News @ M-Media

Category: နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်းများ

  • ၁၁-၈-၂၀၁၃ နိုင်ငံတကာသတင်း စုစည်းမှုအကျဉ်း

    ၁၁-၈-၂၀၁၃ နိုင်ငံတကာသတင်း စုစည်းမှုအကျဉ်း

    သြဂုတ်လ- ၈ ရက်၊ ၂၀၁၃
    M-Media

    သီရိလင်္ကာတွင် ဗလီကို တိုက်ခိုက်

    သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့တွင် ဗုဒ္ဓဘာသာဝင် လူအုပ်စုက လူနည်းစုဖြစ်သော အစ္စလမ်များ၏ ဗလီဝတ်ကျောင်းကို အကြမ်းဖက် တိုက်ခိုက်ရာ ၁၂ ဦး ဒါဏ်ရာရရှိသွားသည်။
    ___________________________
    အီရတ်တွက် ဗုံးများပေါက်ကွဲ

    အီရတ်နိုင်ငံ တွင် ယနေ့ ရှီယာအများစုရှိရာ နေရာအနှံ့ ဗုံးပေါက်ကွဲမှုကြောင့် ၆၉ ဦး သေဆုံးသွားသည်။
    ___________________________
    စနိုးဒန်း၏ ဖခင် ရုရှဗီဇာရ

    သားဖြစ်သူEdward Snowden နှင့် တွေ့ဆုံရန် ဖခင်ဖြစ်သူအား ရုရှသံရုံးမှ ဗီဇာ ထုတ်ပေးလိုက်ကြောင်း သိရသည်။
    ___________________________
    လူကုန်ကူး ကွင်းဆက်ကြီးကို ဖေါ်ထုတ်ဖမ်းဆီး

    စပိန်နိုင်ငံ ရဲတပ်ဖွဲ့က ဘာစီလိုနာမြို့ တွင်ဗဟိုပြုသော ကွင်းဆက် အဖွဲ့ကို နှိမ်နင်းလိုက်သည်။ ၎င်းအဖွဲ့သည် တရုတ်လူမျိုးများကို ဥရောပနှင့် အမေရိကန်သို့ ပို့ဆောင်နေသည့် အဖွဲ့ဖြစ်သည်။
    ___________________________
    တရုတ်နိုင်ငံတွင် ကြက်ငှက်တုပ်ကွေးရောဂါဖြင့် ပတ်သက်၍ ထပ်မံ ဖြစ်ပွား

    ဂေါင်ဒွန်တောင်ပိုင်းဒေသ (Southern Gaungdong province) တွင် ကျန်းမာရေး တာဝန်ရှိသူများက တရုတ်မွေးမြူရေးသမားတစ်ဦးတွင်  H7N9 ဟု ဆိုသော ကြက်ငှက်တုပ်ကွေးရောဂါပိုး တွေ့ရှိခဲ့ရ သည်ဟု ဆိုသည်။
    ___________________________
    လုံခြုံရေးကြောင့်ပိတ်ထားတဲ့ အမေရိကန်သံရုံးတချို့ ပြန်ဖွင့်

    လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုတွေကြောင့် တပတ်ကျော် ပိတ်ထားခဲ့ရတဲ့ အာဖရိကနဲ့ အရှေ့အလယ်ပိုင်းဒေသတွေက အမေရိကန် သံရုံးတွေ နဲ့ ကောင်စစ်ဝန်ရုံးတွေထဲက ၁၈ ခုကို ဒီကနေ့ တနင်္ဂနွေနေ့မှာ အမေရိကန်က ပြန်ဖွင့်လိုက်ပြီဖြစ်ပါတယ်။ အယ်လ်ခိုင်းဒါး အကြမ်းဖက်အဖွဲ့တွေ က တိုက်ခိုက်မှုတွေ စီစဉ်ဆောင်ရွက်လာနိုင်တယ်ဆိုတဲ့ ကမ္ဘာတ၀ှမ်း သတိပေးချက်တွေ ထွက်ပေါ်ခဲ့ပြီးတဲ့နောက် အမေရိကန်အစိုးရက သူ့ရဲ့ သံတမန်ဌာန တွေကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကစပြီး ပိတ်ပစ်ခဲ့တာဖြစ်ပါတယ်။

  • သီရိလင်္ကာတွင် ဗလီတစ်လုံးကို ဗုဒ္ဓဘာသာဝင် လူအုပ်စုမှ အကြမ်းဖက် ဖျက်ဆီး

    သြဂုတ်လ-၁၁ ရက်၊ ၂၀၁၃
    M-Media
    130811015639_sri_lanka_mosque_304x171_ap_nocredit
    သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့တော်ဆင်ခြေဖုံးဒေသရှိ ဗလီဝတ်ကျောင်းတော် တစ်လုံးအား ဗုဒ္ဓဘာသာဝင်လူအုပ်စုမှ အကြမ်းဖက်ဖျက်ဆီးမှုတစ်ခု စနေနေ့က ဖြစ်ပွားခဲ့ပြီး ထိုဖျက်ဆီးမှုအတွင်း လူလေးဦး ဒဏ်ရာရရှိခဲ့ကာ ဘာသာရေး တင်းမာမှုများ မြင့်တက်လာသောကြောင့် ထိုအနား တစ်ဝိုက်တွင် ညမထွက်ရ အမိန့်ထုတ်ပြန်ထားကာ ကွန်မန်ဒိုများကို တပ်ဖြန့်ချထားသည်ဟု တာဝန်ရှိသူများက ပြောဆိုသည်။

    ကိုလံဘိုဆင်ခြေဖုံး Grandpass ရှိ ဖြိုဖျက်ခံရသည့်ဗလီဝတ် ကျောင်းတော်အနီးတွင်ချထားသည့် လုံခြုံရေးရဲတပ်ဖွဲ့ဝင်နှစ်ဦးမှာလည်း ဒဏ်ရာရှိသူလေးဦးတွင် ပါဝင်သည်ဟု ကိုလံဘိုပြည်သူ့ဆေးရုံ၏ ပြောခွင့်ရပုဂ္ဂိုလ် ပွတ်ရှ်ပါ ဆွိုင်ဆာက ပြောကြားခဲ့သည်။ “ခံနဲ့အပေါက်ခံရတာရယ် အုတ်ကျိုး အုတ်ပဲ့တွေ မှန်ကွဲစင်တာတွေရယ်ကြောင့် ဒဏ်ရာရခဲ့တာပါ။ ဒဏ်ရာရတဲ့သူတွေက ရဲတပ်ဖွဲ့ဝင်နှစ်ဦးနဲ့ အစ္စလာမ်ဘာသာဝင် နှစ်ဦး ဖြစ်ပါတယ်” ဟုဆွိုင်ဆာက အေအက်ဖ်ပီ သတင်းဌာနသို့ပြောကြားခဲ့သည်။

    အနီးအနားရှိ ဗုဒ္ဓဘာသာ ဘုရားကျောင်းတစ်ခုမှ ခေါင်းလောင်းတီးကာ လှုံ့ဆော်ခဲ့မှုကြောင့် ဗုဒ္ဓဘာသာဝင် လူအုပ်စုကြီးမှာ ဗလီဝတ်ကျောင်းတော်သို့ သွားရောက်ကာ ကျောက်တုံးများဖြင့် ပစ်ပေါက် ခဲ့ကြပြီး ထိုဗလီဝတ်ကျောင်းတော် အနီးအနားရှိ အစ္စလာမ် ဘာသာဝင်များ၏ နေအိမ်များကိုလည်း ဖျက်ဆီးခဲ့ကြသည်ဟု ဒေသခံများက ပြောဆိုကြသည်။

    သန်း ၂၀ ရှိသော သီရိလင်္ကာလူဦးရေ၏ ၇၀ရာခိုင်နှုန်းမှာ ဗုဒ္ဓဘာသာဝင်များဖြစ်ကြကာ ၁၃ ရာခိုင်နှုန်းမှာ ဟိန္ဒူဘာသာဝင်များဖြစ်ကြသည်။ အစ္စလာမ်ဘာသာဝင်များမှာ ၁၀ ရာခိုင်နှုန်းအောက်ရှိပြီး ကျန်လူဦးရေမှာ ခရစ်ယာန်ဘာသာဝင်များဖြစ်ကြသည်။

    အဆိုပါအကြမ်းဖက်တိုက်ခိုက်မှုနောက်ပိုင်းတွင် တရားဥပဒေစိုးမိုးမှုကိုထိမ်းသိမ်းရန် အခင်းဖြစ်ပွားရာအနီးအနားတစ်ဝိုက်တွင် ကွန်မန်ဒိုများကို တပ်ဖြန့်ချထားပြီး တနင်္ဂနွေနေ့နံနက် ၇ နာရီအထိ ကာဖျူးအမိန့်ထုန်ပြန်ထားသည်ဟု ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

    အစ္စလာမ်ဘာသာဝင်များက ဗလီဝတ်ကျောင်းတော် အဟောင်းအားဖြိုဖျက်ကာ အသစ်ပြန်လည်ဆောက်လုပ်ခဲ့ပြီး ထိုဆောက်လုပ်မှုကို ဗုဒ္ဓဘာသာဝင်များက ကန့်ကွက်ရာမှထိုကဲ့သို့ အကြမ်းဖက်ဖျက်ဆီးမှုများဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့တာဝန်ရှိသူများကပြောဆိုသည်။

    “ဗလီဝတ်ကျောင်းတော် ပြန်လည်ဆောက်လုပ်မှုကို ဗုဒ္ဓဘာသာ ဘုရားကျောင်းက ကန့်ကွက်ပါတယ်။ ပြဿနာတွေကတော့ ဗလီဝတ်ကျောင်းတော်မှာ စနေနေ့ညနေ ၀တ်ပြုဆုတောင်းမှုတွေအပြီးမှာ ဖြစ်ပွားခဲ့တာပါ” ဟု အမည်မဖော်လိုသူ ရဲအရာရှိတစ်ဦးက ပြောကြားခဲ့သည်။

    သီရိလင်္ကာနိုင်ငံတွင် အစ္စလာမ်ဆန့်ကျင်ရေး တိုက်ခိုက်မှုများ မကြာခဏဖြစ်ပွားလေ့ရှိပြီး လွန်ခဲ့သော ငါးလကျော်ကလည်း ကိုလံဘိုမြို့ဆင်ခြေဖုံးဒေသရှိ အစ္စလာမ်ဘာသာဝင်များပိုင်ဆိုင်သည့် စီးပွားရေးလုပ်ငန်းနှစ်ခုကို အကြမ်းဖက် ဖျက်ဆီးမှုတစ်ခုလည်း ဖြစ်ပွားခဲ့သေးသည်။

    Source: Agencies

  • ငြိမ်းချမ်းရေးမြှင့်တင်မှု ခရီးစဉ်အဖြစ် အစ္စရေးနှင့် ပါလက်စတိုင်းသို့ ဘာစီလိုနာအသင်း သွားရောက်

    သြဂုတ်-၁၁ ရက်၊ ၂၀၁၃
    M-Media

    Messi aims

    စပိန်ထပ်သီးကလပ် ဘာစီလိုနာအသင်းသည် ငြိမ်းချမ်းရေးမြှင့်တင်မှုခရီးစဉ်အဖြစ် အစ္စရေးနှင့် ပါလက်စတိုင်းနိုင်ငံများသို့ ပြီးခဲ့သည့် သြဂုတ်လ ၃ ရက်၊ စနေနေ့က သွားရောက်ခဲ့ကြသည်ဟု သိရသည်။

    သောကြာနေ့ညတွင်ဘရာဇီး၌ ခြေစမ်းပွဲကစားခဲ့ပြီး စနေနေ့ နေ့လယ်ပိုင်းတွင် အစ္စရေးသို့သွားရောက်ခဲ့ကြကာ တနင်္ဂနွေနေ့ညပိုင်းတွင် ပြန်လည်ထွက်ခွာခဲ့ကြသည်။

    အဆိုပါငြိမ်းချမ်းမှုမြှင့်တင်ရေး ၂ ရက်တာ ခရီးစဉ်အတွင်း ဘာစီလိုနာအသင်းသည် အစ္စရေးမှသိမ်းပိုက်ထားသည့် အနောက်ဘက်ကမ်းရှိ ဂျူးဘုရားကျောင်း၊ ဘက်သလင်ဟမ်ရှိ ခရစ်ယာန်ဘုရားကျောင်းများသို့လည်ပတ်ခြင်း၊ အစ္စရေးနှင့် ပါလက်စတိုင်း တာဝန်ရှိသူများနှင့် တွေ့ဆုံခြင်း၊ တလ်အဗီးရှိ ဘလုမ်းဖီးလ်ဒ် အားကစားကွင်းနှင့် အနောက်ဘက်ကမ်းရှိ ဒူရာအားကစားကွင်းတို့တွင် အစ္စရေးနှင့် ပါလက်စတိုင်း ဘောလုံး ပရိတ်သတ်များအား ဘောလုံး စွမ်းရည်ပြပွဲများဖြင့် ဖျော်ဖြေခြင်းတို့ကိုပြုလုပ်ခဲ့ကြသည်။ ထိုစွမ်းရည်ပြပွဲသို့ လူငယ်အများအပြားလာရောက်ကြည့်ရှုခဲ့ကြသည်။

    ဘာစီလိုနာဥက္ကမှ ယခုကဲ့သို့လာရောက်ခွင့်ရခြင်းကိုဂုဏ်ယူကြောင်းပြောကြားခဲ့ပြီး အစ္စရေးနှင့် ပါလက်စတိုင်းနှစ်နိုင်ငံ တာဝန်ရှိသူများကလည်း ထိုကဲ့သို့သော အစီအစဉ်များက နှစ်နိုင်ငံ ငြိမ်းချမ်းရေးဖော်ဆောင်မှုကို များစွာအထောက်အကူဖြစ်စေကြောင်း ပြောကြားခဲ့သည်။ ကာလကြာရှည်စွာ ရပ်နားခဲ့ရသည့် အစ္စရေးနှင့် ပါလက်စတိုင်း နှစ်နိုင်ငံငြိမ်းချမ်းရေး ဆွေးနွေးမှုကို ပြီးခဲ့သည့် သီတင်းပတ်က ၀ါရှင်တန်တွင် ပြန်လည်စတင်ခဲ့သည်။

    ဘာစီလိုနာအသင်းသည် ငြိမ်းချမ်းရေးမြှင့်တင်ရေးခရီးစဉ်အဖြစ် ၂၀၀၅ ခုနှစ်က တစ်ကြိမ် သွားရောက်ခဲ့ဖူးပြီး ရီးယဲလ်မက်ဒရစ်အသင်းကလည်း ၂၀၀၇ ခုနှစ်က တစ်ကြိမ်သွားရောက်ခဲ့သည်။

    AP

  • ၁၀-၈-၂၀၁၃ နိုင်ငံတကာ သတင်းအကျဉ်း စုစည်းမှု

    သြဂုတ်- ၁၀ ၊ ၂၀၁၃
    M-Media

    201381051234615734_20
    လက်ဘနွန်မှ ထွက်ခွာရန် နိုင်ငံသားများအား တူရကီသတိပေး

    လက်ဘနွန်နိုင်ငံသို့ရောက်ရှိနေကြသည့် တူရကီနိုင်ငံသားများအနေဖြင့် လက်ဘနွန်ကိုစွန့်ခွာရန် တူရကီနိုင်ငံက သတိပေးကြေညာလိုက်သည်။ တူရကီလေယာဉ်မှူးနှစ်ဦးလိုက်ပါလာသည့် ဘတ်စ်ကားအား လက်နက်ကိုင် လူတစ်စုမှ ဟန့်တားကာ ပြန်ပေးဆွဲမှု သောကြာနေ့က ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း တူရကီနိုင်ငံက ယခုကဲ့သို့ကြေညာခဲ့ခြင်းဖြစ်သည်။
    _______________________________________
    ကလေးငယ်ကုန်ကူးသူများကို တရုတ်ဖမ်းဆီး

    တရုတ်မီဒီယာများ၏အဆိုအရ သားဖွားဆရာဝန်တစ်ဦးအပါအ၀င် လူကုန်ကူးသူဟု သံသယရှိသူ လူကိုးဦးကို တရုတ်နိုင်ငံအရှေ့မြောက်ပိုင်းတွင် အာဏာပိုင်များက ဖမ်းဆီးရမိခဲ့သည်ဟုသိရသည်။
    _______________________________________
    အင်ဒိုနီးရှားတွင် မီးတောင်ပေါက်ကွဲမှုကြောင့် လူငါးဦးသေဆုံး

    အင်ဒိုနီးရှားနိုင်ငံ Palue ကျွန်းတွင် သောကြာနေ့က မီးတောင်ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့သည်ဟုသိရသည်။ Mount Rokatenda ဟုအမည်ရသည့် မီးတောင်ပေါက်ကွဲမှုကြောင့် ကလေးငယ်နှစ်ဦးအပါအ၀င်လူငါးဦးသေဆုံးခဲ့ပြီး လူသုံးဦး၏ ရုပ်အလောင်းများကို ရှာဖွေတွေ့ရှိခဲ့ပြီး ပေါက်ကွဲခဲ့သည့် ပတ်ဝန်းကျင်မှာ အလွန်ပူပြင်းသောကြောင့် ကလေးငယ်နှစ်ဦး၏ ရုပ်အလောင်းများကို ရှာဖွေနိုင်ခြင်းမရှိသေးဟု တာဝန်ရှိသူများက ထုတ်ပြန် ကြေညာခဲ့သည်။ လူဦးရေ ၃၀၀၀ ခန့် ရွှေ့ပြောင်း ထွက်ခွာခဲ့ရသည်။
    _______________________________________
    မီးရထားလုပ်ငန်း ဖွံ့ဖြိုးရန် ထိုင်းဝန်ကြီးချုပ် လုပ်ဆောင်မည်

    တိုင်းပြည်၏ ဖွံ့ဖြိုးတိုးတက်မှုကို လျင်မြန်စေရန်နှင့် ပြည်သူများလူနေမှုအဆင့်အတန်းမြင့်မားစေရန် နိုင်ငံတစ်ဝှမ်းရှိ ရထားပို့ဆောင်ရေးလုပ်ငန်းကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်မည်ဟု ထိုင်ဝန်ကြီးချုပ် ယင်းလပ် ရှင်နာဝပ်ထရာက ပြောကြားလိုက်သည်။ စွမ်းဆောင်ရည်နိမ့်ကျနေသော မီးရထားလုပ်ငန်းအား ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်ရန် စိတ်ဝင်စားသည်ဟု ပြည်သူများနှင့်တွေ့ဆုံခြင်း ရုပ်သံအစီအစဉ်တွင် ယင်းလပ်ကပြောကြားလိုက်ခြင်းဖြစ်သည်။
    _______________________________________
    ရုရှ တီဗွီသတင်းအစီအစဉ် ဟက်ခံရ

    သမ္မတ ပူတင် အစိုးရ၏ တီဗွီဌာန တစ်ခု၏ သတင်းအစီအစဉ် အချိန်တွင် ပူတင်၏ကို ဆန့်ကျင်ပြောဆိုသော အစီအစဉ်တစ်ခု နှစ်မိနစ်ခန့် ကြားဖြတ်ပြသသွားသည်။
    https://www.youtube.com/watch?v=QC5qG_MMV2E
    _______________________________________
    အီတလီသို့ လှေဖြင့်လာသော အာဖရိကမှ ဒုက္ခသည်များ

    လူ ၁၂၀ ခန့်ပါသော လှေသည် စစ်စလီကျွန်း ကမ်းခြေအနီးတွင် ကမ်းခြေစောင့်တပ်မှ ဖမ်းဆီးစဉ် ခြောက်ဦး ရေနစ်သေဆုံးသည်။
    _______________________________________
    အိုဘားမား က NSA ကို ပြုပြင်ပြောင်းလဲမည်

    NSA ကို ပွင်းလင်းမြင်သာမှုရှိသော အဖွဲ့အစည်းအဖြစ် ပြုပြင်ရန် အိုဘားမားပြောဆိုသည်။

  • မိန်းမဖြစ်သူ၏ရုပ်အလောင်းဓာတ်ပုံများအား Facebook ပေါ်သို့တင်၍ ဒါးရက်ခ်မီဒီနာ မှ ဖွင့်ချရေးသား

    M-Media

    သြဂုတ်လ ၁၀ ရက်၊ ၂၀၁၃

    www.huffingtonpost.com

    ဇနီးဖြစ်သူအား သတ်ခဲ့သူ ဒါးရက်ခ်မီဒီနာ
    ဇနီးဖြစ်သူအား သတ်ခဲ့သူ ဒါးရက်ခ်မီဒီနာ

    မီယာမီတောင်ပိုင်းတွင် ဖြစ်ပေါ်ခဲ့သော သွေးပျက်ဖွယ်ရာဇ၀တ်မှုမြင်ကွင်းတစ်ရပ်သည် ကြာသပတေးနေ့က Facebook ပေါ်တွင် ဂယက်ရိုက်သွားခဲ့သည်။ ၄င်းတွင် ယောက်ျားဖြစ်သူမှ သေဆုံးသူမိန်းမ၏ ဓာတ်ပုံနှင့်တစ်ကွ မိမိ၏သတ်ဖြတ်မှုကို ဖွင့်ချဝန်ခံရေးသားခဲ့သည်။

    ဒါးရက်ခ်မီဒီနာ (Derek Medina) သည် ကြာသပတေးနေ့ နေ့လည်ပိုင်းလောက်က ဓာတ်ပုံအချို့အား အွန်လိုင်းပေါ်သို့ “ အေးချမ်းစွာ အနားယူပေတော့ ဂျနီဖာ အလ်ဖွန်ဆို (Jennifer Alfonso) ! ” ဆိုသော ခေါင်းစည်းစာသားများဖြင့် တင်ထားခဲ့သည်။ ၄င်းဓာတ်ပုံတွင် ခြေအိတ်ရှည်များဝတ်ဆင်ထားသည့် သူ၏မိန်းမဖြစ်သူသည် အိမ်၏မီးဖိုချောင်ရှိ ကြမ်းပြင်ပေါ်တွင် လဲကျနေခဲ့ပြီး၊ သူမ၏ မျက်နှာနှင့်ဝဲဖယ်လက်တွင် သွေးများ ဖုံးလွှမ်းနေခဲ့သည်။

    “ ခင်ဗျားတို့ ကျွန်တော့်ကို သတင်းထဲမှာ တွေ့ကြရပါလိမ့်မယ်။ ကျွန်တော့်မိန်းမကို ကျွန်တော်သတ်ခဲ့မိတဲ့အတွက် ကျွန်တော်တော့ ထောင်ဒဏ် သို့မဟုတ် သေဒဏ်ကျဖို့ ရှိပါတယ်။ သူငယ်ချင်းတို့အားလုံးကို ချစ်တယ်၊ သတိလည်းရနေမယ်၊ Facebook ပေါ်ရှိ လူများအားလုံး ကရုစိုက်နေရစ်ကြပါ။ ကျွန်တော့်ကို သတင်းထဲမှာတွေ့ကြရလိမ့်မယ်။ ကျွန်တော့်မိန်းမက ကျွန်တော့်ကို ထိုးကြိတ်နေခဲ့တယ်။ အဲ့ဒီလိုစော်ကားမှုကို ဆက်လက်သည်းမခံနိုင်တော့တာကြောင့် အခုလိုလုပ်ဆောင်ခဲ့ရတာပါပဲ။ ခင်ဗျားတို့အားလုံး ကျွန်တော့်ကိုနားလည်ကြလိမ့်မယ်လို့ထင်ပါတယ် ” ဟူသော ၀န်ခံချက်စာသားအား ၄င်းဓာတ်ပုံမတင်ခင် မိနစ်ပိုင်းအနည်းငယ်က တင်ခဲ့သည်။

    ဒါးရက်ခ်မီဒီနာ၏ Facebook status
    ဒါးရက်ခ်မီဒီနာ၏ Facebook status

    မီဒီနာ နှင့် ဇနီးဖြစ်သူ အလ်ဖွန်ဆိုသည် မနက် ၁၀ နာရီလောက်က စကားအချေအတင်များခဲ့ကြပြီး ထိုစဉ်က သူသည် ဗီရိုထဲမှ သေနတ်ကိုထုတ်ကာ သူမအား ချိန်ရွယ်ခဲ့သည်။ ရန်ပွဲသည် အိမ်အောက်ထပ်တွင် ဆက်လက်မဖြစ်မှီ သူမက သူ့အားထားရစ်ကာထွက်ခွာ သွားတော့မည်ဟု ပြောဆိုခဲ့ကြောင်း ၄င်းမှ စုံစမ်းစစ်ဆေးသူများအား ပြောပြခဲ့သည်ဟု Miami-Dade ရှိ ရဲများထံ ကျိန်ဆိုထွက်ချက်၌ တင်ပြထားသည်။

    အောက်ထပ်သို့ရောက်ပြီးချိန်တွင် သူမသည် သူ့အား ထိုးကြိတ်ခဲ့သဖြင့် သူသည် အပေါ်ထပ်က သေနတ်ကို ပြန်လည်သွားယူခဲ့ပြီး သူမအား ဟန့်တားရာ သူမကလည်း ဓားတစ်လက်ကို ကောက်ယူခဲ့ကြောင်း၊ သူက ဓားအား လုယူကာ လွှင့်ပစ်ခဲ့သည့်အခါ သူမသည် သူ့အား ထပ်ပြီးရိုက်ပုတ်ခဲ့ကြောင်း၊ ထို့ကြောင့် သူသည် သူမအား သေနတ်ဖြင့် အကြိမ်ပေါင်းများစွာ ပစ်ခတ်ခဲ့ကြောင်း သူက စုံထောက်နှင့်ရဲများထံ ပြောကြားခဲ့သည်။

    ထိုအခင်းဖြစ်ပြီးနောက် မီဒီနာသည် သူ၏ အ၀တ်အစားများအား လဲလှယ်ဝတ်ဆင်၍ ဆွေမျိုးများအား နှုတ်ဆက်ကာ မီယာမီတောင်ပိုင်း ရဲဌာနသို့ ကိုယ်တိုင်လာရောက်အဖမ်းခံခဲ့သည် ဟု စုံစမ်းစစ်ဆေးသူများ၏ ပြောပြချက်အရ သိရသည်။

    ရဲအရာရှိများက ၄င်းတို့ရောက်ရှိသွားချိန်တွင် သေနတ်ဒဏ်ရာထင်ရှားစွာဖြင့် သေဆုံးနေသည့် အလ်ဖွန်ဆိုကိုလည်းကောင်း၊ အသက် ၁၀ နှစ်အရွယ် သမီးဖြစ်သူအားလည်း မည်သည့်ဒဏ်ရာအနာတရမှ ရရှိထားခြင်းမရှိပဲ အိမ်အပေါ်ထပ်၌တွေ့ရှိခဲ့ကြောင်း၊ သေဆုံးသူ အလ်ဖွန်ဆို၏အလောင်းအား စောင်ဖြင့်ခြုံလွှမ်း၍ အိမ်ပြင်သို့ထုတ်ယူခဲ့ကြောင်း WSVN က ပြောကြားခဲ့သည်။

    မီဒီနာသည် ကိုယ်ထူကိုယ်ထလေ့လာရေး e-book စာအုပ်များစွာကို ရေးသားခဲ့ဖြစ်ပြီး၊ ၄င်းအနက်တစ်ခုမှာ “ မိမိ၏ ဘ၀၊ အိမ်ထောင်ရေး နှင့် မိသားစု ပြဿနာများမှ လွတ်မြောက်အောင် ဆက်ဆံရေး ” ဟူသည်လည်း ပါဝင်ကြောင်း Miami New Times ၏ှ သတင်းအရ သိရသည်။

    “ သူဟာသေနတ်ကိုဝှက်ထားပြီး၊ ပတ်ဝန်းကျင်ကိုစောင်ကြည့်သူအဖြစ် ပုံဖော်နေတယ် ” ဟု NBC6 သို့ အိမ်နီးချင်းတစ်ဦးက ပြောကြားသည်။

    “ သူဟာ ညနှောင်းပိုင်းမှာ အဲ့လိုလုပ်နေတတ်လို့ ကျွန်တော့်အတွက်တော့ သူဟာအူကြောင်ကြောင် လူတစ်မျိုးပဲ။ သူက ပတ်ဝန်းကျင်ကို အမြဲတစေလေ့လာနေပြီး၊ လူစွမ်းကောင်း တစ်ဦး ဖြစ်ချင်နေတဲ့လူပါ ” ဟု ယိုရှီဒါဒီ (Yoshi Dade) က ဆိုသည်။ မီဒီနာ၏ဖခင်ဖြစ်သူမှ WSVN သို့ပြောပြခဲ့သည်မှာ သူတို့လင်မယား၏ဆက်ဆံရေးတွင် မပြေလည်မှုများ စွာရှိခဲ့ကြောင်း၊ သူတို့သည် ကွာရှင်းပြတ်စဲခဲ့ပြီး လွန်ခဲ့သောနှစ်တွင်မှ ပြန်လည်လက်ထပ်ထိမ်းမြားခဲ့သည်ဟု ဆိုသည်။
    မီဒီနာ၏ သွေးပျက်စဖွယ် တင်ထားသော post များသည် Facebook အတွင်း ကြာသပတေးနေ့ ညနေ ၅ နာရီအထိ ထူးခြားစွာ ရှိနေခဲ့၏။

    Facebook၏ပြောရေးဆိုခွင့်ရှိသူက “ အဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး ကျွန်မတို့ဆီမှာ တိုင်ကြားချက်ရရှိခဲ့ပါတယ်။ ဒါကြောင့် အဲ့ဒီ profile အပေါ် အရေးယူမှု ပြုလုပ်တဲ့အနေနဲ့ ပါရှိတဲ့အကြောင်းအရာများအားလုံးကို ဖျက်ပစ်ပြီး သူ့ profile ကိုလည်း ပိတ်ပစ်ခဲ့လိုက်ပါတယ်။ ပြီးနောက် ဥပဒေအရာရှိများကို ထိုအရာနဲ့ပတ်သက်ပြီး အကြောင်းကြားခဲ့ပါတယ်။ ကျွန်မတို့ရဲ့ဆိုဒ်ထဲမှာ ကျွန်မတို့စည်းမျဉ်းများကိုချိုးဖောက်တဲ့ မည်သို့သောကဏ္ဍကိုမဆို အဲ့ဒီအတိုင်း အရေးယူလေ့ရှိပါတယ် ” ဟု The Associated Press သို့ပြောကြားခဲ့သည်။