News @ M-Media

Month: January 2011

  • တရုတ်နိုင်ငံမှာ သက်ကြီးရွယ်အိုမိဘတွေကို စောင့်ရှောက်မှုမရှိတဲ့ သားသမီးတွေကို ထောင်ဒဏ်အပြစ်ပေးရေး ဥပဒေတစ်ရပ်ပြဌာန်းရန်ရှိ

    တရုတ်နိုင်ငံမှာ သက်ကြီးရွယ်အိုမိဘတွေကို ပုံမှန်သွားရောက်ကြည့်ရှုစောင့်ရှောက်မှုမရှိတဲ့ သားသမီးတွေကို ထောင်ဒဏ်အပြစ်ပေးရေး ဥပဒေတစ်ရပ်ပြဌာန်းဖို့ စဉ်းစားနေကြောင်း သိရပါတယ်။ အဲဒီဥပဒေအရ အငြိမ်းစားယူထားသူတွေဟာ သူတို့ကို ကြည့်ရှုစောင့်ရှောက်မှုမရှိတဲ့ သားသမီးတွေကို တရားစွဲဆိုနိုင်ကြောင်း သိရပါတယ်။ တရုတ်တို့ရဲ့ ရိုးရာယဉ်ကျေးမှုအရ သားသမီးတွေဟာ သက်ကြီးရွယ်အိုမိဘတွေကို စောင့်ရှောက်ရမှာဖြစ်ပေမယ့် အလုပ်ဝန်ပိမှုနဲ့ ရွှေ့ပြောင်းနေထိုင်မှုများပြားလာခြင်းတို့က မိသားစုသံယောစဉ်ကြိုးတွေကို ပြတ်တောက်စေခဲ့တယ်လို့ ဆိုပါတယ်။ တရုတ်နိုင်ငံမှာ ကလေးတစ်ယောက်သာယူရမယ့် ဥပဒေပြဌာန်းခဲ့တာ ဆယ်စုနှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်လို့ မိဘတွေဟာစောင့်ရှောက်သူမဲ့တဲ့ အနေအထားကိုရင်ဆိုင်ရဖို့ အလားအလာပိုများခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

    အဲဒီဥပဒေကို အတည်ပြုလိုက်ရင် မိဘတွေကို ကိုယ်အားဖြင့်လည်းကောင်း၊ စိတ်အားဖြင့်လည်းကောင်း ပြုစုစောင့်ရှောက်မှုမရှိတဲ့ သားသမီးတွေဟာ ထောင်ဒဏ်သော်လည်းကောင်း၊ ငွေဒဏ်သော်လည်းကောင်း ကျခံရလိမ့်မယ်လို့ ဆိုပါတယ်။ တရုတ်နိုင်ငံ လူဦးရေရဲ့ ရှစ်ပုံတစ်ပုံဟာ အသက် ၆၀ ကျော်နေသူတွေဖြစ်ပြီး အဲဒီထဲက ထက်ဝက်ကျော်ဟာ တစ်ဦးတည်း အထီးကျန်နေထိုင်ရတယ်လို့ ဆိုပါတယ်။ တရုတ်နိုင်ငံမှာ အသက် ၆၀ ကျော်သူပေါင်း ၁၆၇ သန်းနဲ့ အသက် ၈၀ ကျော်သူပေါင်း တစ်သန်းရှိကြောင်း သိရပါတယ်

  • အနောက်တိုင်းမှာ ၀ံ့ကြွားခဲ့တဲ့ တီထွင်မှု ၁၀၀၁ မွတ်စလင်တို့ရွှေနှစ် ပြပွဲ

    အနောက်တိုင်း မီဒီယာများ၏ မှိုင်းမိ အသိများ ဖြင့် မွတ်စလင်များ အား ထစ်ကနဲ ဆို အကြမ်းဖတ် သမား ၊ အစွန်းရောက် ၊အယူသီးသူ စသဖြင့် အဓိပ္ပါယ်ဖွင့် နေကြ သည်။ ဥရောပသို့ ဉာဏ်မီး ကူးပေးခဲ့ ရာတွင်အခရာကျခဲ့သော ရှေးမွတ်စလင်များ၏ နည်းပညာတွေရှိချက် များ၊တီထွင်မှုများမှာလည်း ရည်ရွယ်ချက်ရှိရှိဖြင့် သမိုင်း ဖျောက် ခံခဲ့ ရချိန် တစ်ဖတ်တွင်လည်း ၂၀၀၉ ၏ စစ်တမ်းအရ အမေရိကန်လူမျိုး ၃၈%က အခြား ဘာသာများထက် အစ္စလာမ်အား ပဋိပက္ခအ ရင်းအမြစ် အဖြစ်ရှုမြင် နေကြချိန် ယနေ့အခါတွင် တွင် အစ္စလာမ်နှင့် မွတ်စလင်တို့၏အရှိတရားကို လူအများသို့ ချပြနိုင်ရန် အရေးတကြီး လိုအပ်နေပါသည်။

    အမေရိကန်နိုင်ငံ နယူးယောက် တွင်ပြုလုပ်ခဲ့သော တီထွင်မှု ၁၀၀၁ မွတ်စလင်တို့ရွှေနှစ် ပြပွဲ က ၇ရာစုမှ ၁၇ရာစုအတွင်း ရှေး မွတ်စ လင် အကျော်အမော်တို့၏ တီထွင်မှုများအကြောင်း ကို မိတ်ဆက်ပေးနိုင်ခဲ့ပါ သည်။

    အဖန်တရာ ထေနေသော မီဒီယာများ၏ ၀ါဒဖြန့် နေမှု များအား ယင်းပြပွဲဖြင့် အမေရိကန် များအား အမြင် ပြောင်း လဲပေးနိုင် ခဲ့ပါ သည်ဟုဆိုရပေမည်။ ပြပွဲသို့ လေ့လာကြည့်ရှု သူများက ၄င်းတို့ အကြိုက်ဆုံးရှေး မွတ်စလင်များ၏ တီထွင်မှု များကိုလည်း ရွေးချယ် ပေး ခဲ့ကြ သည်။ အသက်၈နှစ်အရွယ် အမေရိ ကန်မိန်း က လေးငယ် Marissa Campis က ဒီပြပွဲမှာ သမီးစိတ် ၀င်စားဆုံးက ရှေးဟောင်း ကင်မရာတစ်ခုပါ ရှင့် ဟု အလယ် ခေတ်မွတ်စ လင်ပညာရှင်တစ်ဦး ၏ ကင်မရာ ကို လက်ညှိုးညွန်ရင် ပြောပါသည်။ ယင်းကင်မရာမှာ ဒီဂျစ်တယ် ကင်မရာများ ပေါ်ထွက်လာနိုင်ရန် အတွက် ရှေးမွတ်စလင် များ က အစောဆုံး လမ်းခင် တီထွင်မှု တစ်ရပ်ဖြစ်ခဲ့သည်။၎င်းမိန်းကလေးငယ် က ယင်းကင် မရာ ကြောင်း ယခင်က မသိရှိခဲ့သော်လည်း အာရှ၊ အာဖရိက နှင့်ဥရောပတောင်ပိုင်း ဒေသများက အစ္စ လာမ့် ယဉ်ကျေးမှု အကြောင်း ကို လေ့လာခဲ့ရ

    နယူးယောက် တွင်ကျင်းပသည့် တီထွင်မှု ၁၀၀၁ မွတ်စ လင်တို့ရွှေနှစ် ပွဲ သည် ယခင် တူရကီ နှင့် ဗြိတိန် တွင် ပြုလုပ်ခဲ့သော ပြပွဲများထက် လာရောက်များ ကို အထူး ဆွဲဆောင်နိုင်ခဲ့ပြီး လူပေါင်း ၈၀၀၀၀၀ ကျော် ၀င်ရောက် ကြည့်ရှုခဲ့ပါသည်။ ၄င်းပြပွဲတွင် မွတ်စလင်များ၏ တီထွင်မှုပစ္စည်းများ ကို ခင်း ကျင်းပြ သ ထားသည်သာမက မည့်သည့် သီ အို ရီဖြင့် လှုပ်ရှားလည်ပတ်သည် ဆိုသော နည်း ပညာ ဆိုင်ရာ များကိုပါ တင်ပြထားသည်။ ဥရောပသားများ ဉာဏ်အမှောင် ဖုံးနေချိန်ကာ လ တွင် မွတ်စလင်များ သည် ရွှေခတ်ဟု တင်စားခေါ်ဆိုနိုင်လောက်အောင် အဖတ်ဖတ် မှတိုးတက်ခဲ့ပုံကို သရုပ်ဖေါ် မှတ်တမ်းရုပ်ရှင် ဇတ်ကားကလည်း အဆိုပါ ပြပွဲအား အသက် ၀င် စေခဲ့ပါ သည်။

    ၎င်းဇတ် ကား အား အကယ်ဒမီဆုရှင် Ben Kingsley က ၁၂ရာစု တူရကီလူမျိုး အင် ဂျင်နီယာ အလ်ဂျဇရီ အဖြစ်သရုပ်ဆောင် ရိုက် ကူး ထားပြီး ကိန်းရုပ်ရှင်ပွဲ တော် တွင် ၂၀၁၀ ခုနှစ်အတွက် အကောင်း ဆုံးပညာ ပေး ရုပ် ရှင် ဆု ရရှိခဲ့သည်။ အလ်ဂျ ဇရီ (အလ္လဟ်ထံ မှ ရဟ်မသ် အဖျာဖျာကျ ရောက် ပါစေ) ၏ တီထွင်မှုများ အနက်ပြပွဲရှိ အမြင့် ပေ ၂၀ ဆင် နာရီကလည်း ကြည့်ရှုသူ များ ကို အမှတ် တရဖြစ် စေခဲ့သည်။ ပထမဆုံး စက် တပ် ယာဉ်ပျံ အား စတင်ကြိုးပမ်းခဲ့သူဟု ခေါ်ဆိုနိုင်သော ၉ရာစုမှတီထွင်သူ အဘ္ဘားစ်အိ ဘ နေ ဖိရ်နားစ် (အလ္လဟ်ထံမှ ရဟ်မသ်အဖျာဖျာ ကျရောက်ပါစေ) ၏ မိုးပျံယာဉ်ပုံစံတူက လည်း အမေရိကန်ပရိသတ် များအား ရင်သက်ရှုမော်စေခဲ့သည်.။

    ရွှေရောင်ဆန်းခဲ့သော အစ္စလာမ့်ယဉ်ကျေးမှုခေတ်တွင် စွယ်စုံရမွတ်စ လင် ပညာ ရှင်များ အပြိုင်အဆိုင် ပေါ် ထွက်ခဲ့ ပါသည်။ ရှရီအဟ် ၊ နည်းပညာ၊ အတွေး အခေါ် သာမက အထင်ကရ ပင်လယ်ခရီးသွားနယ်ပယ်တွင်လည်း အတူယူအားကျစရာ ပညာရှင်များလည်း ပေါ်ထွန်းခဲ့ပါသည်။ တရုတ် မွတ်စ လင် ဇဲန်ဟီ (အလ္လဟ်ထံမှ ရဟ်မသ်အဖျာဖျာကျရောက်ပါစေ) ၏ သည် ဘောလုံးကွင်း ထက်ကြီးမား သော ပင်လယ်ကူရွက်လှေများကို ပထမဆုံး တည် ဆောက် က ပင်လယ်ခရီးသွားခဲ့ကြောင်း ယင်းပြပွဲတွင် ပြသထားသည်။

    ကိုယ်တော်မြတ်(ဆွ) သွန်သင်ခဲ့သော Peaceful Coexistance ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး အယူအဆ ကိုလည်း မွတ်စလင် များက ရွှေခေတ်တွင် သြချရလောက်ကို ကျင့်သုံးခဲ့သည်ကို ယင်းပြပွဲက အလေးပေးပြသ ခဲ့ သည်။ ရှေး မွတ်စလင် သိပ္ပံ ပညာရှင် များ နှင့် အတူ ပူးတွဲလုပ်ကိုင်ခဲ့ စပိန် ကော် ဒိုဘာမှ ဂျုး ရူပဗေဒ ပညာရှင် Maimonides ကိုလည်း အမွန်းတင် ပြသထား သည်။

    တီထွင်မှု ၁၀၀၁ မွတ်စလင်တို့ရွှေနှစ် ( နယူးယောက် ) ပြပွဲအား လာမည့်ဧပြီ လ ထိတိုင်ပြသမည်ဖြစ်ပြီး ဗြိတိန် အခြေစိုက် သိပ္ပံ၊နည်းပညာ ၊ယဉ်ကျေးမှု ဖောင်ဒေးရှင်က ကမကထပြုစိစဉ် ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    ကိုးကား…..commongroundnews

  • ဂျာမဏီ နိုင်ငံ ကြက်သား၊ ကြက်ဥ၊ ၀က်သားတို့တွင် အဆိပ် တွေ့ရှိ

    ဂျာမနီမြောက်ပိုင်း Hamburg, Bremen မနီးမဝေး Boesel နှင့် Utersen ရွာကလေးတွေရှိ Harles Und Jentzsch ကုမ္ပဏီပိုင် တိရိစ္ဆာန် အစားအစာ ထုတ်လုပ်တဲ့ စက်ရုံမှနေ အသားတိုးအောင် အတွက်လား မသိ၊ စက်ရုံတွေမှ စွန့်ပစ်တဲ့ အဆီတွေကို အစာတွေထဲ ထည့်သွင်း အသုံးပြုတာကြောင့်မို့ ကြက်ဥ၊ ကြက်သားနဲ့ ၀က်သားတွေမှာ Doxinအဆိပ် ၇၇%ကျော် တွေ့ရှိတာကြောင့် ဂျာမန်တွေ အားလုံး ကြောက်လန့်တကြား ဖြစ်နေကြပါပြီ။ ဒီဇင်ဘာ ၂၇ ရက်နေ့မှာ စတင် တွေ့ရှိခဲ့ရတဲ့ ဒီအဆိပ်မှ အစပြုကာ ယာတောပေါင်း ၅၀၀၀ကျော် ပိတ်ပြစ်ခဲ့ရပြီး တိရိစ္ဆာန်အစာ တန်ပေါင်း တစ်သိန်းခွဲ (၁၅၀ ၀၀၀)မှာလည်း အဆိပ်ရှိနေတာ တွေ့ရှိခဲ့ရပါတယ်။

    စူပါမားကက်တွေနဲ့ အသားဆိုင်တွေမှာလည်း ဈေးဝယ်သူတွေက ၀ယ်ထားမိတဲ့ ကြက်ဥ၊ ကြက်သား၊ ၀က်သားတွေ ပြန်ပေးကြပြီး၊ Bio ဆိုင်တွေမှ ကြက်ဥ နဲ့ အသားတွေကိုပဲ စားသုံးနေကြပါပြီ။ (more…)

  • ထိုင်းနိုင်ငံ မဲဆောက်အမှိုက်ပုံမှ မြန်မာများ

    ထိုင်းနိုင်ငံ မဲဆောက်မြို့ ပြင်ရှိ အမှိုက်ပုံကြီးဟု လူသိများသည့် နေရာတွင် မြန်မာမိသားစု ၂၀ (လူဦးရေ ၁၀၀) ခန့် သည် ပလပ်စလစ်နှင့် သံတိုသံစများ ကောက်ရင်း အလုပ်မွေးဝမ်းကြောင်း ပြုလျက်ရှိသည်။ မုတ္တမ၊ မော်လမြိုင် စသည့် မြန်မာပြည်အောက်ပိုင်းဒေသများမှလာရောက်ကြသူများဖြစ်ပြီး  မြန်မာပြည်တွင် အလုပ်အဆင်မပြေသဖြင့် မဲဆောက်မြို့ သို့  ကူးပြောင်းကာ အမှိုက်ကောက်သမားများအဖြစ် လာရောက် နေထိုင်နေခြင်းဖြစ်သည်။

    ထိုသို့  လုပ်ကိုင်စားသောက်နေသူ ဆယ်ကျော်သက် တဦးက “ကျနော်တို့ ဆီမှာ တနေ့ ရှာ တနေ့ စားမလောက်ဘူး။ ကျောင်းစရိတ်တွေလည်းမရှိတာကြောင့် ဒီဘက်ထွက်လာတာပါ” ဟုဆိုသည်။

    ပလပ်စတစ်ကောက်ရောင်းရာတွင် မိသားစု စားဝတ်နေရေး လုံလောက်သော်လည်း အခက်အခဲ များစွာရှိကြောင်း ထိုအမှိုက်ပုံတွင် အလုပ်လုပ်နေထိုင်သူများက ပြောပြသည်။

    သားသမီးငါးယောက်ဖခင် ကိုဝင်းက “တယောက်ကို တရက် ဘတ် ၃၀ (မြန်မာငွေ ကျပ် ၉၀၀ ခန့် ) လောက်ရတယ်။ (more…)

  • အတွေးပွားစရာအင်ဒိုနီးရှားက ဘေးသင့်ဒေသ ခရီးသွားလုပ်ငန်း

    အင်ဒိုနီးရှားရှိ စိမ်းပြာပြာ ပင်လယ်ရေပြင် ဖြူလဲ့လဲ့ သဲသောင် ရေအောက်သန္တာကျောက်တန်း ထူးဆန်းသော ဓလေ့ထုံတမ်း များစွာတို့ ကကမ္ဘာလှည့်ခရီးသည်များအာရုံကိုဖမ်းစားလျက်ရှိသကွဲ့သို့ ကပ်ဘေးသင့်ခဲ့သော ဒေသ များကလည်း ခရီးသွားများ၏ အာရုံကို ထပ်မံ ဆွဲ ဆောင် လာနေပါ သည်။ “မြင်လိုက်တာနဲ့တင် ကိုယ့် အီမာန ယုံကြည်ချက် အားကောင်းလာစေမဲ့ နေရာတွေဆီ ကျွန်တော် ခရီးသွားလေ့ရှိ ပါတယ် ဘာကြောင့်လဲဆိုတော့ ဘေးသင့်ခဲ့ရတဲ့ ဒီလိုနေရာတွေကနေ ကျွန်တော့်ကို ဖယ်ရှားပေးခဲ့တဲ့ အလ္လဟ် အရှင်မြတ်ရဲ့ ကျေးဇူး တော် ကို ပြန်အမှတ်ရစေလို့ပါ ”…ဟု အသက်၆၅နှစ်အရွယ်အဘိုးအို Sulis က ပြောပြသည်။ သူသည်ဇနီးသည်နှင့် တူ မွတ်စလင် အများ ဆုံးနေထိုင်ရာ အင်ဒိုနီးရှားရှိ သဘာဝဘေး အန္တရယ်သင့်ခဲ့သော ဒေသများသို့ ခရီးထွက်လာခဲ့ သူဖြစ် သည်။ လွန်ခဲ့သော အောက်တို ဘာ လ တွင် မီရပီမီးတောင်ပေါက်ကွဲခဲ့သဖြင့် လူပေါင်း ၃၅၀ကျော်သေဆုံးပြီး ၄၀၀၀၀၀နီးပါး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည့် ဒေသသို့ လည်း Sulis ရောက် ရှိခဲ့သည်။

    ထို့အတူ ၂၀၀၆ခုနှစ်က အင်အားပြင်ထန် သောမြေငလျင် ကြောင့်လူပေါင်း ၅၇၀၀ သေဆုံးခဲ့ရသည့် အလယ်ဂျာဗား ဒေသ သို့လည်း သံဝေဂယူရရန်သူ (more…)