News @ M-Media

Category: Interview

  • မြန်မာနိုင်ငံသား မွတ်ဆလင် ရှေ့နေများအသင်း အတွင်းရေးမှူး တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ချိုနှင့် တွေ့ဆုံခြင်း

    မြန်မာနိုင်ငံသား မွတ်ဆလင် ရှေ့နေများအသင်း အတွင်းရေးမှူး တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ချိုနှင့် တွေ့ဆုံခြင်း

    “တခြားဘာသာဝင်တွေထဲက ထိခိုက်တာတွေကို ကျွန်တော်တို့ ကူညီဆောင်ရွက်ပေးမှာပါ”
    U Khin Mg Cho

    ဇွန်လ ၄ ရက်နေ့တွင် မြန်မာနိုင်ငံသား မွတ်ဆလင် ရှေ့နေများအသင်းကို စတင်ဖွဲ့စည်းခဲ့သည်။ အသင်း၏နာယကအဖြစ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥပဒေရေးရာ အကြံပေး ဦးကိုနီကို တင်မြှောက်ခဲ့ကြသည်။ ထို့နောက် အွန်လိုင်းတွင် အဆိုပါ အသင်းဖွဲ့စည်းမှုများနှင့် ပတ်သက်၍ အမြင်မတူသူများ၏ ဝေဖန်မှုမှာ မြင့်တက်လာခဲ့ရာ The Voice က အဆိုပါအသင်း၏ အတွင်းရေးမှူး တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ချိုနှင့် ဆက်သွယ်မေးမြန်း ဖော်ပြလိုက်ရပါသည်။
    .
    The Voice – အသင်းရဲ့ ဖွဲ့စည်းပုံ အကျဉ်းလောက် ပြောပြပါ။
    .
    UKMC – ဥက္ကဋ္ဌက ဦးကျော်ငြိမ်း၊ အတွင်းရေးမှူးက ကျွန်တော် ဦးခင်မောင်ချို။ List က အကုန်တော့ ပြောလို့ မရသေးဘူး။
    .
    The Voice – အသင်းဝင်ရှိနေပြီလား။
    .
    UKMC – အဲဒါမပြောခင် ပြောချင်တာက ကျွန်တော်တို့ အသင်းရဲ့နာမည်က မြန်မာနိုင်ငံသား မွတ်ဆလင် ရှေ့နေများအသင်း။ အဲဒါကို မီဒီယာမှာ ရေးကြတာ မှားနေတယ်။ တချို့မီဒီယာတွေမှာ မြန်မာနိုင်ငံဆိုပြီး ရေးနေကြတယ်။ အတိုကောက်က MCMA ပေါ့။ နောက်တစ်ခုက ဒီအဖွဲ့ကို တရားဝင် မှတ်ပုံတင်ဖို့ လုပ်မှာပါ။ တရားဝင် မှတ်ပုံတင်ဖို့ သင်းဖွဲ့စည်းမျဉ်း ရှိရမယ်။ နောက်တစ်ခါ အမှုဆောင်စာရင်း ရှိရမယ်။ တခြားလိုအပ်တာတွေလည်း ရှိမှာပေါ့နော်။ အဓိက ဒီနှစ်ခုပေါ့။ ဒါကို ကျွန်တော်တို့ ဆောင်ရွက်နေပါတယ်။
    .
    The Voice – ရည်ရွယ်ချက်က ဘာလဲ။ ဘာ့ကြောင့်ဖွဲ့လဲ။ ဘာလုပ်မှာလဲ ရှင်းပြပါဦး။
    .
    UKMC – တရားမျှတခြင်း၊ လွတ်လပ်ခြင်းနဲ့ ညီမျှခြင်းဆိုတဲ့ လောကပါလ တရားများ ထွန်းကားလာရေး။ နောက်တစ်ခုက တရားဥပဒေ စိုးမိုးရေးနှင့် အေးချမ်းသာယာရေး၊ ဘာသာရေး လူမျိုးရေး ခွဲခြားဆက်ဆံမှု မရှိစေရေးနှင့် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများ တားဆီး ကာကွယ်ရေး၊ မြန်မာနိုင်ငံသား မွတ်ဆလင်များ ဥပဒေအရာမှာ တန်းတူညီမျှ အခွင့်အရေး ရရှိရေးနှင့် နိုင်ငံသားဆိုင်ရာ မူလ အခွင့်အရေးများ အပြည့်အဝ ရရှိရေး။ မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြသော မွတ်ဆလင်များ ဥပဒေအရ အကာအကွယ် ရရှိစေရေး၊ အရည်အသွေး ထက်မြက်ပြီး ဂုဏ်သိက္ခာ မြင့်မားသော မွတ်ဆလင်ရှေ့နေ ရှေ့ရပ်များ၊ ဥပဒေပညာရှင်များ ပေါ်ထွန်းရေး၊ မတူကွဲပြားသော ဘာသာအယူဝါဒ ရှိသူများကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး၊ ရည်ရွယ်ချက်နှင့် လုပ်ငန်းတူတဲ့ အဖွဲ့များနှင့် ပူးပေါင်း ဆောင်ရွက်ရေး စုစုပေါင်း ရှစ်ချက်လောက် ရှိပါတယ်။
    .
    The Voice – ရည်ရွယ်ချက်ထဲမှာ မြန်မာနိုင်ငံသား မွတ်ဆလင်တွေ ဥပဒေအရာ တန်းတူညီမျှခွင့် ရရှိရေးနဲ့ နိုင်ငံသားဆိုင်ရာ မူလအခွင့်အရေး အပြည့်အဝရဖို့ ဆိုတာပြောသွားတယ်။ အခုက အဲလို မရဘူးလား။
    .
    UKMC – ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ နိုင်ငံသားတွေရဲ့ အခွင့်အရေးနဲ့ ပတ်သက်ပြီး ခွဲခြားထားတာ မရှိဘူး။ ဒါပေမဲ့ လက်တွေ့မှာ အဲဒီလို ခွဲခြားဆက်ဆံမှုတွေရှိတာ တွေ့ရတယ်။ ဥပမာ – နိုင်ငံသားမှတ်ပုံတင် ကိစ္စတွေ၊ လူမှုစီးပွားရေး ကိစ္စတွေ။
    .
    The Voice – လူမှုစီးပွားကိစ္စဆိုတာ ဘယ်လိုမျိုးကို ဆိုလို တာလဲ။ နည်းနည်း တိတိကျကျ ပြောပါလား။
    .
    UKMC – လူမှုစီးပွားဆိုတာ နေ့စဉ်စားသောက် နေထိုင်တဲ့ကိစ္စတွေမှာ တားဆီးတာတွေ၊ ကန့်ကွက်တာတွေ ဒါမျိုးတွေပေါ့ ရှိတာကို တွေ့ရတယ်။ ဘာသာရေးအရလည်းပဲ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်က (ပြဋ္ဌာန်းထား) ရှိတယ်နော်။ ရှိပေမဲ့လည်း အဲဒါတွေနဲ့ ပတ်သက်ပြီး ထိခိုက်လာတာတွေ ရှိတယ်။ အဲဒါကို သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်း အဆင့်ဆင့်က သိချင်မှသိမယ်။ ဘယ်ဥပဒေတွေ၊ အချက်အလက်တွေနဲ့ ဆန့်ကျင်နေတယ်၊ ငြိစွန်းနေတယ်ဆိုတာ သူတို့ သိချင်မှသိမယ်။ အဲဒါတွေကို သက်ဆိုင်ရာကို တင်ပြပေးမယ်။ ဒါမျိုးတွေပါ။
    .
    နောက်တစ်ခုက အွန်လိုင်းမှာ (ယခုအသင်းအဖွဲ့ကို) ဝေဖန်တာတွေ ရှိတယ်။ ပြောရလို့ရှိရင် ဘာ့ကြောင့် ဒီအသင်းအဖွဲ့တွေ ဖွဲ့ရလဲဆိုလို့ရှိရင် ကျွန်တော်တို့ အစ္စလာမ် ဘာသာဝင်တွေတင် မဟုတ်ဘူး။ ဘာသာရေးကြောင့် ခွဲခြားဆက်ဆံခံရတဲ့ တခြားဘယ်သူပဲဖြစ်ဖြစ် ဘာသာရေးကို ခုတုံးလုပ်ပြီး အလွဲသုံးစားလုပ်ပြီး ဖြစ်နေတာတွေမှာ မနစ်နာစေရအောင် ကူညီဆောင်ရွက် ပေးမှာပါ။
    .
    The Voice – ဘာသာရေးကြောင့် ခွဲခြားဆက်ဆံခံရတဲ့ ဘယ်ဘာသာဝင်ကိုမဆို ကူညီမယ်လို့ ဆိုလိုတာလား။
    .
    UKMC – ဟုတ်ကဲ့။ တခြားဘာသာဝင်တွေထဲက ထိခိုက်တာတွေကို ကျွန်တော်တို့ ကူညီဆောင်ရွက် ပေးမှာပါ။ နောက်တစ်ခုက ရည်ရွယ်ချက် မတူ၊ လုပ်ငန်း မတူတဲ့အဖွဲ့များနဲ့ ပူးပေါင်းဆောင်ရွက်ရေးဆိုတာ ကျွန်တော်တို့ အစ္စလာမ် ဘာသာအဖွဲ့တွေတင် မဟုတ်ဘူး။ တခြားအဖွဲ့အစည်းတွေ ပါတယ်။ အဲလိုပူးပေါင်း ဆောင်ရွက်မှာတွေ ရှိတယ်။ ဒါ့အပြင် ဥပဒေရေးရာ အထောက်အကူပြု အဖွဲ့တွေဆိုတာ ဖွဲ့စည်းထားတာ ရှိတယ်။ တကယ်လို့ လိုအပ်လာရင် ကူညီပေးမှာပါ။ တိုင်းပြည်အတွက် လိုအပ်တဲ့ အထောက်အကူ ဖြစ်စေမယ့် ကိစ္စတွေကို ဥပဒေဘောင်အတွင်းကနေ ဆောင်ရွက်ပေးဖို့ လုပ်ဆောင်သွားမှာပါ။
    .
    The Voice – နောက်ဆုံးမေးခွန်းပါ။ အသင်းနာမည်က မြန်မာနိုင်ငံသား မွတ်ဆလင်ရှေ့နေများ အသင်းလို့ အမည်ပေးထားတော့ မွတ်ဆလင်မဟုတ်တဲ့ တခြားသော ဘာသာဝင်များကိုရော ကိုယ်စား မပြုဘူးလား။ မွတ်ဆလင် ဘာသာဝင်တွေဘက်ကပဲ ရှေ့နေလိုက်မယ်ဆိုတာမျိုးတွေ ကြားနေရတယ်။
    .
    UKMC – နှစ်ချက်ရှိပါတယ်။ တစ်ချက်က မြန်မာနိုင်ငံ မွတ်ဆလင် ဘာသာဝင်တွေရဲ့ ဥပဒေအရ အခွင့်အရေးတွေ၊ နိုင်ငံသား အခွင့်အရေးတွေ အဲလိုကိစ္စမျိုးတွေ ဒါတွေနဲ့ပတ်သက်ပြီး တခြားက ဆောင်ရွက်ပေးတာ နည်းပါးပါတယ်။ တခြားကိစ္စတွေ ဆောင်ရွက်ကြတာ ရှိပေမယ့် ဒီကိစ္စမှာ ဆောင်ရွက်ကြတာ နည်းပြီး ကွက်လပ်ဖြစ်နေပါတယ်။ အဲဒါနဲ့ ကျွန်တော်တို့က စုစည်းပြီး ဆောင်ရွက်တာပါ။
    .
    ဒုတိယကတော့ မြန်မာနိုင်ငံသား မွတ်ဆလင် ရှေ့နေများ အသင်းရယ်လို့ နာမည်တပ်ထားပေမယ့် ခုနကပြောတယ်။ ရည်ရွယ်ချက် လုပ်ငန်းစဉ်တူတဲ့ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မယ်ဆိုတာ မွတ်ဆလင် မဟုတ်တဲ့ အဖွဲ့အစည်းတွေပါပါတယ်။ နောက်တစ်ခါ မြန်မာနိုင်ငံသား တခြားဘာသာဝင်တွေ ဘာသာရေးကို ခုတုံးလုပ်ပြီး ခွဲခြားဆက်ဆံခံရရင် နစ်နာမှုတွေရှိလာရင် ကျွန်တော်တို့က ဥပဒေအရ လိုက်ပါ ဆောင်ရွက်ပေးမှာပါ။ ဒါက မွတ်ဆလင်အတွက်ချည်း မဟုတ်တော့ဘူး။ တခြားဟာတွေအတွက်လည်း ပါတယ်။ မြန်မာနိုင်ငံသား မွတ်ဆလင်ရှေ့နေများအသင်းလို့ အမည်တပ်ထားတယ်ဆိုပေမယ့် လူမျိုးခြား တရားသူကြီးတွေ ပါတယ်။ လူမျိုးခြား ဥပဒေအရာရှိတွေ ပါတယ်။ သူတို့ဟာ တစ်ဖက်တစ်လမ်းကနေ နိုင်ငံတော်ကို အထောက်အကူပြုဖို့၊ အကြံဉာဏ်ကောင်းတွေ ပေးနိုင်ပါတယ်။
    .
    ရဲနိုင်ဦး
    The Voice Weekly မှ ကူးယူဖော်ပြသည်။

    .
    ဖြည့်စွက်ချက်
    —————–
    The Voice အင်တာဗျူးတွင် လူမျိုးခြား တရားသူကြီးများ၊ ဥပဒေအရာရှိတွေအစား အငြိမ်းစားတရားသူကြီးများ၊ အငြိမ်းစားဥပဒေအရာရှိများ ဟူ၍ ပြင်ဆင်ဖတ်ရှုကြပါရန် ဖုန်းဖြင့်အင်တာဗျူးခြင်းဖြစ်သဖြင့် နားကြားလွဲခြင်းသာဖြစ်ပါသည်။
    (ဦးခင်မောင်ချို၏ FB စာမျက်နှာ ရေးသားချက်မှ)

  • ရန်ကင်းတောင်ဆရာတော် ဦးဇောတိကနှင့် တွေ့ဆုံခြင်း

    ရန်ကင်းတောင်ဆရာတော် ဦးဇောတိကနှင့် တွေ့ဆုံခြင်း

    13325714_1195596627125922_3856543233496403635_n

    ရန်ကင်းတောင်ဆရာတော် ဦးဇောတိကသည် ပုသိမ်ကြီးမြို့ ရန်ကင်းတောင်ဥယျာဉ် ပရိယတ္တိစာသင်တိုက်၏ ပဓာနနာယက ဆရာတော် တစ်ပါးဖြစ်သည်။ ဆရာတော်သည် M.A(Sri Lanka), Ph.D(Thesis) ဘွဲ့ရရှိထားပြီး ပြည်ပနိုင်ငံများမှ ဖိတ်ကြား သော ‘ဘာသာပေါင်းစုံ ညီညွတ်ရေး ဆွေးနွေးပွဲ’များသို့လည်း အခါအားလျော်စွာ တက်ရောက်ခဲ့သူ ဖြစ်သည်။ ဆရာတော် နောက်ဆုံး တက်ခဲ့သော ဆွေးနွေးပွဲမှာ နော်ဝေနိုင်ငံ အော်စလိုမြို့ ငြိမ်းချမ်းရေးသင်တန်းခန်းမတွင် ပြုလုပ်သော နိုင်ငံပေါင်းစုံမှ ဘာသာရေးခေါင်း ဆောင်များ တက်ရောက်ခဲ့သည့် ‘ဘာသာပေါင်းစုံညီညွတ်ရေးဆွေးနွေးပွဲ’ ဖြစ်သည်။

    ဆရာတော်သည် ယင်းအခမ်းအနား၌ ကမ္ဘာ့သဟဇာတသင့်မြတ်ရေးဆု (World Harmony Award) ကို အလှူခံယူ တော်မူခဲ့သည်။ ယင်းဆွေးနွေးပွဲနှင့် စပ်လျဉ်း၍လည်းကောင်း၊ အမျိုး၊ ဘာသာ၊ သာသနာဆိုင်ရာ သိမှတ်ဖွယ်ရာများနှင့် စပ်လျဉ်း၍လည်း ကောင်း ဆရာတော်ကြီး၏ တပည့်ဒါယိကာမတစ်ဦးဖြစ်သူ ဆရာမကြီး ယောဂီနန္ဒာမာလာမှ တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖလားဝါးနယူးစ် ဂျာနယ်မှ ကောက်နုတ်ဖော်ပြအပ်ပါသည်။

    အော်စလို ဆွေးနွေးပွဲမှာ အရှင်ဘုရားပြော ခဲ့တဲ့ မိန့်ခွန်းကို မြန်မာလို ပြောပြပါလား ဘုရား။

    သြော်… ဒီလိုပါ။ အကျဉ်း ချုပ်ပြီး ပြောပြမယ်။ အားလုံး မင်္ဂလာပါ။ ဒီပွဲမှာ ဘုန်းကြီးက ဗုဒ္ဓဘာသာ ဘုန်းကြီး တစ်ပါး ဖြစ်ပါတယ်။ ဘုန်းကြီးပြောမှာက အမျိုးသားရေးရှုထောင့်၊ နိုင်ငံရေးရှုထောင့် ပြောမှာ မဟုတ်ပါဘူး။ ဘာသာရေးရှုထောင့် ကပဲ ပြောမှာဖြစ်တယ်။ မြတ်ဗုဒ္ဓ၏ အဆို အမိန့်များသည် လူမျိုးခွဲခြားခြင်း၊ ဘာသာ ခွဲခြားခြင်မျိုး မရှိခဲ့ပါဘူး။ မြတ်ဗုဒ္ဓ၏ တရား တော်များဟာ လောက၌ သဘာဝဓမ္မတရား များသာ ဖြစ်တယ်။ ဗုဒ္ဓဘာသာ ဟုတ်သည် ဖြစ်စေ၊ ဗုဒ္ဓဘာသာ မဟုတ်သည်ဖြစ်စေ လူသားအားလုံး သို့မဟုတ် သတ္တဝါအား လုံးဟာ အဲဒီလောကသဘာဝ ကြောင်းကျိုး ဆက် ရေစီးကြောင်းထဲမှာ သွားလာနေထိုင် နေကြရတာဖြစ်တယ်။ ကိုယ်လုပ်တဲ့ အ ကြောင်းတရားများအတိုင်း ကိုယ်တွေ့ ကြုံ နေရတာ ဖြစ်တယ်။

    မြတ်ဗုဒ္ဓက အဲဒီကြောင်းကျိုးထဲ က ဒါက ကောင်းတဲ့အကြောင်း၊ ဒါက မ ကောင်းတဲ့ အကြောင်းဟု ပိုင်းခြားစိတ်ဖြာ ဖော်ထုတ်ပေးခြင်းပဲ ဖြစ်တယ်။ ထိုတွင် အ စွဲအလမ်းဆိုရင် မည်သည့်အစွဲအလမ်းမှ ကောင်းတဲ့ အစွဲအလမ်း မရှိပါဘူး။ လူမျိုး စွဲ၊ ဘာသာစွဲ၊ အယူစွဲ၊ ဆရာစွဲ၊ ဂိုဏ်းစွဲ၊ နိုင်ငံစွဲ အားလုံးဟာ စိတ်ကျဉ်းမြောင်းမှုကို ဖြစ်စေပြီး ဆင်းရဲဒုက္ခဆီသို့သာ ရှေးရှုနေ ခြင်း ဖြစ်တယ်။

    ဘုန်းကြီးတို့နိုင်ငံ ရခိုင်ပြည်နယ် မှာ အဲဒီလို လူမျိုးစွဲ၊ ဘာသာစွဲတွေကြောင့် ပဋိပက္ခများ ဖြစ်ပွားခဲ့တာကို ဘုန်းကြီးတို့ စိတ်မကောင်း ဖြစ်ခဲ့ကြပါတယ်။ ဘုန်းကြီး တို့ဟာ အမျိုးသားရေးအစွဲအလမ်း၊ ဘာ သာရေးအစွဲအလမ်း ကြီးစိုးနေခြင်းဟာ လူ သားတစ်ရပ်လုံး ငြိမ်းချမ်းဖို့ရာအတွက် မဖြစ် စေနိုင်ဘူးလို့ ယုံကြည်ကြပါတယ်။ အဲဒီလို ယုံကြည်အားလျော်စွာ လူသားအားလုံး မည် သည့် ခွဲခြားမှုမှမရှိဘဲ ငြိမ်းချမ်းရေး လုပ် ငန်းမှန်သမျှကို လုပ်ခဲ့ပါတယ်။ ယခုလည်း လုပ်နေဆဲ၊ နောင်လည်း ဆက်လက်လုပ် နေမည်ဖြစ်ကြောင်း အားလုံး သိစေပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

    အရှင်ဘုရား တပည့်တော်မ သိချင်တာတွေ အများကြီးဖြစ်သွားပြီ။ မေးခွန်းတွေတော့ များတော့မယ်။

    ရပါတယ်။ ဘုန်းကြီးလည်း ကြိုး စားဖြေပေးမယ်။ သိချင်တာ မှန်သမျှမေးပါ။

    အရှင်ဘုရား တစ်တိုင်းပြည်လုံး ကိုယ့်အမျိုး၊ ကိုယ့်ဘာသာ၊ ကိုယ့်သာသနာ ကောင်းစား ဖို့ဆိုပြီး တက်တက်ြ<ွကြ<ွကနဲ့ ကြိုးစားနေတဲ့ အချိန်မှာ အရှင်ဘုရားတို့က အမျိုးသားရေး ဝါဒ၊ ဘာသာရေးဝါဒတွေ ဘာကြောင့် မရှိ တာလဲဘုရား။

    အဲဒီလို လူမျိုးစွဲ၊ ဘာသာစွဲရှိလာ ရင် ဗုဒ္ဓရဲ့သားတော် ရဟန်းဘဝနှင့် ဆန့် ကျင်နေတယ်လို့ ထင်လို့ပါ။ နောက်တစ် ချက်က အမျိုးသားဝါဒ၊ ဘာသာရေးဝါဒများ သည် လူသားမျိုးနွယ်အားလုံး ငြိမ်းချမ်းစေ မယ်ဆိုတာ မယုံကြည်လို့ပါ။

    ဟုတ်ပါပြီ ဘုရား။ ပထမ ဆန့်ကျင်တယ် ဆိုတာလေးကို ရှင်းပြပါဦးဘုရား။

    ဒီလိုလေ။ မြတ်စွာဘုရားရှင်ကိုယ် တော်မြတ်ကြီးတို့ ပွင့်တော်မူလာရတာကို က သက်ရှိသတ္တဝါအားလုံးအတွက် ကောင်း ကျိုးတွေဖြစ်ဖို့ဖြစ်တယ်။ ဘယ်လူမျိုးကောင်း စားရေး၊ ဘယ်သတ္တဝါ ကောင်းစားဆိုတာ ခွဲခြားပြီး မပါဘူး။ မြတ်စွာဘုရားရဲ့ တရား တော်ဟာလည်း ကျင့်တဲ့သူ မည်သူမဆို ငြိမ်း ချမ်းမှုကို ဖြစ်စေတယ်။ အမျိုးခွဲခြားမှု၊ ဘာ သာခွဲခြားမှု၊ အသားအရောင်ခွဲခြားမှု၊ လိင် ခွဲခြားမှု မပါ,ပါဘူး။ ကျင့်နိုင်တဲ့သူရဲ့ Óဏ် ရှိသည့် အားလျော်စွာ တစ်ပြေးတည်းညီ တဲ့ အကျိုးကျေးဇူးကို ရရှိခံစားခွင့်ရှိတယ်။ ဗုဒ္ဓရဲ့သားတော်များဖြစ်တဲ့ ဘုန်းကြီးတို့ သံ ဃာတော်တွေကလည်း လူသားမျိုးနွယ် ခွဲ ခြားမှုမရှိဘဲ တစ်ပြေးညီတည်း ငြိမ်းချမ်းစေ တဲ့ တရားတွေကို ဟောရမယ်။ အဲဒီလိုမှ မဟုတ်ဘဲ လူမျိုးစွဲ၊ ဘာသာစွဲနဲ့ ခွဲခြားဆက်ဆံ နေထိုင်ကြမယ်ဆိုရင် လူသားအချင်းချင်း ငြိမ်းချမ်းမှုဆိုတာ ဘယ်လိုဖြစ်စေနိုင်မလဲ။ ဘာသာရေးဝါဒဟာ မြတ်ဗုဒ္ဓရဲ့ အလိုဆန္ဒ နဲ့ ဖြောင့်ဖြောင့် ဆန့်ကျင်နေတာဖြစ်တယ်။

    အရှင်ဘုရား နောက်တစ်ခုက လူသားမျိုးနွယ် အားလုံးကို ငြိမ်းချမ်းစေမယ်လို့ မယုံကြည် ဘူးဆိုတာရော ဘုရား။ ရှင်းပြပါဦး။

    ဒါဟာလည်း ရှင်းနေပါတယ်။ အမျိုးသားရေးဝါဒ၊ ဘာသာရေးဝါဒ တစ် ဖက်သတ်ရှိနေတဲ့ ပုဂ္ဂိုလ်နဲ့ ငြိမ်သက်မှု၊ သက် သာမှုနဲ့ မသက်သာမှုစသဖြင့် ကွဲပြားနေပါ တယ်။ ဒါကို နည်းနည်းချဲ့ပြောရရင် အမျိုး သားရေးဝါဒ၊ ဘာသာရေးဝါဒ ရှိသူများဟာ ပထမ မိမိတို့ စိတ်ဂနာမငြိမ်ဖြစ်ပြီး ပျက်စီး နေတာကို လက်တွေ့စဉ်းစားပြီး သိနိုင်ပါ တယ်။ ဒီအမျိုးသားရေးစိတ်ဓာတ် တစ်ဖက် သတ်မရှိခင်ကစိတ်နဲ့ ယခု တစ်ဖက်သတ် ရှိနေတဲ့ စိတ်ကို နှိုင်းယှဉ်ကြည့်ရင် ဘယ်စိတ် က ငြိမ်းချမ်းသလဲဆိုတာ သိနိုင်ပါတယ်။

    ဒုတိယ မိမိကို ထောက်ခံသူများ လာအောင် တခြားသူတွေကိုလည်း အမျိုး သားရေးစိတ်ဓာတ်၊ ဘာသာရေးစိတ်ဓာတ် တွေသွင်း၍ စည်းရုံးရပါတယ်။ အစည်းရုံး ခံပုဂ္ဂိုလ်တွေလည်းပဲ ဒီစိတ်တွေ ကိန်းလာ သည်မှစ၍ မငြိမ်မသက်တော့ဘဲ စိတ်ဓာတ် ရေးရာ ပျက်စီးသွားကြတော့တာပဲ။ ကိုယ့် ကိုယ်ကိုယ် အရိုးသားဆုံးစိတ်ဖြင့် စဉ်းစား ကြည့်၊ ဝန်ခံကြည့်ပါ။ လူသားမျိုးနွယ်ခွဲခြား ပြီး အမျိုးသားရေးစိတ်ဓာတ်ရှိသူဟာ ကိုယ့် အမျိုးသားကြီးပွားရင် ဝမ်းသာတယ်။ တ ခြားအမျိုးသား ကြီးပွားရင် မနာလိုဖြစ်တယ်။ အဲဒီလိုပဲ ဘာသာရေးဝါဒ တစ်ဖက်သတ် ရှိတဲ့သူလည်းပဲ ကိုယ့်ဘာသာကောင်းစား တာကိုသာ မြင်ချင်တယ်။ တခြားဘာသာ ကောင်းစားတာကို မမြင်ချင်ဘူး စတဲ့ မလို လားအပ်တဲ့ မကောင်းတဲ့ စိတ်တွေဟာ တိုး ပွားလာတော့တယ်။ ကိုယ့်စိတ်နဲ့ကိုယ် သွား စရာ၊ လာစရာ နေရာကျဉ်းမြောင်းလာတယ်။ လုံခြုံရေးအတွက် စိုးရိမ်လာတယ်။ ဒါဟာ ပုထုဇဉ်တွေရဲ့ သဘာဝပါ။

    အရှင်ဘုရား။ ဒီနေ့ကမ္ဘာမှာ နိုင်ငံတွေအသီး သီး တည်ရှိနေကြတာဟာ အမျိုးသားရေး စိတ်ဓာတ်နဲ့ တည်နေကြတာ။ ရှေးမြန်မာ မင်းများလည်း အမျိုးသားစိတ်နဲ့ နိုင်ငံတည် ထောင်နိုင်ခဲ့တယ်။ နောက်ပြီး ဗိုလ်ချုပ် အောင်ဆန်းလည်း မြန်မာအမျိုးသားစိတ် ဓာတ်ဖြင့် စည်းရုံး၍ လွတ်လပ်ရေးရအောင် ယူနိုင်ခဲ့တာ မဟုတ်လား။

    မှန်တာပေါ့။ ဘုန်းကြီးက ဒီနေ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပန်းတိုင်ဆီကို သွားနေကြတဲ့ ပုဂ္ဂိုလ်တွေအားလုံးဟာ ဗိုလ် ချုပ်တို့စိတ်ကို အတုခိုး မီအောင် လိုက်ကျင့် သုံးစေချင်တယ်။ ဗိုလ်ချုပ်ဟာ မတူကွဲပြား ခြားနားနေတဲ့ တိုင်းရင်းသားမျိုးနွယ်စုတွေ၊ ဘာသာပေါင်းစုံတွေကို တစ်ခုတည်း ‘မြန် မာဟေ့’လို့ဖြစ်အောင် စုစည်းပြီး အားအ ဖြစ် အသုံးပြုနိုင်ခဲ့တယ်။ ဒီမိုကရေစီဆိုတာ မတူကွဲပြားခြားနားနေတာကို အားအဖြစ် နဲ့ စုစည်းနိုင်တာ၊ ရယူနိုင်တာကို ပြောနေ တာ။ အခု မျက်မှောက်ခေတ် အမျိုးသား ရေးဝါဒများ၊ ဘာသာရေးဝါဒများ ပေါ်ထွက် လာခြင်းက ဒီမိုကရေစီပန်းတိုင်သို့ လှမ်းနေ သော ခြေလှမ်းများကို အားအဖြစ် မယူကြ လို့ နှောင့်နှေးကြန့်ကြာနေခြင်းဖြစ်တယ်။

    မတူကွဲပြား ခြားနားနေခြင်းကို အမျိုးသားရေးစိတ်ဓာတ်၊ ဘာသာရေးစိတ် ဓာတ်တွေ ထပ်ထည့်ပြီး ခွဲခြားနေသရွေ့ ကာလပတ်လုံး စစ်မှန်တဲ့ ငြိမ်းချမ်းမှု မည် သည့်အခါမျှ ဖြစ်လာမှာ မဟုတ်ဘူး။ ဘုန်း ကြီးဖြစ်စေချင်တာက ဗုဒ္ဓရဲ့သားတော် သံ ဃာတော်များဟာ ဗုဒ္ဓဘာသာတစ်ခုတည်း ၏ ကိုးကွယ်ရာ မဖြစ်ထိုက်၊ တခြားဘာသာ တို့၏ ကိုးကွယ်ရာလည်းဖြစ်အောင် ကျင့် ဆောင်ပေးရမယ်လို့ ဆိုလိုတယ်။

    အရှင်ဘုရား။ တပည့်တော် နိုင်ငံပေါ့နော်။ လူအများစု ဗုဒ္ဓဘာသာများက မခွဲခြားဘဲ အနည်းစု ဘာသာခြားများက ခွဲခြားဆက်ဆံ မှု လုပ်နေတယ်ဆိုရင်ရော ဘယ်လိုဖြေရှင်း မလဲဘုရား။

    ဒီနေ့ ဘာသာတွေထဲက နောက် ဆုံး ပေါ်ပေါက်တဲ့ဘာသာဟာ အစ္စလာမ် ဘာသာဖြစ်တယ်။
    အစ္စလာမ်ဘာသာရဲ့ ပုံစံက ရှေးဘာသာကြီးသုံးခုနဲ့ မတူ အောင် ကျင့်သုံးနေတာဖြစ်တယ်။ ကမ္ဘာမှာ အစ္စလာမ်ဘာ သာကို အမျိုးသမီးတွေ နှိပ်ကွပ်တဲ့ဝါဒလို့ အသိအမှတ်ပြု ထားတယ်။ အစ္စလာမ်ဘာသာက ရှေးဘာသာဝင်ယောက်ျား ပုံစံ၊ မိန်းမပုံစံ၊ အစားအသောက်ပုံစံ၊ ဥပုသ်စောင့်မှုပုံစံ၊ ကု သိုလ် အကုသိုလ်အယူအဆပုံစံကအစ ခွဲခြားထားတယ်။ ဒီနေ့ကမ္ဘာက အစ္စလာမ်လူမျိုးကို မမုန်းပေမယ့် သူတို့ရဲ့ အယူသီးမှုနဲ့ အစွန်းရောက်မှုကို ကြောက်ရွံ့၊ ရွံ့မုန်းစရာ အဖြစ် သတ်မှတ်လာပါတယ်။ ဒါဟာ အစ္စလာမ်တွေရဲ့ ကျဉ်း မြောင်းခြင်း၊ အယူသီးခြင်း၊ အစွန်းရောက်ခြင်း အယူအဆ များရဲ့ တန်ပြန်ဒဏ်ခံနေရခြင်းပဲ ဖြစ်ပါတယ်။ ဒီအချိန်မှာ မြန်မာနိုင်ငံအတွင်းရှိ မြန်မာပြည်ဖွား အစ္စလာမ်များကို ဗုဒ္ဓ ဘာသာ သံဃာတော်တို့က အကျိုးလိုလားသော မေတ္တာ စိတ်ဖြင့် အကြောင်းအကျိုးထောက်ပြပြီး သူတို့ရဲ့ အယူသီး မှုတွေ၊ ခွဲခြားမှုတွေကို လျော့ပါးသွားအောင် ပြောကြမှာဖြစ် ပါတယ်။

    ဒီထဲက အစ္စလာမ်တွေလည်း အပြင်ဘက်က အစ္စလာမ်တွေလိုပဲကွဆိုပြီး တန်ပြန်ခွဲခြားဆက်ဆံလို့ မရ ပါဘူး။ ညီညွတ်ရေး၊ ပေါင်းစည်းရေး၊ အေးအတူပူအမျှ နေ ထိုင်ရေးကိုသာ ပြောကြားရမှာဖြစ်ပါတယ်။ သူ့မူအကျင့် အတိုင်း ပြန်ကျင့်ရင် ကိုယ်လည်းသူ့လိုပဲဖြစ်သွားမယ်။ အ များစုက သဘောထားကြီးရပါမယ်။ ယဉ်ကျေးပြီးသူတိုင်း ဟာ သဘောထားကြီးကြပါတယ်။ စောစောက ဘုန်းကြီးပြော ခဲ့သလို ဗုဒ္ဓဘာသာရဟန်းတော်များဟာ ဗုဒ္ဓဘာသာလူမျိုး တစ်ခုအတွက်သာ အားကိုးရာမဖြစ်ထိုက်ဘူး။ မြန်မာပြည် ကိုချစ်ရင် မြန်မာတစ်မျိုးသားလုံးရဲ့ အားကိုးရာလည်း ဖြစ် ရပါတယ်။

    အရှင်ဘုရား။ အရှင်ဘုရားပြောတဲ့အတိုင်း မြန်မာပြည်ဖွား အစ္စလာမ်များကို ဟောပြ၊ ပြောပြဖို့လွယ်ကူပါ့မလားဘုရား။

    ဆရာမကြီးတို့လည်း မြန်မာပြည်ဖွားအစ္စလာမ် များကို ဆက်ဆံဖူးပါလိမ့်မယ်။ ပြည်တွင်းအစ္စလာမ်များကို ပြည်ပမှာ အစွန်းရောက်သောင်းကျန်းနေတဲ့ အိုင်အက်စ်တို့၊ ဘိုကိုဟာရမ်တို့နဲ့ နှိုင်းယှဉ်တိုင်းတာလို့မရဘူး။ မြန်မာပြည် ဖွား အစ္စလာမ်များကား နေ့စဉ် ဗုဒ္ဓဘာသာ ရဟန်းသံဃာ တော်များကို တွေ့မြင်နေရတယ်။ ဆက်ဆံနေရတယ်။ ဗုဒ္ဓ ဘာသာ ပြည်သူများနဲ့ အမြဲတမ်း ဆက်ဆံနေရတယ်။ သာ ရေး၊ နာရေးကိစ္စတွေမှာ ကူညီရိုင်းပင်း အတူသွားလာနေကြ တယ်။ သူတို့စိတ်တွေ ကြမ်းတမ်းတာကို မတွေ့ရဘူး။ ထို့ အတူပဲ မြန်မာပြည်ဖွား ခရစ်ယာန်၊ ဟိန္ဒူတို့လည်းပဲ ကြမ်း တမ်းတာမတွေ့ရဘူး။ မြတ်ဗုဒ္ဓဟာ မိမိသိထားတာ တရား တော်များက သိမ်မွေ့တယ်၊ နူးညံ့တယ်၊ ကျင့်သုံးတဲ့သူမှန်သ မျှ ငြိမ်းချမ်းမှုကိုဖြစ်စေတယ်။ ဒါကြောင့် နူးညံ့သိမ်မွေ့သော လမ်းစဉ်ဖြင့်သာ သာသနာတော်ကို တည်ထောင်ခဲ့တယ်။

    မြတ်ဗုဒ္ဓသားတော် ဘုန်းကြီးများကလည်း မြန် မာပြည်ဖွား လူသားအားလုံးကို လူမျိုးမတူ၊ ဘာသာမတူ အကြောင်းပြပြီး စိတ်ဝမ်းတွေမကွဲအောင် ဟောပြ၊ ပြောပြ စည်းရုံးကြပြီး သာသနာတော်ကြီး ကမ္ဘာ့အလယ်မှာ မျက်နှာ မငယ်ရအောင် နူးညံ့သိမ်မွေ့သောနည်းဖြင့်သာ ပြုကြရမှာ ဖြစ်ပါတယ်။ ဘုန်းကြီးပြောတဲ့နည်းဟာ သူတို့ကိုးကွယ်မှုတွေ ပျောက်သွားအောင် လုပ်ရမှာမဟုတ်ဘူး။ ဗုဒ္ဓရဲ့ အဆုံးအမ တော်တွေကို ကျင့်သုံးလာအောင်လုပ်ရမယ်လို့ ဆိုပါတယ်။ ဒီနေ့ တခြားဘာသာမှ ကမ္ဘာ့ပညာရှင်၊ မြန်မာ့ပညာရှင်များ ဗုဒ္ဓဘာသာကိုပြောင်းလာတာ အများကြီးပါ။ မြန်မာနိုင်ငံမှာ ပင် အစ္စလာမ်ဘုရားဒကာ၊ ကျောင်းဒကာတွေ အများကြီး ရှိနေပြီးသားပါ။

    ကမ္ဘာမှာ မွတ်စလင်လူဦးရေဟာ အများဆုံးဖြစ်နေတယ်။ တစ် နေ့ ကမ္ဘာကိုလွှမ်းမိုးလိမ့်မယ်။ အဲဒီလိုပဲ မြန်မာနိုင်ငံမှာလည်း မွတ်စလင်လူဦးရေ အများကြီးဖြစ်နေတယ်လို့ ပြောနေကြ တယ်ဘုရား။

    မဟုတ်ပါဘူး။ ဒါဟာ စိုးရိမ်ကြတာပါ။ တစ်နည်း အားဖြင့်ပြောရရင် ဒါဟာ မွတ်စလင်လူထုရဲ့ ငါတို့ဟာ ကမ္ဘာ မှာ လူဦးရေအများဆုံးဟေ့လို့ြေ<ွကးကြော်မှုရဲ့ လွှမ်းမိုးမှုကို ခံရတာပါ။ ထိုင်းနိုင်ငံ ဘာသာပေါင်းစုံ အစည်းအဝေးတစ်ခု မှာ ဘုန်းကြီးပြောဖူးတယ်။ မြန်မာနိုင်ငံကိုလည်း အစ္စလာမ် မလွှမ်းမိုးနိုင်သလို ကမ္ဘာကြီးကိုလည်း မလွှမ်းမိုးနိုင်ပါဘူး လို့။ အိုင်အက်စ်၊ ဘိုကိုဟာရမ်တို့ အစွန်းရောက်တွေကြောင့် ဒီနေ့အစ္စလာမ်ဘာသာဟာ ကျဆင်းနေပါတယ်။ အနီးကပ် ဆုံး ကမ္ဘာ့လူဦးရေ အများဆုံးရှိတဲ့ အိန္ဒိယနဲ့ တရုတ်ကိုပင် ကြည့်လိုက်ပါ။ အိန္ဒိယလူဦးရေ သန်းတစ်ထောင့်နှစ်ရာထဲ မှာ နှစ်ဆယ်ရာခိုင်နှုန်းသာ အစ္စလာမ်ဖြစ်တယ်။ တရုတ်နိုင်ငံ လူဦးရေ သန်းတစ်ထောင့်သုံးရာငါးဆယ်ထဲက တစ်ရာမှာ တစ်ယောက်ခွဲသာ အစ္စလာမ်ဖြစ်တယ်။ အမေရိကန်မှာ ရှစ် ရာခိုင်နှုန်း၊ ခရစ်ယာန် ဘယ်လိုလုပ်ပြီးလွှမ်းမိုးနိုင်မလဲ။ ဗုဒ္ဓ ဘာသာနိုင်ငံတွေဖြစ်တဲ့ မြန်မာ၊ ထိုင်း၊ သီရိလင်္ကာ၊ ကမ္ဘော ဒီးယား၊ လာအို၊ မွန်ဂိုလီးယား၊ တောင်ကိုရီးယား၊ ဂျပန်နိုင်ငံ တွေမှာလည်း ဗုဒ္ဓဘာသာဦးရေကသာ များနေတာပါ။ ဒါ ကြောင့် ကမ္ဘာကိုလွှမ်းမိုးဖို့ အဝေးကြီးပါ။ ဘုန်းကြီးတို့မြန်မာ နိုင်ငံကိုလည်း ကြည့်လိုက် ၂ဝ၁၄ ခုနှစ် စာရင်းဇယားအရ ဗုဒ္ဓဘာသာလူဦးရေ ၅၁၄၂၅၈ဝ၃ (ယခုနိုင်ငံခြားအထွက် များလို့ လျော့သွားတာဖြစ်နိုင်) ခရစ်ယာန်လူဦးရေ ၂၉၈၁၂၉၄၊ အစ္စလာမ်လူဦးရေ ၂၂၇၆၈၈ဝ၊ ဟိန္ဒူလူဦးရေ ၃ဝ၅၇၅၅ ဖြစ်တယ်။
    ခရစ်ယာန်က နှစ်သန်းကိုးသိန်းကျော်ရှိပြီး အစ္စ လာမ်က နှစ်သန်းနှစ်သိန်းကျော်ပဲရှိတယ်။ ဒါဟာ ရခိုင်ပြည် နယ်ရှိအစ္စလာမ် ၉၄၄၈၃၇ကို ထည့်ရေတွက်ထားတာဖြစ် တယ်။ မြန်မာနိုင်ငံမှာရှိတဲ့ အစ္စလာမ်လူဦးရေကို တွက်ကြည့် ရင် ရခိုင်ပြည်နယ်မှာ တစ်ဝက်၊ ကျန်တဲ့ပြည်နယ်နှင့်တိုင်း တွေမှာ တစ်ဝက်လို့ တွက်လို့ရတယ်။ ဒီအချိုးအစားအတိုင်း တက်သွားရင် ဗုဒ္ဓဘာသာဦးရေ သန်းတစ်ရာရှိလာတဲ့အခါ အစ္စလာမ်ဦးရေဟာ လေးသန်းကျော်ရှိတာမို့ ဘယ်လိုမှ မြန် မာနိုင်ငံကိုလည်း မလွှမ်းမိုးနိုင်ပါဘူး။

    အရှင်ဘုရား။ နောက်ဆုံးအနေနဲ့ မြန်မာပြည်သူတွေကို ဘာ များအမိန့်ရှိချင်ပါသလဲ ဘုရား။

    ဟုတ်ပြီဗျာ။ သံဃာတော်တွေကို အထူးအားဖြင့် မဘသဆရာတော်တွေကိုလျှောက်ထားချင်ပါတယ်။
    သုခါ သံဃဿသာမဂ္ဂီ၊ သမဂ္ဂါနံ တပေါသုခေါ၊ သံဃဿ၊ အသင်းအဖွဲ့ အမျိုးအနွယ်အစုအပေါင်း၏ သာ မဂ္ဂီ၊ ညီညွတ်ခြင်းသည် သုခါ၊ ချမ်းသာ၏။ သမဂ္ဂါနံ၊ အေး အတူပူအမျှ ညီညွတ်ခြင်းတို့၏ တပေါ၊ အကျင့်သည် သုခေါ၊ ချမ်းသာ၏၊ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ စကားလုံးအဓိပ္ပာယ်ကို တပည့်တော် ဤကဲ့သို့ဖွင့်ချင်ပါသည် ဘုရား။

    အမျိုးဟူသည် မြန်မာပြည်နယ် နိမိတ်အတွင်း မွေးဖွားကြသော ဗမာ၊ ရှမ်း၊ ကရင်၊ ကယား၊ ကချင်၊ ချင်း၊ မွန်၊ ရခိုင်၊ တရုတ်၊ ကုလား စသော သန်း ၅ဝ ကျော်လူသား မျိုးနွယ်အားလုံးကို ဆိုလိုသည်။ ဘာသာဟူသည် ¤င်းလူသား မျိုးနွယ်တို့အားလုံး ကိုးကွယ်ကြသော ဗုဒ္ဓဘာသာ၊ ခရစ် ယာန်၊ အစ္စလာမ်၊ ဟိန္ဒူ၊ ဘဟာကြီး၊ နတ်ကွင်းစသည်ကို ဆို လိုသည်။ သာသနာဟူသည် မဘသဆရာတော်များက ဤ ကဲ့သို့ အဓိပ္ပာယ်ဖွင့်ဆို၍ မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းရှိ နိုင်ငံသားအသိအမှတ်ပြုပြီး လူသားအားလုံးကို စောင့်ရှောက် ရမည်။ တစ်ဘာသာက တခြားဘာသာကို နှောင့်ယှက်လျှင် ကာကွယ်ပေးရမည်။

    ဘာသာတစ်ခုလိုအပ်သော အကူအ ညီကိုလည်းပေးရမည်။ ဤကဲ့သို့ လုပ်ဆောင်ရွက်နိုင်လျှင် ဗုဒ္ဓဘာသာ တစ်မျိုးတည်းအတွက်သာ အားကိုးရာမဟုတ် တော့ဘဲ မြန်မာပြည်ဖွား မြန်မာနိုင်ငံသားအားလုံးတို့၏ အား ကိုးရာအားထားရာလည်းဖြစ်ပါကြောင်း ရှေးဦးစွာ လျှောက် ထားချင်ပါသည်ဘုရား။

    ဒုတိယ အစိုးရကိုပြောချင်တာပါ။ နိုင်ငံရေးသ မားများဟာ ပါတီနိုင်ငံရေးထက် အမျိုးသားနိုင်ငံရေးကို လုပ် ရပါမည်။ ပြည်သူက ယုံကြည်လို့ မဲပေးပြီး နိုင်ငံတော်ကို အပ်ထားတဲ့အတိုင်း မိမိတို့အရေးထက် နိုင်ငံတော်အရေး ကို အလေးပေးစောင့်ရှောက်ပေးရမည်။ အထူးအားဖြင့် နယ် စပ်လုံခြုံရေးကို အထူးအလေးပေး စောင့်ရှောက်ရမည်။ ရောက်နှင့်ပြီးသား ဒီမြေပေါ်ဖွားမြင်တဲ့ ပုဂ္ဂိုလ်များကို နိုင်ငံ တကာ စံချိန်စံညွှန်းနဲ့အညီ တဖြည်းဖြည်း နိုင်ငံသားဖြစ်သည် အထိ လက်ခံပေးနိုင်ရမယ်။ အခု အစိုးရလုပ်ပေးနေတဲ့အ တိုင်း မှန်ပါတယ်။ ဒါပေမဲ့ နိုင်ငံသားအဖြစ် စိစစ်ပြီး ပုဂ္ဂိုလ် တို့ကို ဒုက္ခသည်စခန်းတွင် ရေရှည်မထားသင့်ပါ။ မလှ ရွာ လည်ပြသဘော ဖြစ်နေတတ်ပါတယ်။ အလုပ်အကိုင်များဖန် တီးပေးပြီး ဒုက္ခသည်စခန်း တဖြည်းဖြည်း ပပျောက်အောင် လုပ်ဆောင်ရပါမယ်။ ထိုဒုက္ခသည်စခန်းဟာ နိုင်ငံတော်ကို သိက္ခာကျစေတာ အမှန်ဖြစ်နေတယ်။ ဆိုလိုတာက ရောက်ပြီး သားပုဂ္ဂိုလ်များကိုတော့ လူသားချင်းစာနာပေးရမယ်။ နောက် ထပ် တိုးမဝင်အောင်ဘဲ စောင့်ရှောက်ပါ။

    တတိယ ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီတွေကိုပြောချင် တာပါ။ အမည်နာမစွဲပြီး မနေသင့်ဘူး။ နိုင်ငံတော်က လက်ခံ တဲ့ ဘင်္ဂါလီနာမည်နဲ့ပဲ နိုင်ငံသားလျှောက်သင့်တယ်။ အခု အစိုးရလုပ်နေတဲ့ပုံစံဟာ နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့ညီ ပါတယ်။ ဘယ်နိုင်ငံသွားသွား ပထမ-ဝှိုက်ကတ်၊ ဒုတိယ ဂရင်းကတ်စသဖြင့် အဆင့်ဆင့်လျှောက်ရပါတယ်။

    နောက်တစ်ချက်က မြန်မာနိုင်ငံကို နေချင်ရင် မြန်မာလူမျိုးကိုလည်း ချစ်ရမယ်၊ မြန်မာ့ဗုဒ္ဓဘာသာ ယဉ် ကျေးမှုကိုလည်းလေးစားရမယ်။ ဒါဟာ အလွန်အရေးကြီးပါ တယ်။ အထူးသဖြင့် ဗလီဆရာများဟာ မြန်မာ့ယဉ်ကျေးမှု နဲ့ သဟဇာတဖြစ်အောင် သင်ပေးရပါမယ်။
    စတုတ္ထ ဗုဒ္ဓဘာသာဝင်အများစုကို ပြောချင်ပါ တယ်။ ဘုန်းကြီးရှင်းပြပြီးတဲ့အတိုင်း အစ္စလာမ်လူဦးရေ ဟာ ထင်သလောက် ဘုန်းကြီးတို့နိုင်ငံမှာ မများပါ။ အားလုံး ဟာ လူသားတွေပဲဖြစ်ပါတယ်။ ရွှေပင်နားတော့ ရွှေကျေး၊ ငွေပင်နားတော့ ငွေကျေးဆိုသလို ရာခိုင်နှုန်း ၉ဝ ရှိသော မြန်မာ့ဗုဒ္ဓဘာသာဝင်တို့ဟာ ရွှေပင်ငွေပင်များ ဖြစ်ကြပါ တယ်။ မိမိတို့ထံလာနားတဲ့ မည်သည့်ဘာသာဝင်မဆို နား ဖန်များရင် ရွှေကျေးငွေကျေးများ ဖြစ်သွားပါလိမ့်မယ်။

    ဗုဒ္ဓဘာသာဝင်တိုင်းကျင့်သုံးတဲ့ ငါးပါးသီလအ ကျင့်နဲ့ မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာဆိုတဲ့ ဗြဟ္မစိုရ် အကျင့်များကိုင်ထားလျက် လူမျိုးခွဲခြား၊ ဘာသာခွဲခြားစိတ် များ ဖျောက်ဖျက်ပစ်ရပါမယ်။ အားလုံးမြန်မာပြည်တစ်လွှား တစ်ပြည်ထောင်စုသားများ အေးအတူပူအမျှ အတူတကွယှဉ် တွဲ နေထိုင်နိုင်ရေးကို ဦးစားပေးကြရန် တိုက်တွန်းချင်တယ်။

    အရှင်ဘုရား။ ကျေးဇူးတင်ပါတယ်ဘုရား။

    ဘုန်းကြီးကလည်း ကျေးဇူးတင်ပါတယ်။ မြန်မာ့ မြေပေါ်ရှိလူသားမျိုးနွယ်အားလုံးဟာ အချင်းချင်း မေတ္တာ မျှကြ၍ တည်ငြိမ်အေးချမ်းတဲ့ ဘဝကိုယ်စီကို တည်ဆောက် နိုင်ကြပါစေလို့ မေတ္တာပြုတယ်။ ဆရာမကြီး။

    သာဓု သာဓု သာဓုပါ အရှင်ဘုရား။ ။

    (Flower News Journal, 12-20) မှကူးယူဖော်ပြပါသည်။

  • ဘာသာပေါင်းစုံ ချစ်ကြည်ရေး (ဟာဂျီ ဦးအေးလွင်နှင့် VOA တွေ့ဆုံခြင်း)

    ဘာသာပေါင်းစုံ ချစ်ကြည်ရေး (ဟာဂျီ ဦးအေးလွင်နှင့် VOA တွေ့ဆုံခြင်း)

    13062436_870098113118775_7633061068800214976_n
    VOA မြန်မာပိုင်းမှ ကူးယူဖော်ပြသည်။
    .
    ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းမှာ မြန်မာနိုင်ငံမှာ လက်ရှိတည်ဆဲဥပဒေတွေ အတိုင်း လေးစားအကောင်အထည် ဖော်နိုင်ပြီး၊ လူတိုင်းရသင့်ရထိုက်တဲ့ မွေးရပါ အခွင့်အရေးတွေကို လေးစားမယ်ဆိုရင် ဘာသာတိုင်းအတွက် လွတ်လပ်စွာ ကိုးကွယ်ခွင့်၊ အခွင့်အရေးတွေ အပြည့်အဝရမယ်လို့ ယုံကြည်တဲ့အကြောင်း အစ္စလာမ်ဓမ္မဗိမာန် ဆော်သြရေးမှူးလည်းဖြစ်၊ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအဖွဲ့ကို ထူထောင်သူတွေထဲမှာ ပါဝင်သူတဦးဖြစ်တဲ့ ဟာဂျီဦးအေးလွင် က ပြောဆိုလိုက်ပါတယ်။ မတူညီတဲ့ ဘာသာပေါင်းစုံအကြား နားလည်မှုရရေး ကြိုးပမ်းမှုတွေမှာ တိုးတက်မှုတွေ ရှိပေမယ်လို့ အခက်အခဲတွေလည်း ကျန်နေသေးတယ်လို့ ဆိုပါတယ်။ ဝါရှင်တန်ဒီစီမြို့ တော်ကို ရောက်ရှိလာတဲ့ ဟာဂျီဦးအေးလွင် ကို VOA မြန်မာအစီအစဉ်က ကိုသားညွှန့်ဦး က တွေ့ဆုံမေးမြန်းထားပါတယ်။
    .
    ကိုသားညွှန့်ဦး ။ ။ အန်ကယ်ဦးအေးလွင် အခုလို VOA ကို လာပြီးတော့ ဖြေကြားပေးတာကို ကျေးဇူးအများကြီးတင်ပါတယ်။ ကျနော် အရင်ဆုံး မေးချင်တာကတော့ မြန်မာနိုင်ငံမှာ ဘာသာရေး၊ လူမျိုးရေး ပြဿနာတွေ၊ တင်းမာမှုတွေ ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာ အတော်လေး ပြင်းပြင်းထန်ထန် ရှိခဲ့ပါတယ်။ တစုံတရာ ဖြေရှင်းနိုင်ဖို့အတွက် အစိုးရပိုင်းကပဲ ကိုင်တွယ်တယ်။ အရပ်ဖက်လူမှုအဖွဲ့အစည်းကလည်း ကြိုးပမ်းကြတယ်။ Interfaith အဖွဲ့အစည်းတွေလည်း ပေါ်လာတယ်။ အခြေအနေက တင်းမာနေတုန်းပဲလား။ လျော့ပါးသွားလား။ ဘယ်လိုများ ရှိပါသလဲ။
    .
    ဦးအေးလွင် ။ ။ ကျနော်တို့ ရွေးကောက်ပွဲ မတိုင်မီနဲ့ ရွေးကောက်ပွဲ ပြီးတဲ့အချိန်မှာ တော်တော်စိုးရိမ်တယ်။ သို့သော်လဲ မဲပေးတဲ့ ပြည်သူတွေရဲ့  အမျှော်အမြင် ကြီးမားမှုကြောင့် ဘာသာရေးကို အကြောင်းပြုပြီးတော့ နိုင်ငံရေးအမြတ်ထုတ်ဖို့ ကြိုးစားကြတဲ့ စီမံချက်တွေက တော်တော်လေးကို ပျက်ပြားသွားတယ်။ နိုင်ငံရေးမှာ ဘာသာရေးအသုံးချဖို့ ကြိုးစားတဲ့ လူတွေရဲ့  လုပ်ဆောင်ချက်တွေကို ပြည်သူက လက်မခံဘူးဆိုတာ ရွေးကောက်ပွဲ Result က အတိအကျ ထွက်လာတယ်။ သို့သော်လဲ ဒီဘာသာတရား က လှုံဆော်ရတာ အင်မတန် လွယ်ကူတဲ့အတွက် ဖောက်ခွဲဖို့အတွက် စနက်တံ အဖြစ် ဆက်လက် အသုံးချမယ် ဆိုတာကို ကျနော်တို့က မျှော်လင့်ပြီသာပါ။ ဒါကြောင့်မို့ ရွေးကောက်ပြီးနောက်ပိုင်းမှာလဲ အခွင့်ရေးရရင် ရသလို ဘာသာတရားနဲ့ လှုံဆော်မှုအတွက် ဖောက်ခွဲမှုဖို့အတွက် ကြိုးစားမှုလေးတွေဆိုတာ ရှိနေပါသေးတယ်။
    .
    ကိုသားညွှန့်ဦး ။ ။ ဒီအမုန်းတရာ မပျံ့ ပွားဖို့အတွက် လှုပ်ရှားနေကြတဲ့ လူငယ်အဖွဲ့အစည်းတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေလည်း ရှိပါတယ်။ တခြားအဖွဲ့အစည်းတွေလည်း ရှိပါတယ်။ ဒီကြားထဲမှာပဲ တလောကပဲ ဗုဒ္ဓဘာသာ ကျောင်းကန်နားမှာ ဈေးရောင်းတဲ့ မူစလင်တွေကို တချို့  ဗုဒ္ဓဘာသာ ရဟန်းကိုယ်တော်တွေက သွားပြီးဖမ်းဆီးတာ၊ ပစ္စည်းတွေသိမ်းတာ၊ ရိုက်တာနှက်တာတွေ ကျနော်တို့ ကြားမိပါတယ်။ ဒါပေမဲ့ အဲဒီမှာ ပြဿနာက သူတို့က ရဲစခန်းကို တိုင်ကြားမှုတွေလည်း မလုပ်ကြဘူး။ ဘေးပတ်ဝန်းကျင်ကလည်း ဒါကို တားတာမျိုးလည်း မရှိတော့ ပြောမယ်ဆို မြန်မာလူ့အဖွဲ့အစည်းမှာ ဒီအခြေအနေက တအုံနွေးနွေးလို ဖြစ် မနေဘူးလား။ ကြောက်ရွံမှုတွေ များ ဖြစ်နေကြလား။
    .
    ဦးအေးလွင် ။ ။ ကြောက်ရွံမှုထက် သူတို့က အခြေအနေကို တင်းမာသွားအောင် မလုပ်ချင်တဲ့ ပုံစံလို့ ကျနော် ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ရွှေတိဂုံစေတီတော်ကြီးက မေတ္တာရဲ့  ပုံရိပ်လွှာကြီးပဲ။ ဗုဒ္ဓတရားတော်ရဲ့  တကယ့်ကို သရုပ်သဏ္ဍာန် အမှန်ကို ဖော်ကျူးနေတဲ့ ရွှေတိဂုံစေတီတော်ကြီးရဲ့  အေးရိပ်စရာအောက်မှာ ဗုဒ္ဓတရားတော်နဲ့ ဆန့်ကျင်တဲ့ လုပ်ရပ်တခု ဖြစ်သွားတယ် ဆိုတာ ဗုဒ္ဓဘာသာဝင်အားလုံးအတွက် ယူကြုံမရ ဖြစ်စရာတခု ဖြစ်တယ်။ သို့သော် အဲဒါကို လက်တွေ့ကျကျ သူတို့က ဝင်ရောက်ဖို့ဆိုတာ သူတို့အနေနဲ့က မြန်မာလူမျိုးတို့ရဲ့  စရိုက်အရ သူများကိစ္စမှာ ဝင်စွက်ဖက်ဆိုတာတွေ သိပ်မလုပ်ချင်ဘူးဆိုတဲ့ ပုံစံမျိုး ဖြစ်သွားတယ်လို့ ကျနော်က ထင်ပါတယ်။ သို့သော် ဘယ် ဗုဒ္ဓဘာသာဝင်ကမှ ဒီလုပ်ရပ်ပေါ်မှာ စိတ်ချမ်းမြေ့မှု ရှိမယ်လို့ ကျနော် မထင်ပါဘူး။
    .
    ကိုသားညွှန့်ဦး ။ ။ နောက်တချက်က Interfaith ဘာသာခြားတွေကြားမှာ ချစ်ကြည်ရင်းနှီးမှုအတွက် ကြိုးပမ်းနေကြတဲ့ ဦးအေးလွင်တို့ အဖွဲ့အစည်းတွေပေါ့။ ဒီအဖွဲ့အစည်းတွေ လှုပ်ရှားမှုနဲ့ ပတ်သက်လို့ တစုံတရာ ခြိမ်းခြောက်တာ၊ အကြပ်ကိုင်တာတွေ ခံရတာမျိုးတွေ ရှိပါလား။
    .
    ဦးအေးလွင် ။ ။ အဲဒီလို မရှိဘူးဗျ။ မရှိတဲ့အပြင် ကျနော်တို့က Engage လုပ်တယ်။ ကိုယ်နဲ့ အယူအဆချင်း မတူတဲ့လူ၊ ဒါမှမဟုတ် ကိုယ့်ကို အထင်အမြင် လွှဲမှားနေသေးတဲ့ လူတွေကို ကျနော်တို့က Dialogue လုပ်ချင်တယ်။ Dialogue လုပ်တယ်ဆိုတာ အမြင်မတူကြသေးတဲ့ လူတွေကို ညှိနှိုင်းဆွေးနွေးဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပါ။ အဲဒီရည်ရွယ်ချက်နဲ့ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအဖွဲ့ (Religions for Peace Myanmar)၊ ဂျပန်မှာရှိတဲ့ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအဖွဲ့က (Religions for Peace Japan) က ဖိတ်ကြားတဲ့အခါမှာ မဘသအဖွဲ့ကြီးက ဥက္ကဋ္ဌဆရာတော်ကြီးကို ဖိတ်ပါတယ်။ ကျနော်ကိုယ်တိုင်ပဲ ကျောင်းကိုသွားပြီးတော့ ဖိတ်ပါတယ်။ လက်ခံတယ်။ လက်ခံပေမယ့်လဲ အနားကပ်မှာ ဆရာတော်ကြီးရဲ့  ကျန်းမာရေးကြောင့် သူ့ရဲ့  လက်ထောက်ဖြစ်တဲ့ ဒေါက်တာသောဘာဂကို ထည့်လိုက်ပါတယ်။ နောက် ဒေါက်တာဓမ္မပီယလည်း ပါပါတယ်။ ကျနော်တို့ ဂျပန်ကိုသွားတဲ့ ဘာသာပေါင်းစုံ အဖွဲ့ထဲမှာ မဘသ ကို ကိုယ်စားပြုတဲ့ ဆရာတော်နှစ်ပါးလည်း ပါလာတယ်။ မြဝတီဆရာတော်ကြီးလည်း ပါလာတယ်။ ခရစ်ယာန်ကဆို Cardinal ချားလ်စ်ဘို ပါတယ်။ MCC က စောရွှေလင်း ပါတယ်။ ဗုဒ္ဓဘာသာအရပ်ဖက်က ဥက္ကဋ္ဌကြီး ဦးမြတ်ဆွေ ပါတယ် စသဖြင့်၊ အမျိုးသမီးဆိုလည်း ဒေါ်ရင်ရင်မော ခရစ်ယာန်ကျောင်းများကောင်စီ က ပါပါတယ်။ အဲဒီလို Interfaith အဖွဲ့က လူစုံ တော်တော်များများက ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအဖွဲ့ဝင်တွေပါ။ ကိုယ်တော်နှစ်ပါးကတော့ မဘသ အဖွဲ့ကြီးကို ကိုယ်စားပြုပြီးတော့ ဂျပန်ပြည်ခရီးစဉ်မှာ ပါလာပြီးတော့ ဆွေးနွေးတာတွေကလည်း ကျနော်တို့အတွက် တော်တော်လေးကို အလားအလာကောင်းတဲ့ ဆွေးနွေးမှုတွေကို လုပ်ခဲ့တာတွေကို ကြားသိခဲ့ရပါတယ်။
    .
    ကိုသားညွှန့်ဦး ။ ။ ပြည်တွင်းမှာလဲ Interfaith လှုပ်ရှားမှုတွေ ခပ်စိတ်စိတ်လေး တော်တော်လေး လုပ်တာကို ကျနော်တို့ သတိထားမိတယ်။ တကယ်ပဲ ထိရောက်ရဲ့ လား။
    .
    ဦးအေးလွင် ။ ။ တဖြည်းဖြည်းတော့ ထိရောက်လာမယ်။ အခု ရေတွင်းတူး၊ အခု ရေသောက်ဖို့တော့ မဖြစ်နိုင်ဘူး။ ဘာကြောင့်လဲဆိုတော့ Trauma ကြီးက စိတ်ပိုင်းဆိုင်ရာ ခံစားမှုကြီးရယ်၊ ဒဏ်ရာတွေက ကြပ်သွားပေမဲ့လဲ Stigma အမာရွတ်တွေက ကျန်နေသေးတယ်။ ဒါတွေက နှစ်ပေါင်းမြောက်မြားစွာထဲကိုက အထင်အမြင် လွှဲမှားမှုတွေအပေါ်မှာ လူတွေက အသုံးချသွားတာ – Manipulate လုပ်သွားတာ။ အသုံးချပြီးတော့ နိုင်ငံရေးအသုံးချခဲ့တာ။ ၁၉၆၂ ခုနှစ်ကတည်းက ဘာသာတရားကို နိုင်ငံရေးမှာ အသုံးချခဲ့တယ်။ အထူးသဖြင့် Islamophobia မဝင်,ဝင်အောင်လို့ မြန်မာနိုင်ငံရဲ့  ဗုဒ္ဓဘာသာ မြန်မာလူမျိုးများရဲ့  အမျိုးသားရေးအတွက် အကြီးဆုံးသော အန္တရာယ်ဟာ အစ္စလာမ် ဖြစ်ပါတယ်ဆိုတဲ့ ပုံရိပ်လွှာပေါ်အောင် သူတို့က ဒါနဲ့ အသုံးချခဲ့တာ ၁၉၆၂ ခုနှစ်ကတည်းက စနစ်တကျ စီမံကိန်းတွေ ဆွဲပြီးတော့ လုပ်ခဲ့တဲ့အတွက် တော်ရုံတန်ရုံ သမာသမတ်ရှိတဲ့ ပုဂ္ဂိုလ်များရဲ့  မသိစိတ်ထဲမှာပင် အစ္စလာမ်ဟာ အန္တရာယ်ကြီးသဖွယ်ဆိုတာကို အခုထက်ထိ ကိန်းဝပ်နေသေးတယ်ဆိုတာကို တွေ့ရတယ်။
    .
    ကိုသားညွှန့်ဦး ။ ။ အခု အစိုးရသစ်နဲ့ ပတ်သက်လို့ မေးချင်ပါတယ်။ ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာတော့ အခြေအနေတွေ တင်းမာမှုတွေ ကြုံခဲ့တယ်။ အစိုးရသစ် ကြုံလာတဲ့ NLD ဦးဆောင်တဲ့ အစိုးရလက်ထက်မှာကော အခြေအနေနဲ့ ပတ်သက်လို့ ဘယ်လို မျှော်လင့်ထားလဲ။ ဘာသာရေး အဓိကရုဏ်းတွေ လျော့ပါးသွားနိုင်လား။ တစုံတရာ တင်းမားမှုတွေ ရှိနိုင်သေးလား။
    .
    ဦးအေးလွင် ။ ။ ကျနော်တို့ ယုံကြည်တာက တစ်အချက်က ဘာလဲဆိုတော့ ဒီမိုကရေစီဆိုတဲ့ စနစ်ကြီးဟာ ဥပဒေ စိုးမိုးရေးနဲ့ ဘယ်လိုမှ ခွဲခြားလို့ မရဘူး။ နှစ်အချက် ဒီမိုကရေစီဆိုတာနဲ့ လူ့အခွင့်အရေးဆိုတာ ရှိတယ်။ လွတ်လပ်စွာ ယုံကြည်ခွင့်ဆိုတာ ရှိတယ်။ လွတ်လပ်စွာ ကိုးကွယ်ခွင့်ဆိုတာ ရှိတယ်။ ကျနော်တို့အနေနဲ့က ဘာမှ တောင်းဆိုစရာလဲ မလိုဘူး။ ကျနော်တို့အနေနဲ့ ဘာမှလဲ အဆိုပြုချက်တွေ လည်း ပြုစရာ မလိုဘူး။ ဒီမိုကရေစီလို့ ပြောလိုက်တာနဲ့ မတူကွဲပြားမှုများအပေါ် သည်းခံပြီးတော့ကာ မိမိယုံကြည်ရာကို လွတ်လပ်စွာ ယုံကြည်ခွင့်၊ ကျင့်သုံးခွင့်ကို ပေးရမယ်ဆိုတာဟာ ဒါက ပါပြီသားပဲ။ အဲဒါအပြင်ကို အများကြီး ပြင်ဆင်ရန် ကျန်နေသေးတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေတွေသည်ပင် ဘာသာလူမျိုးကို အကြောင်းပြု၍၊ လိင်ကို အကြောင်းပြု၍ ခွဲခြားမှု လုံးဝမရှိစေရဆိုတဲ့ ဥပဒေကြီးက ရှိပြီသား။ အဲဒါ အသက်ဝင်လာဖို့ပဲ လိုတယ်။ အဲဒီတော့ လက်ရှိ အစိုးရသစ်ဟာ အဲဒီ တည်ဆဲဥပဒေကိုပဲ Will လုပ်ချင်တဲ့ဆန္ဒ အပြည့်အဝ၊ စေတနာပြဌာန်းမှု အပြည့်အဝနဲ့ ဒါကို အကောင်အထည်ဖော်မယ်ဆိုရင် မူစလင်တွေဘက်က ဘာမှတောင် တောင်းဆိုနေစရာ မလိုဘူး။ သူတို့ရဲ့  ရသင့်ရထိုက်သော မွေးရာပါ လူ့အခွင့်အရေးတွေက တခါထဲ တထပ်တည်း ကပ်ပါလာမယ်လို့ ဒီလို မျှော်လင့်နေပါတယ်။ ယုံကြည်နေတယ်။ စောင့်ဆိုင်းနေတယ်။
    .
    ကိုသားညွှန့်ဦး ။ ။ ဒါပေမဲ့ NLD အစိုးရက သူတို့ မဲဆွယ်စည်းရုံးရေးကာလနဲ့ အခုတောက်လျှောက်လည်း ပြောနေပါတယ်။ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီကို အာမခံတယ်။ တရားဥပဒေ စိုးမိုးရေး ဖြစ်စေရမယ်လို့ ပြောပါတယ်။ ဒါပေမဲ့ လက်ရှိ NLD အစိုးရမှာ တာဝန်ယူနေတဲ့ သာသနာရေးဝန်ကြီး ဦးအောင်ကို တလောက ပြောသွားတဲ့အထဲမှာ ပါပါတယ်။ သူသုံးနှုန်းသွားတဲ့ ဧည့်နိုင်ငံသားနဲ့ ပတ်သက်ပြီး မကျေမနပ်သံတွေ ကြားပါတယ်။ ဒီအခြေအနေအပေါ် ဘယ်လို ယူဆပါသလဲ။
    .
    ဦးအေးလွင် ။ ။ အဲဒါ ကျနော် အခုနပြောတဲ့ စကားနဲ့ ဆက်စပ်ပြောဆိုရမယ်ဆိုရင် မြန်မာမျိုးချစ် အမျိုးသားရေးဝါဒီကြီးများရဲ့  နှလုံးသည်းပွတ်ထဲမှာက ကိုယ်နဲ့မတူတဲ့ လူတွေအပေါ်မှာ သံသယရှိတယ်ဆိုတာ အမျိုးသားရေးဝါဒတိုင်းမှာ ဒီလို ရှိတယ်လေ။ သို့သော်လဲပဲ တချို့ တချို့ သော အမျိုးသားရေးဝါဒီ – ဥပမာ ဗိုလ်ချုပ်အောင်ဆန်း လို အမျိုးသားရေးဝါဒီ က ကိုယ်နဲ့မတူတဲ့ လူတွေအပေါ်မှာ သဘောထားကြီးကြီးနဲ့ ကြိုဆိုထွေးပိုက်ခြင်းဟာ မိမိအမျိုးသားရေးရဲ့  ဂုဏ်သရပ်ကို မြင့်မားစေတယ်လို့ ခံယူထားတဲ့ အမျိုးသားရေးဝါဒီကြီးတွေ ရှိတယ်။ အဲဒါလေးက ကြိုဆိုဖို့ပါ။ အဲဒီတော့ ဧည့်သည်၊ အိမ်ရှင်ဆိုတဲ့ ပြဿနာဟာ ဗုဒ္ဓတရားတော်အရ ကြည့်မယ်ဆိုရင်လဲ ဒါ အင်မတန်ကို အပ်စပ်မှု မရှိဘူး။ ဗုဒ္ဓတရားဟာ ပုဂ္ဂိုလ်သတ္တဝါ လူနတ်ဗြမ္မာဆိုတာ မရှိဘဲနဲ့ ရုပ်နဲ့နာမ်ကိုပဲ ရှုရမယ်လို့ ပြောထားပြီးတော့ ခွဲခြားမှုဆိုတာကိုလည်း လုံးဝလက်မခံတဲ့ ဗုဒ္ဓရဲ့ တရားတော်မှာ ဒီခွဲခြားမှု၊ ခွဲခြားတဲ့ အမြင်လေးတွေ မြင်နေခြင်းသည် ဗုဒ္ဓတရားတော်ဟာ အမျိုးသားရေးအပေါ်မှာ သိပ်မလွှမ်းမိုးသေးဘူးလို့ အဲဒီလို မြင်တယ်။ ဒါကြောင့် ဒီပုဂ္ဂိုလ် ဒီစကားတွေ ပြောသွားတာ။
    .
    ကိုသားညွှန့်ဦး ။ ။ ကျနော် နောက်ဆုံးတခု မေးချင်ပါတယ်။ အခုန ဦးအေးလွင် ပြောသွားတဲ့အထဲမှာလဲ ပါပါတယ်။ မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာ အများစု ဖြစ်နေတယ်။ တချို့ ဗုဒ္ဓဘာသာဝင်တွေ၊ ဆရာတော်တွေရဲ့  စိုးရိမ်ချက်ကလဲ အခုန ဦးအေးလွင် ပြောသွားတဲ့အထဲမှာ ပါတယ်။ မူစလင်ဘာသာ လွှမ်းမိုးသွားမလားဆိုတဲ့ စိုးရိမ်ပူပန်မှုတွေလည်း ကျနော် သတိထားမိတာ တွေ့ရပါတယ်။ ဒီအခြေအနေနဲ့ ပတ်သက်လို့ ဦးအေးလွင် ဘာများ မှတ်ချက်ပေးချင်ပါလဲ။
    .
    ဦးအေးလွင် ။ ။ ကျနော် ကြုံတိုင်းမှာ ပြောတယ်။ ဘာသာတရားကို လေ့လာချင်ရင် သူ့ရဲ့  ကျမ်းတွေကို သိရမယ်။ ဗုဒ္ဓတရားတော်ဆိုရင် ပိဋကတ်တော်မှာ ဘယ်လို ပြောထားလဲ။ ဗုဒ္ဓရဲ့  ဝါစက က ဘယ်လို ပြောထားလဲ။ Authentic Sources တွေကို ပြောဖို့လိုတယ်။ အစ္စလာမ်မှာက ကိုရန်မှာ ပြတ်ပြတ်သားသား ပြောတယ်။ အားလုံးကို ငါ အယူတခုတည်းဖြစ်အောင် ငါ လုပ်နိုင်တယ်။ ဘယ်သူက ပြောလဲဆိုတော့ အလ္လာရှင်မြတ်ဆိုတဲ့ ဖန်ဆင်းရှင်။ သို့သော် ငါ မလုပ်ဘူး။ အဲဒီ မတူကွဲပြားမှုကို ကျနော်တို့ အလ္လာရှင်မြတ်ရဲ့  စီမံကိန်းမှာကို မှားနေတယ်။ ဘာကြောင့် မလုပ်လဲဆိုတော့ ကောင်းမှုကောင်းရာတွေမှာ ပြိုင်ကြဆိုင်ကြဖို့အတွက် ဖြစ်တယ်။ အားလုံးကို အယူတခုတည်းဖြစ်အောင် ငါ လုပ်နိုင်တယ်ဆိုတာ အကြိမ်ကြိမ် ပြောထားတယ်။ သို့သော် ငါ မလုပ်ပါဘူး။ လွတ်လပ်စွာ ရွေးချယ်ရမယ်။ ဘယ်ဟာမှန်တယ်၊ ဘယ်ဟာမှားတယ်ဆိုတာ ပြပြီးပြီ။ မိမိဟာ လွတ်လပ်စွာ ရွေးချယ်ပြီးတော့ မိမိရဲ့  ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့သာ အမှန်တရားကို လိုက်နာရမယ်ဆိုတဲ့အတွက် သာသနာပြုခြင်းဆိုတဲ့ အယူအဆတောင်မှ အစ္စလာမ်မှာ မရှိဘူး။ မိမိကနေ အမှန်တရားကို ရွေးချယ်လိုက်ပြီဆိုရင် မိမိက လွတ်လပ်သော ဆန္ဒဖြစ် ဒါကို လိုက်နာကျင့်သုံးလို့ ရတယ်။ အကြမ်းဖက်သောနည်းဖြင့်သော် လည်းကောင်း၊ သွယ်ဝိုက်သော နည်းဖြင့် မြူဆွယ်ဖြားယောင်ပြီးတော့ လောကီလာဘ်လဘပေးပြီး လည်းကောင်း သာသနာကြီးထွားအောင် လုပ်ဖို့ဆိုတာ အစ္စလာမ်မှာ လုံးဝမရှိဘူး။ ဒါကြောင့် အိမ်ထောင်ပြုပြီး သာသနာပြုတယ် ဆိုတာလဲ လုံးဝမဟုတ်ဘူး။ အကြမ်းဖက်ပြီးတော့ သာသနာပြုတယ်ဆိုတာလဲ မဟုတ်ပါဘူး။ စီးပွားရေးအရ သာသနာပြုတယ်ဆိုတာလဲ လုံးဝမဟုတ်ပါဘူး။ ကာယကံရှင် ကြည်ဖြူမှု မရှိဘဲနဲ့ ဒီသာသနာဟာ ..
    .
    ကိုသားညွှန့်ဦး ။ ။ အခုန ကျနော် ပြောသလို ဘာသာတိုင်း၊ အယူအဆတိုင်းမှာ အစွန်းရောက်တွေ ရှိနေတယ်ဆိုတော့၊ အစွန်းရောက်တွေနဲ့ ပတ်သက်လို့ကော၊ ဗမာပြည်မှာလည်း ရှိမှာကြုံမှာပါ။ မူစလင်ထဲမှာလည်း အစွန်းရောက် ရှိမှာပေါ့။ ဒါနဲ့ ပတ်သက်လို့ကော ဘယ်လိုများ ကိုင်တွယ်မှုရှိလဲ။
    .
    ဦးအေးလွင် ။ ။ ကျနော်တို့က အခု ဘာပြောနေလဲဆိုရင် ဘာသာပေါင်းစုံ စကားတွေ ပြောတာထက် မပြောခင်မှာ Interfaith ခေါ်တဲ့ ဘာသာဝင်အချင်းချင်း ဆွေးနွေးကြရမယ်။ တယောက်ကိုတယောက် သတိပေး နှိုးဆော်ကြရမယ်။ ဒို့သာသနာရဲ့  တရားတွေကို ပြန်စမ်းစစ်ကြရအောင်ဆိုပြီးတော့ ပြီးခဲ့တဲ့ နှစ်လလောက်က Morocco မှာ အဲဒီလို အစည်းအဝေးတခု ဖြစ်တယ်။ အဲဒါ ဘာလဲဆိုရင် မဒီနာမြို့ မှာ မဟာတမန်တော်မြတ်က မတူကွဲပြားတဲ့ လူ့အဖွဲ့အစည်းတွေအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေတခု ဆွဲလိုက်တယ်။ Medina Charter လို့ ခေါ်တယ်။ ကိုယ်နဲ့ အယူမတူတဲ့လူတွေ၊ လူမျိုးခြား၊ ဘာသာခြားတွေကို အစ္စလာမ်ရဲ့  နယ်မြေအောက်မှာ ဘယ်လို အပြည့်အဝ လူ့အခွင့်အရေး ပေးပြီးတော့ တန်းတူရည်တူ၊ နိုင်ငံသား အပြည့်အဝအဖြစ် ကိုယ်လိုချင်တဲ့ ဘာသာတရားကို လွတ်လပ်စွာ ကိုးကွယ်ခွင့်ပေးတယ်ဆိုတဲ့ Charter ကြီး။ တခါတည်း မူရင်းစာချုပ်လည်း ရှိတယ်။ လက်မှတ်တွေ ထိုးထားတာတွေလည်း ရှိတယ်။ အဲဒါတွေကို ကိုယ့်လူတွေကို ကိုယ်သိအောင်ဆိုပြီးတော့ Morocco မှာ Marrakesh မှာ ဒီအစည်းအဝေးကြီး လုပ်ပြီးတော့ ကမ္ဘာ့အစ္စလာမ်ဘာသာ ပညာရှင်တွေ အားလုံးကို ဖိတ်ပြီးတော့ ဒါကိုပြန်ပြီးတော့ အသက်သွင်းမယ်။ ဒါတွေကို သဘောပေါက်အောင် လုပ်ရမယ်။ ငါနဲ့မတူ ငါ့ရန်သူ ဆိုတာ ဒို့အစ္စလာမ်မှာ မရှိဘူး။ သို့သော် တချို့ က ဒီသဘောထားတွေ ရှိလိမ့်မယ်။ ဒါတွေ မှားတယ်ဆိုတာကို ပြအောင် အချင်းချင်း ပြန်ပြီးတော့ သတိပေးလှုံဆော်မှုတွေ လုပ်နေပါတယ်။ ဗမာပြည်မှာလည်း လုပ်နေပါတယ်။
    .
    ကိုသားညွှန့်ဦး ။ ။ ဦးအေးလွင် အခုလို ဖြေကြားပေးတာကို ကျေးဇူးအများကြီးတင်ပါတယ်။
    .
    ဦးအေးလွင် ။ ။ ကျေးဇူးအများကြီးတင်ပါတယ်။

    http://burmese.voanews.com/content/burma-democracy-forum-interview-with-alhaj-uayelwin/3321329.html

  • လတ်တလော ဘာသာရေးပြသနာများနှင့် ပတ်သက်ပြီး ကရင်ပြည်နယ် သာသနာရေး ဝန်ကြီး ဦးမင်းတင်ဝင်းနှင့် RFA ဆက်သွယ်မေးမြန်းချက်

    လတ်တလော ဘာသာရေးပြသနာများနှင့် ပတ်သက်ပြီး ကရင်ပြည်နယ် သာသနာရေး ဝန်ကြီး ဦးမင်းတင်ဝင်းနှင့် RFA ဆက်သွယ်မေးမြန်းချက်

    13015188_10207943101809802_7239836922897619700_n
    မေး – အင်္ဂလိကန်ခရစ်ယာန်ဘုရားကျောင်းဝင်းအတွင်းမှာ စေတီတည်တဲ့ကိစ္စကို ဒေသခံတွေကလည်း ကန့်ကွက်မှုရှိနေတော့ ၀န်ကြီးတို့ အစိုးရအဖွဲ့အနေနဲ့ဘာတွေများ စီစဉ်ဆောင်ရွက်သွားဖို့တွေများ ရှိနေပါသလဲရှင်။
    .
    ဖြေ –  ကွမ်းတောကျေးရွာမှာကို အင်္ဂလိကန် ဘုရားရှိခိုးကျောင်းမှာ စေတီတော်တည်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့မှ ကျွန်တော်တို့ အစိုးရအဖွဲ့အနေနဲ့က ပြည်နယ်သံဃာ့နာယကအဖွဲ့၊ မြို့နယ်သံဃာ့နာယကအဖွဲ့၊ ပြည်နယ်အစိုးရအဖွဲ့၊ အဲ့ဒီကနေပြီးတော့ ဆရာတော်ဆီကို မေတ္တာရပ်ခံစာ ပေးပို့ပါတယ်။ သင်္ကြန်မတိုင်ခင်အချိန်ကပေါ့။ သူနဲ့အလွန်ရင်းနှီးတဲ့ဒကာနဲ့ စာတစ်စောင် ပေးခိုင်း ပါတယ်။ စာရောက်တယ်လို့လည်း ပြောပါတယ်။ ဒါပေမယ့် ဆရာတော်ဘုရားဆီက ဘာအကြောင်းပြန်ချက်မှ မရပါဘူး။ မရဘဲနဲ့ အခုလို ၂၃ ရက်နေ့မှာ ဘုရားထီးတင်လိုက်တယ်ဆိုတဲ့ အခြေအနေအထိကို ရောက်သွားပါတယ်။ ရောက်သွားတော့ ကျွန်တော်တို့က တျွန်တော်တို့အစိုးရအဖွဲ့ရဲ့ သဘောထားကို သွားပြောပြတယ်။ ကျွန်တော်တို့ကတော့ ပွတ်တိုက်မှု မဖြစ်စေချင်ဘူး၊ ခရစ်ယာန်ကရင်နဲ့ ဗုဒ္ဓဘာသာကရင်နဲ့ကြားထဲမှာ ပဋိပက္ခတစ်စုံတစ်ရာဖြစ်တဲ့အဆင့်ကို ရောက်သွားရင် လမ်းလွဲကုန်မယ်။ အဲ့ဒါမျိုး မဖြစ်အောင် ထိန်းသိမ်းလုပ်ဖို့ ကျွန်တော်တို့ပြောတဲ့နေရာမှာ ဆရာတော်က မရှိဘူး။ ကျွန်တော်တ့က အကျူးကျော်ခံနေရတဲ့ ခရစ်ယာန် ဘာသာဝင်တွေနဲ့ သူတို့ရဲ့ဆရာကိုပဲ ကျွန်တော်တို့ပြောရတဲံသဘောမျိုး ဖြစ်နေတယ်။ အစိုးရအဖွဲ့သဘောထားကတော့ ဘယ်ကြိုက်မလဲလေ။ ဒီလိုလုပ်ငန်းမျိုးက ကျွန်တော်တို့ပြည်နယ်အတွင်းထဲမှာ ဘာသာရေးအရ ပဋိပက္ခဖြစ်မယ့်အလုပ်တွေကို ကျွန်တော်တို့ သဘောတူမှာမဟုတ်ပါဘူး။ ကြိုတင်ကာကွယ်တဲ့ကြားက မဖြစ်ဖြစ်အောင်ဖြစ်သွားတာပါ။ ကျွန်တော်တို့ပြည်ထောင်စု အစိုးရဆီကိုတော့ အစီရင်ခံစာတင်ထားပြီးတော့ ပြည်ထောင်စုအစိုးရရဲ့လမ်းညွှန်မှုကို စောင့်နေပါတယ်။
    .
    မေး – ဒီ မြိုင်ကြီးငူဆရာတော်အနေနဲ့ပေါ့နော်။ ဒီလှိုင်းဘွဲ့မြို့နယ် အမှတ် ၅ ရပ်ကွက်က မွတ်စ်လင်မ်တွေနေတဲ့ လမ်းအလယ်မှာ လည်း စေတီတည်ဖို့ စီစဉ်နေတယ်ဆိုပြီးတော့လည်း ကျွန်မတို့ ကြားရတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ရော ၀န်ကြီးတို့ အစိုးရဖက်က ဆောက်လုပ်ခွင့်ပေးသွားဖို့များ ရှိသလားရှင့်။
    .
    ဖြေ – အစ္စလာမ်ဘာသာဝင်တွေရဲ့ ဗလီဝင်းထဲမှာ ဘုရားဆောက်တည်ခွင့် ကျွန်တော်တို့ မပေးပါဘူး။ မပေးတဲ့အပြင် အဲ့ဒီဗလီဘေးမှာ ဆိုက်ကားတစ်စင်းလောက်သွားနိုင်တဲ့လမ်းကြားလေးတစ်ခုရှိတယ်။ အဲ့ဒီလမ်းကြားထဲမှာ ဘုရားဆင်းတုမြှုပ်ထားတယ်ဆိုတဲ့ သဘောမျိုး။ အဲ့ဒါ ဗလီအဖွဲ့တွေကရော ရွှေဂွန်းက ဗုဒ္ဓဘာသာတွေကရော တိုင်ပါတယ်။ ခုလောလောဆယ် အဲ့ဒီနေရာကို ရွေဂွန်းမှာရှိတဲ့ အစ္စလာမ်ဘာသာဝင်တွေက အဲ့ဒီအပေါ်ကို တိုင်ကီပြတ်နှစ်လုံး၊ အဲ့ဘေးနားက သစ်သားတိုင်တွေနဲ့ သေချာ အကာအရံလုပ်ထားတယ်။ ဆိုလိုတဲ့သဘောက အဲ့ဒီမှာရှိတဲ့ဆင်းတုတော်ကို တစ်ယောက်ယောက်က ဖော်သွားလိုက်ရင် – ဒီကုလားတွေ ဖော်တယ် ဆိုပြီးတော့မှ ပြဿနာရှာကြပြန်ရင် ဒီအခါ အစ္စလာမ်နဲ့ ဗုဒ္ဓဘာသာ ပဋိပက္ခဖြစ်ရောပေါ့။
    .
    မေး – ၀န်ကြီးတို့လည်းပေါ့နော်။ ဒီလှိုင်းဘွဲ့မြို့နယ်အတွင်းမှာ ဒီခရစ်ယာန်ဘုရားကျောင်းဝင်းအတွင်းမှာ စေတီတည်တဲ့ကိစ္စ၊ မွတ်စ်လင်မ်တွေနေတဲ့လမ်းထဲမှာ စေတီတည်ဖို့ စီစဉ်နေတဲ့ကိစ္စနဲ့ပတ်သက်ပြီး မလုပ်ဖို့လည်း မြိုင်ကြီးငူဆရာတော်ကို လျှောက်ထားတာရှိတယ်။ ဒါပေမယ့် ဒီကွမ်းတောကျေးရွာက ဒီခရစ်ယာန်ကျောင်းဝင်းအတွင်းမှာဆိုရင် ထီးတင်ပွဲတောင် ပြီးသွားပြီဆိုတော့ ဒီအခြေအနေတွေကို ဘယ်လိုကိုင်တွယ်သွားဖို့တွေများ ရှိမလဲရှင်။
    .
    ဖြေ – ကျွန်တော်တို့ ဒီမနက်မှာ အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ အစည်းအဝေးလုပ်ပါတယ်။ ကျွန်တော်တို့ ထုတ်ဖော်ပြောခွင့် မရှိသေးလို့ပါ။ ကျွန်တော်တို့ကတော့ ဒါနဲ့ပတ်သက်ပြီးတော့ တော်တော်လေး အပူတပြင်း ဆောင်ရွက်နေပါတယ်။ ကျွန်တော်တို့ ကရင်ပြည်နယ်မြို့တော့ အများအားဖြင့် ခွင့်လွှတ်စာနာသနားတတ်တဲ့ စိတ်ထားမျိုးတွေ ရှိကြတယ်။ ပဋိပက္ခအသွင်ဆောင်တဲ့ အဆင့်အထိတော့ ရောက်ဖို့ နည်းနည်း နည်းမယ်ထင်တယ်။ အဲ့ဒါ သူတို့စိတ်ဓာတ်အခံက ကောင်းလို့ပါ။ ကျွန်တော်တို့လည်း ၀ိုင်းဝန်းကြမှာပါ။
    .
    မေး – လက်ရှိအစိုးရမတိုင်ခင်ကပေါ့၊ ပြီးခဲ့တဲ့အစိုးရသက်တမ်းအတွင်းကလည်း ဒီဖားအံမြို့နယ်က ခရစ်ယာန်ကျောင်းဝင်းအတွင်းမှာ ဒီလိုစေတီတည်တဲ့ကိစ္စမျိုးတွေ ရှိခဲ့ဖူးတယ်ဆိုတဲ့ သတင်းတွေလည်း ကြားရပါတယ်။
    .
    ဖြေ – ကြားကြမှာပါ။ ဟုတ်ပါတယ်။
    .
    မေး – အဲ့ဒီအခြေအနေကရော ခုလက်ရှိအနေအထားမှာ ဘယ်လိုများရှိသလဲ။
    .
    ဖြေ – ဒီကိစ္စကတော့ အဲ့ဒီမြေတွေကို မြိုင်ကြီးငူဆရာတော်က စေတီတည်သွားပြီးတော့ အဲ့ဒီတစ်ခြမ်းခြမ်း လိုက်ပြီးတော့ စေတီကို လှူလိုက်တယ်။ နေရာကိုဖယ်ထုတ်လိုက်တယ်။ အဲ့လိုမှမလုပ်ရင်လည်း ဘယ်လိုမှ ပြတ်နိုင်တဲ့ အခြေအနေမရှိလို့ပါ။ အဲ့ဒါ ကျွန်တော်တို့လုပ်ခိုင်းတာမဟုတ်ဘူး။ သူတို့ဖာသာသူတို့ လုပ်ကြတာပါ။ အခု ဘာသာပေါင်းစုံအဖွဲ့ကလည်း ဘယ်လိုလုပ်ရမလဲလို့ အကြိတ်အနယ်ကြိုးစားနေကြတယ်။ သူတို့အားလုံးက ပဋိပက္ခကို မဖြစ်စေချင်ပါဘူး။
    .
    မေး – အစိုးရအဖွဲ့ကရော ဒါတွေကို ပိုင်နက်ကျူးလွန်မှုနဲ့ အရေးယူဆောင်ရွက်မှုတွေများ ရှိလာနိုင်မလားရှင့်။
    .
    ဖြေ – ကျွန်တော်တို့ အဲ့ဒီလို အရေးယူလို့ရတဲ့အနေအထားမျိုးက ကျွန်တော်တို့မှာ ပြည့်ပြည့်စုံစုံ ရှိပါတယ်။ ရှိပေမယ့် ကျွန်တော်တို့လုပ်လိုက်တဲ့ပြဿနာကို ကျွန်တော်တို့ကြောင့် ပွတ်တိုက်မှု ပိုပြီးတော့ကြီးလာတာမျိုး မဖြစ်အောင်လို့တော့ ကျွန်တော်တို့ သတိကြီးကြီးထားပြီးတော့ ကိုင်ဆောင်နေပါတယ်။
    .
    မေး – ၀န်ကြီး အခုလို အချိန်ပေးပြီး ဖြေပေးတဲ့အတွက် RFA  က ကျေးဇူးတင်ပါတယ်ရှင်။
    .
    ဖြေ – ဟုတ်ကဲ့ပါ။

  • “အပြု သဘောဆောင်သော အမျိုးသားရေး စိတ်ဓာတ်က ကိုယ်နဲ့မတူသော သူတွေကို ချီးမြှောက်ခြင်းအားဖြင့် ကိုယ့်အမျိုးဂုဏ် ဇာတိဂုဏ်ကို မြှင့်တတ်အောင်လုပ်တယ်။”  (အလ်ဟဂ်ျ ဦးအေးလွင်)

    “အပြု သဘောဆောင်သော အမျိုးသားရေး စိတ်ဓာတ်က ကိုယ်နဲ့မတူသော သူတွေကို ချီးမြှောက်ခြင်းအားဖြင့် ကိုယ့်အမျိုးဂုဏ် ဇာတိဂုဏ်ကို မြှင့်တတ်အောင်လုပ်တယ်။” (အလ်ဟဂ်ျ ဦးအေးလွင်)

    13062436_870098113118775_7633061068800214976_n.
    RFA-ဆရာဦးအေးလွင် မင်္ဂလာပါ ခင်ဗျ
    .
    UAL-မင်္ဂလာပါ

    RFA-ဆရာပထမဦးဆုံးအနေနဲ့ ဗမာပြည်မှာ အစိုးရသစ်လည်းပြောင်းလာပြီ ဒါပေမယ့် အစိုးရဟောင်းလက်ထပ်က ပြဿနာအ ချို့ကလည်း ကျန်ခဲ့သေးတယ်။ အထူးသဖြင့်၂၀၁၂ ခုနှစ်ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ် ပြဿနာပေါ့ ဆရာ ရယ် ဒီပြဿနာဟာ လက်ရှိ NLDအရပ်သား အစိုးရအတွက် ဘယ်လောက်ထိ စိန်ခေါ်မှုဖြစ်နိုင်သလဲ ဆိုတာ ဆရာဦးစွာပြောပြပေးစေချင်ပါတယ်။
    .
    UAL-ကျတော်တို့နိုင်ငံဟာ ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံမှီတင်း နေထိုင်တဲ့ နိုင်ငံဖြစ်ပါတယ်။ ဗဟုလူ့အဖွဲ့အစည်းပေါ့နော် အဲ့တော့ကျတော်တို့က မိသားစုတစ်စုလိုပေါ့လေ။ မိသားစု ၀င်ဘယ်လောက်ပဲ အရေးမပါဘူးထင်ရတဲ့ မိသားစုဝင်ဖြစ် စေကာမူ သူ့အတွက်ပြဿနာလေး တစ်ခုဖြစ်နေမယ်ဆို မိသားစုတစ်စုအတွက်က ဒါ သိပ်အဆင်မပြေနိုင်ပါဘူး။ အဲ့ဒါကြောင့်မို့ ဒါဘာသာရေးကို အခြေခံတယ်ဆိုတဲ့ ပြောဆိုမှု တွေလည်းရှိတယ် လူမျိုးရေးကို အခြေခံတယ်ဆိုတဲ့ ပြော ဆိုမှုတွေလည်းရှိတယိ။ ဒါဟာ ကျတော်တို့ မြန်မာနိုင်ငံရဲ့ image အတွက်က အရေးတယူ မဆောင်ရွက်ဘူးဆိုရင် တာရှည်မထားကောင်းတဲ့ ကိစ္စတခုလို့ ကျတော်မြင်ပါတယ် ခင်ဗျာ။
    .
    RFA-ဒီပြသနာဟာ ကမ္ဘာသိပြဿနာ တစ်ခုလည်းဖြစ်တော့ကာ ဘယ်လိုနည်းလမ်းတွေနဲ့များ လက်ရှိအစိုးရသစ်က ပြေ လည်အောင် ဖြေရှင်းသင့်တယ်လို့များ ဆရာထင်ပါသ လဲ ခင်ဗျာ။
    .
    UAL-တော်တော်လေးတော့ ရှုပ်ထွေးပါတယ် ဒီကိစ္စကနော်။ သမိုင်းကြောင်းအရသွားရမှာတွေလည်းရှိတယ်။ ပထ၀ီနိုင်ငံ ရေးအရ သွားရမှာတွေလည်းရှိတယ်။ အဲ့ဒီအထဲမှာ အဓိက အချက်ကတော့ ကျတော်တို့ လုပ်နိုင်ကိုင်နိုင်တဲ့ ကိစ္စသည် ကျတော်တို့ ဘာသာရေးနဲ့ လူမျိုးရေးကို နိုင်ငံရေးအလို့ငှာ အသုံးချတဲ့ အသုံးချမှုတွေကို ကျတော်တို့ရပ်တန့်သွားအောင် လုပ်ဖို့ စပြီးကြိုးစားဖို့လိုအပ်ပါလိမ့်မယ်။ သူဟာသူ သမိုင်းကြောင်းအရဖြစ်ပေါ်နေတဲ့အခြေအနေ နိုင်ငံရေးအရ ဖြစ်ပေါ်နေတဲ့အခြေအနေ ဒီကိစ္စရပ်တွေကတော့ ကျတော် တို့ တွေ့ဆုံဆွေးနွေးရေးတို့ တခြားနည်းလမ်းတွေနဲ့ ကျတော်တို့က ဖြေရှင်းလို့ရတယ်။ တမင်တကာ ဖန်တီးလုပ်ကြံ မှုများကတော့ဖြင့် အဲ့ဒီလုပ်ကြံဖန်တီးမှုများကို ကျတော်တို့ ရပ်တန့် သွားအောင်လုပ်လိုက်လို့ရှိရင် ကျန်တဲ့ကိစ္စရပ်များ ကို ကိုင်တွယ်ဖြေရှင်းရာမှာ တော်တော်လေးလွယ်ကူသွား မယ်ထင်ပါတယ်။
    .
    RFA-လက်ရှိအစိုးရသစ်ပေါ့ ဆရာရယ်။ NlD ဦးဆောင်တဲ့အစိုးရသစ်ကို ပြည်သူတွေက ဒါလူ့အခွင့်ရေးနဲ့ ဒီမိုကရေစီကို အကောင်အထည်ဖော်ပေးမယ်လို့ ယုံကြည်ပြီး တော့ မဲပေးလာကြတယ်ပေါ့ဆရာရယ်။ ဒီအစိုးရ အဖွဲ့ထဲမှာဆိုရင်လည်း အထူးသဖြင့် သာသနရေးဝန်ကြီး ဆိုရင် အရင်စစ်အစိုးရလက်ထက်တုန်းကလည်း သာသနာ ရေးဝန်ကြီးလုပ်ခဲ့တယ်ပေါ့။ သူရဦးအောင်ကိုကပေါ့လေ ဟိုတ လောက အစ္စလာမ်ဘာသာနဲ့ပက်သက်ပြီး မှတ်ချက်တခု ပြောလိုက်တဲ့အတွက် တချို့ကလည်း တော်တော် မကျေမနပ်ရှိကြတယ်ဆိုတော့ ဒီသူရဦးအောင်ကိုရဲ့ ပြော ကြားချက်တွေကိုမူတည်ပြီးတော့ ဆရာတို့လည်းအရင်က ဒီလိုပဂ္ဂိုလ်မျိုးတွေနဲ့ ဆက်ဆံခဲ့ဖူးကောင်းဆက်ဆံခဲ့ ပါလိမ့် မယ်။ သူ့အနေနဲ့ရော ဒီပြောင်းလဲလာတဲ့ စနစ်အောက်မှာပေါ့လေ သာသနာရေးအကျိုးကို ဘယ်လောက်ထိများ ဆောင်ရွက်နိုင်လိမ့်မယ်လို့ ယုံကြည်မှုရှိပါသလဲ ခင်ဗျ။
    .
    UAL-အဲ ကျတော့အနေနဲ့ အများကြီးမျှော်လင့်ထားပါတယ်။ ပုဂ္ဂိုလ်ရေးအရ သူရဦးအောင်ကိုက တချိန်တုန်းက သာသနာရေး ဒုဝန်ကြီးလုပ်ခဲ့ဖူးတယ်။ အဲ့ဒီတုန်းက သူ့ရဲ့လုပ်ရပ်တွေဟာ သူ့မှာအများကြီး အချုပ်အချယ်တွေရှိခဲ့ငြားလည်း သူဟာ တရားမျှတချင်တဲ့ စိတ် လေးတွေ စေတနာလေးတွေကို ကျတော်တို့တွေ့ရတဲ့အ တွက် အင်မတန် သူဝန်ကြီးဖြစ်လာပြီဆိုရင် ကျတော် အားကိုး မျှော်လင့်နေမိတယ်။ နောက်တခါ လွှတ်တော်ထဲမှာလည်းပဲ ဒေါ်စုနဲ့ တဖက်က အတိုက်အခံတွေဖြစ်နေတဲ့ အချိန်မှာလည်းဘဲ သူ ဟာတော်တော်လေးကို ဒါမျက်စိမှိတ်ဒုန်းပိတ်ပြီး ဒါ အား ပေးတာမျိုးမဟုတ်ဘဲနဲ့ ကြောင်း ကျိုးဆီလျော်စွာ ဦးတည်လမ်းကြောင်းတွေကနေပြီးတော့ တကယ့် Democratic တစ်ဦးရဲ့ Mind Set နဲ့ပြော ဆိုနေတယ်ဆိုပြီးတော့ ကျတော်တို့ လေ့လာဖြစ်တဲ့ အတွက် သူ့ကိုတော်တော်လေး အားကိုးထားတယ်။ သို့ သော်လည်းပဲ အဲ့ဒီ interview တခုမှာ သူအစ္စလာမ် ဘာာဝင်များဟာ ဧည့်နိုင်ငံသားများပါလို့ ပြောလိုက်တဲ့အခါကျ တော့ ကျတော်ကတော့ သိပ်မအ့သြဘူး။ ဘာကြောင့်လဲ ဆိုတော့ ဒီဗိုလ်ချုပ်ဟောင်းကြီးတွေဟာ ဦးနေ၀င်းလက် ထက်ထဲကိုက သူတို့ကို ဒီအစ္စလာမ်မုန်းတီးရေး ဆန့်ကျင် ရေးကို သိသိသာသာဖြစ်စေ၊ မသိမသာဖြစ်စေ စနစ်တကျ ရိုက်သွင်းခြင်းခံထားရတာတွေရှိတယ်။
    .
    အဲ့ဒီတော့ ဒီ Islamophobia ဟာသူတို့ရဲ့ မသိစိတ်ထဲ မှာ ကိန်းဝပ်ပြီးနေမယ် တစ်အချက်၊ နှစ် အချက်ကလည်းဘဲ အမျိုးသားရေးစိတ်ဓာတ်တွေရှိကြတယ်။ အဲ့ဒီတော့ ဒီအမျိုးသားရေး စိတ်ဓာတ် တွေဟာ အပြုသဘောဆောင်သော အမျိုးသားရေးစိတ်ဓာတ်က ကိုယ်နဲ့မတူသော သူတွေကို ချီးမြှောက်ခြင်းအားဖြင့် ကိုယ့်အမျိုးဂုဏ် ဇာတိဂုဏ်ကို မြှင့်တတ်အောင်လုပ်တယ်။ မိမိရဲ့သဘောထား ကြီးမှု မိမိရဲ့အမျိုးသားဆိုသည်မှာ အခြားလူတွေကို ခွဲခြား ဆက်ဆံမှုမရှိဘူးဆိုတဲ့ ဗိုလ်ချုပ်အောင်ဆန်းလို အမျိုးသားရေးဝါဒီများဟာ ဒီမြန်မာအမျိုးသားရေး စိတ်ဓာတ်ရဲ့ မှန်ကန်သော သရုပ်သကန်ကိုဖော်ပြခဲ့တယ်။ သို့သော်တစ်ခါတရံမှာ ဒီအမျိုးသားရေး စိတ်ဓာတ်က ကျဉ်းမြောင်းတယ် ဗျ။ ကိုယ်နဲ့အမြင်မတူတာတွေ ကိုယ်နဲ့မတူညီမှုတွေ OTHER တွေကို သိပ်ပြီးတော့လက်မခံချင်တဲ့သဘော တွေရှိတယ်။ အဲ့ဒီအခုအခံလေးတွေရှိနေတယ်ထင်တယ် ကျတော့စိတ်ထဲမှာ။
    .
    RFA-မြန်မာနိုင်ငံမှာ အခုဆိုရင်ခေတ် စနစ်တွေပြောင်းလဲလာပြီ။ ဒါပေမယ့်အမေရိကန်လိုနိုင်ငံကြီးတွေက ဘာသာရေး လွတ်လပ်ခွင့်နဲ့ပက်သက်ပြီးတော့ ဝေဖန်မှုတွေကရှိနေဆဲ့ပေါ့ ဆရာရယ်။ ဆရာတို့အနေနဲ့ပေါ့ လက်ရှိမြန်မာနိုင်ငံရဲ့ ဘာသာရေးလွတ်လပ်ခွင့်တွေနဲ့ပက်သက်ပြီးတော့ ဘယ်လိုရှုမြင်အကဲခပ်လို့ရမလဲခင်ဗျ။
    .
    UAL-စာအုပ်ထဲမှာပေါ့လေ။ ၄၇ရော၊ ၇၄ရော၊ ၂၀၀၈မှာရောက ဘာသာရေးနဲ့ပတ်သက်ပြီးတော့ ခွဲခြားဆက်ဆံမှု မရှိစေရ၊ နိုင်ငံသားတစ်ဦးရဲ့ရပိုင်ခွင့်တွေ အပြည့်အ၀ ရရမယ်လို့ ပြောထားတယ်။ သို့သော်အင်္ဂလိပ်စကားလိုပေါ့။ Work the talk (ပြောသလိုလုပ်)ပေါ့လေ။ တကယ်လက်တွေ့အကောင်အထည်ပေါ်မလာဘူး။ လက်တွေ့အကောင်အထည်မပေါ်ဘဲနဲ့ မရေးထားသော ဥပဒေများ Unwritten Law တွေက ဘာဖြစ်နေလဲဆိုရင် အထူးသဖြင့် လူနည်းစုနေရာမှာပေါ့လေ။ လူနည်းစု လူမျိုးစုတွေလည်းပါတယ်၊ ဘာသာဝင်တွေလည်းပါတယ်။ တကယ်အရေးပါတဲ့နေရာမှာဆို ချန်ထားတဲ့ ကိစ္စတွေ။ အစ္စလာမ်ဘာသာဝင်တွေကျတော့ တိတိကျကျကို ခွဲခြားဆက်ဆံမှုတွေက ဖြစ်လာတယ်။ ဥပမာ တပ်မတော်ထဲမှာ ထူးထူးချွန်ချွန်အမှုထမ်းခဲ့တဲ့ အစ္စလာမ်ဘာသာဝင်တွေရှိခဲ့တယ်။ ဦးနေ၀င်းလက်ထက်ကတော့ သူရဘွဲ့ရတဲ့ စစ်သားကောင်းကြီးတွေ ရှိခဲ့တယ်။ သို့သော်လည်းပဲ တဖြည်းဖြည်း တဖြည်းဖြည်း တပ်မတော်ထဲမှာတောင်မှ အမှုထမ်းခွင့် မရအောင် အစ္စလာမ်ဘာသာဝင်ဆို ပိတ်ပင်တာတွေ ရှိတယ်။ အခုရဲဝန်ထမ်းအဖြစ်တောင်မှ အမှုထမ်းခွင့်မရလောက်အောင်ဆိုတဲ့ Unwritten Law (ရေးဆွဲပြဋ္ဌာန်းထားခြင်း မရှိတဲ့ ဥပဒေ) တွေရဲ့ သြဇာတွေက သက်ရောက်မှုရှိနေတယ်။ ဒါ့အပြင် ဘာကိုပြနေသလဲဆိုတော့ အစ္စလာမ်ကို အန္တရာယ်သဖွယ် အဖြစ်နဲ့ အခုထက်ထိကို ယုံကြည်နေသေးတယ်လို့ ထင်တယ်။ အဲဒါဟာ အင်မတန်ဝမ်းနည်းဖို့ ကောင်းပါတယ်။ မတူကွဲပြားမှုဆိုတာ ခွဲခြားဖို့ မဟုတ်ဘဲနဲ့ တွဲသွားရမယ်ဆိုတဲ့ အသိ သူတို့မှာ မရှိသေးဘူးခင်ဗျ။ အဲဒါလေးတွေ ၀င်လာဖို့ လိုအပ်ပါတယ်။
    .
    RFA-အစ္စလာမ်အစွန်းရောက်တွေရဲ့ လှုပ်ရှားမှုပေါ့နော်။ ပြီးခဲ့တဲ့နှစ်တွေကဆို အယ်ကိုင်ဒါးလို့ အဖွဲ့တွေရဲ့ ခြိမ်းခြောက်မှုတွေ ရှိတယ်။ ဒီနှစ်ပိုင်းမှာဆိုလည်း အိုင်အက်စ်ဆိုတဲ့ အစ္စလာမ္မစ်နိုင်ငံတော် ထူထောင်ရေးအဖွဲ့၊ ဥပမာ မလေးရှားတို့ အင်ဒိုနီးရှားတို့ဆိုရင် အီရတ်တို့ ဆီရီးယားတို့သွားပြီးတော့ အမှုထမ်းကြတယ်။ ဒါမျိုးတွေကို အစိုးရတွေက အစ တော်တော်စိုးရိမ်နေကြတယ်။ ပြီးခဲ့တဲ့ ၂၀၁၃လောက်ကဆိုရင် အယ်ကိုင်ဒါးအဖွဲ့က မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် လို နေရာမျိုးအတွက် ရုံးခွဲဖွင့်မယ် စသဖြင့် ကြားလိုက်မှာပေါ့လေ။ အခုလက်ရှိအခြေအနေမှာ မြန်မာနိုင်ငံရော အပြင်က ဒီလိုအစွန်းရောက်အဖွဲ့တွေရဲ့ ခြိမ်းခြောက်မှုတွေက စိုးရိမ်စရာရှိသလားဆရာ။
    .
    UAL- ကျွန်တော်တို့ အနေနဲ့ အိုင်အက်စ်နဲ့ ပတ်သက်တဲ့ ခြိမ်းခြောက်မှုကို သိပ်မစိုးရိမ်ဘူး။ ဘာကြောင့်လဲဆိုတော့ အိုင်အက်စ်ရဲ့လုပ်ရပ်တွေ အစ္စလာမ်သာသနာနဲ့ မကိုက်ညီဘူး၊ ဘာမှမပတ်သက်ဘူးဆိုတာ သာသနာရေးပညာရှင်တွေ ကမ္ဘာနဲ့အ၀န်းက ကြေညာပြီးပြီ။ သို့သော် စိုးရိမ်စိတ်က ဘာရှိလဲဆိုရင် လူငယ်လေးများအစွန်းရောက်အောင် တွန်းပို့စေတဲ့ အကြောင်းတရားတွေရှိနေတယ်။ အဲဒါတွေကဘာလဲဆိုတော့ ခွဲခြားဆက်ဆံခံရမှု။ သူတို့တွေမှာ အနာဂတ်ပျောက်သွားပြီ ဆိုရင်၊ သူတို့ဘ၀မှာ အနှိမ်ခံရပြီဆိုရင် သူတို့ချစ်မြတ်နိုးတဲ့ သာသနာအစော်ကားခံရပြီဆိုရင်၊ သူတို့ချစ်မြတ်နိုးတဲ့ တမန်တော်မြတ်ကြီးကို စော်ကားပြီဆိုရင် ဒီလူတွေဟာ အခုဏပြောတဲ့ အစွန်းရောက်သမားများရဲ့ သိမ်းသွင်း စည်းရုံးမှု အောက်မှာ ပါသွားနိုင်စရာတွေ ရှိတယ်။ ဥပမာ မှတ်ပုံတင်တဲ့အတွက် ဘာမှလုပ်လို့မရတဲ့အတွက် မွတ်စလင်ဆိုရင် မှတ်ပုံတင်မရတာ မြန်မာပြည်မှာ ဖြစ်နေတာ။ အဲဒီလိုအနေအထားမျိုးမှာ အနာဂတ်ပျောက်နေတဲ့ ဒီလူငယ်လေးတွေဟာ အစွန်းရောက်အောင် တွန်းပို့နေတဲ့ အကြောင်းတရားတွေရှိနေတယ်။ အဲဒီအကြောင်းတရားတွေကို အမြန်ဆုံးရပ်စဲသွားအောင် လုပ်မှသာလျင် အိုင်အက်စ်အပါအ၀င် မသမာသူများရဲ့ ထောင်ချောက်ထဲကို ကျွန်တော်တို့ လူငယ်တွေ ၀င်မသွားမှာပါ။ ကာကွယ်ဖို့ အထူးလိုအပ်နေပါတယ်လို့ ထင်ပါတယ်။
    .
    RFA-ဆရာလည်း မြန်မာပြည်မှာဘာသာပေါင်းစုံ လှုပ်ရှားမှု့ထဲမှာ ထဲထဲဝင်ဝင် ဦးဆောင်ပါဝင်လှုပ်ရှားနေတယ် သီတဂူဆတော်ကြီးတို့ ချားလ်စ်မောင်ဘို တို့စသဖြင့် ဒီမတူညီတဲ့ ဘာသာဝင်တွေ အချင်းချင်းကြားထဲမှာချစ်ကြည်မှု့တွေ ဘယ်လောက်ထိ တိုးတက်လာပီလဲ ။ ဘာတွေများဦးစားပေးတိုးမြှင့်လုပ်ဆောင်သင့်သလဲ ။ လက်ရှိအခြအနေမှာရော ဘယ်လိုတွေရှိနေသလဲ။
    .
    UAL-သမိုင်းကြောင်း အရကိုက ကျတော်တို့မတူကွဲပြားတဲ့လူတွေ အတူနေခဲ့ကြတယ်။ ရန်မဖြစ်ဘူးမဟုတ်ဘူးဖြစ်တယ် ကျတော်တို့ ရန်ဖြစ်ကြပါတယ်။ ဘာသာရေးကြောင့်ရန်ဖြစ်တယ်ဆိုတာမရှိဘူး။ နောက်ပိုင်းမှသာ ဒီဘာသာရေးကို တမင်တကာ အကြောင်းပြုပီး တော့ ခြွဲခားဆက်ဆံမှုတွေရှိလာအောင်လို့ စနစ်တကျကြံစီ ပီးတော့ဖန်တီးခဲ့တယ်ဆိုတဲ့ဟာ တွေကိုတွေရတယ် ။အဲတော့ကျတော်တို့ ဘာလုပ်ရမလဲ အသစ်လုပ်စရာမလိုဘူး မြန့်မာ့စိတ်ဓာတ်မှာကိုက ဒီ Tolerance ဆိုတာရှိပြီးသား မြန်မာ့စိတ်ဓာတ် မြန်မာမင်းတွေ ဟာဆိုရင် ဗလီ တွေဆောက်လုပ်ပေးတယ် မင်းတုံးမင်း ဆို မက္ကာ မှာ ဆိုရင်ဒေါင်းဇရပ်ကြီး ဒေါင်းတံဆိပ်ကြီး ခပ်နှိပ်ပီးဒေါင်းဇရပ်ကြီးဆောက်လုပ်ပေးခဲ့တယ်။ ဒိ့အရင် ပုဂံခေတ်ကတည်းကိုကလည်း မင်းကြီးမင်းလေးဆိုရင် နတ်အဖြစ်နဲ့ တောင် ကိုးကွယ်ထားသေးတာပဲ နော် ဒါသမိုင်းတွေမှာ ရှိခဲ့ပါတယ်။ဒီလို ကျတော်တို့ မတူကွဲပြားမှုတွေကို welcoming the others ကိုယ် နဲ့မတူပေမယ့်လည်း အဲ့ဒီသူတွေကို နားလည်သဘောပေါက်ပြီးတော့ ဆက်ဆံပေးတယ်ဆိုတာ မြန်မာ့စိတ်ဓာတ်က ရှိပြီး သား ပြန်လည်နိုးကြားလာအောင်လုပ်ရမယ်။ အပ ပယောဂနဲ့ဒါ နိုင်ငံရေး အလို့ငှာ အသုံးချလိုက်တဲ့အတွက် ကြောင့် ပြည်သူတွေနားယောင်နေတယ်။ တော်တော်လေး အဆိပ်သင့် နေတာတွေမြင်ရတယ်နော်။ သူရဦးအောင်ကို လို ပုဂ္ဂိုလ်တောင်ဒီလို mind set တွေရှိနေသေးတယ် ဆိုတာဟာ ကျတော်တို့အတွက် အင်မတန်ကို အလုပ်လုပ်ရမယ်ဆိုတာ ဖော်ညွှန်းနေပါတယ်။
    .
    RFA-နောက်ဆုံအနေနဲ့ ဆရာရယ်။ လက်ရှိ NLD အစိုးကလည်း ရက် ၁၀၀ ပြုပြင်ပြောင်းလဲရေးတွေလုပ်နေတယ်။ လုပ်နေတဲ့အခါမှာ ဘာသာပေါင်းစုံချစ်ကြည်ရေးတွေ အား ကောင်းလာအောင် ပဋိပက္ခတွေပြေလျော့ပြီးတော့ နိုင်ငံသားတွေ စည်းစည်းလုံးလုံးဖြစ်အောင် ဘာတွေဦးစား ပေးလုပ်ဆောင်သင့်လဲလို့ ဆရာဘာသာရေးခေါင်းဆောင် တစ်ဦးအနေနဲ့ အကြံပြုတိုက်တွန်းချင်တာများရှိပါ သလားခင်ဗျ။
    .
    UAL-ဘာတွေလဲဆိုလို့ရှိရင် ကျတော်တို့မတူကွဲပြားမှုပ်ါမှာ မြင်နေတဲ့အမြင်လေးတွေကို ကျတော်တို့ အဲ့ဒါ အား လို့မြင် ရမယ်။ အမှားတစ်ခုမဟုတ်ဘူး။ ခြားနေတာအမှားမဟုတ်ဘူး။ ခြားနေတာသည် အား လို့မြင်နိုင်ဖို့လိုတယ်။ နောက် ပြီးတော့ ယုံကြည်မှုတွေတည်ဆောက်ရမယ် နော်။ အခုန ကပြောတဲ့တစ်ယောက်အကြောင်းတစ်ယောက်ကို အမှန် တကယ်သိဖို့လိုတယ်။ ဒါကြောင့်မို့ ကျောင်းတွေကအစ သင်ခန်းစာတွေမှာ ပြည်သူ့နိတိတွေမှာ ဘာသာတရားတွေ ရဲ့အခြေခံသဘောတရားကို အမှန်တိုင်းတင်ပြဖို့။ ဗုဒ္ဓဘာသာ တရားအကြောင်းကို အစ္စလာမ်ကတင်ပြလို့မရဘူး။ အစ္စလာမ်အကြောင်းကို ခရစ်ယာန်ကလည်း တင်ပြလို့မရ ဘူး။ နော် ကိုယ်တကယ်ဘာယုံကြည်တယ်ဆိုတဲ့ အခြေခံ အသိတရား လေးတွေကို အများပြည်သူအောက်ခြေက ကလေးတွေကအစ ဒီအသိပညာတွေပေးထားမယ်ဆိုရင် မတူ ကွဲပြားမှုကို diversity is strength လို့မြင်လာလိမ့်မယ်။ Others are brothers ငါနဲ့တခြားပေမယ့် ငါ့ ညီပါလို့ ဗိုလ်ချုပ်အောင်ဆန်းပြောသလို သွေးတူတာထက် စိတ်တူဖို့ လိုတယ်။ မြန်မာနိုင်ငံသား အချင်းချင်း မြန်မာနိုင်ငံရဲ့အကျိုးကိုလိုလားတဲ့ လူ့အစုအဝေး ကြီးတရပ်ဟာ လူမျိုး ဘာသာပေါ်မှာမဆိုင်ပါ။ တိုင်းပြည်ချစ်တဲ့စိတ်နဲ့ တိုင်း ပြည်ပေါ်သစ္စာရှိတယ်။ မေတ္တာနဲ့သစ္စာပေါ်မှာပဲ အခြေခံပါတယ်လို့ ကျတော်ပြောချင်ပါတယ်။
    .
    RFA – ဆရာဦးအေးလွင်ကို RFA မှ ကျေးဇူးတင်ပါတယ်။
    .
    RFA Radio မှ အစ္စလာမ်ဓမ္မဗိမာန် ဦးဆောင်ဆော်သြရေးမှူး အလ်ဟဂ်ျ ဆရာဦးအေးလွင်တွေ့ဆုံမေးမြန်းခဲ့ပြီး ၂၃ . ၄ . ၂၀၁၆ တွင် ထုတ်လွှင့်ခဲ့သည့် အင်တာဗျူး ဖြစ်ပါသည်။

    ** Soft-copy text ကို Fans Of Islamic Centre Of Myanmar မှ ရယူဖော်ပြပါသည်။