ဤသတင်းနှင့်စပ်လျဉ်း၌ ဗြိတိန်မီဒီယာများမှတင်ပြမှု မရှိသေးသလို Mr.Bean ကိုယ်၌ကလည်း မည်သည့်ထုတ်ဖော်ပြောကြားမှုမျှ မရှိသေးကြောင်း သိရသည်။

    Ref: http://www.thestar.com.my/

  • အောက်တိုဘာ ၇၊ ပြည်တွင်းနှင့် နိုင်ငံတကာ သတင်းတို

    အောက်တိုဘာ ၇၊ ပြည်တွင်းနှင့် နိုင်ငံတကာ သတင်းတို

    အောက်တိုဘာ ၇၊ ၂၀၁၃
    M-Media

    နိုင်ငံခြားသား ပညာရှင်များနှင့် ၀န်ထမ်းများ ကာလရှည်ဗီဇာ စီးပွားကူးသန်းမှ ထောက်ခံပေးမည်

    ကုန်သွယ် စီးပွားရေးလုပ်ငန်းများအား မြန်မာနိုင်ငံအတွင်း လာရောက် လုပ်ကိုင်လျက် ရှိသော နိုင်ငံခြားသား ပညာရှင်များနှင့် မိသားစုများ၊ ၀န်ထမ်းများအတွက် လုပ်ငန်း လုပ်ကိုင်ခွင့် ဗီဇာများကို အလွယ်တကူနှင့် လျင်မြန်စွာ ရရှိနိုင်ရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ ထောက်ခံချက် ပေးလျက် ရှိကြောင်း သိရပါတယ်။
    ______________________

    သီတဂူဆရာတော် သံတွဲမှာ ငြိမ်းချမ်းရေး ဟောပြော

    လွန်ခဲ့တဲ့ ရက်ပိုင်းများက ဖြစ်ပွားခဲ့တဲ့ သံတွဲ အကြမ်းဖက်မှု များကြောင့် သံတွဲမြို့ကို ရောက်ရှိနေသီတဂူဆရာတော် ဒေါက်တာ အရှင် ဥာဏိဿရဟာ ဒီကနေ့ သံတွဲ မြို့တော်ခန်းမမှာ ပြုလုပ်တဲ့ ဒေသခံတွေနဲ့ တွေ့ဆုံပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးကို ဟောပြောခဲ့ပြီး အစ္စလာဓမ္မဗိမာန်မှ ဦးအေးလွင်က ဘာသာတရားသည် ငြိမ်းချမ်းရေးကို ဦးတည်ကြောင်း၊ ပြစ်မှုတစ်ခုဟာ ကျူးလွန်သူရဲ့ လုပ်ရပ်ဖြစ်တာကြောင့် ဘာသာတရားကို စွဲမထည့်သင့်ကြောင်း RFA ကို ပြောပြခဲ့ပါတယ်။
    _______________________

    အပစ်ခတ်ရပ်စဲရေးတွင် KIO ပါဝင်နိုင်မှု အခန်းကဏ္ဍအား အဓိက ထားမည့် အစိုးရနှင့် KIO ဆွေးနွေးမှု

    KIO ကချင်လွတ်လပ်ရေးအဖွဲ့နှင့် အစိုးရတို့အကြား ဆွေးနွေးမည့် ၃-ရက်တာ ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် အပစ်ခတ်ရပ်စဲရေးတွင် KIO ပါဝင်နိုင်မှု အခန်းကဏ္ဍကို အဓိကထား ဆွေးနွေးသွားမည်ဖြစ်ကြောင်း မဇ္ဈိမသတင်းဌာနတွင် ဖော်ပြထားသည်။

    _________________________

    ပီရူးတွင် ခရီးသည်တင် ဘတ်စ်ကားတစ်စီး လျှိုထဲသို့ပြုတ်ကျ လူအများအပြားသေဆုံး

    ပီရူးနိုင်ငံတောင်ဘက် ဝေးလံခေါင်သီသောဒေသတစ်ခုတွင် ခရီးသည်တင် ဘတ်စ်ကားတိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး လူအများအပြား သေဆုံးခဲ့သည်ဟု သိရသည်။

    နိုင်ငံတောင်ဘက် Huancavelica ဒေသ Acoria ခရိုင်တွင်ရှိသည့် Andes တောင်တန်းများပေါ်တွင် မောင်းနှင်နေစဉ် တနင်္ဂနွေနေ့ နံနက်စောစောပိုင်းက လျှိုမြောင် တစ်ခုထဲသို့ မီတာ-၈၀ အမြင့်မှ ထိုးကျခဲ့ခြင်းဖြစ်ပြီး ကလေးငယ်နှစ်ဦးအပါဝင် လူ ၁၉-ဦးသေဆုံးခဲ့ကာ အခြား ၁၈-ဦးမှာ ဒဏ်ရာရရှိခဲ့ကြသည်ဟု ဒေသတွင်း ရဲတပ်ဖွဲ့မှ ရဲမှူး ဂျူလီယို ပရာဒိုက ပြောကြားခဲ့သည်။

    Antezana ကုမ္ပဏီပိုင် အဆိုပါဘတ်စ်ကားမှာ Andes တောင်တန်းများရှိ လျှိုမြောက်ချိုင့်ဝှမ်းပေါများသော ဒေသများသို့ ပြေးဆွဲနေသည့် ဘတ်စ်ကားလည်းဖြစ်သည်။ ထိုဘတ်စ်ကားအားမောင်းနှင်သူမှာ လေထန်၍ ကျဉ်းမြောင်းသော တောင်ကြားလမ်းတွင် အရှိန်ပြင်းစွာမှောင်းနှင်ခဲ့သည်ဟု ဒဏ်ရာရရှိခဲ့တစ်ဦးမှ ပြောကြားခဲ့ကြောင်း၊ အသေးစိတ်အချက်အလက်များကို စုံစမ်းစစ်ဆေးနေကြောင်း ရဲမှူး ပရာဒိုက ထည့်သွင်း ပြောကြားခဲ့သည်။ ပီရူးနိုင်ငံတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာမှုများမှာ အားနည်းပြီး ခရီးသည်တင် ဘတ်စ်ကားများ မကြာခဏ တိမ်းမှောက်လေ့ရှိသည်။
    Ref : aljazeera
    _______________________
    လတ်စ်ဗီးဂတ်စ်သို့ သွားရောက်သည့်လေယာဉ်တွင် လက်မှတ်မပါသည့် ၉-နှစ်အရွယ် ကလေးငယ်တစ်ဦး လိုက်ပါခဲ့ကြောင်း တွေ့ရှိ

    မင်နီယာပိုလစ်မှ လောင်းကစားမြို့တော်ဟု နာမည်ကျော်သည့် လတ်စ်ဗီးဂတ်စ်ပျံသန်းခဲ့သော လေယာဉ်တွင် အသက် ၉-နှစ်အရွယ် ကလေးငယ်တစ်ဦးမှာ လက်မှတ်မပါဘဲ လိုက်ပါစီးနင်းခဲ့ကြောင်း တွေ့ရှိခဲ့သည်ဟု သိရသည်။

    ထိုကလေးငယ်မှာ အခြားသော ခရီးသည်များနည်းတူ လုံးခြုံရေးစစ်ဆေးမှုများကို ကျော်ဖြတ်ကာ လေယာဉ်ပေါ်သို့ တက်ရောက်သွားခြင်းဖြစ်သည်ဟု လုံခြုံရေး စီမံခန့်ခွဲမှုဌာနက ပြောကြားခဲ့ပြီး မည်ကဲ့သို့ကျော်ဖြတ်ကာ မည်ကဲ့သို့ လေယာဉ်ပေါ်သို့ တက်ရောက်သွားသည်ကို သိရှိရန်ကြိုစားနေသည်ဟု ထည့်သွင်းပြောကြား ခဲ့သည်။

    မင်နီယာပိုလစ်မှ လတ်စ်ဗီးဂတ်စ်သို့ သွားရောက်မည့် လေယေဉ်အမှတ် ၁၆၅၁ ၏ ခရီးစဉ်အတွင်း ထိုကလေးငယ်၏ သံသယဖြစ်ဖွယ် အပြုအမှုများအား လေယာဉ်အမှုထမ်းများက တွေ့ရှိခဲ့သောကြောင့် လတ်စ်ဗီးဂတ်စ်သို့ ရောက်သောအခါ တာဝန်ရှိသူများကို အသိပေးခဲ့သည်။ ထို့နောက် လူငယ်ထိန်းသိမ်းရေးစခန်းသို့ ပို့ဆောင်လိုက်သည်ဟု မင်နီယာ ပိုလစ်ရှိ စိန့်ပေါလ် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပြောရေးဆိုခွင့်ရှိသူ ပက်ထရစ် ဟိုဂန်က ပြောကြားခဲ့သည်။
    Ref : cnn

    _______________________

    ရည်းစားဟောင်းများ၏ မဖွယ်မရာပုံတင်သူအား ထောင်ဒဏ် ၆-လ ချမှတ်နိုင်မည့် ဥပဒေတစ်ခု ကယ်လီဖိုးနီးယားတွင်အတည်ပြု

    ရည်းစားဟောင်းများ၏ မဖွယ်မရာပုံများကို အင်တာနက်ပေါ်တွင် လွှင့်တင်သူများအား ထောင်ဒဏ် ၆ လအထိ အပြစ်ပေးနိုင်မည့် “revenge porn” ဟုခေါ်သည့် ဥပေဒတစ်ခုအား ကယ်လီဖိုးနီးယား ပြည်နယ်တွင်ပြဌာန်းလိုက်ပြီဟုသိရသည်။

    လူတစ်ဦးတစ်ယောက်အား အရှက်ရစေရန် သို့မဟုတ် စိတ်ဒုက္ခရောက်စေရန်အကြံဖြင့် မဖွယ်မရာပုံရိပ်များအား အသုံးပြု၍ နှောက်ယှက်ခြင်းကို ကျူးလွန်သူအား အရေးယူနိုင်မည့် ထိုဥဒေအား ပြည်နယ်အုပ်ချုပ်ရေးမှူးမှ ယခုသီတင်းပတ်တွင် လက်မှတ်ထိုးခဲ့ပြီးနောက် ထိုဥပဒေမှာ ပြည်နယ်တစ်ဝှမ်းတွင် ချက်ခြင်း သက်ရောက်ခဲ့သည်။ ထို့ပြင် ထိုဥပေဒအရ ကျူးလွန်သူအား ဒဏ်ငွေ ကန်ဒေါ်လာ ၁၀၀၀ အထိ ဒဏ်ရိုက်နိုင်မည်ဖြစ်သည်။

    အခြားသူများ၏ ဓာတ်ပုံများအား ခွင့်ပြုချက်မရှိဘဲ လွှင့်တင်ခြင်းကိုအရေးယူသည့် ဥပဒေမှာ ယခင်ကတည်းက ရှိသော်လည်း ယခုကယ်လီဖိုးနီးယားတွင် ပြဌာန်းလိုက်သည်ဥပေဒမှာ သမီးရည်းစားဘ၀တွင် မှတ်တမ်းများ ရိုက်ယူထားပြီး သမီးရည်းစားဆက်ဆံရေး ရပ်တံ့သွားသောအခါ ရည်းစားဟောင်းက သဘောမတူဘဲ ထိုမှတ်တမ်းများအား အင်တာနက်ပေါ်လွှင့်တင်သည့် လုပ်ရပ်များအား အရေးယူနိုင်သည့် ဥပေဒဖြစ်သည်။
    Ref : channelnewsasia

    _______________________
    မက္ကဆီကိုထရပ်ကားပြိုင်ပွဲတစ်ခုတွင် မတော်တဆဖြစ် လူ ၈-ဦးသေဆုံး

    မက္ကဆီကိုနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် ထရပ်ကားမောင်းပြိုင်ပွဲတစ်ခုတွင် ထရပ်ကားတစ်စီးမှာ အရှိန်လွန်၍ ပွဲကြည့်ပရိတ်သတ်အတွင်းသို့ မောင်းဝင်သွားသာကြောင့် အနည်းဆုံး လူ ၈-ဦးသေဆုံးခဲ့ပြီး လူအမြောက်အများ ဒဏ်ရာရခဲ့သည်ဟုသိရသည်။

    မက္ကဆီကိုနိုင်ငံ Chihuahua ပြည်နယ်တွင် စနေနေ့က ပြုလုပ်ခဲ့သည့် ထရပ်ကားပြိုင်ပွဲတစ်ခုတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ပြိုင်ကားမောင်းသမားမှာ အရက်အလွန်အကျွံသောက်ထားသောကြောင့်ဖြစ်နိုင်သည်ဟု ပြည်နယ် အုပ်ချုပ်ရေးမှူး ဆီဇာ ဒူအာတီက သတင်းထောက်များအား ယမန်နေ့ကပြောကြားခဲ့သည်။ သေဆုံးခဲ့သူများတွင်ကလေးငယ်လေးဦး ပါဝင်ခဲ့သည်ဟု သိရပြီး ထိုမတော်တဆမှုတွင် မည်သူတာဝန်ရှိသူကို စစ်ဆေးရန် သွေးစစ်ဆေးမှုကို ပြုလုပ်နေသည်ဟု ဆီဇာက ထည့်သွင်းပြောကြားခဲ့သည်။

    အနီရောင်ထရပ်ကားကြီးမှာ ပြိုင်ကားမောင်းကွင်းမှ လမ်းကြောင်းပြောင်းပြီး အတားအဆီးများကို ကျော်ဖြတ်ကာ ပြိုင်ပွဲအား ကြည့်ရှုနေသော လူအုပ်ကြီးဆီသို့ တရှိန်ထိုးဝင်ရောက်သွားခဲ့ပြီး ပရိတ်သတ်များမှ အော်သံများ ထွက်ပေါ်လာသည်ကို ဗီဒီယိုမှတ်တမ်းတွင် တွေ့ရှိခဲ့ရသည်။
    Ref : cnn

    _______________________

    ယူကရိန်းနိုင်ငံရှိ Crimea ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ဗလီဝတ်ကျောင်းတော်များတည်ဆောက်မည်

    ယူကရိန်းကျွန်းဆွယ်ရှိ Crimea ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ဗလီဝတ်ကျောင်းတော် ၄၂-လုံးတည်ဆောက်ရန် စီစဉ်ထားရှိသည်ဟု Crimea မွတ်စလင်အဖွဲ့၏ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    Crimea မွတ်စလင်များက ၎င်းတို့လိုအပ်နေသည့် ယဉ်ကျေးမှုအဆောက်အဦးများဆောက်လုပ်ရန် တာဝန်ရှိသူ များကို လျှောက်ထားခဲ့ကြသည်။ ထို့ကြောင့် ဗလီဝတ်ကျောင်းတော် ၃ လုံးအား ဆောက်လုပ်ပေးခဲ့ပြီး၊ နောက်ထပ် အလုံး ၃၀ ဆောက်လုပ်ရန်မြေနေရာ သတ်မှတ်ပေးခဲ့ကာ၊ လျှောက်ထားခဲ့သည့် အခြားမြေနေရာ ၆-နေရာကိုလည်း တာဝန်ရှိသူများက စဉ်စားနေသည်ဟု သိရသည်

    Crimea မွတ်စလင်အဖွဲ့က ဒေသတွင်းရှိမွတ်စလင်များအတွက် ဗလီဝတ်ကျောင်းတော် ၅၀-ခန့် ဆောက်လုပ်ရန် လိုအပ်သည်ဟု ကြေညာခဲ့သည်။
    Ref : islam
    _______________________

    အစ္စလာမ်ဘာသာဝင်တို့၏ အီဒွလ်အသွဟာ ပွဲတော် ပိတ်ရက်အတွင်း နေရာအချို့တွင် အရက်သေစာရောင်းချမှုအား ရုရှားပိတ်ပင်

    မကြာမီကျရောက်တော့မည့် အစ္စလာမ်ဘာသာဝင်တို့၏ အီဒွလ်အသွဟာ ပွဲတော်အတွင်း နေရာအချို့၌ အရက်သေစာရောင်းချမှုအား ရုရှားအစိုးရမှ ပိတ်ပင်ခဲ့သည်ဟုသိရသည်။
    အီဒွလ်အသွဟာ ပိတ်ရက်အတွင်း မြို့တော် မော်စကိုရှိ Soboraya နှင့် Istoricheskaya ဗလီဝတ်ကျောင်းတော် ၀န်းကျင်တွင် အရက်သေစာ ရောင်းချမှုပိတ်ပင်ခဲ့ခြင်းဖြစ်သည်ဟု RIA Novosti သတင်းအေဂျင်ဆီက ဖော်ပြခဲ့သည်။

    အစ္စလာမ်သာသနာမှာ ရုရှားနိုင်ငံရှိ ဒုတိယလူအများဆုံး ယုံကြည်ကိုးကွယ်သော သာသနာဖြစ်ပြီး ရုရှားလူဦးရေ၏ ၁၄-ရာခိုင်နှုန်းမှာ အစ္စလာမ်ဘာသာဝင်များဖြစ်ကြသည်။ ထို့ပြင် ရုရှားနိုင်ငံသားများမှာ အစ္စလာမ်အတွင်းသို့ တဖြည်းဖြည်းဝင်ရောက်လာသောကြောင့် အစ္စလာမ်မှာ ရုရှားနိုင်ငံတွင် အလျင်အမြန် ပြန့်ပွားနေသော ဘာသာအဖြစ် သတ်မှတ်ခြင်းခံရသည်။
    Ref : islam

    _______________________

  • အီးဒ်ပွဲတော်ပိတ်ရက်မှာ နေရာအချို့ အရက်ရောင်းခွင့် ရုရှပိတ်ပင်

    အောက်တိုဘာ၊ ၇
    M-Media

    4018990483_bf1fef4085_z

    အစ္စလာမ်ဘာသာဝင်တို့၏ အီဒွလ်အသွဟာ ပွဲတော် ပိတ်ရက်အတွင်း နေရာအချို့တွင် အရက်သေစာရောင်းချမှုအား ရုရှားပိတ်ပင်

    မကြာမီကျရောက်တော့မည့် အစ္စလာမ်ဘာသာဝင်တို့၏ အီဒွလ်အသွဟာ ပွဲတော်အတွင်း နေရာအချို့၌ အရက်သေစာရောင်းချမှုအား ရုရှားအစိုးရမှ ပိတ်ပင်ခဲ့သည်ဟုသိရသည်။
    အီဒွလ်အသွဟာ ပိတ်ရက်အတွင်း မြို့တော်မော်စကိုရှိ Soboraya နှင့် Istoricheskaya ဗလီဝတ်ကျောင်းတော် ၀န်းကျင်တွင် အရက်သေစာရောင်းချမှု ပိတ်ပင်ခဲ့ခြင်းဖြစ်သည်ဟု RIA Novosti သတင်းအေဂျင်ဆီက ဖော်ပြခဲ့သည်။

    အစ္စလာမ်သာသနာမှာ ရုရှားနိုင်ငံရှိ ဒုတိယလူအများဆုံး ယုံကြည်ကိုးကွယ် သောသနာဖြစ်ပြီး ရုရှားလူဦးရေ၏ ၁၄ ရာခိုင်နှုန်းမှာ အစ္စလာမ် ဘာသာဝင်များဖြစ်ကြသည်။ ထို့ပြင် ရုရှားနိုင်ငံသားများမှာ အစ္စလာမ်အတွင်းသို့ တဖြည်းဖြည်း ၀င်ရောက်လာသောကြောင့် အစ္စလာမ်မှာ ရုရှားနိုင်ငံတွင် အလျင်အမြန်ပြန့်ပွားနေသော အယူဝါဒအဖြစ် သတ်မှတ်ခြင်းခံရသည်။

    Ref: islam.ru

    ဓါတ်ပုံ အညွှန်း – ရုရှနိုင်ငံ မော်စကိုမြို့လယ် central Mosque တွင် ဝတ်ပြုဆုတောင်းနေကြသော ရုရှ မွတ်စလင်များ
    Image by © Yuri Kochetkov/epa/Corbis

  • ယူကရိန်းနိုင်ငံ Crimea ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင် ဗလီဝတ်ကျောင်း ၄၂ လုံး ဆောက်လုပ်ရန် စီစဉ်

    အောက်တိုဘာ၊ ၇
    M-Media

    ozbek-han-mosque-in-staryi-krym-ukraine-0

    ယူကရိန်းနိုင်ငံ Crimea ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ဗလီဝတ်ကျောင်းတော် ၄၂ လုံးတည်ဆောက်ရန် စီစဉ်ထားရှိသည်ဟု Crimea မွတ်စလင်အဖွဲ့၏ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    Crimea မွတ်စလင်များက ၎င်းတို့လိုအပ်နေသည့် ယဉ်ကျေးမှု အဆောက်အဦးများဆောက်လုပ်ရန် တာဝန်ရှိသူများကို လျှောက်ထားခဲ့ကြသည်။ ထို့ကြောင့် ဗလီဝတ်ကျောင်းတော် ၃ လုံးအား ဆောက်လုပ်ပေးခဲ့ပြီး၊ နောက်ထပ် အလုံး ၃၀ ဆောက်လုပ်ရန်မြေနေရာ သတ်မှတ်ပေးခဲ့ကာ၊ လျှောက်ထားခဲ့သည့် အခြားမြေနေရာ ၆ နေရာကိုလည်း တာဝန်ရှိသူများက စဉ်စားနေသည်ဟု သိရသည်

    Crimea မွတ်စလင်အဖွဲ့က ဒေသတွင်းရှိ မွတ်စလင်များအတွက် ဗလီဝတ်ကျောင်းတော် ၅၀ ခန့်ဆောက်လုပ်ရန် လိုအပ်သည်ဟု ကြေညာခဲ့သည်။

    လူဦးရေ ၄၅ သန်းကျော်ရှိသော ယူကရိန်းနိုင်ငံ တွင်  မွတ်စလင်မ် လူဦးရေ ၂ သန်းခန့်ရှိမည်ဟု ခန့်မှန်းရပြီး မွတ်စလင်မ် အများစုမှာ Crimea ဒေသတွင် အခြေချနေထိုင်ကြသည်။ ယူကရိန်းနိုင်ငံတွင် မွတ်စလင်မ် လူမှုအဖွဲ့အသည်း ပေါင်း ၄၄၅ ခုရှိပြီး ဗလီဝတ်ကျောင်း ၁၆၀ ရှိကြောင်း ဝီကီရဲ့ ဖော်ပြချက်များအရသိရှိရပါသည်။

    ဓါတ်ပုံအညွှန်း- ၁၄ ရာစုနှစ်က တည်ဆောက်ခဲ့သည့် ယူကရိန်း နိုင်ငံ၏ ရှေးအကျဆုံး ဗလီဝတ်ကျောင်းဖြစ်သော  Ozbek Han Mosque
    တည်ဆောက်ခဲ့သည့်  AD-1314

    Ref: http://islam.ru