News @ M-Media

Month: July 2011

  • နိုဝင်ဘာလဆန်းပိုင်းမှ စ၍ သုံးသိန်းတန် GSM ဖုန်းများ ချထားပေးမည်

    အိမ်နီချင်း မလေးရှားနိုင်ငံမှာ ဖုန်းလိုင်းကဒ်တခု ဈေးနှုန်း ရင်းဂစ် 8.50=2400 ကျပ်နီးပါး

    လာမည့် နိုဝင်ဘာလဆန်းပိုင်းမှ စ၍ ကျပ်သုံးသိန်းတန် GSM မိုဘိုင်းဖုန်းများ ချထားပေးတော့မည်ဖြစ်ကြော်ငး မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ မိုဘိုင်းအင်ဂျင်နီယာချုပ် ဦးသိန်းဦးက ပြောသည်။

    ဤကဲ့သို့ ကျပ်သုံးသိန်းတန် GSM မိုဘိုင်းဖုန်းများ ချထားပေးခြင်း၏ ရည်ရွယ်ချက်မှာ အခြေခံလူတန်းစားများပါ မိုဘိုင်းဖုန်း ကိုင်တွယ်သုံးစွဲခွင့် ရရှိစေရန် ရည်ရွယ်သည်ဟု ပြောသည်။

    “နိုဝင်ဘာလဆန်းဆိုရင် သုံးသိန်းတန် GSM ဖုန်းကို တရားဝင် လျှောက်လွှာနဲ့ ခေါ်ယူသုံးစွဲခွင့် ပြုတော့မှာ ဖြစ်ပါတယ်။ သုံးသိန်းတန် ဖုန်းတွေချပေးလို့ ဆက်သွယ်ရေးလိုင်း ကျပ်မသွားပါဘူး။ GSM တာဝါတိုင်တွေကို ထပ်ပြီး တည်ဆောက်နေသလို ဆက်သွယ်ရေးလိုင်းမှာ အဓိကကျတဲ့ ဖုန်းကွန်ရက် ဆော့ဖ်ဝဲအသစ်တွေကိုလည်း တည်ဆောက်ထားပါတယ်။ အလုံးရေ တစ်သိန်းထိ ရန်ကုန်မြို့မှာ စပြီး ချထားပေးပါမယ်။ ရန်ကုန်ပြီးရင် မန္တလေးနဲ့ နေပြည်တော်ကိုပါ ဆက်တိုက် ဆောင်ရွက်သွားပါမယ်” ဟု ဆိုသည်။

    ၎င်းအပြင် အော်တိုအိတ်ချိန်း (Auto Exchange) ဖုန်းစနစ် ပြောင်းလဲ၍ သုံးစွဲခွင့်ပြုခဲ့စဉ် အချိန်က မြန်မာနိုင်ငံ၌ သုံးစွဲခဲ့သော ဖုန်းအလုံးရေမှာ ၇၄၈၅၅ လုံး ရှိခဲ့ကြောင်း၊ အဆိုပါ Auto exchange ဖုန်းသုံးစွဲမှု ကျယ်ပြန့်လာသော အချိန်ကာလများတွင်လည်း  စစ်တမ်းများအရ ဖုန်းသုံးစွဲမှု အခြေအနေမှာ (၁.၀၉) သန်းခန့် ရှိခဲ့ကြောင်း၊ ယခုနောက်ပိုင်းတွင် CDMA800 MHz ဖုန်းများ၊ CDMA450 MHz ဖုန်းများနှင့် GSM မိုဘိုင်းဖုန်း သုံးစွဲမှုမှာ ၂ ဒဿမ ၀၁ သန်း ခန့် ရှိနေပြီဖြစ်ကြောင်းနှင့် ယခု သုံးသိန်းတန် GSM ဖုန်းများ ချထားပေးပြီးပါက မြန်မာနိုင်ငံ၌ ဖုန်းသုံးစွဲမှု အခြေအနေမှာ သုံးသန်းမှ လေးသန်းအထိ ရှိလာနိုင်မည်ဟု ခန့်မှန်းထားကြောင်း ဆက်လက် ပြောပါသည်။

    ချစ်အောင်

    မန္တလေးအလင်း

    ဇူလိုင်လ ၁ ရက်၊ ၂၀၁၁ ခုနှစ်

  • ဓာတုဗေဒပါမောက္ခ ဦးအောင်ခင်

    ဓာတုဗေဒပါမောက္ခ ဦးအောင်ခင်
    DIC,ALRC

    တက္ကသိုလ် မွတ်စလင်မ်လူငယ်များအသင်း ဥက္ကဌ ပါမောက္ခ ဦးအောင်ခင်

    ဆရာကြီးသည် ၁၉၁၈-ခုနှစ် ဧပြီလ ၂၁ ရက်နေ့တွင် ရခိုင်ပြည်နယ် သံတွဲမြို့၌ မွေးဖွားသည်။ ၁၆ နှစ်သားအရွယ်တွင် ၁၀ တန်းကို ဂုဏ်ထူး ငါးဘာသာဖြင့်အောင်မြင်ပြီး ရန်ကုန်တက္ကသိုလ်၌ ပညာဆည်းပူးသည်။ တက္ကသိုလ်တွင် ဥပစာသိပ္ပံအပိုင်း (က)နှင့်(ခ)ကို တစ်နှစ်တည်းဖြင့် အောင်မြင်ခဲ့သည်။ ၁၉၃၈-ခုတွင် ဓာတုဗေဒဂုဏ်ထူးတန်းကို့ Upper Division 2nd Class  ဖြင့် အောင်မြင်ခဲ့သည်။ ဓာတုဗေဒထူးချွန်သူများ အတွက် ပေးအပ်ချီးမြှင့်သော ဦးရွှေလေးရွှေတံဆိပ်ဆု ရရှိခဲ့သည်။
    ၁၉၃၈-၃၉ ခုနှစ်တွင် ရူပဗေဒဂုဏ်ထူးတန်း အောင်မြင်သည် ။ရွှေတံဆိပ် ချီးမြှင့်ခံရသည်။ တစ်နှစ်တည်းတွင် ဂုဏ်ထူးဆင့်ကဲ ရသဖြင့် ပညာသင်ဆုရပြီး ၁၉၃၉-ခု သြဂုတ်လ ၁၅ ရက်တွင် ဗြိတိန်နိုင်ငံ လန်ဒန်မြို့သို့ သွားရောက်ခဲ့သည်။ လန်ဒန်တက္ကသိုလ်မ DIC နှင့် A.I.R.C  ဒီပလိုမာဘွဲ့များကို ရရှိခဲ့သည်။ ပါရဂူဘွဲ့အတွက် ဆက်လက်ဆည်းပူးရန်စီစဉ်ပြီးမှ ဒုတိယ ကမ္ဘာ စစ်ကြီး ဖြစ်ပွား၍ မြန်မာနိုင်ငံသို့ ပြန်ခဲ့ရသည်။ မဟာသိပ္ပံဘွဲ့ကိုရန်ကုန်မှရရှိသည်။ ၁၉၄၁-ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်၌ လက်ထောက် ကထိကအဖြစ် စတင်ဆောင်ရွက်ခဲ့ပြီး ငါးနှစ်အကြာ ပါမောက္ခဦးဘိုးသာ လက်ထက်တွင် ဓာတုဗေဒကထိက ဖြစ်လာသည်။

    ၁၉၅၄ ခုနှစ် တမန်တော်နေ့အထိမ်းအမှတ် အင်္ဂလိပ်ဘာသာဖြင့် ဟောပြောပွဲတစ်ရပ်ကို ရန်ကုန်မြို့ ရာမာကရစ်ရှနာမစ်ရှင်အသင်းက ကြီးမှူး၍ အသင်းတိုက်တွင် ကျင်းပသည်။ ထိုစဉ်က ရန်ကုန်တက္ကသိုလ်ကထိက ဦးအောင်ခင်က အစ္စလာမ်၏ သွန်သင်ချက်များ သဘာဝကျပုံ၊ ငြိမ်းချမ်းရေးရှေ့ရှုပုံ စသည်များကို ရှင်းလင်းတင်ပြသည်။
    မျိုးဆက်သစ်တက္ကသိုလ် မွတ်စလင်မ်ကျောင်းသားများနှင့် ကျောင်းသားဟောင်းကြီးများ ခင်မင်ရင်းနှီးစေရန် ရည်ရွယ်ချက်ဖြင့် ၁၉၅၉ခု၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် စတင်ဖွဲ့စည်းသော တက္ကသိုလ် မွတ်စလင်မ် လူငယ်များအသင်းတွင် ကထိက ဆရာကြီး ဦးအောင်ခင်သည် ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။ ထိုနှစ် အမှုဆောင်များမှာ –

    1. ဥက္ကဋ္ဌ ဦးအောင်ခင် M.Sc (ကထိက) ဓာတုဗေဒဌာန
    2. ဒု-ဥက္ကဋ္ဌ ဦးမောင်မောင်ကျော် B.Sc (Hons) C.Sc
    3. ဒု-ဥက္ကဋ္ဌ ဒေါက်တာခင်အေးစီ M.B.B.S Dip.G.O
    4. အတွင်းရေးမှူး ဦးတင်မောင် (I.T.O) Group E.Rangon
    5. တွဲဖက်အတွင်းရေးမှူး ဒေါ်ညွန့်ညွန့်လွင် B.A
    6. တွဲဘက်အတွင်းရေးမှူး ဦးလှမောင် B.A
    7. ငွေထိန်း ဦးတင်မောင် B.A,B.Com B.L.R
    8. စာရင်းစစ် ဦးသာထွန်း B.Com,B.L.R.A

    အမှုဆောင်များ

    1. ဦးသန်းတင် B.A. B.L (Advocate)
    2. ဒေါ်ကြည်ကြည်ဝင်း B.A B.L
    3. ဒေါ်လှရွှေ B.A B.L
    4. ဒေါက်တာဒေါ်ရီရီ Ph.D (Landon)
    5. ဒေါ်သန်းတင် B.Sc
    6. ဦးခင်မောင်မြင့် B.Sc
    7. ဗိုလ်ခင်မောင်လတ်B.Sc
    8. ဦးကိုကိုလေး B.Sc
    9. ဦးသန်းတင် (I.T.O) Salary Circle Rangon
    10. ဦးမောင်မောင်ကြီး Pakisan Embassy တို့ ဖြစ်သည်။

    ၁၉၅၉-ခုနှစ်တွင် ဆရာကြီးသည် ပါမောက္ခရာထူး တိုးမြှင့်ခံရသည်။ ထိုစဉ်ကုန်ထုတ် ဓါတုဗေဒဌာန  ပေါ်ပေါကရ် န် ဦး ဆောင်ြကိုးပမ်း သည။် ထိုဘာသာရပ်သည် အင်ဂျင်နီယာဘာသာရပ်သင်ကြားနိုင်မှုကို လမ်းညွှန်နိုင်သည့် အသုံးချဓာတုဗေဒပညာရပ် ဖြစ်သည်။ ထူးချွန်၍ အရည်အချင်းပြည့်မီပါက စက်မှုတက္ကသိုလ် အင်ဂျင်နီယာဘာသာရပ်များကို ဆက်လက်ဆည်းပူးနိုင်သည်။ ၁၉၆၉-ခုနှစ်တွင် ကုန်ထုတ်ဓာတုဗေဒဘာသာရပ်သင်ကြားမှုကို ဘွဲ့လွန်မဟာသိပ္ပံတန်းအထိ ထပ်မံ တိုးချဲ့သည်။
    ၁၉၆၉-ခုနှစ်တွင် အနုမြူဆိုင်ရာ ကျွမ်းကျင်သူများ၊ ပါရဂူများ၊သုတေသနလုပ်ငန်းဆိုင်ရာ ကိရိယာများ၊ စက်ပစ္စည်းများကို IAEA အကူ
    အညီနှင့် အပြည်ပြည်ဆိုင်ရာ အနုမြူစွမ်းအင်အဖွဲ့အစည်း၏ ဦးဆောင်တာဝန်ခံ ထောက်ပံ့မှုအရ နျူကလီးယား ဓာတုဗေဒဘာသာရပ်ဆိုင်ရာဓာတ်ခွဲခန်းကို စတင် တိုးချဲ့တည်ထောင်ခဲ့သည်။ ဆရာကြီးသည် ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်နေစဉ် ဓာတ်မြေသြဇာစက်ရုံများ တည်ဆောက်ရေးစီမံကိန်း အကောင်အထည်ဖော်ရေး အကြံပေးကော်မတီဥက္ကဋ္ဌ၊ ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းပစ္စည်းထိန်းသိမ်းရေးကော်မတီအဖွဲ့ဝင် သတ္တုတွင်းဝန်ကြီးဌာန အကြံပေးအဖွဲ့ဝင်၊
    ဓာတုသိပ္ပံဘာသာ ရပ်ဆိုင်ရာ သုတေသနအဖွဲ့ဥက္ကဋ္ဌ၊ ဒေသကောလိပ်များ တည်ထောင်ဖြစ်မြောက်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။
    ဆရာကြီးသည် ဓာတုဗေဒပညာရပ်ဆိုင်ရာ စာအုပ်စာတမ်းများကို အင်္ဂလိပ်မြန်မာ ၂ ဘာသာဖြင့် ရေးသားပြုစုခဲ့သူဖြစ်ပြီး ကမာရွတ်မြို့နယ် စာပေလုပ်သား အဖွဲ့ဝင်လည်းဖြစ်သည်။ ၁၉၇၈-ခုနှစ်တွင် အငြိမ်းစားယူပြီး ပညာရေးဝန်ကြီးဌာန အကြံပေးပုဂ္ဂိုလ်အဖြစ် သုံးနှစ်တာ ဆက်လက်တာဝန် ထမ်းဆောင်ခဲ့သည်။ နိုင်ငံအကျိုးပြုလုပ်ငန်းများကို အဖွဲ့အစည်းပေါင်းများစွာတွင် မနားမနေ ဆောင်ရွက်ခဲ့သူ၊ တက္ကသိုလ်မွတ်စလင်အသင်း နာယကဆရာကြီးသည် ၁၉၈၇-ခုနှစ် မေလ ၈ ရက်နေ့တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ အလ္လာဟ်အရှင် အမိန့်တော်ခံယူသည်။

    အငြိမ်စား မြန်မာစာ ပါမောက္ခ ဒေါက်တာ အောင်ဇော်က ရေးသည့် တိုင်းရင်း မွတ်စလင်မ် စာပြုစာဆို ပုဂ္ဂိုလ်ကျော်များ (ဒုတိယတွဲ) မှကူးယူဖော်ပြခြင်းဖြစ်ပါသည်။

  • အစ္စရေးအထိ ပစ်ခတ်နိုင်သောဒုံးကျည်များ အီရန်အောင်မြင်စွာစမ်းသပ်ပစ်လွတ်

    နျူကလီးယားလက်နက်ထုတ်လုပ်ရန် ကြိုးပမ်းလျက်ရှိခြင်းကြောင့် နိုင်ငံတကာ၏ ဖိအားပေးမှုခံနေရသော အီရန်နိုင်ငံတွင် အစ္စရေးနှင့်အရှေ့အလယ်ပိုင်းရှိ အမေရိကန်စစ်အခြေစိုက်စခန်းများကို ပစ်ခတ်နိုင်သော ဒုံးကျည်အပါအဝင် ဒုံးကျည် ၁၄ခုကိုအောင်မြင်စွာ စမ်းသပ်ပစ်လွှတ်နိုင်ခဲ့ကြောင်း အီရန်အစိုးရပိုင် Press TV တွင် ဖော်ပြထားချက်ကို ကိုးကား၍ ဆင်ဟွာသတင်းက ဖော်ပြထားသည်။

    အီရန်အောင်မြင်စွာစမ်းသပ်ပစ်လွှတ်နိုင်ခဲ့သော ဒုံးကျည်များမှာ Zelzal, Shahab-1, Shahab-2, Shahab-3 တာတို၊ တာလတ်နှင့် တာဝေးပစ်ဒုံးကျည်များပါဝင်သည်။

    ထို့ပြင် အီရန်တွင်ပြုလုပ်လျက်ရှိသော အဆိုပါစစ်ရေးလေ့ကျင့်မှုတွင် ယင်းဒုံးကျည်များ သိမ်းဆည်းထားရှိရာ မြေအောက်ခန်းကိုလည်း ထုတ်လွင့်ပြသသွားခဲ့သည်။

    အရှေ့အလယ်ပိုင်းဒေသတွင်းနိုင်ငံများအနေဖြင့် မိမိနိုင်ငံကို ကာကွယ်နိုင်စွမ်းအပြည့်အဝရှိမည်ဆိုပါက ဇီယွန်ဝါဒီအစ္စရေးများအနေဖြင့် ၄င်းတို့ကို ကျူးကျော်တိုက်ခိုက်ရဲမည်မဟုတ်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီး ဌာနပြောခွင့်ရ ပုဂ္ဂိုလ် Ramin Mehmanparast ကဆိုသည်။

    Credit _The Voice Journal