News @ M-Media

Month: March 2011

  • အာဏာရှင် ထောက်တိုင် ပါမောက္ခတွေကို ဆန့်ကျင် ဆန္ဒပြနေကြပြီ

    ကိုင်ရိုတက္ကသိုလ်က ဌာနကြီးများရဲ့ အကြီးအမှူး ပါမောက္ခတွေကို  နှုတ်ထွက်ကြဖို့ တောင်းဆိုချက်နဲ့ တက္ကသိုလ် ကျောင်းသားများဟာ ဆန္ဒပြနေကြပါတယ်။ ဒီဌာနကြီးမှူး အများစုဟာ အာဏာရှင် မူဘာရက် အစိုးရကို ထောက်ခံ နေကြသူတွေပါ။

    ကျောင်းသူကျောင်းသားတွေကို အခြားသော ပါမောက္ခ များစွာကလည်း ထောက်ခံ အားပေးနေကြပါတယ်။

    မသမာသူတွေရဲ့ အတိုက်ခိုက်ခံရမှာကို စိုးရိမ်ကြလို့ ကျောင်းသားများဟာ တက္ကသိုလ်ထဲမှာ ညအိပ် မနေရဲကြတော့ဘူး။ “နေ့ဖက်တွေမှာ ကျောင်းဝင်းထဲ စုဆုံကြပြီး မိုးချုပ်တာနဲ့ လုံခြုံရေးအရ ကျောင်းက ထွက်သွားကြတယ်” ပါမောက္ခ လိုင်လာဆ၀ါ့ဖ်က ပြောပြပါတယ်။

    အခုအခါ ဖျက်သိမ်းခံထားရသော အီဂျစ်ထောက်လှမ်းရေးရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ခဲ့တဲ့ တက္ကသိုလ်မှာ ချုပ်ချယ်မှုတွေတော့ မရှိပါဘူး။

    “အနည်းဆုံးတော့ တက္ကသိုလ် ပါမောက္ခချုပ် ဥက္ကဌ ဟိုဆမ်ကာမဲလ် မနှုတ်ထွက်မချင်းကို ကျနော်တို့ တက္ကသိုလ်ကနေ မခွါဘဲ ရှိမှာပါ။” တက္ကသိုလ် ကျောင်းသား ဆာလ်မန်အီမင်က ပြောတာပါ။ (more…)

  • မွတ်စလင်မ်ပညာရှင်များနှင့် အက္ခရာသင်္ချာ

    အယ်(လ)ကွာရာဇမီ

    ယနေ့ခေတ် သင်္ချာသမားများသုံးစွဲနေသော အက္ခရာသင်္ချာ(Algebra) ကိုစတင်ခဲ့သူမှာ မူဆလင်ပညာရှင် အယ်(လ)ကွာရာဇမီ Al-Khuwarazmi(AD-847) ဖြစ်သည်။ သူရေးသားခဲ့သော ကျမ်းစာအုပ်ဖြစ်သည့် The Book of Summary concerning calculating by transposition and reduction ဆိုသောစာအုပ်မှ Algebra ဆိုသောဝေါဟာရ ကိုရရှိခဲ့သည်။ ယခုကွန်ပျူတာများ တွင်သုံးသော အဆင့်ဆင့်တွက်နည်း algorithm ဟူသောနာမည်မှာ ထိုပုဂ္ဂိုလ်၏အမည်မှဆင်းသက်လာခြင်းဖြစ်သည်။ အယ်(လ)ကွာရာဇမီသည် သင်္ချာညီမျှခြင်းများကို ဖြေရှင်းရာတွင် နည်းနှစ်နည်း သုံး၍တွက်ချက်နိုင်သည်ဟုဆိုသည်။

    ပထမနည်းမှာ ညီမျှခြင်းများ၏ ဘယ်နှင့်ညာရှိကိန်းများကို ပို့သောနည်းဖြစ်သည်။ ထိုအခါ အပေါင်းသည် အနှုတ်၊ အနှုတ်သည်အပေါင်း ဖြစ်သွားလေသည်။ ဥပမာ X=40-4x သည် 5x=40 ဖြစ်သွားသကဲ့သို့ ဖြစ်သည်။ ထိုနည်းကို အယ်(လ)ဂျာဘရာ (Al-jabr) ဟုခေါ်သည်။ ဒုတိယနည်းကို အယ်(လ)မူကာဘာလာ(Al-mauqabala) ဟုခေါ်ပြီး ထိုနည်းမှာ ဘယ်နှင့် ညာ ကို ညီနေအောင် ညှိသောနည်းဖြစ်သည်။ ထိုနည်းတွင် အနှုတ်လက္ခဏာ လုံးဝမရှိအောင် ဟိုဘက်ဒီဘက် ညှိလိုက်ခြင်းကို အဓိကထားသည်။

    အယ်(လ)စာမော်ဝါ(လ)

    အယ်(လ)စာမော်ဝါ(လ) Al-Samaw’al (1175 A.D) သည် အက္ခရာသင်္ချာဆိုင်ရာ အဆိုများကို သင်္ကေတသုံး၍ ပထမဆုံးရေးခဲ့သူဖြစ်သည်။ [1]

    source

    မူရင်း ဒေါက်တာခင်မောင်ဝင်း၊ သင်္ချာမိတ်ဆက်၊ မုံရွေးစာအုပ်တိုက်ထုတ်

  • မန္တလေးမြို့လုံးဆိုင်ရာ မွတ်စလင် သွေးလှူရှင်များ အသင်း

    မပြတ်မစဲသနားကြင်နာတော်မူသော အနန္တကရုဏာတော်ရှင်ဖြစ်တော်မူသော (အလ္လာဟ်)အရှင်မြတ်၏ နာမတော်ဖြင့်(အစပြုပါ၏)

    “မည်သူမဆို လူတစ်ဦးတယောက်ကို(အသက်ဘေး အန္တရာယ် မှကယ်ဆယ်ခြင်းအားဖြင့်)အသက်ရှင်စေခဲ့ပါမူ   လူသားမျိုးနွယ်စုတရပ်လုံး၏ အသက်ကို ကယ်တင်ဘိသကဲ့သို့ပင်တည်း” ကုရ်အာန် ကျမ်းတော်မြတ်(စူရတုလ် မာအေ့ဒဟ် -၅း ၃၂ )

    “လူသားထု အား ကြင်နာခြင်းကို ပြလော့။ သို့မှသာ အလ္လာဟ်အရှင်မြတ်ကလည်း သင်တို့အား ဂရုဏာပြုလိမ့်မည်” (မဟာတမန်တော်မြတ်(ဆွ)၏ သြ၀ါဒတော်)

    မွတ်စလင် စေတနာရှင် သွေးလှူရှင်များခင်ဗျာ-
    မန်းလေးမြို့ရှိ ကျန်းမာရေးအတွက် ဆေးကုသခံနေသောလူနာများအဖို့ အရေးပေါ်အလွယ်တကူသွေးလိုအပ်လျှင် ရရှိနိုင်ရန် ၀ိုင်းဝန်းကူညီဆောင်ရွက်ပေးရေးမှာ အထူးလိုအပ်လျက်ရှိပါသည်။
    (more…)