News @ M-Media

Month: August 2011

  • သာသနာရေးဝန်ကြီးဌာနက ယခုနှစ် ဟဂ်ျခွဲတမ်း စုစုပေါင်း ၅၀၀၀ ဦးရေ ခွင့်ပြုမည်။

    အသစ်ထပ်မံရရှိသော ဟဂ်ျခရီးခွဲတမ်း ၁၂၀၀ အတွက် ဟဂ်ျခရီးသွားအကျိုးဆောင်လုပ်ငန်းကုမ္ပဏီများ

    ဆော်ဒီအာရေးဗီးယားနိုင်ငံ၊ ဟဂ်ျဝန်ကြီးဌာနသို့ လျှောက်ထားနိုင်ကြောင်း ကြေငြာခြင်း

    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
    သာသနာရေးဝန်ကြီးဌာန
    (ဝန်ကြီးရုံး)
    ကြေညာချက်(၃/၂၀၁၁)
    နေပြည်တော်၊ ၁၃၇၃ခုနှစ်၊ နယုန်လပြည့်ကျော် ၇ ရက်
    (၂၀၁၁ခုနှစ်၊ ဇွန်လ ၂၃ရက်)

    ၁။ သာသနာရေးဝန်ကြီးဌာနအပါအဝင် မူလဟဂ်ျအကျိုးဆောင်လုပ်ငန်းကုမ္ပဏီများအတွက် ဟဂ်ျခွဲတမ်း ၃၈၀၀ ရရှိခဲ့ရာမှ ၂၀၁၁ခုနှစ်တွင် မြန်မာနိုင်ငံသားဟာဂျီလောင်းများသွားရောက်ရန် ဟဂ်ျခွဲတမ်း ၅၀၀၀ အထိတိုးမြှင့်ပေးမည်ဖြစ်သောကြောင့် ယခုနှစ်အတွက် ဟဂ်ျခွဲတမ်း ၁၂၀၀ ပိုမိုရရှိမည်ဖြစ်ပါသည်။

    ၂။ ထို့​ကြောင့် ၂၀၁၁ခုနှစ်၊ ဟဂ်ျဘုရားဖူးရာသီအတွက် ပိုမိုရရှိထားသော ဟဂ်ျခွဲတမ်း ၁၂၀၀ ကို မြန်မာနိုင်ငံရှိ မည်သည့်ဟဂ်ျခရီးသွားလုပ်ငန်းကုမ္ပဏီများမဆို အရေအတွက်ကန့်သတ်ချက်မရှိ ဆော်ဒီ အာရေးဗီးယားနိုင်ငံ၊ ဟဂ်ျဝန်ကြီးဌာနသို့ တိုက်ရိုက်လျှောက်ထားနိုင်ပြီး လျှောက်ထားမည့် ခရီးသွား ကုမ္ပဏီများအနေဖြင့် ဟာဂျီများခေါ်ဆောင်ခွင့်ပြုမိန့်ကဒ်(မိုနာဇင်)ရရှိရေးကိုလည်း တစ်ပါတည်းရယူ ဆောင်ရွက်ရန်လိုအပ်ပါသည်။
    ၃။ သို့ဖြစ်ပါ၍ အသစ်ထပ်မံရရှိသောဟဂ်ျခွဲတမ်း ၁၂၀၀ အတွက်လျှောက်ထားလိုသော မည်သည့် ဟဂ်ျခရီးသွားကုမ္ပဏီများမဆို အရေအတွက်ကန့်သတ်ချက်မရှိ ဆော်ဒီအာရေးဗီးယားနိုင်ငံ၊ ဟဂ်ျ ဝန်ကြီးဌာနသို့ ဟဂ်ျသွားရောက်ရမည့်အချိန်ကာလအမီ အချိန်တွက်ချက်၍ လျှောက်လွှာများပေးပို့ လျှောက်ထားနိုင်ပါကြောင်း ကြေညာအပ်ပါသည်။

    http://www.mora.gov.mm/newsview.ASPX?nid=19

  • အဟ်မဒ်ဒီနီဂျတ် စစ်ဗိုလ်ချုပ်တစ်ဦးအား ရေနံဝန်ကြီးအဖြစ် အမည်တင်သွင်း

    အီရန်သမ္မတသည် တော်လှန် ရေးတပ်ဖွဲ့ အကြီးတန်းတပ်မှူးတဦးဖြစ်သူ ဗိုလ်မှူးချုပ် ရုစ်တမ် ကာစင်မီ    အားအီရန်နိုင်ငံ၏  ရေနံဝန်ကြီးအဖြစ် အမည်စာရင်းတင်သွင်းလိုက်သည်။

    ကာစင်မီ သည် ရေနံနှင့်ဓါတ်ငွေအခန်းကဏ္ဍတွင် အဆက်အသွယ်ကောင်းများစွာရှိသော စက်မှု လုပ် ငန်း ကုမ္ပဏီတစ်ခုဖြစ်သည့် ခတမ်အန်ဘီယာ ၏ အကြီးအကဲဖြစ်သည်။

    သူသည် အမေရိကန်၏ စီးပွားရေးပိတ်ဆို့ခံစာရင်းဝင်ဖြစ်သည့်အပြင်  လွန်ခဲ့သော နှစ်က ဥရောပ ယူနီယံ၏ ကန့်သတ်ချုပ်ချယ်မှုခံထားရသော တော်လှန်ရေးတပ်ဖွဲ့ အကြီးတန်းတပ်မှူးခြောက်  ဦးအနက် တစ်ဦး ဖြစ်သည်။ ထိုကန်သတ်မှုအရ ကာစင်မီ သည် ဥရောပတိုက်အတွင်း ခရီးသွားခွင့်မရှိသောကြောင့် ၎င်းအနေဖြင့် ဗီယင်နာတွင် ကျင်းပသော (၃) လ ပတ် အိုပက် အစည်းအဝေးသို့ တက်ရောက်ရန် မဖြစ်နိုင်ပေ။

    အီရန်သမ္မတ အဟ်မဒ်ဒီနီဂျတ် သည် မေလက ရေနံဝန်ကြီးဟောင်းကို ရာထူးမှ ထုတ်ပယ်ခဲ့ပြီး ဇွန်လ    တွင်၎င်းနှင့်နီးစပ်  သော အဟာမဒ် အာလီအာဘာဒီ အား ယာယီရေနံဝန်ကြီးအဖြစ် ခန့်အပ်ခဲ့သည်။ အာလီအာဘာဒီ သည် ရေနံကဏ္ဍတွင် အတွေ့အကြုံနည်းပါး၍ ယခင်က အားကစားဆိုင်ရာတာဝန်ရှိသူဖြစ် သည်။ ယခင်က လာဘ်စားမှု စွပ်စွဲချက်များခံခဲ့ရဖူးသူ တစ်ဦး ဖြစ်သည်။

    အဟ်မဒ်ဒီနီဂျတ်သည် အာလီအာဘာဒီအား အမြဲတန်းဝန်ကြီး အဖြစ်ခန့်အပ်ရန် မျော်လင့်သော်လည်း မကြာသေးမီက ပါလီမန် အမတ်များစွာကဝေဖန်ရှုတ်ချသည်။

    နိုင်ငံတကာပိတ်ပင်ကန့်သတ်သတ်မှုများကြောင့် အီရန်နိုင်ငံ၏  ရေနံထုတ်လုပ်မှုလုပ်ငန်းကို မကြာခင် လများက ပိုမို ဖိအားပေးခံခဲ့ရသည်။  အီရန်နိုင်ငံ၏ အဓိက ဖေါက်သည်နိုင်ငံတစ်နိုင်ငံဖြစ်သော အိန္ဒိယသည် တီဟီရန်သို့ပေးရန်ရှိသော ဒေါ်လာသန်းပေါင်းများစွာကို ဘဏ်လုပ်ငန်းဆိုင်ရာကန့်သတ် ချုပ်ချယ်မှုကြောင်း  မပေးဆပ်နိုင်ဘဲရှိနေခဲ့သည်။ အီရန်နိုင်ငံက အိန္ဒိယသိုရေနံတင်ပို့မှု ဖြတ်တောက်မည်ဟု ခြိမ်းခြောက်သည့်အခါ ၎င်းတို့က ဆော်ဒီမှ ရေနံကို ပိုမိုဝယ်ယူခြင်းဖြင့် တုံ့ပြန်ခဲ့သည်။

    ပိတ်ပင်ကန့်သတ်မှုသည် ရေနံအခန်းကဏ္ဍတွင် အီရန်၏ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုကို ဆွဲဆောင်နိုင်စွမ်းကို  ထိခိုက်နစ်နာစေပြီး ကာစင်မီ အား ၀န်ကြီးအဖြစ် ခန့်အပ်မှုကြောင့် အနာဂါတ်တွင် အီရန်အနေဖြင့် ပြည်တွင်း ကန်ထရိုက်တာများအပေါ် ပို၍မှီခိုရန် ဆောင်ရွက်လာမည်ဟု ယူဆနိုင်သည်။

    အာဟမဒ်ဒနီဂျတ်သည် အားကစားနှင့်လူငယ် ၊ စက်မှု၊ ကူးသန်းရောင်းဝယ်ရေးနှင့်၊သတ္တုတွင်း ၊ အလုပ်သမားနှင့်လူမှုဖူလုံရေးဌာတို့အတွက် ၀န်ကြီးများ အမည်စာရင်းကိုလည်း တင်သွင်းထားပြီးပါလီမန်၏ အတည်ပြုချက်စောင့်နေသည်။

    ( source Aljazeera)

  • မွတ်ဆလင် (ရမသွာန်) ဥပုသ်လ (ဓါတ်ပုံအက်ဆေး)

    သန်းပေါင်းများစွာသော မွတ်ဆလင်များ ဥပုသ်လမြတ်ကို ဆင်ယင်ကျင်းပနေကြစဉ်

    ရာမဒန် RAMADAN မှာ အစ္စလန် ပြက္ခဒိန်တွင် ၉ လမြောက်ဖြစ်ပါသည်။ နေထွက်မှ နေ၀င်သည်အထိ နေ့စဉ်ပင် သန်းပေါင်းများစွာသော မွတ်ဆလင်များ အစားရှောင်ကြဉ်ခြင်း၊ ၀တ်ပြုဆုတောင်းခြင်းတို့ ပြုလုပ်ကြသည်။  Ramanda ဥပုသ်အစမှာ လ အခြေအနေပေါ်တွင် မူတည်ပြီး (များသောအားဖြင့် သြဂုတ်လ ၁ ရက်နေ့) နှစ်စဉ် အပြောင်းအလဲ ရှိသည်။ ၀ါထွက်ချိန် ညနေခင်း Iftar ချိန်တွင် မိသားစုများ၊ ရပ်ရွာအတွင်း စုစည်းပြီး စွန်ပလွန်သီး တစ်လုံး စတင်စားသုံးခြင်းဖြင့် အစားအတူတူ စားသုံးကြပါသည်။ တမန်တော် မိုဟာမက်အချိန်ကတည်းက စတင်ခဲ့သည်ဟု ဆိုပါသည်။

    မောက္ခပညာရေးမဂ္ဂဇင်း ပရိသတ်များအတွက် ဗဟုသုတအလို့ငှါ ကမ္ဘာတ၀ှမ်းမှ ဓါတ်ပုံများကို စုစည်း တင်ပြလိုက်ပါသည်။

    (၁) အင်ဒိုနီးရှားရှိ မွတ်ဆလင်တစ်ဦး မှန်ပြောင်းမှတဆင့် လကို ကြည့်ရှုနေစဉ် ဇူလိုင် ၃၁ ရက်။ (မွတ်ဆလင် ဥပုသ်လမှာ သြဂုတ်လ ၁ ရက်နေ့တွင် စတင်ပါသည်။)
    (၂) ကိုင်ရိုမြို့ al-Azhar ဗလီကျောင်းတွင်  Taraweh ၀တ်ပြုဆုတောင်းနေစဉ် – ဥပုသ်လမြတ် အစ
    (၃) မွတ်ဆလင် ဥပုသ်လအတွက် Jerusalem မြို့ al-Aqsa ဗလီကျောင်းခြံဝင်း အတွင်း ပြင်ဆင်နေကြသော ပါလက်စတိုင်းများ (မွတ်စလင်းများအတွက် အထွတ်အမြတ်ထားရာ ကမ္ဘာကျော်ဗလီ)
    (၄) ပါကစ္စတန် လယ်သမားများ စွန်ပလွန် သစ်သီးများ စတင်စုဆောင်းစဉ်။ နေ့စဉ် ဥပုသ်ထွက်ချိန်တွင် သုံးဆောင်ကြမည့် စွန်ပလွန်သစ်သီး ထွက်သည့် ကမ္ဘာ့ နံပါတ် ၄ နေရာရှိသည်
    (၅) နိုင်ဂျီးရီးယား အမျိုးသမီးများ ၀ါဝင်နေ့တွင် ရောင်းချရန် အစားအစာများ ပြင်ဆင်ချက်ပြုတ်နေစဉ်
    (၇) စွန်ပလွန်သီးများကို ၀ါမ၀င်မီတွင် ရောင်းချနေသည့် ဆော်ဒီနိုင်ငံသားများ
    (၇) ဥပုသ် ပထမနေ့တွင် ပေါင်မုန့်ဝယ်ယူနေကြသည့် တူနစ်ရှားများ
    (၈) ဗလီကျောင်းတက်ရန် ပြင်ဆင်နေကြသော ဖိလစ်ပိုင် လှပျိုဖြူများ
    (၉) ကိုရမ်ကျမ်းစာ ဖတ်ရှုနေသော ပါလက်စတိုင်းလူငယ်လေး
    (၁၀) ဥပုသ်မထွက်မီ အစားမသုံးဆောင်မီ ဘုရားရှိခိုးဆုတောင်း ၀တ်ပြုနေသော ပါကစ္စတန်များ
    (၁၁) ဂျာကာတာမြို့မှ အမျိုးသမီးများ စုပေါင်းဝတ်ပြုနေကြစဉ်
    (၁၂) ကိုရမ်ကျမ်းစာ ဖတ်ရှုနေသော မလေးရှားလူငယ်
    (၁၃) ၀ါဝင်နေ့တွင် ဘုရားမရှိခိုးမီ အနားယူစောင့်ဆိုင်းနေသော အင်ဒိုနီးရှားများ
    (၁၄)Strasbourg မြို့ ဗလီကျောင်းတွင် တက်ရန်တန်းစီနေသော လူငယ်လေးများ
    (၁၅) အချိုမုန့်များ ပြင်ဆင်နေသော အာဖဂန်တစ်ဦး
    (၁၆) ပဲရစ်မြို့ အချို့မုန့်ဆိုင်
    (၁၇) လစ်ဗျားသူပုန်တစ်ဦး ၀ါမထွက်မီ ဆုတောင်း ၀တ်ပြုနေစဉ်
    (၁၈) ပထမနေ့ ၀ါထွက်ချိန်တွင် ဂုဏ်ပြု အမြောက်ပစ်ဖေါက်နေသော ယီမင်တစ်ဦး
    (၁၉) အစိုးရဆန့်ကျင်သော ဆန္ဒပြသမားများ ၀ါထွက်ချိန် စုပေါင်းစားသောက်ကြစဉ်
    (၂၀) ပထမနေ့ ၀ါထွက်ပွဲစုပေါင်း ကျင်းပနေသော တူရကီများ – မြို့တော်ဝန်မှ တမြို့လုံးကို အခမဲ့ ကျွေးမွေးစဉ်
    (၂၁) ဥပုသ်လမြတ်ကို မီးရှုးမီးပန်းဖြင့် ဆင်ယင်ကျင်းပနေသော ပါလက်စတိုင်းလူငယ်လေး
    (၂၂) ကက်ရှမီးယားနယ်များ ဆုတောင်းဝတ်ပြုနေစဉ်
    (၂၃) ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့တါင် ၀ါဖြေရန် အစားအသောက်များ ၀ယ်ယူနေကြစဉ်
    (၂၄) လော့အိန်ဂျလိစ်မြို့ King Fahad ဗလီကျောင်းမှ မွတ်ဆလင်အမျိုးသမီးများ စုပေါင်း၍ ပထမနေ့ ၀ါထွက် စားသုံးကြစဉ်
    (၂၅) မောစကိုမြို့ ဗလီကျောင်း

    မူရင်း မောက္ခ