မြန်မာလူငယ်များ ဂလိုဘယ်ခေတ်၏ စိန်ခေါ်မှုများကျော်လွှား နိုင်ရန်ရည်ရွယ်ပြီး အဆင့်မြင့် အင်္ဂလိပ်စာဒီပလိုမာ သင်တန်း နှင့် ကွန်ပြုတာ ဒီပလိုမာ သင်တန်းအား တက္ကသိုလ်ဝင်တန်း အောင်မြင်ထားသူများ အတွက် သမ၀ါယမကောလိပ်(ရန်ကုန်) မှ ဖွင့်လှစ်မည် ဟုသိရပါသည်။ အဆိုပါသင်တန်းသည် တစ်နှစ်ကြာမြင့်မည်ဖြစ်ပြီး တနင်္လာမှ သောကြာနေ့ထိ နာမည်ကျော် ပညာရှင်များက ပို့ချမည်ဟု သိရသည်။ ယင်းဒီပလိုမာ သင်တန်းများအား ၁၅.၁၁.၂၀၁၀ တွင်စတင်ဖွင့်မည်ဖြစ်သည်။ စိတ်ပါဝင်စားသူများအနေဖြင့် သမ၀ါယမကောလိပ် (ရန်ကုန်) ၀၁-၅၅၄၁၇၃ နှင့် ၀၁-၅၄၂၈၁၅ သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။
Category: မြန်မာသတင်း
မြန်မာသတင်း
-
ကုန်သည်ကြီးများ ဟော်တယ် (ရန်ကုန်) တွင် အမေရိကန်မွတ်စလင် တို့၏ မှတ်တမ်း ရုပ်ရှင် New Muslim Cool ပြသ ရန်ရှိ
အလ်ဂျာဇီးရာဟ် ရုပ်ရှင် ထူးချွန်ဆု ၊ အပါအ၀င် နိုင်ငံတကာ မှချီးမြင့်သော မှတ်တမ်းရုပ်ရှင် ဆု များစွာ ရရှိထားသော အမေရိကန် ဟောလီးဝူးဒ်မှ အမေရိကန်မွတ်စလင် ဘ၀ အကြောင်း နောက်ခံထား ရိုက်ကူထားသည့် New Muslim Cool အမည်ရ မှတ်တမ်းရုပ်ရှင်ကားကို ရန်ကုန်မြို့ကုန်သည်ကြီးများဟော်တယ်တွင် အောက်တိုဘာ ၂၈ နေ့လည် ၁နာရီ ၄၅မိနစ်တွင် စတင် ပြသမည်ဟု သိရှိရသည်။ ၄င်းရုပ်ရှင် ပွဲတော်တွင် ယင်းဇတ်ကားဒါရိုက်တာ Jennifer Maytorena Taylor ကိုယ်တိုင်တက်ရောက်မှာဖြစ်ပြီး ယင်းဇတ်ကားနှင့်ပတ်သက်ပြီး မေးခွန်းများကို မေးမြန်းနိုင်မည့် အစီစဉ် လည်းရှိကြောင်းသိရသည်။ အဆိုပါဇတ်ကားသည် အမေ၇ိကန် မွတ်စလင်လူငယ်ဘ၀၊ ဟစ်ဟော့ ဂီတနှင့် ၉/၁၁ အလွန် အမေရိကန် မွတ်စလင်များ၏ အခြေနေများကို ရောမွေတင်ပြရိုက်ကူးထားသည်။