News @ M-Media

Month: February 2011

  • ငါက အကြမ်းဖက်ဝါဒီလား

    သူတို့တွေလေ
    ငါတို့ကို လက်ညှိုးထိုး ယိုးစွပ်ခဲ့ကြပေါ့။
    ဒိုင်းနမိုက်တွေ
    ရင်ဘတ်မှာ စည်းနှောင်ပြီး
    အဆောက်အအုံတွေ
    လေယာဉ်တွေကို
    ဖောက်ခွဲဖျက်ဆီး…
    အရပ်သား ရာပေါင်းများစွာကို
    သေတွင်းထဲ ပို့. . .
    အဲဒီလိုလုပ်ရပ်တွေနဲ့
    သွေးဆာနေတဲ့ အကြမ်းဖက်ဝါဒီတွေ …တဲ့
    အော် . . .
    ငါက အကြမ်းဖက်ဝါဒီတဲ့လား။

    အစွန့်ပစ်ခံ ဒုက္ခဖြစ်သနစ်တွေ ……..
    ခိုးယူဖြတ်တောက်ခံလိုက်ရတဲ့ လူ့အခွင့်အရေးတွေ ………..
    ဒီလိုနဲ့
    မျှော်လင့်ချက်မဲ့တဲ့ ဘ၀မှာ
    ထွက်ပေါက်ရှာ ပွင့်အံပေါက်ကွဲခဲ့ကြတဲ့
    ငါတို့နဲ့ယုံကြည်ချက်တူသူတွေ
    ဆဗ်ရာ
    ချပ်တီလာ
    ဒုက္ခသည်စခန်းတွေဆီမှာ တွေ့နိုင်ရဲ့
    ဒါနဲ့ပဲ
    ငါက အကြမ်းဖက်ဝါဒီ ဖြစ်ရရောလား။ (more…)

  • တို့တွေဘယ်ထိအောင်ဆက်မှားနေကြဦးမှာလဲ..?

    တစ်ခုသောညခင်း… အခါတိုင်းကဲ့သို့ပင်အိမ်ပြန်နေကြအချိန်။ဟော…လာပါပြီ “105”ကား၊မှတ်တိုင်မှာစောင့်ဆိုင်းနေသူများကံစမ်းမဲပေးသလိုအလုအယက် အုံနှင့်ကျင်းနှင့်ပြေးတက်ကျရင်းကိုယ်ပါကားပေါ်သို့ရောက်သွားရသည်။ အိမ်ပြန်ချိန်ကပုံမှန်နောက်ကျတတ်ပေမယ့်လဲ အမြဲစိတ်ပူတတ်သောအမေ့စီကဖုန်းဝင်လာသည်။ ဖုန်းပြန်အချတွင်တော့ကားက နောက်တစ်မှတ်တိုင်တွင် ကျောက်ချရပ်နားလိုက်သည်။ ဟွန်းကိုပုတ်ကာပုတ်ကာ.. လီဗာကိုကစားကာ.. ကစားရင်းဖြင့်မှတ်တိုင်မှ လူတွေကိုမြူဆွယ်ရင်း ချိန်ဆွဲကာရပ်နားနေသည်။ ဒါကထုံးစံ..ဘာမှအဆန်းမဟုတ်။ အိမ်မြန်မြန်ရောက်ချင်သောကိုယ်ကသာ.. “တောက်..ကြာလိုက်တာ” ဟုစိတ်ထဲမှာရေရွတ်ရင်းဒေါမနာ သပွါးနေမိသည်။ မကျေမနပ်အကြည့်တစ်ချက် စပယ်ရာစီပို့အလွှတ်.. အမျိုးသမီးကြီးတစ်ဦးကစပယ်ယာအား “ဟဲ့..ကောင်လေး..ဒီတစ်ရာကို ဟိုလူ့ကိုပေးပေးပါဦး” ဟုအကူအညီတောင်းနေတာ မြင်လိုက်ရသည်။စပယ်ယာက “ဟုတ်ကဲ့..အစ်မ”ဟုဆိုကာ…

    (more…)