News @ M-Media
Category: နိုင်ငံတကာသတင်း
နိုင်ငံတကာသတင်းများ
  • ကမ္ဘာ့ ဟလာလ်ဈေးကွက် တရုတ် တို့ ထိုးဖောက်ရန် ကြိုးစားလာ
    ဥရောပ နှင့် တရုတ် အကြားဆက်သွယ်ခဲ့သည့် သမိုင်းဝင် ပိုးလမ်းမကြီး တွင် မွတ်စလင်များကုန်သွယ် ရောင်း ၀ယ်ဖောက် ကားခဲ့ကြောင်း အစ္စလာမ့် သမိုင်းကြောင်းတွင် တွေ့မြင်နိုင်ပါသည်။  တရုတ် မွတ်စလင် စီးပွားရေး လုပ်ငန်းရှင်ကြီးများကပိုးလမ်းမကြီးတွင် ကုန်သွယ်ခဲ့ကြသော ဘိုးဘေးဘီဘင် များနည်းတူ နိုင်ငံအကျိုး အတွက် ကမ္ဘာ့ ဟလလ် ဈေးကွက် ဝေစုပိုမို ရရှိနိုင်ရန် ကြိုးစားလာကြသည်။
    “ ဒေါ် လာသန်း ၅၀၀ကျော် တန်ဖိုးရှိကမ္ဘာ ဟလာလ် စားကုန်ဈေးကွက်မှာတရုတ် ဟလလ် စားသောက် ကုန် ပို့ကုန်လုပ်ငန်းက အမေရိကန် ဒေါ်လာသန်း ၁၀၀ ဖိုးရှိနေပါတယ်။ ” ဟု တရုတ် အစ္စလာမ့် သုသေတနစင်တာမှ ShaPengcheng က တရုတ် – အာရဘ် ကုန်သွယ် ရေးညီလာခံ ၌ ကျင်းပသောမွတ်စလင် စွန့်ဦးတီထွင် သူများ အလုပ်ရုံဆွေးနွေးပွဲတွင် ပြောကြားသည်။ “တဖက်မှာလည်းကမ္ဘာဈေးကွက်သို့ ၀င်ရောက်ဖို့ အခွင့်အလမ်းတွေ က တရုတ် ဟလာလ် လုပ်ငန်းတွေ အ တွက် အများကြီးရှိနေပါတယ်” ဟု ၄င်းက ပြောပါသည်။
    ယခင်ကဟလာလ်သည် အစ္စလာမ့် တရားတော်အရခွင့်ပြုထားသောအစားအစာများ၌သာ အသုံးများခဲ့သော်လည်းယခုအခါ အလှပြင် ပစ္စည်းများ၊ အ၀တ်အထည်များ ဆေးဝါးများနှင့် ဘဏ္ဍာရေးလုပ်ငန်းများအထိပါ ဟလလ် (တရားတော်ကခွင့်ပြုချက်)
    ကိုသုံးစွဲလာကြသည်။ ၁.၅ဘီလီယံရှိသော ကမ္ဘာ မွတ်စလင်များနှင့် သန်း၅၀၀ထက်မနည်းရှိသော မွတ်စလင် မဟုတ်သူများကဟလလ် အစားအစာကိုစားသုံးနေ၍ ယခုအခါတွင် ဂလိုဘယ် ဟလလ် ဈေးကွက်သည် ၂ဘီလီယံအထိ ရှိလာကြောင်းShaကပြောပါ သည်။
    တရုတ် -အာရပ် ဖိုရမ်ကျင်းပနေသော Ningxia သည် ပိုးလမ်းမကြီးတွင်တည်ရှိနေပြီးတရုတ် မွတ်စလင် သန်း၂၀ အနက် ၁၀% က ယင်း ပြည်နယ်တွင် နေထိုင်ကြသည်။
  • ဆွီဒင်က ရေခဲဗလီ
    ဆွီဒင် မွတ်စလင် အစည်းအရုံးခေါင်းဆောင် အီမာမ် မဟ်မူးဒ် အလ်ဒီဘီက နိုင်ငံခြားသားကမ္ဘာလှည့် ခရီးသွားများအစ္စလာမ်ကိုထိတွေ့လေ့လာနိုင်ရန် ၊ မတူကွဲပြားသောယဉ်ကျေးမှု နှင့် ဘာသာတရားများအကြား ဒိုင်ယာလော့ကိုပုံစံအသစ်နှင့် တင်ပြနိုင်ရန် ရည်ရွယ်သော မတ်စ်ဂျီဒ် ပေါ်ပေါက်လာလိမ့်မည် ဟုဆွီဒင် သတင်းစာတစ်ခုသို့ပြောပါသည် ။
    “ ဒီစိတ်ကူးစိတ်သန်းကကွဲလွဲတဲ့ အမြင်သဘောထားဖြစ်မှာမဟုတ်ပါဘူးဒီမှာစကားပြောဆိုဆက်ဆံသွားရမဲ့ လူတိုင်းကိုလက်ခံမှာပါ ”ဟု မကြာခင် ဆောက်လုပ်မည့် ရေခဲဗလီအကြောင်းရှင်းပြပါသည်။ အဆိုပါ ရေခဲဗလီသည် ၅၅၀၀ စတုရန်းမီတာ ကျယ်ဝန်းမှာဖြစ်ပြီးဆောက်လုပ်ရန် လိုအပ်သည့် ရေခဲများကို Torne မြစ်ထဲကရယူမည်ဟုသိရသည်။
    ဆွီဒင်တွင် ပထမဆုံးရေခဲအဆောက်အအုံကို ၁၉၈၉ ခုနှစ်ဆောက်လုပ်ခဲ့ပြီး ၁၉၉၂ ခုနှစ်တွင် ပထမဆုံးခရီးသွားများနေထိုင်ခဲ့ကြသည်။ ဒီဇင်ဘာမှ ဧပြီ လ ဆောင်းရာသီတွင် ကမ္ဘာ တစ်ဝှမ်းမှ ခရီးသည်ပေါင်း၂၅၀၀၀ ကျော် နေထိုင် လည်ပတ်ခဲ့ကြသည် ။
  • အခြား ဗြိတိန်နိုင်ငံသားများထက် ဗြိတိန် မွတ်စလင်များကမျိုးချစ်စိတ်ဓါတ် ပိုမိုရှိကြောင်း စစ်တမ်းတွင်ဖေါ်ပြ
    စစ်တမ်ကောက်လေ့လာချက်များအရ ဗြိတိန်မွတ်စလင်များက အခြားသောဗြိတိန်နိုင်ငံသားများထက် မျိုးချစ်စိတ်ဓါတ်ပိုမိုကြသည်။ “ဗြိတိန်နိုင်ငံသားဖြစ် ရခြင်းအတွက်ဂုဏ်ယူသည် ” ဆိုသော အချက်အားဗြိတိန်နိုင်ငံသား၇၉% ကဖေါ်ပြသော်လည်း  ဗြိတိန်မွတ်စလင် ၈၃%က ဖေါ်ပြကြသည်။ အတိတ်ကာလ နှင့်နှိုင်းယှဉ်ကဗြိတိန် သည် ပိုမိုကောင်းမွန် သည် ဟုသောသဘောထားတွင် အခြားသော ဗြိတိန် နိုင်ငံသားများ ၏ ၄၅% ဖေါ်ပြကြပြီးဗြိတိန်မွတ်စလင်များက ၃၁%သာရှိသည်ကို တွေ့ရသည်။
    ဤသို့ဖြစ်ရခြင်းအကြောင်းမှာ ၉/၁၁ ကာလအလွန် ဗြိတိန်မွတ်စလင်များအပေါ် ထားရှိသောရန်လိုစိတ် မယုံသင်္ကာစိတ်များကြောင့် ဟုသုံးသပ်ကြသည်။ နာမည်ကျော် ကစ်ဘောက်ဆာသမား ဗြိတိန် မွတ်စလင် တစ်ဦးဖြစ်သူအမီးရ်ခန်းက အင်တာဗျူးများတွင် ဗြိတိန်အမျိုးသားရေး စိတ်ဓါတ်ရှိကြောင်း မကြာခဏပြောဆိုလေ့ရှိသည်။
    အဆိုပါ စစ်တမ်းကောက်ယူမှုကို Demosဉာဏ်ကြီးရှင်အုပ်စု (ThinkTank) က ဗြိတိန် ၏ အကောင်းဆုံးအမှတ် လက္ခဏာရှာဖွေရန် ဒီဇိုင်းလုပ် ကောက်ယူခဲ့ခြင်းဖြစ်သည်။ မေးခွန်းဖြေဆိုသူအနက် ထက်ဝက်ကျော်က ယဉ် ကျေးမှုပေါင်းစုံသော Multiculture လူမှုအဖွဲ့အစည်းကနေ ဗြိတိန်ကအကျိုးအမြတ် ရနိုင်သည်ကို ယုံကြည်ကြောင်း ဖေါ်ပြကြသည်။
  • အမေရိကန်နဲ့ ပူးပေါင်း ဆောင်ရွက်မှု ပါကစ္စတန် ပြန်သုံးသပ်
    ပါကစ္စတန်နိုင်ငံထဲကို နေတိုးနဲ့ အမေရိကန်တို့ နယ်စပ်ဖြတ်ကျော် ၀င်ရောက် တိုက်ခိုက်မှု လုပ်ဆောင်ခဲ့ပြီး တဲ့နောက်မှာ သူတို့နဲ့ ဆက်ဆံရေးကို ပြန်ပြီးသုံးသပ်နေတယ်လို့ ပါကစ္စတန်အစိုးရက စနေနေ့ကပဲ ပြောကြားသွားပါတယ်။
    ပါကစ္စတန်နိုင်ငံ အနောက်မြောက်ဘက်က စစ်စခန်းနှစ်ခုကို အမေရိကန်နဲ့ နေတိုးတပ်တွေ လေကြောင်းက တိုက်ခိုက်မှုကြောင့် ပါကစ္စတန်စစ်သား ၂၆ ဦးသေဆုံးပြီး ၁၄ ဦး ဒဏ်ရာရခဲ့တာပါ။ ပါကစ္စတန်ဝန်ကြီးချုပ် Yousuf Raza Gilani နဲ့ စစ်တပ်ထိပ်တန်းခေါင်းဆောင်တွေ အစိုးရခေါင်းဆောင်တွေဟာ စနေနေ့ နှောင်းပိုင်းမှာ အရေးပေါ်အစည်းအဝေးထိုင်ပြီး ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ ဆွေးနွေးခဲ့ကြပါတယ်။
    ဒီဖြစ်ရပ်ကြောင့် နဂိုကတည်းက အစွန်းအထင်းရှိထားတဲ့ အမေရိကန်နဲ့ ပါကစ္စတန်ဆက်ဆံရေး ပိုပြီး ပြဿနာရှိလာတဲ့ အနေအထားပါပဲ။ ပါကစ္စတန်အစိုးရရဲ့ ကြေညာချက်မှာ ပါကစ္စတန် အရာရှိတွေက ဘာပြောထားသလဲဆိုရင်တော့ အစိုးရဟာ အမေရိကန်၊ နေတိုး၊ ISAF
    အာဖဂန်က နေတိုးတပ်ဖွဲ့အတွက် လမ်းပိတ်လိုက်ပြီးဖြစ်သည်။
    တို့နဲ့ သံတမန်ရေး၊ နိုင်ငံရေး၊ စစ်ရေးနဲ့ ထောက်လှန်းရေး အပါအ၀င် ပူးတွဲလုပ်ဆောင်နေတဲ့ အစီအစဉ်အားလုံး ပူးတွဲလုပ်ဆောင်ဖို့ သဘောတူထားတာတွေ အားလုံးကို အပြည့်အ၀ ပြန်သုံးသပ်မယ်လို့ ပြောထားတာပါ။
    နေတိုးလေယာဉ်ရဲ့ တိုက်ခိုက်မှုက အကြောင်းမဲ့ တိုက်ခိုက်မှုသက်သက် ဖြစ်တယ်လို့ ပါကစ္စတန် အရာရှိတွေက ရှုတ်ချတာပါ။ ဒီလိုဖြစ်ရပ်မျိုးကို လုံးဝလက်ခံနိုင်စရာ မရှိဘူး၊ ဒါဟာ မှားယွင်း လုပ်ဆောင်မှုအဖြစ် မသတ်မှတ်နိုင်ဘူးလို့ ပြောပါတယ်။
    ဒီလိုမျိုး ရန်စမှုမျိုးအပေါ်မှာ တာဝန်ရှိတဲ့သူတွေကို အမြန်ဆုံး ထိထိရောက်ရောက် အရေးယူပေးဖို့ ကြေညာချက်မှာ တောင်းဆိုထားပါတယ်။ ပါကစ္စတန်က သူ့ရဲ့နယ်မြေကို ဖြတ်ပြီး အာဖဂန်နစ္စတန်နိုင်ငံထဲကို ပစ္စည်းတွေသယ်ယူနေတဲ့ နေတိုး ထောက်ပို့ လမ်းကြောင်းတွေအားလုံးကို ဖြတ်ပစ်လိုက်ခြင်းနဲ့ သူတို့က လက်တုံ့ပြန်ထားပါတယ်။ အမေရိကန်တွေကိုလည်း ရှန်စီ လေတပ်အခြေစိုက်စခန်းမှာ လုပ်ဆောင်မှုတွေ အားလုံး ၁၅ ရက်အတွင်းမှာ ရပ်ပစ်ဖို့အတွက် အချိန်သတ်မှတ်ပေးထားပါတယ်။ (source -VOA)
  • နေတိုးလက်ချက် ပါကစ္စတန်စစ်သား ၂၀ ကျော်သေဆုံး
    ပါကစ္စတန်နဲ့ အာဖဂန်နယ်စပ်အနီး ပါကစ္စတန်ဘက်က တောင်ပေါ်တိုင်းရင်းသားတွေရဲ့ Mohmand ဒေသ Salala ဆိုတဲ့ရွာကလေးက အင်အား ၄၀ ရှိတဲ့ ပါကစ္စတန်စစ်တပ်ရဲ့ စစ်ဆေးရေးဂိတ်တစ်ခုကို ဒီကနေ့မနက် ဒေသစံတော်ချိန် မနက် လင်းအားကြီး ၂ နာရီလောက်မှာ အာဖဂန်နစ်စတန်ထဲက မြောက်အန္တလန္တိတ်စစ်စာချုပ် နေတိုးတပ်ဖွဲ့ ရဟတ်ယာဉ်တွေက လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ ဒီဖြစ်စဉ်မှာ ပါကစ္စတန်စစ်သည် ၂၅ ဦး သေဆုံးသွားပြီးတော့ ၁၄ ဦးထက်မနည်း ဒဏ်ရာတွေ ရရှိသွားတယ်လို့ ပါကစ္စတန်စစ်တပ်အရာရှိတွေက ပြောပါတယ်။
    ဒီကိစ္စကို လက်တုံ့ပြန်တဲ့အနေနဲ့ ပါကစ္စတန်ဘက်ကနေ အာဖဂန်နစ္စတန်ထဲက နေတိုးတပ်ဖွဲ့တွေအတွက် အဓိက ထောက်ပံ့ရေးလမ်းကြောင်းဖြစ်တဲ့ Torkham နယ်စပ်ဂိတ်ကို ပါကစ္စတန်ဘက်က ပိတ်ပစ်လိုက်ပါတယ်။ ဒီဖြစ်ရပ်ဟာ တမင်သက်သက် ရန်စတိုက်ခိုက်တာမျိုးတော့ မဟုတ်ဘူးလို့ ပါကစ္စတန်အရာရှိတွေက ဆိုပါတယ်။နေတိုးအရာရှိတွေက ဒီဖြစ်ရပ်အတွက် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပြီးတော့ အာဖဂန်နစ္စတန်ထဲက နေတိုး တပ်တွေနဲ့ အမေရိကန်တပ်တွေရဲ့ တပ်မှူးကြီး ဗိုလ်ချုပ်ကြီး
    က ကျဆုံး၊ ဒဏ်ရာရ ပါကစ္စတန် စစ်သည်တွေရဲ့ မိသားစုဆီကို
    ပါကစ္စတန် စစ်သားများ (Photo – Press-TV)
    ပါကစ္စတန်ဝန်ကြီးချုပ် Yousef Raza Gilani ကတော့ ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးဌာန အနေနဲ့ နေတိုးနဲ့ အမေရိကန်အစိုးရတို့ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ဖို့ ညွှန်ကြားထားပါတယ်။ (source- VOA)