News @ M-Media

Category: မြန်မာသတင်း

မြန်မာသတင်း

  • သာသနာရေးဝန်ကြီးဌာနက ယခုနှစ် ဟဂ်ျခွဲတမ်း စုစုပေါင်း ၅၀၀၀ ဦးရေ ခွင့်ပြုမည်။

    အသစ်ထပ်မံရရှိသော ဟဂ်ျခရီးခွဲတမ်း ၁၂၀၀ အတွက် ဟဂ်ျခရီးသွားအကျိုးဆောင်လုပ်ငန်းကုမ္ပဏီများ

    ဆော်ဒီအာရေးဗီးယားနိုင်ငံ၊ ဟဂ်ျဝန်ကြီးဌာနသို့ လျှောက်ထားနိုင်ကြောင်း ကြေငြာခြင်း

    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
    သာသနာရေးဝန်ကြီးဌာန
    (ဝန်ကြီးရုံး)
    ကြေညာချက်(၃/၂၀၁၁)
    နေပြည်တော်၊ ၁၃၇၃ခုနှစ်၊ နယုန်လပြည့်ကျော် ၇ ရက်
    (၂၀၁၁ခုနှစ်၊ ဇွန်လ ၂၃ရက်)

    ၁။ သာသနာရေးဝန်ကြီးဌာနအပါအဝင် မူလဟဂ်ျအကျိုးဆောင်လုပ်ငန်းကုမ္ပဏီများအတွက် ဟဂ်ျခွဲတမ်း ၃၈၀၀ ရရှိခဲ့ရာမှ ၂၀၁၁ခုနှစ်တွင် မြန်မာနိုင်ငံသားဟာဂျီလောင်းများသွားရောက်ရန် ဟဂ်ျခွဲတမ်း ၅၀၀၀ အထိတိုးမြှင့်ပေးမည်ဖြစ်သောကြောင့် ယခုနှစ်အတွက် ဟဂ်ျခွဲတမ်း ၁၂၀၀ ပိုမိုရရှိမည်ဖြစ်ပါသည်။

    ၂။ ထို့​ကြောင့် ၂၀၁၁ခုနှစ်၊ ဟဂ်ျဘုရားဖူးရာသီအတွက် ပိုမိုရရှိထားသော ဟဂ်ျခွဲတမ်း ၁၂၀၀ ကို မြန်မာနိုင်ငံရှိ မည်သည့်ဟဂ်ျခရီးသွားလုပ်ငန်းကုမ္ပဏီများမဆို အရေအတွက်ကန့်သတ်ချက်မရှိ ဆော်ဒီ အာရေးဗီးယားနိုင်ငံ၊ ဟဂ်ျဝန်ကြီးဌာနသို့ တိုက်ရိုက်လျှောက်ထားနိုင်ပြီး လျှောက်ထားမည့် ခရီးသွား ကုမ္ပဏီများအနေဖြင့် ဟာဂျီများခေါ်ဆောင်ခွင့်ပြုမိန့်ကဒ်(မိုနာဇင်)ရရှိရေးကိုလည်း တစ်ပါတည်းရယူ ဆောင်ရွက်ရန်လိုအပ်ပါသည်။
    ၃။ သို့ဖြစ်ပါ၍ အသစ်ထပ်မံရရှိသောဟဂ်ျခွဲတမ်း ၁၂၀၀ အတွက်လျှောက်ထားလိုသော မည်သည့် ဟဂ်ျခရီးသွားကုမ္ပဏီများမဆို အရေအတွက်ကန့်သတ်ချက်မရှိ ဆော်ဒီအာရေးဗီးယားနိုင်ငံ၊ ဟဂ်ျ ဝန်ကြီးဌာနသို့ ဟဂ်ျသွားရောက်ရမည့်အချိန်ကာလအမီ အချိန်တွက်ချက်၍ လျှောက်လွှာများပေးပို့ လျှောက်ထားနိုင်ပါကြောင်း ကြေညာအပ်ပါသည်။

    http://www.mora.gov.mm/newsview.ASPX?nid=19

  • ရခိုင်ပြည်နယ်က မူစလင်တွေ ခရီးသွားခွင့် ကန့်သတ်ချက် ရုပ်သိမ်းပေးလိုက်ပြီ

    ရခိုင်ဘုရင်လက်ထက်တွင် ကမန်အမျိုးသားများသည်လေးသည်တော်များ အဖြစ် တာဝန် ထမ်းဆောင် ခဲ့ကြသည်။

    ရခိုင်ပြည်နယ်ထဲက စစ်တွေ၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ သံတွဲ၊ ကျောက်နိမော် စတဲ့မြို့နယ်တွေမှာ နေထိုင်ကြတဲ့ နိုင်ငံသားစိစစ်ရေးကဒ်ပြား ကိုင်ဆောင်ခွင့်ရသူ အစ္စလာမ် ဘာသာဝင်တွေရဲ့ လွတ်လပ်စွာခရီးသွားလာခွင့်ကို ၁၉၉၄ ခုနှစ်က စလို့ ပိတ်ပင်ထားခဲ့ရာကနေ ၂၀၁၁ ခုနှစ် ဇူလိုင်လ နောက်ဆုံးပတ်ကစပြီး ထောက်ခံစာ မယူဘဲ ခရီသွားလာခွင့်ကို စပြီး ခွင့်ပြုပေးလိုက်ပြီ ဖြစ်ပါတယ်။ ဒီအကြောင်းကို ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက တင်ပြထားပါတယ်။

    ရခိုင်ပြည်နယ်တွင်းမှာ နိုင်ငံသားစိစစ်ရေးကဒ်ပြား ကိုင်ဆောင်ပြီး လွတ်လပ်စွာသွားလာခွင့်မရဘဲ ပိတ်ပင်ထားမှုကို အစိုးရသစ်တက်လာပြီး  နောက်ပိုင်းမှာ ဒေသခံတွေက နိုင်ငံသားအခွင့်အရေးပေးဖို့အတွက် ဇွန်လအတွင်းမှာ တင်ပြတောင်းဆိုခဲ့ကြပြီးတဲ့နောက် အခုလို ခရီးသွားလာခွင့်တွေမှာ ခွင့်ပြုချက်မယူဘဲ သွားလာနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒေသခံတဦးပြောပြတာကတော့ –

    “အခုသွားလာခွင့်ရတာက စစ်တွေ၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ ကျောက်နိမော်၊ သံတွဲ။ နေပြည်တော်အစိုးရက ဘယ်လိုအကြောင်းပြသလဲတော့ ကျနော်တို့ မသိရပါဘူး။ ကျနော်တို့ ဒီ ရက် ၂၀ လောက်မှာ ပြည်နယ်မှာ အစည်းအဝေးခေါ်တယ်လို့ ကျနော်တို့ သိရတယ်။ ခရိုင်အဆင့် အရာရှိတွေ အစည်းအဝေးပေါ့နော်။ အဲဒီအစည်းအဝေးမှာ ပြည်နယ်မှူးက ခရိုင်အဆင့်အရာရှိတွေကို နေပြည်တော်ရဲ့ ညွှန်ကြားချက်ကို ဖတ်ပြတယ်လို့ပြောတယ်ခင်ဗျ။ အဲဒီအထဲမှာ နိုင်ငံသားစိစစ်ရေးကဒ် ကိုင်ဆောင်ထားတဲ့ နိုင်ငံသားတွေကို လွတ်လပ်စွာခရီးသွားလာခွင့် ပေးတယ်၊ ပုံစံလေး ယူဆောင်ခွင့် လုံးဝမပြု ဆိုတဲ့ဟာကို ကျနော်တို့ သိရပါတယ်။”

    အမျိုးသား လူ့အခွင့်အရေးနဲ့ ဒီမိုကရက်တစ်ပါတီဝင် တဦးလည်းဖြစ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားပြု ကော်မတီရဲ့ အဖွဲ့ဝင်တဦးလည်းဖြစ်၊ ဘူးသီးတောင် မြို့နယ် အမှတ် (၁)၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဖြစ်သူ ဦးကျော်မင်းဟာ ရခိုင်ပြည်နယ်တွင်းမှာပဲ အခုလို နိုင်ငံသားစိစစ်ရေးကဒ်ပြားကို မမှန်မကန် လုပ်တယ်ဆိုတဲ့ စွဲချက်တွေနဲ့ သူ အပါအ၀င် မိသားစုတစုလုံးဟာ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခဲ့ရပါတယ်။

    ဒီလို လွတ်လပ်စွာခရီးသွားလာခွင့်တွေ  ခွင်ပြုလိုက်ပြီဆိုတာကြောင့် သူ့ကို ဖမ်းဆီးထားမှုကို ပြန်လည် လွှတ်ပေးသင့်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ သူဟာ မတရားသဖြင့် ဖမ်းဆီးတာကိုခံခဲ့ရတယ်လို့ ဒေသခံက ဆက်ပြောပြပါတယ်။

    “သူတို့က နိုင်ငံသားစိစစ်ရေးကဒ်ပြား ရှိလျက်သားနဲ့ဖြစ်တာ။ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာ သူက အရွေးချယ်ခံရတယ်။ အရေးချယ်ခံရပြီးနောက်ပိုင်းမှာ သူတို့က ရန်ကုန်ကို မိသားစုလိုက်ပြောင်းသွားတယ်ဗျ။ ပြောင်းသွားပြီးတော့မှ သူတို့ရဲ့ နိုင်ငံသားစိစစ်ရေးကဒ်တွေက ဘယ်လိုရတာလဲ၊ ရန်ကုန်ကိုဘယ်လို ရောက်တာလဲပေါ့ဗျာ စသည်ဖြင့် အပြစ်မရှိအပြစ်ရှာပြီးတော့ အဲဒီလိုမျိုး သူတို့ကို ဖမ်းပြီးတော့ မိသားစုတွေ တော်တော်များများက ထောင်ထဲကို ရောက်ကုန်တယ်ဗျ။ အရင်တုန်းက လူ့အခွင့်အရေးဆုံးရှုံးပြီးတော့ ဒီလိုမျိုး ထောင်ထဲကိုရောက်နေတဲ့ မူစလင်တွေရှိတယ်။ ခရီးသွားလာခွင့်မရဘဲနဲ့ ခရီးသွားလို့ ထောင်ထဲရောက်နေတဲ့ မူစလင်တွေရှိတယ်။ ဒီဟာတွေကို နည်းမျိုးစုံနဲ့ဖမ်းထားတာတွေကို ကျနော်တို့က ဖော်ထုတ်ပြီးတော့ လူ့အခွင့်အရေးလမ်းကြောင်းနဲ့ လက်ရှိနိုင်ငံတော်အစိုးရဆီမှာ တင်ပြနိုင်တယ်ဆိုရင်တော့ အခွင့်အရေးတခုခုတော့ ရနိုင်လိမ့်မယ်လို့ ကျနော် မြင်တယ်လေ။”

    ရန်ကုန် စီးပွားရေးတက္ကသိုလ်က ဘွဲ့ရခဲ့ပြီး ရန်ကုန် ပညာရေးတက္ကသိုလ်ကပါ ဘီအီးဒီဘွဲ့ ရခဲ့တဲ့ ဦးကျော်မင်းဟာ လက်ထောက် မြို့နယ် ပညာရေးမှူး၊ အလယ်တန်း ကျောင်းအုပ်ကြီး စတဲ့ နိုင်ငံတော် တာဝန်တွေကို ထမ်းဆောင်ခဲ့ဖူးပါတယ်။ ဒီလို တာဝန်တွေယူခဲ့တဲ့ ဦးကျော်မင်းကို မြန်မာအစိုးရက နိုင်ငံသားစိစစ်ရေးကဒ်ကို အကြောင်းပြု ဖမ်းဆီးပြီး ထောင်ဒဏ် ၄၇ နှစ်နဲ့ ဒဏ်ငွေ ၂ သိန်းခွဲအပြင် အပြစ်ဒဏ်တွေချပြီး မိသားတစုလုံးဘ၀ပျက်တဲ့အထိ လုပ်ဆောင်ခဲ့ပါတယ်။

    ရခိုင်ပြည်နယ်တွင်းမှာ ရွေးကောက်ပွဲမလုပ်ခင်၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို မဲပေးရေး ကာလတုန်းက နိုင်ငံသားစိစစ်ရေးကဒ် ကိုင်ဆောင်ဖို့ အခွင့်အလမ်းမရရှိခဲ့တဲ့ ဒေသခံတွေကို အဖြူရောင် ယာယီမဲထည့်ဖို့ ကဒ်တွေလုပ်ပေးခဲ့ဖူးပါတယ်။

    ဒီကဒ်တွေကို ၂၀၁၀ ရွေးကောက်ပွဲမှာ မဲထည့်ဖို့အတွက်တုန်းကလည်း လုပ်ပေးခဲ့ပြီး ဒေသခံတွေကို ပညာရေး၊ ကျန်းမာရေး၊ ခရီးသွားလာခွင့်တွေ ရမယ်ဆိုတဲ့ ကတိတွေကို အာဏာပိုင်တွေက ပေးခဲ့ဖူးပါတယ်။ ဒါပေမဲ့ ဒီကဒ်တွေနဲ့ ပညာရေး ကျန်းမာရေး အခွင့်အလမ်းတွေ မရရှိခဲ့တာကြောင့် ဒီကဒ်ကိုင်ဆောင်ထားတဲ့ မြန်မာနိုင်ငံသားတွေကိုလည်း ထည့်သွင်းစဉ်းစားပေးစေချင်တယ်လို့ ဆိုပါတယ်။

    “နိုင်ငံသားလဲဖြစ်တယ်။ တိုင်းရင်းသားမိဘနှစ်ပါးက မွေးဖွားလာတဲ့သူတွေလဲ ဖြစ်တယ်။ ငွေရေးကြေးရေး အခက်အခဲကြောင့် နိုင်ငံသားကဒ်တွေ မလုပ်ခဲ့ဘဲနဲ့ ရွေးကောက်ပွဲနဲ့ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံမှာ မဲပေးတဲ့အချိန်တွေမှာ အဖြူကဒ်တွေ ထုတ်ပေးထားတာတွေရှိတယ်။ သူတို့က ဒီကိစ္စကို ဘာမှ ပြန်ပြီးတော့ လဲလှယ်ပေးခြင်းလဲ မရှိဘူး။ ဒီအဖြူကဒ်တွေ ကိုင်ဆောင်ထားတာကိုယ်က မည်သည့်နိုင်ငံသားလို့ မသတ်မှတ်ရလို့ သူတို့ကဒ်ထဲမှာပါတာက တကြောင်း၊ နောက်တခုက ပညာရေးဆိုင်ရာ ဆုံးရှုံးမှုတွေ အများကြီးပဲ ကျနော်တို့ တွေ့ရတယ်။ ကျန်းမာရေးဆိုင်ရာ ဆုံးရှုံးမှုတွေ ကျနော်တို့ အများကြီး ကြုံတွေ့ရတယ်။ အဲဒီတော့ ဒါတွေကိုလဲ သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်တွေက ပြန်ပြီးတော့ အရေးတယူနဲ့ ပြန်လည် လဲလှယ်ပေးနိုင်မယ်ဆိုရင် နိုင်ငံသားအခွင့်အရေးတွေဟာ ပိုပြီးတော့ ခံစားရလိမ့်မယ်လို့ ကျနော် မျှော်လင့်တယ်။”

    နိုင်ငံသားစိစစ်ရေးကဒ် ရရှိဖို့အတွက် ငွေကြေးအကုန်အကျခံပြီး မလုပ်နိုင်သူတွေ၊ လုပ်ခွင့်မရသူတွေ၊ နိုင်ငံသား စိစစ်ရေးကဒ်ရှိပြီး ခရီးသွားလာခွင့် ပိတ်ပင်ခံရသူတွေ အနေနဲ့ ကျန်းမားရေး အခြေအနေ ဆိုးရွားတဲ့အခါ မြို့ကြီးတွေကိုသွားပြီး ဆေးကုသခွင့်မရလို့ သေဆုံးရတဲ့အဖြစ်တွေ၊ အထူးသဖြင့် ပညာရေးလိုလားတဲ့ ကျောင်းသားတွေအနေနဲ့ တက္ကသိုလ် ဆက်တက်ခွင့်မရတာ၊ ဘွဲယူလို့မရတာတွေ စတဲ့ ပညာရေးဆိုင်ရာ အခွင့်အလမ်းတွေလည်း ဆုံးရှုံးခဲ့ရပါတယ်။ အခုအခါမှာတော့ နိုင်ငံသားစိစစ်ရေးကဒ်တွေ ကိုင်ဆောင်ထားပြီး လွတ်လပ်စွာ သွားလာခွင့်တွေ ရပြီဆိုတဲ့အတွက် အစိုးရသစ်လက်ထက်မှာ နိုင်ငံသားအခွင့်အရေးတချို့ ရရှိလာပြီလို့ ယူဆသူတွေလဲ ရှိလာပါတယ်။

    VOA သတင်းမှ ကူးယူပါသည်။

  • Myanmar Egress က ဖွင့်လှစ်သင်ကြားပေးမည့် Mass Communication နှင့် Social Entrepreneurship သင်တန်း

    လူငယ်များအတွက် မီဒီယာဆက်သွယ်ရေးဘာသာရပ်၊ လူမှုသိပ္ပံဘာသာရပ်တို့အား ပို့ချပေးမည် Mass Communication သင်တန်း နှင့် Social Entrepreneurship သင်တန်းတို့ကို  အား မြန်မာအီဂရက်စ် က ဖွင့်လှစ်တော့မည်ဖြစ်ကြောင်းသိရသည်။

    Mass communication သင်တန်းတွင် ပို့ချပေးမည့် ဘာသာရပ်များမှာ

    Public Relation Theories

    1. Four Elements of Communication
    2. Persuasion Vs Manipulation
    3. Basic Theories
    4. Mind Mapping Basic

    Journalism and Professional Writing

    1. The Role of Media in State Building Media Literacy & Information Government
    2. Writing Skills
    3. Globalization and Media
    4. Blog,Blogger & Citizen Journalist
    5. Photography for Citizen Journalist

    Enterprising Leadership

    1. Political Econonmy of the State
    2. Citizens & Constition
    3. State & Institutions
    4. Civil Society & Civic engagement

    Communication Skills

    1. Tools Kit of Information Technology
    2. Leadership Personality /Leadership skill
    3. Public Speaking skills
    4. Presentation Skills
    5. Negotiation and Conflict Resolution Skills
    6. Strategic Environment of Management
    7. English for Journalist

    Social Entrepreneurshiop သင်တန်းတွင်ပို့ချပေးမည့်ဘာသာရပ်များမှာ

    Development & Development Economic

    1. Globalization
    2. Development Economics
    3. International Relations
    4. Development Theory and Practices
    5. Economic Policy

    Governance

    1. Social Science Research Methodology
    2. Fundamentals of Public Policy
    3. Civil Society and Civic Engagement
    4. State and Institutions
    5. Public Goods and Public Administration
    6. Environmental Policies and Practices
    7. Comparative Constitutions
    8. Political Economy of the state
    9. Social Capital & Civil Society

    Transformational Leadership

    1. Strategic Management
    2. Transformal Leadership
    3. Leadership
    4. Team building
    5. Personality Development
    6. Developing Leadership Personality for Managements

    Tool Kits for Managements

    1. Tool Kit of Information Technology
    2. Public Financial Management
    3. Human Resources Management
    4. Governance and Development
    5. Social Structure Analysis

    Communication and Advocacy

    1. Creative Meetings Through Power Sharing
    2. Communication and Advocacy
    3. Strategic Negotiation Skills
    4. Critical Thinking for Leadership
    5. Learning Aids
    သင်တန်းကြေးကင်းလွတ်ခွင့်ရလိုသူများသည် Mass communicationသင်တန်းအတွက် ၂၉.၇.၂၀၁၁ တွင် လည်းကောင်း၊  Social Entrepreneurship သင်တန်းအတွက် ၅.၈.၂၀၁၁ တွင်လည်းကောင်း နောက်ဆုံး လျှောက်ထား ရမည်ဖြစ်သည်။
    ထူးချက်အနေဖြင့် Social Entrepreneurship သင်တန်း တက်ရောက်အနက် ၄၀ဦးအား Asian Institute Technology ၌ Professional Master Degree in Public Policy တနှစ်သင်တန်းတက်ရောက်ရန် ရွေးချယ်မည်ဖြစ်သည် ။
    http://www.myanmaregress.org/training-mc.html သို့လည်း ၀င်ရောက်လေ့လာနိုင်ပါသည်။
    မွတ်စလင်လူငယ်များ အထူးတက်ရောက်သင့်သောသင်တန်းများ ဖြစ်ပါသည်။
  • မော်လမြိုင်ကျွန်းမြို့ ရှိ တခုတည်းရှိသော အစ္စလာမ်ဘာသာဝင်များ ၀တ်ပြုရာ ဗလီမီးလောင်

    မော်လမြိုင်ကျွှန်းမြို့ ရှိ တခုတည်းရှိသော အစ္စလာမ်ဘာသာဝင်များ ၀တ်ပြုရာ ကိုးခန်းတွဲ ဗလီတန်းလျားတခုလုံး ဇူလိုင်လ ၈ ရက်နေ့ညက မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းမြန်မာနိုင်ငံ မီးသတ်ဌာနမှ သိရသည်။မော်လမြိုင်ကျွှန်းမြို့ ၅ ရပ်ကွက်  ဗန္ဓုလ  ၁၃ လမ်းရှိယင်းဗလီတန်းလျားတွင် နေထိုင်သူ ဦးချစ်စိန်၏ နေအိမ် မီးအားမြင့်စက် အပူလွန်ကဲရာမှ စတင် လောင်ကျွှမ်းခဲ့ကြောင်းဖြစ်သည်ဟု မီးသတ်ဌာနမှ တာဝန်ရှိသူတဦးကပြောသည်။ (more…)

  • နိုဝင်ဘာလဆန်းပိုင်းမှ စ၍ သုံးသိန်းတန် GSM ဖုန်းများ ချထားပေးမည်

    အိမ်နီချင်း မလေးရှားနိုင်ငံမှာ ဖုန်းလိုင်းကဒ်တခု ဈေးနှုန်း ရင်းဂစ် 8.50=2400 ကျပ်နီးပါး

    လာမည့် နိုဝင်ဘာလဆန်းပိုင်းမှ စ၍ ကျပ်သုံးသိန်းတန် GSM မိုဘိုင်းဖုန်းများ ချထားပေးတော့မည်ဖြစ်ကြော်ငး မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ မိုဘိုင်းအင်ဂျင်နီယာချုပ် ဦးသိန်းဦးက ပြောသည်။

    ဤကဲ့သို့ ကျပ်သုံးသိန်းတန် GSM မိုဘိုင်းဖုန်းများ ချထားပေးခြင်း၏ ရည်ရွယ်ချက်မှာ အခြေခံလူတန်းစားများပါ မိုဘိုင်းဖုန်း ကိုင်တွယ်သုံးစွဲခွင့် ရရှိစေရန် ရည်ရွယ်သည်ဟု ပြောသည်။

    “နိုဝင်ဘာလဆန်းဆိုရင် သုံးသိန်းတန် GSM ဖုန်းကို တရားဝင် လျှောက်လွှာနဲ့ ခေါ်ယူသုံးစွဲခွင့် ပြုတော့မှာ ဖြစ်ပါတယ်။ သုံးသိန်းတန် ဖုန်းတွေချပေးလို့ ဆက်သွယ်ရေးလိုင်း ကျပ်မသွားပါဘူး။ GSM တာဝါတိုင်တွေကို ထပ်ပြီး တည်ဆောက်နေသလို ဆက်သွယ်ရေးလိုင်းမှာ အဓိကကျတဲ့ ဖုန်းကွန်ရက် ဆော့ဖ်ဝဲအသစ်တွေကိုလည်း တည်ဆောက်ထားပါတယ်။ အလုံးရေ တစ်သိန်းထိ ရန်ကုန်မြို့မှာ စပြီး ချထားပေးပါမယ်။ ရန်ကုန်ပြီးရင် မန္တလေးနဲ့ နေပြည်တော်ကိုပါ ဆက်တိုက် ဆောင်ရွက်သွားပါမယ်” ဟု ဆိုသည်။

    ၎င်းအပြင် အော်တိုအိတ်ချိန်း (Auto Exchange) ဖုန်းစနစ် ပြောင်းလဲ၍ သုံးစွဲခွင့်ပြုခဲ့စဉ် အချိန်က မြန်မာနိုင်ငံ၌ သုံးစွဲခဲ့သော ဖုန်းအလုံးရေမှာ ၇၄၈၅၅ လုံး ရှိခဲ့ကြောင်း၊ အဆိုပါ Auto exchange ဖုန်းသုံးစွဲမှု ကျယ်ပြန့်လာသော အချိန်ကာလများတွင်လည်း  စစ်တမ်းများအရ ဖုန်းသုံးစွဲမှု အခြေအနေမှာ (၁.၀၉) သန်းခန့် ရှိခဲ့ကြောင်း၊ ယခုနောက်ပိုင်းတွင် CDMA800 MHz ဖုန်းများ၊ CDMA450 MHz ဖုန်းများနှင့် GSM မိုဘိုင်းဖုန်း သုံးစွဲမှုမှာ ၂ ဒဿမ ၀၁ သန်း ခန့် ရှိနေပြီဖြစ်ကြောင်းနှင့် ယခု သုံးသိန်းတန် GSM ဖုန်းများ ချထားပေးပြီးပါက မြန်မာနိုင်ငံ၌ ဖုန်းသုံးစွဲမှု အခြေအနေမှာ သုံးသန်းမှ လေးသန်းအထိ ရှိလာနိုင်မည်ဟု ခန့်မှန်းထားကြောင်း ဆက်လက် ပြောပါသည်။

    ချစ်အောင်

    မန္တလေးအလင်း

    ဇူလိုင်လ ၁ ရက်၊ ၂၀၁၁ ခုနှစ်