News @ M-Media

Category: နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်းများ

  • တရုတ်နိုင်ငံက ​ဟွေလူမျိုး​ မွတ်စလင်​တွေ အခက်အခဲများ​ ရင်ဆိုင်​နေရ

     

    တရုတ်နိုင်ငံရဲ့​စီး​ပွား​ရေး​ ပဉ္စလက်ဆန်ဆန် တိုး​တက်​နေတာကို အထူး​ မိတ်ဆက်စရာ ​တောင် မလိုပါဘူး​။  ဒါ​ပေမဲ့​ အဲဒီလို တရုတ်ကမ်း​ရိုး​တန်း​မြို့​ကြီး​တွေ ဖွံ့​ဖြိုး​တိုး​တက်မှုက ကုန်း​တွင်း​ပိုင်း​မှာ ​နေထိုင်ကြတဲ့​ လူမျိုး​စုငယ်​တွေအ​ပေါ်မှာ​တော့​ ​ရောင်ပြန်ဟပ်နိုင်မှု မရှိပါဘူး​။ သတင်း​ထောက် ‘ကလဲရင့်​စ် ချွာ’ က ‘​ဟွေ’ မူဆလင်လူမျိုး​စု​တွေ ​နေထိုင်တဲ့​ တရုတ်နိုင်ငံ ‘နင်ရှာ’ပြည်နယ်ကို သွား​ရောက်ပြီး​ သတင်း​ပေး​ပို့​ထား​ပါတယ်။ ဒီဘာသာပြန် သတင်း​ဆောင်း​ပါး​ကို မမိုး​မြင့်​ဇင်က စီစဉ်တင်ဆက်ထား​ပါတယ်။ အသံဖိုင်မှာ နား​ဆင်နိုင် ပါတယ်။

     

     

     

    AC 28-1-2011 China Hui Muslims by dvbradio

     

    Credit DVB

  • ပြင်းအား ၇.၂ ရှိအင်အားပြင်းငလျင် တူရကီ အရှေ့တောင်ပိုင်းတွင်လှုပ်ခတ်


    တူရကီ အရှေ့တောင်ပိုင်းမှာ အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် အဆောက်အဦးတချို့ (အောက်တိုဘာလ ၂၃၊ ၂၀၁၁)  photo VOA

    တနင်္ဂနွေနေ့ ဒေသစံတော်ချိန်  နေ့လည် 1:41 နာရီတွင်  ရစ်ချက်စတာ စကေး ပြင်းအား(၇.၂) ရှိသော အင်အားပြင်းငလျင်တခု တူရကီနိုင်ငံအရှေ့တောင်ပိုင်း ဗန်(Van) ခရိုင်အတွင်းလှုပ်ခတ်သွားကြောင်း အမေရိကန် ဘူမိဗေဒ တိုင်းထွားရေးဌာနက ပြောပါတယ်။

    နောက်ဆက်တွဲ ငလျင်ငယ်များလဲ ဆက်လက်လှုပ်ခတ်လျက်ရှိကြောင်း သိရှိရပါသည်။

    အနည်းဆုံးလူ ၅၀ ကျော်ဒဏ်ရရှိပြီး အဆောက်အအုံးများစွာ ပျက်စီးကြောင်း ခရိုင်တာဝန်ရှိသူများရဲ့ ပြောကြားချက်ခဲ့ပါတယ်။ အသေအပျောက်အပျက်အဆီးများတယ် လို့ သတင်းတွေထွက်နေပေမယ့် ခိုင်မာတဲ့ သတင်းထုတ်ပြန်ခြင်းမရှိသေးပါဘူး။ ဒါပေမယ် တူရကီ ဘူမိဗေဒဌာနက လူပေါင်း ၅၀၀ မှ ၁၀၀၀ အထိသေဆုံးနိုင်ကြောင်း ခန့်မှန်းပြောကြားပါတယ်။

    ဗန်မြို့အတွင်း အဆောက်အအုံ နှစ်ခုပြိုကျပျက်စီးခဲ့ပြီး ထိတ်လန့်တုန်လှုပ်မှုများကြောင့် တယ်လီဖုန်းလိုင်းများ လိုင်းကြပ်မှုများဖြစ်ပွားခဲ့ကြောင်း ဗန်မြို့တော်ဝန် Bekir Kaya ကပြောကြားခဲ့ပါတယ်။ ဗန်မြို့ဟာ တူရကီအရှေ့တောင်ပိုင်းရဲ့ မြို့တော်ဖြစ်ပါတယ်။

    တူရကီနိုင်ငံဟာ အင်အားပြင်းငလျင် မကြာခဏလှုပ်လေ့ရှိသောနိုင်ငံဖြစ်ပြိး ၁၉၉၁ တူရကီ အရှေ့မြောက်ဘက်တွင်လှုပ်ခဲ့သော အင်အားပြင်းငလျင်ကြီး နှစ်ခု ကြောင့် လူပေါင်း ၁၈၀၀၀ ခန့် သေကျေပျက်စီးခဲ့ရသည်။

    source Press TV

  • မပျော်ရွှင်နိုင်တဲ့နှစ်ပတ်လည်-အာဖဂန်နစ္စတန် (ဘာသာပြန်)

    အမေရိကန်က လွတ်မြောက်ရေး အဓွန့်ရှည်ကြာစစ်ဆင်ရေးလို နာမည်ပေးပြီးအာဖဂနန်စ္စတန် မှာ စိတ်မချမ်းမြေ့ဖွယ်ရာ စစ်ပွဲဆင်နွဲနေခဲ့တာ ၁၀ နှစ်ကြာခဲ့ပြီ။

     

    စစ်ရေးဗျူဟာအပိုင်းမှာ ကျော်ကြားသူ ဗိုလ်ချုပ်  J.F.C Fuller က ဒီစစ်ပွဲ ဟာ အမေရိကန်အနေနဲ့  ရန်သူတွေကို မသတ်ဖြတ်နိုင်ပဲ နိုင်ငံရေးရလဒ်လိုလားချက်သာ ရရှိခဲ့တယ်လို့ ဆိုတယ်။

     

    ဒါပင်မဲ့ အမေရိကန်က အာဖဂန်နစ္စတန်မှာ ဘာတွေလုပ်နေခဲ့တယ်ဆိုတာ ကြည့်ရင် ၁၀ နှစ်ကြာ စစ်ပွဲအပြီးမှာ အနည်းဆုံး အမေရိကန်ဒေါ်လာ ၄၅၀ ဘီလီယန်ကုန်ကျခဲ့မှု၊ သေဆုံးသူ ၁၆၀၀၊ ဒဏ်ရာ ပြင်းပြင်းထန်ထန်ရ စစ်သား ၁၅၀၀၀ နဲ့ အမေရိကန်ဟာ သူ့ရဲ. သေနင်္ဂဗျူဟာ၊ ဒါမှမဟုတ် ပန်းတိုင် ဘာတစ်ခုမှ ပိုင်ပိုင်နိုင်နိုင် မရခဲ့ပါဘူး။

     

    အာဖဂန်မှာ အမေရိကန် စစ်သည်တစ်ယောက်အတွက် တစ်နှစ်ကို ဒေါ်လာ ၁ သန်း ကုန်ကျမှု ရှိပါတယ်။ CIA (အမေရိကန်ဗဟိုထောက်လှမ်းရေးအဖွဲ့) က ခန့်ထားတဲ့ ကြေးစားစစ်သည် ၈၀၀၀၀ ရဲ. စရိတ်က ဘယ်လောက် ရှိတယ်ဆိုတာ မသိရပါဘူး။ အမေရိကန်က အာဖဂန်နဲ့ အီရတ်မှာရှိတဲ့ စစ်တပ်ဖွဲ့တွေအတွက်သုံးတဲ့ လေအေးပေးစက်ကိစ္စတင် အံ့သြဖွယ်ကောင်းလောက်အောင် ဒေါ်လာ ၂၀.၂ သန်း သုံးစွဲပါတယ်။

     

    အမေရိကန်က ကျောထောက်နောက်ခံပြုပေးထားတဲ့ အာဖဂန်ခေါင်းဆောင် ဟာမစ်ကာဇိုင်း ရဲ. အကောင်းဆုံး ချင့်ချိန်အကဲဖြတ်ပေးထားချက်ကတော့ ”အမေရိကန်စစ်ပွဲဟာ အရပ်သားတွေ ထိခိုက်သေကြေအနာတရ ဖြစ်တာကလွဲလို့ ဘာမှ မထိရောက်ပါဘူး” ဆိုတာပါပဲ။

     

    ဝါရှင်တန် ရဲ. ရည်မှန်းချက်က အမေရိကန်ရဲ. နိုင်ငံရေး၊ စီးပွားရေးအကျိုးအမြတ် အတွက် လုံးဝ တာဝန်ယူပေးနိုင်သော အာဖဂန်အုပ်ချုပ်ရေးနည်းစနစ်  ဖြစ်ပေါ်လာရေးပါနဲ့ အိမ်ဖြူတော် အရာရှိကြီးများ ဦးဆောင်တဲ့ ဒေသခံကြေးစားစစ်တပ်ဖွဲ့ကို အသုံးပြုပြီး အီရန်ရဲ. ခြိမ်းခြောက်နေမှု၊ တရုတ်ကို အစဉ်စောင်ကြည့်နေရမှု၊ (ကမ္ဘာ့အလယ်ပိုင်းဒေသ-ရေနံ၊ သဘာဝဓါတ်ငွေ့တွင်းများ) စွမ်းအင်ကြွယ်ဝမှုကို အပိုင်ထိန်း ချုပ်ကိုင်နိုင်မှုတွေက အမေရိကန်ရဲ. စိတ်ဝင်စားမှုတွေပါ

     

    အမေရိကန်ရဲ. အလ်ကေဒါနဲ့ အကြမ်းဖက်မှုကို တိုက်ပွဲဆင်နေခြင်းအကြောင်းပြချက် ကတော့ အာဖဂန်အမျိုးသမီးများအတွက် လွတ်လပ်သောအခွင့်အရေး၊ ဒီမိုကရေစီ ဖော်ဆောင်ရေး ဆိုတာတွေပါ။ ဒါတွေက စစ်ပွဲမတိုင်မီ ကြည့်ကောင်းအောင် အော်ပြောနေတဲ့ အချက်တွေပေါ့။

     

    CIA အကြီးအကဲ Leon Panetta ကတော့ အာဖဂန်မှာ အလ်ကေဒါ အယောက် ၂၅-၅၀ ထက် ပိုမရှိပါဘူးလို့ ဝန်ခံခဲ့ပါတယ်။ ဒါနဲ့ ဘာလို့များ အမေရိကန်နဲ့ နေတိုးတပ်ဖွဲ့ စစ်သား ၁ သိန်းခွဲလောက်ရှိနေရပါလိမ့်။

     

    ၂၀၀၇ မှာ အမေရိကန် ပြည်ထောင်စု လက်ထောက် အတွင်းရေးမှူး Richard Boucher  ဝါရှင်တန်ရဲ. ရည်ရွယ်ချက်အစစ်အမှန်ကို ဖွင့်ပြခဲ့ပါတယ်။  ”အာဖဂန်ကို တည်ငြိမ်နေပါစေ၊ ဒါမှ တောင်ပိုင်းနဲ့ အလယ်အာရှဒေသအတွင်း အချက်အချာ စီးဆင်ရာ လမ်းကြောင်းတစ်ခုရပြီး စွမ်းအင်တွေ တောင်ပိုင်းကို စီးလာနိုင်မှာပါ” တဲ့။

     

    အမေရိကန်က ၁၉၉၈ မှာ ရှာဖွေတွေ့ခဲ့တဲ့ တာက်မန်နစ္စတန်၊ အာဖဂန်နဲ့ ပါကစ္စတန်တို့ ဆက်သွယ်ရာ (ဓါတ်ငွေ့) ပိုက်လမ်းကြောင်းဟာ တည်ဆောက်မှုနောက်ပိတ်ဆုံးအခြေအနေထိ ပြိးလုနေပါပြီ၊ ဒါပင်မဲ့ အဖျက်အမှောက်လုပ်ငန်းတွေကြောင့် ဖွင့်နိုင်မလားဆိုတာ ကြည့်ရဦးမှာပါ။

     

    ဒီကာလအတွင်း ဝါရှင်တန်က ကဘူးလ် မှာ တည်ငြိမ်တဲ့ အစိုးရအဖွဲ့ဖန်တီးပေးဖို့ မလုပ်ပေးနိုင်ခဲ့ပါဘူး။ မူလ အကြောင်းပြချက်က မျိုးနွယ်စုတွေရဲ. နိုင်ငံရေး (မဖြေရှင်းပေးနိုင်ပြဿနာ) ပါ။ လူဦးရေနဲ့ ထက်ဝက်ကျော် ဖြစ်တဲ့ ပါရှ်တွန် မျိုးနွယ်မှ အဆင့်အလိုက် တာလီဘန်တွေ ဖြစ်လာတာပါ။ တာဂျစ်၊ ဥဇဘတ်နဲ့ ဟာဇဒါ လူနည်းစုတွေက ပါရှ်တွန်ကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ကြပါတယ်။ ဒီလူနည်းစု ၃ မျိုးက ၁၉၇၉-၈၉ ဆိုဗီယတ်ဝင်ရောက်လာမှုကာလမှာ အတူပူးပေါင်းဆောင်ရွက်ခဲ့သလို ယနေ့ အမေရိကန်နဲ့ နေတိုး အဖွဲ့တွေ သိမ်းပိုက်ဝင်ရောက်လာတော့လည်း ပူးပေါင်းကြပါတယ်။

     

    အမေရိကန်က ဒေါ်လာ ၆ ဘီလီယံ အသုံးစရိတ်ကုန်ကျခံပေးတဲ့ အာဖဂန်စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေမှာ အများဆုံးကတော့ အာဖဂန်ကွန်မြူနစ်ပါတီဟောင်းရဲ. အဖွဲ့ဝင်တွေဖြစ်တဲ့ တာဂျစ်နဲ့ ဥဇဘတ် တွေပဲ ဖြစ်ပါတယ်။ ပါရှ်တွန်တွေကတော့ သူတို့ရဲ. ခါးသီးလှတဲ့ ရန်သူတွေပေါ့။ အာဖဂန်နစ္စတန်မှာ အမေရိကန်က နိုင်ငံရေးအိမ်ကို ကျွံနစ်ဝင်စေတဲ့ သဲဗွက်အိုင်တွေအပေါ်မှာ တည်ဆောက်ခဲ့တာပါ။

     

    အဆိုးဆုံးကတော့ အမေရိကန်က ဦးဆောင်လည်ပတ်နေတဲ့ အာဖဂန်မှာ ကမ္ဘာ့ ကြောက်စရာအကောင်းဆုံး မူးယစ်ဆေးဝါး-ဘိန်းဖြူ ထုတ်လုပ်နေမှုရဲ. ၉၃ % ကို ထုတ်လုပ်နေတာဖြစ်ပါတယ်။ ကုလသမဂ္ဂ အဆိုအရ တာလီဘန် လက်ထက်မှာ မူးယစ်ဆေး ထုတ်လုပ်မှု အဆုံးသတ်လုနီးပါး ဖြစ်ခဲ့ပါတယ်။ ကနေ့ အာဖဂန်ရဲ. မူးယစ်ဆေးဝါး စီးပွားရေးက ပေါက်ကွဲလုနီးပါး မြည်ဟည်းနေပြီ။  အမေရိကန်က တာလီဘန်ကို အပြစ်တင်ဖို့ လုပ်ခဲ့ပေမဲ့ တကယ့်လက်တွေ့ (ပြဿနာရဲ.တရားခံ) ကတော့ ကဘူးလ်မြို.က အစိုးရအဆင့်မြင့် အရာရှိတွေနဲ့ အမေရိကန် ကျောထောက်နောက်ခံပြုပေးထားခဲ့တဲ့ စစ်သွေးကြွ တွေပါ။

     

    ကုလသမဂ္ဂရဲ. မူးယစ်ဆေးဝါးဆိုင်ရာ တရားဝင်အရာရှိက အခိုင်အမာ ထွက်ဆိုပြောပြထားတာကတော့ မနှစ်က နေတိုးအဖွဲ့ဝင်နိုင်ငံတွေမှာ အာဖဂန်ဘိန်းဖြူကြောင့် လူ ၁၀၀၀၀ သေခဲ့တယ်။ ဒီစာရင်းမှာ အာဖဂန်ဘိန်းဖြူရဲ. မူလ ဦးတည်ချက်ဖြစ်တဲ့ ရရှား မပါသေးပါ။

     

    ဒါကြောင့် အမေရိကန်ပြည်ထောင်စုဟာ အခုဆိုရင် မူးယစ်ဆေးဝါးပြည်ထောင်စုတွေထဲမှာ ထိပ်ဆုံးကပါလို့ ပိုင်ရှင်လို ဂုဏ်ယူပြီးတော့ အဲဒီမှာ အာဖဂန်တာဂျစ် မူးယစ်ဆေးလျို.ဝှက်ဂိုဏ်းတွေ အတွင်းကျကျ ပါဝင် နေတော့တာဖြစ်ပါတယ်။

     

    အမေရိကန်က အာဖဂန်နစ္စတန်မှာ ဒေါ်လာ ဘီလီယံပေါင်းများစွာ ယိုဖိတ်ကျနေပါတယ်။ ဝါရှင်တန်က သုံးနေတဲ့ တစ်ဒေါ်လာတိုင်းမှာ ၄၄ ဆင့်ဟာ တရုတ်နဲ့ ဂျပန်တွေဆီက ချေးထားတဲ့ ငွေကြေးဖြစ်ပါတယ်။ အမေရိကန်က အကြမ်းဖက်မှုစစ်ဆင်ရေးလို့ ခေါ်တဲ့ စစ်ပွဲအပေါ်မှာ ဒေါ်လာ 1.283 trillion သုံးနေချိန်မှာ တရုတ်က မိတ်ဆွေသစ်ပြုလုပ်ဖို့နဲ့ ဈေးကွက်အသစ်တွေရရှိဖို့ အရင်းအမြစ်တွေ လိုက်ဝယ်နေတာပေါ့။ အိုဆာမာဘင်လာဒင် ရဲ. ပုံရိပ်ကတော့ ကောင်းကောင်းကြီး (အမေရိကန်ကို) ပြုံးကြည့်နေတော့ မှာပဲဖြစ်ပါတယ်။

     

    အာဖဂန်ကို တစပြင်-သုဿန်အင်ပါယာ လို့ နာမည်ပေါ်စေချင်တဲ့ အမေရိကန်ဟာ ခက်ထန်တဲ့ ပါရှ်တွန်လူတွေနဲ့ ဆန့်ကျင်တဲ့ မပြီးဆုံးနိုင်သော စစ်ကိုဆင်နွဲနေပါတယ်။ အထူးသဖြင့် ယခင်ဆိုဗီယတ်လေကြောင်းအခြေစိုက်ခဲ့တဲ့ ဘဂရန်နဲ့ ကန်ဒါဟာ (မြို.တွေ) ကို သူတို့ရဲ. လက်နက်အင်ပါယာဆိုင်ရာ တည်ဆောက်မှုအတွက် နည်းဗျူဟာမြောက် အာဖဂန်အဖြစ် ဝါရှင်တန်က ခြေကုတ်ယူ ထားချင်ခဲ့ပါတယ်။

     

    အမေရိကန်က ကဘူးလ်မြို.မှာ  ကမ္ဘာ့အကြီးဆုံး သံရုံးကို ဒေါ်လာ သန်း ၈၀၀ တန်ဖိုးကုန်ကျခံ တည်ဆောက်နေတယ်။ အမှုထမ်း ၁၀၀၀ အတွက် ကြေးစားစစ်သားတွေနဲ့ ဖွဲ့ထားတဲ့ စစ်တပ်အသေးလေးနဲ့ အကာအကွယ်ယူထားနိုင်ဖို့ စီစဉ်နေပါတယ်။ ဆုတ်ခွာရုပ်သိမ်းပေးမယ်ပြောပေမဲ့ အစီအစဉ်တွေက များလှပါလားနော်။

     

    အမေရိကန်ရဲ. အာဖဂန်စစ်ပွဲဟာ အခုအခါ ကမ္ဘာ့စစ်ကြီး ၂ ခု ထက် အချိန်ပိုကြာနေခဲ့ပြီ။ အာဖဂန်မှာ ယခင်အမေရိကန်အုပ်ချုပ်သူအရာရှိအဖြစ်တာဝန်ထမ်းခဲ့တဲ့ ဗိုလ်ချုပ် Stanley Mc Crystal က ပြောခဲ့တာရှိပါတယ်။ ဒါကတော့ ”အာဖဂန်နိုင်ငံအတွက် ဝါရှင်တန်ရဲ. ရှု.မြင်ချက်ဟာ ရိုးရိုးသားသား အကြောက်လွန်ခြင်းပါ” တဲ့။ ဒီအချက်ကတော့ မဖော်ပြခဲ့တဲ့ အချက်ပါ။

     

    အာဖဂန်မှာ စစ်ရှုံးခြင်းကို ရင်ဆိုင်ခြင်းအတွက် ဝါရှင်တန်က ဒီလို ပဍိပက္ခ တွေထဲကို အိန္ဒိယ ကို တွန်းသွင်းဖို့ ကြိုးစားလာခဲ့ပါတယ်။ ရမ်းကားရက်စက်တဲ့ ပရိယယ်နဲ့ မြှောက်ထိုးပင့်ကော်လုပ်ပေးမှုတွေနဲ့ မျိုးနွယ်အရှုပ်အထွေးတွေက အာဖဂန်ကို နောက်ထပ် ၁၀ စုနှစ် မနှစ်မြို.ဖွယ် သေချာဖြစ်အောင် လုပ်ကြလိမ့်ဦးမယ်။

     

    အာဖဂန်နစ္စတန်ရဲ. ၁၀ နှစ်ကြာ စစ်ပွဲ

     

    ၂၀၀၁ အောက်တိုဘာ ၇ ရက်။         ။ အမေရိကန်သမ္မတ ဂျော့ဒဘလျူဘွတ်ရှ်က ၉/၁၁ တိုက်ခိုက်ခံရမှု နောက်ကွယ်ရှိ အဖျက်သမားကွန်ယက်နဲ့ အိုစာမာဘင်လာဒင်ကို မြစ်ဖြတ် သုတ်သင်ဖို့ အာဖဂန်မှာ စစ်ငြာခဲ့တယ်။

    နိုဝင်ဘာ။       ။ ကဘူးလ်မြို.က တာလီဘန်ဆန့်ကျင်တဲ့ မြောက်ပိုင်းမဟာမိတ်တွေ လက်အောက် ကျရောက်ခဲ့တယ်။

    ဒီဇင်ဘာ။       ။ပါရှ်တန်မျိုးနွယ်စု ခေါင်းဆောင် ဟာမစ်ကာဇိုင်းကို ကြားဖြတ်အစိုးရအကြီးအမှူးလုပ်ဖို့ အာဖဂန်အုပ်စုငယ်များက သဘောတူကြတယ်။ တာလီဘန်ရဲ. နောက်ဆုံးခြေကုတ်နယ်မြေ ကန်တာဟာ မြို.ကျရှုံးတယ်။ တာလီဘန်ခေါင်းဆောင် မူလာအိုမာ အဖမ်းမခံရအောင်ရှောင်တိမ်းပြီး အိုစာမာဘင်လာဒင် ကလည်း တိုရာဗိုရာ လှိုင်းဂူတွေဆီကို ဗုံးမိုးကြဲ ဝရုန်းသုန်းကားအခြေအနေမှ လွတ်မြောက်သွားတယ်။

    ၂၀၀၂ ဇန်နဝါရီ။        ။ ပထမအကြိမ် နေတိုးအဖွဲ့ ဦးဆောင်တဲ့ နိုင်ငံတကာလုံခြုံရေးအထောက်အခံ အင်အားစုရဲ. စစ်သားတွေက တာလီဘန်ကို ခြေမှုန်းဖို့ စတင်ပါတယ်။

    ၂၀၀၃ မေ။     ။ အမေရိကန် ကာကွယ်ရေဌာန အတွင်းရေးမှူး ဒိုနယ်လ် ရမ်းဖီးလ် က အဓိက ပြောက်ကျားစစ် ပြီးဆုံးပြီ ကြေငြာတယ်။

    ၂၀၀၄ ဇန်နဝါရီ။        ။ မျိုးနွယ်စုအားလုံး စည်းလုံးညီညွတ်ရေးအတွက် ခိုင်မာအင်အားကြီး သမ္မတ စနစ် တည်ထောင်ဖို့ အခြေခံဥပဒေ ထုတ်ပြန်တယ်။

    အောက်တိုဘာ။         ။ ကာဇိုင်း ဟာ ဒီမိုကရေစီအရ ရွေးချယ်တင်မြှောက်တဲ့ ပထမဆုံး သမ္မတ ဖြစ်လာတယ်။

    ၂၀၀၅ စက်တင်ဘာ။   ။ နှစ် ၃၀ အတွင်း ပထမဆုံး ပါလီမန်ရွေးကောက်ပွဲများမှာ လူ ၆ သန်း မဲထည့်တယ်။

    ၂၀၀၆ အောက်တိုဘာ။         ။ တစ်နိုင်ငံလုံး လုံခြုံရေးကိစ္စ  နေတိုး ကတာဝန်ယူလုပ်လာတယ်။

    ၂၀၀၇-၈။       ။ အရပ်သားနဲ့ စစ်ဖက်ထိခိုက်သေကြေဒဏ်ရာရမှု မြင့်တက်လာခြင်းက စစ်တပ်ဖွဲ့တွေ တပ်စွဲ ထားတာကို ဆန့်ကျင်လာစေတယ်။

    ၂၀၀၉ ဖေဖော်ဝါရီ။    ။ တပ်ဖွဲ.ဝင်ပေါင်း ၁၇၀၀၀ ထပ်ဖြည့်ပြီး တချို.အုပ်စုတွေက် (ကိုယ့်တိုင်းပြည်ကိုယ်ပြန်သိမ်းပိုက်နိုင်ရေး) တော်လှန် တာကို အထူးဂရုတစိုက် တန်ပြန်ခုခံဖို့လုပ်တယ်။

    မတ်။   ။ အိုဘားမား က နည်းဗျူဟာ အသစ်ဖွင့်ချပြတယ်။ ပါကစ္စတန် တည်ငြိမ်ဖို့နဲ့ အာဖဂန်စ္စတန်မှာ  အောင်မြင်နိုင်ခြင်းတွေကို ဆက်စပ်ပြီး တာလီဘန်တွေတော်လှန်မှုကို တိုက်ခိုက်လိုတယ်။

    ဇူလိုင်။ ။ အမေရိကန် မရင်းတပ်ဖွဲ့က အာဖဂန်တောင်ပိုင်း စစ်ဆင်ရေးလုပ်တယ်။

    အောက်တိုဘာ။         ။ ကာဇိုင်း ထပ်အရွေးခံရပြီး တာလီဘန်ရဲ. ကျယ်ကျယ်ပြန့်ပြန့် တိုက်ခိုက်လာမှုတွေ တိုးလာတယ်။

    နိုဝင်ဘာ။       ။ နေတိုး က ၂၀၁၄ မှာ အာဖဂန်တပ်ဖွဲ့တွေကို လုံခြုံရေးချုပ်ကိုင်မှု လွှဲပြောင်းပေးမယ်လို့ အဆိုပြုတယ်။

    ၂၀၁၀ မေ။     ။ အမေရိကန် အင်အားစုကနေ ပါကစ္စတန်မှာ အိုစာမာဘင်လာဒင်ကို အသေသတ်နိုင်ခဲ့တယ်။

    ဇွန်။    ။အိုဘားမားက ၂၀၁၂ နွေရာသီ မှာ စစ်သား ၃၃၀၀၀ ရုပ်သိမ်းပေးမယ် ကြေငြာတယ်။

    စက်တင်ဘာ။  ။ ကဘူးလ်နဲ့ တာလီဘန်ကြား ငြိမ်းချမ်းရေး ကိုယ်စားလှယ် ဘဟာဒွတ်ဒင် ရဗ္ဗါနီ အသေခံဗုံးခွဲ သတ်ဖြတ်ခံရတယ်။

    အောက်တိုဘာ။         ။ ၁၀ နှစ်ပြည့် အာဖဂန်၊ ပါကစ္စတန်၊ အမေရိကန် နဲ့ သူ့မဟာမိတ်များရဲ. ဆက်သွယ်မှု ပိုပြီး အာမခံချက် မရှိဖြစ်လာကာ ငြိမ်းချမ်းရေးက ဝေးကွာတဲ့အလားအလာအဖြစ် ဆက်ရှိနေပါတယ်။

     

     

    မှတ်ချက်။       ။၂၀၁၁ခုနှစ်၊ အောက်တိုဘာ ၁၁ ရက်နေ့၊ မလေးရှားနိုင်ငံထုတ်၊ the Sun သတင်းစာ၏ စာမျက်နှာ ၁၀ ပါ၊ “Unhappy anniversary, Afgahanistan’’ By Eric S.Margolis ကို ဇေယျာမောင်မှ ဘာသာပြန်တယ်၊ တည်းဖြတ်ပေးသူ မြင့်မြတ်ချို ဖြစ်ပါတယ်။ ဆောင်းပါးရှင် http://www.ericmargolis.com/biography.aspx Eric S.Margolis  ဟာ အဓိကအားဖြင့် အရှေ.အလယ်ပိုင်းနဲ့ တောင်အာရှ အကြောင်း အများဆုံး ရေးသားသူ၊ နိုင်ငံတကာကြားဝင်ဖြန်ဖြေရေး ဆောင်းပါးရှင်အနေနဲ့ ဆုချီးမြှင့်ခံရသူဖြစ်ပါတယ်။

  • ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးကို မွတ်စလင်မ်များထံမှ သင်ယူရန် ခရစ်ယာန် ဘုန်းတော်ကြီးတိုက်တွန်း

    ဗြိတိန်နိုင်ငံရှိ ခရစ်ယာန် ဘုန်းတော်ကြီးတစ်ပါးက ဗြိတိန်မြို့ကြီးများရှိ ရွေ့ပြောင်းအခြေချ နေထိုင်ကြသော မွတ်စလင်လူနည်းစုများထံမှ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး ကို လေ့လာ သင်ယူရန် တိုက်တွန်းပြောဆိုလိုက်သည်။

    “ဒါက အကောင်းဆုံးထူးခြားတဲ့ အခွင့်အရေးပါပဲ ”ဟု ဘရက်ဒ်ဖို့ဒ် ဘုန်းတော်ကြီး Rt Rev Nick Baines က ပြောပါသည်။ ခရစ်ယာန်ဘုန်းတော်ကြီး ဓမ္မစက် သက်ရောက်ရာ ဒေသရှိ မြိုအချို့တွင်၉၅%မှာ  မွတ်စလင် များဖြစ်နေခြင်း  အပေါ် ပြဿနာတစ်ရပ် အဖြစ်မမြင်သင့် ကြောင်း ၄င်းက ဆိုသည်။်

    မြင့်တက်လာနေသောကွဲပြားခြားနားသည့် ယဉ်ကျေးမှု များက အင်္ဂလန်၏ ယုံကြည်ချက် အခြေပြုနိုင်ငံကို စည်းခတ်လာမည်ကို စိုးရိမ်းပါ ကြောင်း မကြာမီက ကျင်းပခဲ့သော Church Of England ၏ အဆင့်မြင့်ညီလာခံတွင်  သတိပေးခဲ့ပြီးနောက် ဘရက်ဒ်ဖိုဒ် ခရစ်ယာန်ဘုန်းတော်ကြီးက ယင်းသို့ တုန့်ပြန်ပြောကြားခဲ့သည်။ လူနည်းစု ယဉ်ကျေးမှု အတွင်းက မွတ်စလင် ဘ၀ ကို  သင်ယူလေ့လာရန် မွတ်စလင်တို့အား တောင်းဆိုခဲ့ပါ ကြောင်း ဘုန်းတော်ကြိးက ပြောဆိုသည်။  ဗြိတိန်၏ အကြမ်းဖက် ၀ါဒတိုက်ဖျက်ရေး ဥပဒေကြောင့် ဗြိတိန်မွတ်စလင် ၂သန်းခန့်မှာ အနေထိုင်ကျပ်တည်းလျက်ရှိနေသည်။ ဒေသခံများ၏ မွတ်စလင်များအပေါ် ခွဲခြားဆက်ဆံနေ မှုများ လည်း မြင့်တက်လာခဲ့သည်

    News@MMSY

  • နယူးဇီလန် မွတ်စလင်အမျိုးသမီးများ နီကားဘ် မျက်နှာဖုံး ၀တ်ဆင်ရန် မသင့်ကြောင်း ပါကစ္စတန် ပညာရှင် တိုက်တွန်း

    လူမွတ်စလင် လူနည်းစုအဖြစ်နေထိုင်ရာနိုင်ငံများ တွင် ရန်လိုသူ အချို့၏ နှောက်ယှက်ခြင်း မှရှောင်ရှားနိုင်ရန် နယူးဇိလန် မွတ်စလင် အမျိုးသမီးများ အနေဖြင့် (နီကားဘ် )မျက်နှာ ဖုံးအုပ် မ၀တ်ဆင် သင့်ကြောင်း နယူဇီလန်သို့ ရောက်ရှိနေသော ဗြိတိန် အခြေစိုက် ပါကစ္စတန် အစ္စလာမ့်ပညာရှင် ဒေါက်တာမုဟမ္မဒ် တွာဟီရ်အွလ်ကာဒရီက တိုက်တွန်း သွားပါသည်။

    “မျက်နှာဖုံးနီးကာဘ်းဟာ ကုရ်အာန်ကျမ်းမြတ်အရ ကို ဖရဇ်တာဝန် မဟုတ်ပါဘူး ” ဟု ၄င်းက ပြောပါသည်။နယူဇီလန်တွင် မျက်နှာဖုံး(နီကားဘ်)၀တ်ဆင်သော ကျောင်းသူတစ်ဦး အား ဘတ်စ်ကားဒရိုင်ဘာက ကားပေါ် မှ ချ ခဲ့သည့် ဖြစ်ရပ် မေလတွင် ဖြစ်ပွားခဲ့သည်။ အခြား ဖြစ်ရပ်တစ်ခု ၌ လည်း ဘတ်စ်ကားတစီးက အလားတူ မျက်နှာဖုံး နီကားဘ် ၀တ်ဆင်ထားသော မိန်းကလေးတစ်ဦးကို မျက်နှာဖုံး ဖယ်ရှားပေးရန် တောင်းဆိုခဲ့သည်။ ထိုနောက် နယူးဇီလန် နယူဆောက်ဝေး ပြည်နယ်တွင် နီကားဘ်ဖုံးဝတ်ဆင်မှုအပေါ် ဆွေးနွေးငြင်းခုံမှုများဖြစ်ပေါ်ခဲ့ရာ ဘတ်စ်ကား မှတ်တိုင်များ ၍ မျက်နှာဖုံး နီးကားဘ် ၀တ်ဆင်ထားသူများကို နီကားဘ် ဖယ်ရှားရန် တောင်းဆို ခွင့်အာဏာကို ပြီးခဲ့သော ဇူလိုင်လတွင် နယူးဆောက်ဝေး ရဲတပ်ဖွဲ့အား ပေးအပ်ခဲ့သည်။
    နယူးဇီလန်တွင်မွတ်စလင် ၄၅၀၀၀ နေထိုင်လျက်ရှိနေရာ ယင်းအနက် ၁၅၀ဦးသာမျက်နှာဖုံး နီကားဘ်ဝတ်ဆင်ကြသည်။ အစ္စလာမ့်ရှရီအဟ်တွင် မျက်နှာ ခြေလက်မှအပ ကျန်ခန္ဓာကိုယ်အစိတ်အပိုင်းများကို ဖုံးအုပ်ရန် မှာဖရဇ်တာဝန်ဖြစ်သည်။ မျက်နှာ ခြေ လက် တို့အားဖုံးအုပ်မှု အပေါ် အစ္စလာမ့်ပညာရှင် အများစုက ဖရဇ်အဖြစ် မသတ်မှတ်ထားကြချေ။ ယင်းသို့ ဖုံးအုပ်ရေးကို အမျိုးသမီးများ ကိုယ်တိုင် ရွေးချယ် ပိုင် ခွင့်ရှိသည်ဟု ယုံကြည်ကြသည်။ လူနည်းစုနိုင်ငံများတွင် နေထိုင်ကြသော မွတ်စလင်များအနေဖြင့် အစ္စလာမ့်ကျင့်သုံးမှုနှင့် မဆန့်ကျင် သမျှ နေထိုင်ရာ နိုင်ငံ့ဥပဒေကို လေးစားလိုက်နာ ရန်လိုအပ်ကြောင်း ဒေါက်တာ ကာဒရီက အခိုင်အမာဆိုပါသည်။
    နီးကာဘ်ဖုံးအုပ်ခြင်းအပေါ် ထောက်ပြခဲ့သော ဒေါက်တာ တွာဟီရ်ကာဒရီ ၏ အငြင်းပွားဖွယ်ရေးရာများကို မှတ်ချက်ပေးခဲ့သည် မှာ ပထမဆုံးအကြိမ် မဟုတ်ချေ။ ပြီးခဲ့သောနှစ် မေလတွင်လည်း အပြစ်မဲ့ ပြည်သူများအပေါ် အသေ ခံဗုံးခွဲ တိုက်ခိုက်ခြင်း များသည် အစ္စလာမ့်အနှစ်သာရနှင့် ဖီလာကန့်လန်ဖြစ်ကြောင်း ထောက်ပြ ဝေဖန်ခဲ့သေး သည်။ ဒေါက်တာ တွာဟီရ်ကာဒရီ သည် အစ္စ လာမ် ကြောက်ရောဂါကိုဖြေရှင်းတိုက်ဖျက်ရေးတွင် အင်တာဖိတ် ဒိုင်ယာလော့များ မြင့်တင် ရေးကို အထူးအာရုံစိုက်နေသူသည့် အာလင်မ်တစ်ဦးလည်းဖြစ်သည်။ လွန်ခဲ့သောနှစ်တွင် ၄င်းက အကြမ်းဖတ် ၀ါဒနှင့် အလ်ကိုင်ဒါ အတွေးအခေါ်ကို ပြစ်တင်ရှုတ်ချ သည့် ဓမ္မသတ် တစ်စောင်ထုတ်ပြန်ခဲ့သေးသည်။
    onislam