News @ M-Media

Category: နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်းများ

  • အစ္စရေးအထိ ပစ်ခတ်နိုင်သောဒုံးကျည်များ အီရန်အောင်မြင်စွာစမ်းသပ်ပစ်လွတ်

    နျူကလီးယားလက်နက်ထုတ်လုပ်ရန် ကြိုးပမ်းလျက်ရှိခြင်းကြောင့် နိုင်ငံတကာ၏ ဖိအားပေးမှုခံနေရသော အီရန်နိုင်ငံတွင် အစ္စရေးနှင့်အရှေ့အလယ်ပိုင်းရှိ အမေရိကန်စစ်အခြေစိုက်စခန်းများကို ပစ်ခတ်နိုင်သော ဒုံးကျည်အပါအဝင် ဒုံးကျည် ၁၄ခုကိုအောင်မြင်စွာ စမ်းသပ်ပစ်လွှတ်နိုင်ခဲ့ကြောင်း အီရန်အစိုးရပိုင် Press TV တွင် ဖော်ပြထားချက်ကို ကိုးကား၍ ဆင်ဟွာသတင်းက ဖော်ပြထားသည်။

    အီရန်အောင်မြင်စွာစမ်းသပ်ပစ်လွှတ်နိုင်ခဲ့သော ဒုံးကျည်များမှာ Zelzal, Shahab-1, Shahab-2, Shahab-3 တာတို၊ တာလတ်နှင့် တာဝေးပစ်ဒုံးကျည်များပါဝင်သည်။

    ထို့ပြင် အီရန်တွင်ပြုလုပ်လျက်ရှိသော အဆိုပါစစ်ရေးလေ့ကျင့်မှုတွင် ယင်းဒုံးကျည်များ သိမ်းဆည်းထားရှိရာ မြေအောက်ခန်းကိုလည်း ထုတ်လွင့်ပြသသွားခဲ့သည်။

    အရှေ့အလယ်ပိုင်းဒေသတွင်းနိုင်ငံများအနေဖြင့် မိမိနိုင်ငံကို ကာကွယ်နိုင်စွမ်းအပြည့်အဝရှိမည်ဆိုပါက ဇီယွန်ဝါဒီအစ္စရေးများအနေဖြင့် ၄င်းတို့ကို ကျူးကျော်တိုက်ခိုက်ရဲမည်မဟုတ်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီး ဌာနပြောခွင့်ရ ပုဂ္ဂိုလ် Ramin Mehmanparast ကဆိုသည်။

    Credit _The Voice Journal

  • လစ်ဗျား အခင်းအကျင်းသစ် နှင့် အစ္စလာမ့် ပြန်လည်နိုးထမှု

    အာဏာရှင် ကဒါဖီလက်ထက် လစ်ဗျား၌ အစ္စလာမ် အား ဆယ်စုနှစ်များစွာတိုင် အကန့်အသတ်ဖြင့် ထားရှိခဲ့ရာမှ လစ်ဗျား လွတ်မြောက်ရေးလှုပ်ရှားသူများ ထိန်းချုပ်ရာ ဘင်ဂါဇီ အပါအ၀င် အရှေ့ပိုင်းဒေသများ ၌ အစ္စလာမ်ပြန်လည် နိုးထလာမှုကို မြင်တွေ့လာရပြီဖြစ်သည်။ လစ်ဗျားအာဏာရှင် ကဒါဖီ က ၄င်း လွတ်မြောက်ရေးလှုပ်ရှားသူများ မှာ အလ်ကိုင်ဒါ အနွယ်ဝင် အစွန်းရောက်သူများဟု အနောက်တိုင်း မီဒီယာများသို့ ၀ါဒဖြန့် ထားသော်လည်း အရှေ့ပိုင်း လစ်ဗျား ရှိ ပညာရှင်များက အစွန်းရောက် ဘာသာရေးဟန် အား အမြစ်တွယ်ခွင့်ပေးမည် မဟုတ်ကြောင်း ပြန်လည် ရှင်း လင်း ပြောဆိုထားသည်။

    ကဒါဖီ ဆန့်ကျင်ရေး လှုပ်ရှားသူများ အရှေ့ပိုင်းဒေသအား ထိန်းချုပ်ခဲ့ ချိန်မှ စ၍ ကဒါဖီလက်ထက် က အထိန်းချုပ်ခံ အစ္စလာမ်ပုံစံမှာ ယင်း ဒေသများ၌ သမိုင်းဖြစ်ရပ်သာ ဖြစ်သွားခဲ့ပါသည်။ အကယ်၍ ကဒါဖီ မှ အာဏာလက်လွတ်ခဲ့ပါက လစ်ဗျားရှိ အစ္စလာမ့်အခန်းကဏ္ဍမှာ ပိုမို ကျယ်ပြန့်လာမည်ဟု အစ္စလာမ့် အရေးလေ့လာသူများက သုံးသပ်ထားသည်။ ဆိုရှယ် လစ် စတိုင်အရောင်သွင်းထားသော ဟန်ပန်သစ် အစ္စလာမ် အား ကျင့်သုံးသူ ကဒါဖီ လက်ထက်၌ နိုင်ငံရေး ဆက်နွယ်သော အစ္စလာမ့် ကျင့်သုံးမှု များအား (more…)

  • ဗြိတိသျှ မွတ်စ်လင်မ် အမျိုးသမီးများ၏ “အကြမ်းဖက်မှုများအား ဆန့်ကျင်သည့် ဂျီဟာဒ်”

    ဂျီဟဒ်အပေါ်လွဲမှားသည့် ထင်မြင်ယူဆချက်များအား ရှင်းလင်းရန် ရည်ရွယ်ချက်ဖြင့် ဗြိတိသျှမွတ်စလင်မ်အမျိုးသမီး တဖွဲ့က အကြမ်းဖက်မှု နှင့် အိမ်တွင်းမတရားမှုမျိုးစုံအား တွန်းလှန်ရန် Campaign စည်းရုံးလှုံ့ဆော်မှုအသစ်တခုအား စတင်မည်ဟု သိရပါတယ်။

    “အကြမ်းဖက်မှုအား ဆန့်ကျင်သည့် ဂျီဟာဒ် အား လူတွေက ဝိရောဓိစကားလုံးအဖြစ် ထင်နေကြပါတယ်။ တကယ်တော့ ကျွန်မတို့ ဂျီဟာဒ်ဟာ ငြိမ်းချမ်းရေးအတွက်ပါ” ဟု Campaign စည်းရုံးလှုပ်ဆော်မှု ဒါရိုက်တာ Sara Khan က The Guardian သတင်းစာကို ဂျွန်လ ၆ ရက်နေ့က ပြောခဲ့ပါတယ်။

    အကြမ်းဖက်မှုများအား ဆန့်ကျင့်သည့် ဂျီဟာဒ်” ဟု အမည်ပေးထားသည့် Campaign ကို တနင်္ဂနွေနေ့က စတင်ခဲ့ပြီး အကြမ်းဖက်မှု မျိုးစုံကို တွန်းလှန်ရန် ရည်ရွယ်ကြောင်း သိရပါတယ်။

    အဲဒီ Campaign က Terrorism အကြမ်းဖက်မှု၊ အိမ်တွင်းမတရားဖိနှိပ်မှု၊ အစ္စလာမ့်တရားတော်အား လက်တလုံးခြား ခုတုံးလုပ်ကာ ပြစ်မှုကျူးလွန်မှုများ စတဲ့ ရာဇဝတ်မှုတွေ ချေမှုန်းဖို့ အဓိကထား ရည်ရွယ်ပါတယ်။

    အမျိုးသမီးများအား တန်ဖိုးထားသည့် အစ္စလာမ့်တရားတော်များအား အလေးထားကာ အမျိုးသမီးများအား နှိပ်စက်မှုများအား ရပ်တန်းကရပ်ရန်နှင့် မြင့်မြတ်တဲ့ အစ္စလာမ့်လမ်းညွှန်ချက်များအား ပြန်လည်ထိန်းသိမ်းရန် အမျိုးသားများအား လှုံ့ဆော်သွားခြင်းကို  ဒီ Campaign အသစ်က လုပ်ဆောင်သွားမည်ဖြစ်သည်။

    “အစ္စလာမ်ဟာ အကြမ်းဖက်မှုအားလုံးနှင့် အမျိုးသမီးများအား ဖိနှိပ်မှုများနှင့် ထပ်တူထပ်မျှဖြစ်လာနေပါပြီ” ဟု Khan ကပြောခဲ့သည်။

    “ကျွန်မတို့ သာသနာကို အကြမ်းဖက်မှုတွေလုပ်ဆောင်ဖို့ အသုံးချနေတာကို ကျွန်မတို့ ဘာမှမပြောပဲ ငြိမ်နေလို့ရတယ်လို့ ကျွန်မတို့ထင်ခဲ့ကြပါတယ်”

    အကြမ်းဖက်မှုများအား ဆန့်ကျင်သည့် ဂျီဟာဒ်” Campaign သည် ကမ္ဘာ့မွတ်စ်လင်မ်အမျိုးသမီးများရှုရာကောင်စီ၏ အစီအစဉ်တခုဖြစ်သည့် အမေရိကန်မွတ်စလင် မြှင့်မှုများ ကဏ္ဍမှ အခြေခံလာခြင်းဖြစ်ပါသည်။

    ဗြိသိသျှမွတ်စလင်အမျိုးသမီးများ၏ လုပ်ပိုင်ခွင့်များချပေးရန် လုပ်ဆောင်စဉ် ၎င်းတို့ “ယဉ်ကျေးမှု ရာဇဝတ်များ” ဟု ခေါ်တွင်သည့် မမှန်ကန်မှုများအား ပြင်ဆင်မည့် စည်းရုံးလှုံ့ဆော်ရေးအား ၂၀၀၉ ခုနှစ်မှာ စတင်ခဲ့တာ ဖြစ်ပါသည်။

    အကြမ်းဖက်မှု မရှိစေရ

    စည်းရုံးရေးလှုပ်ရှားသူများက သူတို့ရဲ့ ပထမဆုံးရည်မှန်းချက်ဟာ အကြမ်းဖက် terrorist များ ခိုးယူသုံးစွဲခဲ့သည့် “ဂျီဟာဒ်” ဆိုသည့် အသုံးအနှုံးအား ပြန်လည်ထိန်းသိမ်းရန် ဖြစ်သည်ဟု သိရပါသည်။

    “ဂျီဟာဒ် အား ကမ္ဘာပေါ်ရှိ အစွန်းရောက်ဝါဒီများက အကြမ်းဖက်မှုများ လုပ်ဆောင်ရန် ထင်ယောင်ထင်မှားပြုလုပ်မှုများအား ကျွန်တော်တို့ စိတ်ပျက်နေပါပြီ” ဟု သူတို့၏ အင်တာနက်ဝဘ်ဆိုဒ်ပေါ်တွင် အဖွဲ့ကဖော်ပြခဲ့ပါသည်။

    “အစွန်းရောက်တွေက အလေးအမြတ်ထားစရာ အစ္စလာမ့် တရားတော်များအား သူတို့ရဲ့ လူသားတွေအပေါ် ဆိုးယုတ်တဲ့အပြုအမှုတွေပြုလုပ်ဖို့ တလွဲအသုံးချနေတာတွေကို မွတ်စလင်မ် အဖွဲ့အစည်းတွေနဲ့ ခေါင်းဆောင်တွေက တိတ်ဆိတ်မနေဖို့ ကျွန်မတို့တိုက်တွန်းပါတယ်”

    အစ္စလာမ့်သာသနာ့ပညာရှင်များက ကုရ်အာန်ကဖော်ပြသည့် ဂျီဟာဒ်ဆိုသည်မှာ မတရားမှုများအား ဖယ်ရှားရန်နှင့် ကောင်းမှုလုပ်ရန် “ရုန်းကန်ခြင်း” ဟု အကြိမ်ကြိမ်တိကျစွာ ကြေငြာခဲ့ပါသည်။

    “ဂျီဟာဒ်” ဆိုသည့်စကားလုံးအား စက်တင်ဘာ ၁၁ အကြမ်းဖက်မှုနောက်ပိုင်းတွင် ဘာသာရေးစစ်ပွဲအဖြစ် အသုံးများလာကြသည်။

    တဆူတည်းဘုရားအားကိုးကွယ်သော ဘာသာရေးသုံးခုလုံး၏ နာမည်ကြီး ဗြိတိသျှ စာရေးဆရာ Karen Armstrong ကလည်း အာရဗီစကားလုံး “ဂျီဟာဒ်” အား ဘာသာရေးစစ်ပွဲဟု အဓိပ္ပါယ်ဖွင့်ဆိုခြင်းအား ဝေဖန်ခဲ့သည်။

    ဘိုင်ဇင်တိုင်းဧကရာဇ်တစ်ပါး ပြောကြားခဲ့သည့် “အစ္စလာမ် အားဓားမိုး၍ ဖြန့်ချီခဲ့သည်” ဟူသော အချက်ကို ကိုးကား၍ အစ္စလာမ့်ဂျိဟားဒ် သဘောတရားအပေါ် မေးခွန်းထုတ်ခဲ့ခြင်းအားဖြင့် ပုပ်ရဟန်းမင်းကြီး Benedict XVI သည် နိုင်ငံတကာဝေဖန်မှုတို့အားခံခဲ့ရလေသည်။

    ဗြိတိသျှနိုင်ငံသည် ၂ သန်းခန့်မျှသော မွတ်စလင်မ် လူနည်းစုနေထိုင်ရာဖြစ်ပြီး ဂျူလိုင် ၇ အကြမ်းဖက်မှုများနောက်ပိုင်း အကြမ်းဖက်မှုအားတုန့်ပြန်သည့် ဥပဒေများ၏ ဒဏ်ကိုအပြည့်အဝခံစားနေရသည်။

    မွတ်စလင်မ်ဖြစ်ခြင်းကလွဲလို့ မည့်သည့်အကြောင်းပြချက်မှ မရှိပဲ ရဲများ၏ မတရားမမျှတစွာ ပြုမူမှုများကို အကြိမ်ပေါင်းများစွာ ခံနေရကြောင်း တိုင်ကြားခဲ့ကြရသည်။

    Financial Times ပြည်သူ့အထင်အမြင် ခံယူပွဲတစ်ခုက ဗြိတိန်ဟာ မွတ်စလင်မ်များကို သံသယအဖြစ်ဆုံးနိုင်ငံတခုဖြစ်သည်ဟု ဖော်ပြခဲ့ပါသည်။

    MMSY အွန်လိုင်းက မွတ်စလင် သတင်းဘာသာပြန်ရအောင် ကဏ္ဍတွင် onislam မှ ယူဘာသာပြန်သည်။

  • နေတိုးတပ်ဖွဲ့ လေကြောင်းတိုက်ခိုက်မှု အာဖဂန် အရပ်သား ၁၄ ဦးသေဆုံး

    Source VOA

    နေတိုးတပ်ဖွဲ့တွေရဲ့ လေကြောင်းတိုက်ခိုက်မှု တခုကြောင့် အာဖဂန်နစ္စတန်နိုင်ငံမှာ အရပ်သူ အရပ်သား ၁၄ ဦး သေဆုံးခဲ့ရတယ်လို့ အာဖဂန်တောင်ပိုင်း အရာရှိတွေက ပြောပါတယ်။ သေဆုံးခဲ့ရသူ အားလုံးဟာ အမျိုးသမီးနဲ့ ကလေးငယ်တွေချည်းပဲလို့ ဆိုပါတယ်။

    အဲဒီတိုက်ခိုက်မှုဟာ ဟယ်လ်မန် (Helmand) ခရိုင်မှာ ဒီနေ့ ဖြစ်ပွားခဲ့တာပါ။ လူ ၆ ဦးလည်း ဒဏ်ရာတွေ ရခဲ့တယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။

    နေတိုးတပ်ဖွဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် လူနေအိမ် ၂ လုံး ထိမှန် ပျက်စီးခဲ့ရပြီး အဲဒီမှာ အမျိုးသမီး ၂ ဦးနဲ့ မိန်းကလေး ၅ ဦး၊ ယောက်ျားလေး ၇ ဦး သေဆုံးခဲ့ရတယ်လို့ ပြည်နယ် အုပ်ချုပ်ရေးမှူးရုံးက အရာရှိက ဆိုပါတယ်။

    နေတိုးတပ်ဖွဲ့တွေရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်ကတော့ အရပ်သူ အရပ်သားတွေ သေဆုံးမှုနဲ့ သက်ဆိုင်တဲ့ သတင်းတွေကို သူတို့သိနေတယ်၊ တိုက်ခိုက်ခံခဲ့ရတဲ့ နေရာကို ပူးတွဲကူညီရေး အဖွဲ့တခု စေလွှတ်ထားပြီး ထပ်ပြီး သိရှိရတဲ့ သတင်း အချက်အလက်တွေကို မကြာခင်မှာ အသိပေး ထုတ်ပြန်မယ်လို့ ဆိုပါတယ်။ (more…)

  • ပါကစ္စတန် သမ္မတဟောင်း မူရှာရက်ဖ် အိုဘားမားကို ဝေဖန်

    မူရင်း BBC

    ပါကစ္စတန် နိုင်ငံရဲ့ အယ်လ်ခိုင်းယီးဒါးနဲ့ တာလီဘန် သူပုန်တွေကို တိုက်ခိုက်နှိမ်နင်းမှု အပေါ်မှာ အမေရိကန်က ဝင်ရောက် စီမံချယ်လှယ် နေတာကို ရပ်ဖို့ သင့်ပြီလို့ ပါကစ္စတန် သမ္မတဟောင်း အငြိမ်းစား ဗိုလ်ချုပ်ကြီး ပါဗက်ဇ် မူရှာရက်ဖ်က ဘီဘီစီနဲ့ အင်တာဗျူးမှာ ပြောလိုက်ပါတယ်။

    ဗိုလ်ချုပ်ကြီး မူရှာရက်ဖ်ဟာ အာဏာရှိစဉ်ကရော အခုအာဏာ လက်မဲ့ ကာလမှာပါ စကားလုံးသိပ်ရွေးချယ်မနေဘဲ ပြောချင်ရာကို ဘွင်းဘွင်း ပြောတတ်သူ တယောက် အဖြစ် နဲ့ လူသိများသူ ဖြစ်ပါတယ်။

    အခုတော့ သူက သမ္မတ အိုဘားမားကို ဝေဖန်လိုက်ပါတယ်။ သမ္မတ အိုဘားမားက အိုစမာဘင်လာဒင်ကို ပါကစ္စတန်နိုင်ငံထဲ ဝင်ပြီး သုတ်သင်လိုက်တဲ့ အခြေအနေမျိုးနဲ့ အလားတူ အခြေအနေတရပ် နောက်နောင်မှာ ပေါ်ပေါက်လာမယ်ဆိုရင်လည်း သူ့အနေနဲ့ နောက်ထပ် အလားတူ လှိျု့ဝှက်စစ်ဆင်ရေးမျိုး ထပ်လုပ်ဦးမှာပဲလို့ ပြောတာဟာ မောက်မောက်မာမာနဲ့ မထေမဲ့မြင်ပြောတဲ့စကားလို ဘီဘီစီနဲ့ အင်တာဗျူးမှာ ပြောဆိုဝေဖန်လိုက်ပါတယ်။

    မစ္စတာ အိုဘားမားအနေနဲ့ ပါကစ္စတန်နိုင်ငံရဲ့ အချုပ်အချာအာဏာ ပြဿနာဟာ အကဲဆတ်တဲ့ ပြဿနာဆိုတာကို နားလည်ဖို့ လိုတယ်လို့ ဆိုပါတယ်။

    သူ့အနေနဲ့ ပါကစ္စတန်နိုင်ငံအတွင်းမှာ ဂယက်ရိုက်နေတဲ့ အချုပ်အချာ အာဏာနဲ့ ပတ်သက်တဲ့ ပြဿနာကို သတိမပြုမိလို့ ဖြစ်ချင်လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အမေရိကန်အနေနဲ့ အမေရိကန် သမ္မတ တယောက်အနေနဲ့ ပါကစ္စတန်မှာ ဒီပြဿနာ သိပ်အကဲဆတ်နေတယ်ဆိုတာကို နားလည်ရပါမယ်။

    တကယ်တန်း သူ့အနေနဲ့ ဒီလို မထေမဲ့မြင် သဘောထားနဲ့ လုပ်ခဲ့တယ်ထားဦး၊ အနည်းဆုံးတော့ ဘာမှ မပြောဘဲ တိတ်တိတ်နေဖို့ ကောင်းတယ်။ ဒီလိုစကားမျိုးပြောပြီး ဘာ့ကြောင့် ပါကစ္စတန်ပြည်သူတွေကို ဆွပေးချင်ရတာလဲ။

    ဘာ့ကြောင့် ပါကစ္စတန် အစိုးရရဲ့ သိက္ခာကို ချချင်ရတာလဲ လို့ ပြောပါတယ်။

    ဒါ့အပြင် အမေရိကန်အနေနဲ့ ပါကစ္စတန်ဟာ စစ်သွေးကြွတွေကို ဘယ်လို တိုက်ခိုက်ရမယ်ဆိုပြီးပြောနေတာတွေကိုလည်း ရပ်ဆိုင်းရမယ်လို့ သူကဆိုပါတယ်။

    အသေးစိတ် နည်းပရိယာယ်ပိုင်း မှာပါ လိုက်ပြီး ဝင်ရောက် စီမံခန့်ခွဲနေမျိုး မလုပ်ရဘူး။ ပါကစ္စတန်ဟာ သူတို့နဲ့ အတူ အယ်လ် ခိုင်းယီးဒါးနဲ့ တာလီဘန်ကို တိုက်ခိုက်နေသူဖြစ်တယ်ဆိုတဲ့ သေနင်္ဂဗျူဟာ အရ နားလည် သဘောပေါက်ပေးတဲ့ အဆင့်မှာ သူတို့ဟာ သူတို့ကိုယ်သူတို့ ထိန်းချုပ်နိုင်ဖို့ လိုတယ်လို့ ပြောပါတယ်။

    ပါကစ္စတန်ကလည်း ဝါဇီရဇ္ဇတန်မြောက်ပိုင်းမှာ သူတို့အနေနဲ့ စစ်သွေးကြွတွေကို ထိထိရောက်ရောက်ကိုင်တွယ်မှု မရှိဘူးလို့ စွပ်စွဲကြတာနဲ့ ပတ်သက်ပြီး သူတို့အနေနဲ့ ဘယ်လို ဗျူဟာကြောင့် အဲသလို ဖြစ်ရတယ်ဆိုတာကို အမေရိကန်နဲ့ ကမ္ဘာက နားလည်အောင် ရှင်းပြသင့်တယ်လို့ ဆိုပါတယ်။