News @ M-Media

Category: နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်းများ

  • ထိပ်တန်းအလှူရှင်နိုင်ငံများ တွင်ဆော်ဒီအာရေးဘီးယား ပါဝင်နေ

    ထိပ်တန်းအလှူရှင်နိုင်ငံများ တွင်ဆော်ဒီအာရေးဘီးယား ပါဝင်နေ

    လူသားချင်းစာနာ ထောက်ပံ့ကူညီပေးရေး ကဏ္ဍတွင် အားတက်သရောကူညီပေးနေသည့် နိုင်ငံများတွင် ဆော်ဒီအာရေးဘီယားနိုင်ငံသည် ရှေ့ဆုံးက ဆောင်ရွက် နေကြောင်း Islamic Relief အထွေထွေအတွင်းရေးမှူး Adnan Khalil Basha. ကပြောဆိုလိုက်ပါသည်။ ကုလသမဂ္ဂရဲ့အစီရင်စာတွေအရလွန်ခဲ့တဲ့နှစ်က
    နိုင်ငံဝင်ငွေ ရဲ့ ၁.၉%ကို ကမ္ဘာ့လူမှုကူညီရေးလုပ်ငန်တွေမှာပေးလှူသုံးစွဲခဲ့တယ် ”ဟု မဒိနာတွင်ကျင်းပခဲ့သော ၀ိုင်းဝန်အဖြေရှာမွတ်စလင်ရေးရာ ညီလာခံ တွင်ပြော ကြားခဲ့ သည်။ အဆိုပါညီလာခံအား မဒီနာအစ္စလာမ်တက္ကသိုလ်နှင့် ဘုရင်အဗ္ဗဒူအဇိဇ်းသုတေသနဖောင်ဒေရှင်း တို့မှပူးတွဲကျင်းပခြင်းဖြစ်သည်။ (more…)

  • ယခုနှစ် ဟာဂ်ျတွင် Saudi Civil Defense မှ telecommunication သုံး၍ ဟာဂျီများ ဘေးကင်းရေး ဆောင်ရွက်ခဲ့

    ယခုနှစ် ဟဂ်ျရာသီတွင် လူဦးရေ အင်မတန်မှ များပြားသည့်အတွက် ဆော်ဒီအစိုးရ၏ Civil Defense(998) မှ ဟာဂျီများအား ဖုန်းများသို့ message များပို့ခြင်းဖြင့် ဘေးရန်ကင်းရှင်းရေးကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။ ဆော်ဒီနိုင်ငံ၏ အဓိက ဖုန်းကုမ္ပဏီကြီးဖြစ်သော mobily ၏ hajj package များကို ဝယ်ယူသော ဟာဂျီများသို့ ဖုန်းများဖြင့် တိုက်ရိုက် message ပေးပို့ခြင်းဖြင့် ဘေးကင်းစေရန်ဆောင်ရွက်ခဲ့ရကြောင်းသိရသည်။ ထို့အပြင် အခြားသော ကုမ္ပဏီကြီးများဖြစ်သည့် Zain, Go, STC ၏ package များသို့လည်း ပေးပို့ခဲ့ကြောင်းသိရသည်။ ပထမဦးဆုံးသော သောကြာ စုပေါင်းဝတ်ပြုပွဲတွင် လူအများဆုံး လာရောက်သော မက္ကာဟ်ဟရမ် ပရဝဏ်တွင် ဝတ်ပြုချိန်မတိုင်မီ ၂ နာရီခန့် ကတည်းကပင် နေရာပြည့်သွားသည့်အတွက် Civ-DEF အမည်ဖြင့် ‘Dear pilgrim, Civil defense is warring that Makkah Holy Mosque (AlHaram) is full. For your safety, please divert to another near mosque.’ ဖြင့် စာပို့ပြီး အနီးစပ်ဆုံးသော ဝတ်ကျောင်းတော်များသို့ ပြောင်းလဲ သွားရောက်စေခဲ့ပါသည်။

    ထို့အပြင် ဟာဂ်ျ ၅ရက်၏ ၃ရက်မြောက်နေ့ဖြစ်သော တဝါးဖလ်ဇေယာရသ် နေ့တွင်လည်း ‘Dear pilgrim, Due to heavy crowded, it may not be possible to reach the holy mosque (alharam). For your safety, we advice to stay at your accommodation place.’ ဟုရေးသားထားသော message ကိုလည်း haj package များသို့ တိုက်ရိုက်ပေးပို့ခြင်းဖြင့် ရှောင်ရှားစေခဲ့ပါသည်။

    နောက်တစ်ရက်ဖြစ်သော ၄ရက်မြောက်နေ့တွင်လည်း သဲမုန်တိုင်းတိုက်ခြင်း၊ မိုးဆုတောင်းထားခြင်းကြောင့် မိုးရွာခြင်း အစရှိသည်တို့ ဖြစ်ပေါ်လာသည့်အတွက်လည်း ‘Civil defense is warning pilgrims for the possibility of heavy rain. For your safety please take extra precaution and avoid flooded areas and climbing mountains’ ဟုရေးသားကာ ထပ်မံတားမြစ်ပြီး နေစေပါသည်။

    ဆော်ဒီအစိုးရမှလည်း ယခုနှစ်တွင် ဟာဂျီများ ဖုန်းလက်ခံမှု အဆင်ပြေ ချောမွေ့စေရန် တာဝါတိုင်ပေါင်း ၁၀၀၀ အားထပ်မံ တပ်ဆင်ပေးခဲ့ပြီးဖြစ်ကြောင်း အင်တာနက်မှ သတင်းများအရ သိရှိရသည်။ ထိုနည်းတူစွာ ယခုနှစ်လာရောက်ခဲ့သော ဟာဂျီများ၏ ပမာဏသည် ၁.၈ သန်းမှ ၂.၇ သန်းထိ တိုးတက်လာခဲ့သည်ဟု Saudi gazette မှ ဖော်ပြထားပါသည်။ သို့သော် ယင်းပမာဏမှာ အစိုးရထံသို့ တရားဝင် ငွေသွင်း၍ ဝင်ရောက်လာခဲ့သော ပမာဏဖြစ်သောကြောင့် အခြားသော ဝင်ရောက်မှုများကို အတိအကျမသိရှိနိုင်ပေ။ ယမန်နှစ် တွက်ချက်မှုများအရ လူပေါင်း ၃ သန်းကျော်ရှိရာ ယခုနှစ်တွင် လူပေါင်း ၆ သန်းအထက်တွင်ရှိနိုင်သည်ဟု ခန့်မှန်းကြသည်။

  • မွတ်စလင်ဝန်ထမ်း များအား အတင်းအကျပ် ၀က်သားစားခိုင်းသော ထိုင်ဝမ်လုပ်ငန်းရှင် ထောင်ဒဏ်ချမှတ်ခံရ

    ထိုင်ဝမ်မွတ်စလင်များနှင့်ရွှေ့ပြောင်းမွတ်စလင်လုပ်သားများ အား ထိုင်ဝမ် လုပ်ငန်းခွင်များတွင် အတင်းအကျပ် ၀က်သား စားသုံးစေခိုင်းမှု များဖြစ်ပွားခဲ့ပြီး နောက်ပိုင်း ထိုင်ဝမ်အာဏာပိုင်များက ရုပ်သံလိုင်းများတွင် ယင်းသို့ ပြုမှုမပြုရန် အပြင်းအထန် သတိပေးခဲ့ကြောင်း monstersandcritics သတင်းတစ်ရပ်တွင်ဖေါ်ပြထားသည်။

    ထိုင်ဝမ်အလုပ်သမားကောင်စီ၏ ပံပိုးမှုဖြင့် ထုတ်လွှင့်သော The TV ရုပ်သံ ၏  ပညာပေးဇတ်လမ်းတွင်လည်း ထိုင်ဝမ်တွင် အလုပ်လုပ်နေသူ အင်ဒိုအမျိုးသမီး လေးနှင့်ထိုင်ဝမ်မိသားစုအကြားက နွေးထွေးသော ဆက်ဆံ ရေး ကို ဇတ်အိမ်အဖြစ်အခြေခံထားတင်ပြထားသည်။ ယင်းပညာပေးဇတ်လမ်းတွင် အစ္စလာမ်တရားတော်အရ စားသုံး၇န် တားမြစ်ထား သဖြင့် ၀က်သားအား ၀န်ထမ်း အလုပ်သမားများ ကို စားသုံး စေခိုင်းခြင်း မပြုသင့်ကြောင်း အလုပ်ပတ်ရက်  ဆွလာသ်ဝတ်ပြုချိန် များတွင် မတ်စ်ဂျိဒ်သို့ သွားခွင့်ပြု သင့်ကြောင်း၊ စသည့် အပြန်အလှန်လေးစားမှု၊တရားမျှတမှု၊ လူ့အခွင့်အရေး စသည်တန်ဖို့များကို အသားပေး တင်ပြ ထားသည်။

    ဤသို့ သောပညာပေး ဇတ်ကားများ ထုတ်လွင့်ပြ သခဲ့ခြင်းအပေါ် ထိုင်ဝမ်တရုတ်မွတ်စလင်အသင်းကလည်း ကြိုဆိုခဲ့ပြီး သဟ ဇာ တဖြစ်မှု နှင့် ကွဲပြားသော ဘာသာတရားများအကြား လေးစားမှုကိုမီးမောင်းထိုးပြသော ဇတ်ကားဖြစ်ကြောင်း ပြောကြားခဲ့သည်။ လွန်ခဲ့သော သြဂုတ်လ၂၇ရက်နေပတွင် အးကာစားကုမ္ပဏီပိုင်ရှင်ဖြစ်သူကမွတ်စလင် ၀န်ထမ်းသုံးဦးအား အဓ္ဓမ ၀က်သားစား သုံးစေခိုင်းခြင်း ဖြစ်ပွား ခဲ့သည်။ ထို့နောက်ထိုင်ဝမ်တရားရုံးက ကုမ္ပဏီပိုင်ရှင်အားထောင်ဒဏ်ခြောက်လအပြစ်ပေးခဲ့သည်။ ထို့ပြင် ဖတ်ရှင် ကုမ္ပ ဏီ တစ်ခု က လည်း မွတ်စလင်အမျိုးသမီးငယ်တစ်ဦးအား ၇လတိုင်တိုင် ၀က်သားစားသုံးရန်စေခိုင်းခဲ့ပြီး ငြင်းဆန်ပါက တစ်နေ့လျှင် ထိုင်ဝမ် ဒေါ်လာ ၅၀၀ ဒဏ်ရိုက်မည်ဟုခြိမ်းခြောက်ခဲ့သည်။

  • ၀ီကီလိခ်တည်ထောင်သူ ဂျူလီယန် အက်ဆိန်ဂ်ျ ၊ လန်ဒန်၌ အာမခံရသော်လည်း ပြန်လွှတ်ပေးရေးကြန့်ကြာနေဦးမည်။

    ဂျူလီယန်အက်ဆိန်ဂ်ျအနေဖြင့် ပေါင် ၂ သိန်း ၄ သောင်းဖြင့် အခြားအချက်များကြားခံ၍ အာမခံရပြီဖြစ်သည်။ ထိုအာမခံကို ဆွီဒင်ရဲဋ္ဌာနက ပေးခဲ့သော်လည်း သူ့အနေဖြင့် အယူခံကို ချက်ချင်းရရှိမည်မဟုတ်သေးဘဲ ထောင်ထဲတွင်သာ ဆက်လက်နေထိုင်ရဦးမည်ဖြစ်သည်။

    ဂျူလီယန်အနေဖြင့် ယခုနှစ်အစောပိုင်းက အမျိုးသမီးနှစ်ဦးအား ကာယိနြေ္ဒပျက်ပျားစေရန် ကျူးလွန်ခဲ့သည်ဟု ဆွီဒင်တရားရုံး၏စွပ်စွဲချက်ကို တစ်စုံတစ်ရာဝန်ခံချက်ပေးရန် ငြင်းဆိုတိုက်ပွဲဝင်နေဆဲဖြစ်သည်။

    ဂျူလီယန်၏ အာမခံစစ်ဆေးကြားနာမှုကို ပြုနေစဉ် သတင်းထောင်များ ၊ ဂျူလီယန်အားထောက်ခံသူများနှင့် ဆန္ဒပြသူအများအပြားတို့သည် ၀က်စ်မင်စတာ မာဂျိစ်ထရာတီးစ် တရားရုံးအပြင်ဘက်တွင် စုရုံးရောက်ရှိနေကြပြီး တရားရုံးအတွင်းရှိ ဂျာနယ်လစ်များကို တွီတာ၌ တိုက်ရိုက်သတင်းဖော်ပြရန် တရားရုံးက ခွင့်ပြုခဲ့သည်။ (more…)

  • အိုဘာမား မွတ်စလင် ဖြစ်ရေး အဘွားဖြစ်သူ ဟဂ်ျခရီးစဉ်တွင်ဒိုအာ တောင်း

    အမေရိကန်သမ္မတအိုဘာမား၏ အဘွားဖြစ်သူ ယခုနှစ်တွင် မက္ကာမြို့သို့သွားရောက် ဟဂ်ျပြုခဲ့စဉ်အတွင်း သူ၏မြေးဖြစ်သူ မစ္စတာအိုဘာမား အစ္စလာမ်သာသနာအားလက်ခံ ရန် အလ္လဟ်အရှင်မြတ်ထံတွင် ဆုတောင်းခဲ့ကြောင်း ဆော်ဒီ သတင်းစာ Al watan နှင့်တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားခဲ့ပါသည်။

    အသက် ၈၈နှစ်အရွယ်ရှိသော ဆရဟ်အိုမာက “မြေးလေး အိုဘားမား အစ္စလာမ် ကိုလက်ခံလာဖို့  အလ္လဟ်အရှင်မြတ်ထံပါးမှာ ဒိုအာလုပ်ခဲ့ပါတယ် ” ဟု ပြောပါသည်။ ယခုနှစ် ဟဂ်ျကာလတွင် သမ္မတအိုဘာမားအဘွား၊ နှင့် ဦးလေးဖြစ်သူ ဆအီးဒ်ဟူစိန်အိုဘာမားလည်းလိုက်ပါ ဟဂ်ျ ၀တ်ပြုခဲ့ကြောင်းသိရသည်။

    သူတို့အား ဆော်ဒီဘုရင့်မိသားစုမှ ကမကထပြု စီစဉ်ပေးခဲ့သည့်အတွက် အထူးကျေးဇူးတင်ပါကြောင်း ယင်းတွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားသွားပါသည်။

    AFP