News @ M-Media

Month: December 2011

  • ကမ္ဘာ့ ဟလာလ်ဈေးကွက် တရုတ် တို့ ထိုးဖောက်ရန် ကြိုးစားလာ


    ဥရောပ နှင့် တရုတ် အကြားဆက်သွယ်ခဲ့သည့် သမိုင်းဝင် ပိုးလမ်းမကြီး တွင် မွတ်စလင်များကုန်သွယ် ရောင်း ၀ယ်ဖောက် ကားခဲ့ကြောင်း အစ္စလာမ့် သမိုင်းကြောင်းတွင် တွေ့မြင်နိုင်ပါသည်။  တရုတ် မွတ်စလင် စီးပွားရေး လုပ်ငန်းရှင်ကြီးများကပိုးလမ်းမကြီးတွင် ကုန်သွယ်ခဲ့ကြသော ဘိုးဘေးဘီဘင် များနည်းတူ နိုင်ငံအကျိုး အတွက် ကမ္ဘာ့ ဟလလ် ဈေးကွက် ဝေစုပိုမို ရရှိနိုင်ရန် ကြိုးစားလာကြသည်။

    “ ဒေါ် လာသန်း ၅၀၀ကျော် တန်ဖိုးရှိကမ္ဘာ ဟလာလ် စားကုန်ဈေးကွက်မှာတရုတ် ဟလလ် စားသောက် ကုန် ပို့ကုန်လုပ်ငန်းက အမေရိကန် ဒေါ်လာသန်း ၁၀၀ ဖိုးရှိနေပါတယ်။ ” ဟု တရုတ် အစ္စလာမ့် သုသေတနစင်တာမှ ShaPengcheng က တရုတ် – အာရဘ် ကုန်သွယ် ရေးညီလာခံ ၌ ကျင်းပသောမွတ်စလင် စွန့်ဦးတီထွင် သူများ အလုပ်ရုံဆွေးနွေးပွဲတွင် ပြောကြားသည်။ “တဖက်မှာလည်းကမ္ဘာဈေးကွက်သို့ ၀င်ရောက်ဖို့ အခွင့်အလမ်းတွေ က တရုတ် ဟလာလ် လုပ်ငန်းတွေ အ တွက် အများကြီးရှိနေပါတယ်” ဟု ၄င်းက ပြောပါသည်။
    ယခင်ကဟလာလ်သည် အစ္စလာမ့် တရားတော်အရခွင့်ပြုထားသောအစားအစာများ၌သာ အသုံးများခဲ့သော်လည်းယခုအခါ အလှပြင် ပစ္စည်းများ၊ အ၀တ်အထည်များ ဆေးဝါးများနှင့် ဘဏ္ဍာရေးလုပ်ငန်းများအထိပါ ဟလလ် (တရားတော်ကခွင့်ပြုချက်)
    ကိုသုံးစွဲလာကြသည်။ ၁.၅ဘီလီယံရှိသော ကမ္ဘာ မွတ်စလင်များနှင့် သန်း၅၀၀ထက်မနည်းရှိသော မွတ်စလင် မဟုတ်သူများကဟလလ် အစားအစာကိုစားသုံးနေ၍ ယခုအခါတွင် ဂလိုဘယ် ဟလလ် ဈေးကွက်သည် ၂ဘီလီယံအထိ ရှိလာကြောင်းShaကပြောပါ သည်။
    တရုတ် -အာရပ် ဖိုရမ်ကျင်းပနေသော Ningxia သည် ပိုးလမ်းမကြီးတွင်တည်ရှိနေပြီးတရုတ် မွတ်စလင် သန်း၂၀ အနက် ၁၀% က ယင်း ပြည်နယ်တွင် နေထိုင်ကြသည်။

  • ဆွီဒင်က ရေခဲဗလီ


    ဆွီဒင် မွတ်စလင် အစည်းအရုံးခေါင်းဆောင် အီမာမ် မဟ်မူးဒ် အလ်ဒီဘီက နိုင်ငံခြားသားကမ္ဘာလှည့် ခရီးသွားများအစ္စလာမ်ကိုထိတွေ့လေ့လာနိုင်ရန် ၊ မတူကွဲပြားသောယဉ်ကျေးမှု နှင့် ဘာသာတရားများအကြား ဒိုင်ယာလော့ကိုပုံစံအသစ်နှင့် တင်ပြနိုင်ရန် ရည်ရွယ်သော မတ်စ်ဂျီဒ် ပေါ်ပေါက်လာလိမ့်မည် ဟုဆွီဒင် သတင်းစာတစ်ခုသို့ပြောပါသည် ။

    “ ဒီစိတ်ကူးစိတ်သန်းကကွဲလွဲတဲ့ အမြင်သဘောထားဖြစ်မှာမဟုတ်ပါဘူးဒီမှာစကားပြောဆိုဆက်ဆံသွားရမဲ့ လူတိုင်းကိုလက်ခံမှာပါ ”ဟု မကြာခင် ဆောက်လုပ်မည့် ရေခဲဗလီအကြောင်းရှင်းပြပါသည်။ အဆိုပါ ရေခဲဗလီသည် ၅၅၀၀ စတုရန်းမီတာ ကျယ်ဝန်းမှာဖြစ်ပြီးဆောက်လုပ်ရန် လိုအပ်သည့် ရေခဲများကို Torne မြစ်ထဲကရယူမည်ဟုသိရသည်။

    ဆွီဒင်တွင် ပထမဆုံးရေခဲအဆောက်အအုံကို ၁၉၈၉ ခုနှစ်ဆောက်လုပ်ခဲ့ပြီး ၁၉၉၂ ခုနှစ်တွင် ပထမဆုံးခရီးသွားများနေထိုင်ခဲ့ကြသည်။ ဒီဇင်ဘာမှ ဧပြီ လ ဆောင်းရာသီတွင် ကမ္ဘာ တစ်ဝှမ်းမှ ခရီးသည်ပေါင်း၂၅၀၀၀ ကျော် နေထိုင် လည်ပတ်ခဲ့ကြသည် ။

  • အခြား ဗြိတိန်နိုင်ငံသားများထက် ဗြိတိန် မွတ်စလင်များကမျိုးချစ်စိတ်ဓါတ် ပိုမိုရှိကြောင်း စစ်တမ်းတွင်ဖေါ်ပြ

    စစ်တမ်ကောက်လေ့လာချက်များအရ ဗြိတိန်မွတ်စလင်များက အခြားသောဗြိတိန်နိုင်ငံသားများထက် မျိုးချစ်စိတ်ဓါတ်ပိုမိုကြသည်။ “ဗြိတိန်နိုင်ငံသားဖြစ် ရခြင်းအတွက်ဂုဏ်ယူသည် ” ဆိုသော အချက်အားဗြိတိန်နိုင်ငံသား၇၉% ကဖေါ်ပြသော်လည်း  ဗြိတိန်မွတ်စလင် ၈၃%က ဖေါ်ပြကြသည်။ အတိတ်ကာလ နှင့်နှိုင်းယှဉ်ကဗြိတိန် သည် ပိုမိုကောင်းမွန် သည် ဟုသောသဘောထားတွင် အခြားသော ဗြိတိန် နိုင်ငံသားများ ၏ ၄၅% ဖေါ်ပြကြပြီးဗြိတိန်မွတ်စလင်များက ၃၁%သာရှိသည်ကို တွေ့ရသည်။

    ဤသို့ဖြစ်ရခြင်းအကြောင်းမှာ ၉/၁၁ ကာလအလွန် ဗြိတိန်မွတ်စလင်များအပေါ် ထားရှိသောရန်လိုစိတ် မယုံသင်္ကာစိတ်များကြောင့် ဟုသုံးသပ်ကြသည်။ နာမည်ကျော် ကစ်ဘောက်ဆာသမား ဗြိတိန် မွတ်စလင် တစ်ဦးဖြစ်သူအမီးရ်ခန်းက အင်တာဗျူးများတွင် ဗြိတိန်အမျိုးသားရေး စိတ်ဓါတ်ရှိကြောင်း မကြာခဏပြောဆိုလေ့ရှိသည်။

    အဆိုပါ စစ်တမ်းကောက်ယူမှုကို Demosဉာဏ်ကြီးရှင်အုပ်စု (ThinkTank) က ဗြိတိန် ၏ အကောင်းဆုံးအမှတ် လက္ခဏာရှာဖွေရန် ဒီဇိုင်းလုပ် ကောက်ယူခဲ့ခြင်းဖြစ်သည်။ မေးခွန်းဖြေဆိုသူအနက် ထက်ဝက်ကျော်က ယဉ် ကျေးမှုပေါင်းစုံသော Multiculture လူမှုအဖွဲ့အစည်းကနေ ဗြိတိန်ကအကျိုးအမြတ် ရနိုင်သည်ကို ယုံကြည်ကြောင်း ဖေါ်ပြကြသည်။

  • (၅၇)နှစ်မြောက် အစ္စလာမ်သာသနာရေးရာ ကောင်စီနေ့ အခမ်းအနားကျင်းပ

    ဒီဇင်ဘာလ (၅)ရက်နေ့မှာ ကျရောက်မယ့် အစ္စလာမ်သာသနာရေးရာကောင်စီ၏ (၅၇)နှစ်မြောက်အထိမ်းအမှတ်အခမ်းအနားကို ဒီနေ့ ၂၀၁၁-ခု၊ ဒီဇင်ဘာလ (၄)ရက်နေ့မှာ ရန်ကုန်မြို့ရှိ စင်ထရယ်ဟိုတယ်လ်တွင် ကျင်းပပြုလုပ်ခဲ့ပါတယ်။ အခမ်းအနားသို့ အစ္စလာမ်သာသနာရေးရာကောင်စီဝင်များ၊ သံရုံးများမှကိုယ်စားလှယ်များ၊ ဘာသာပေါင်းစုံမှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသောဧည့်သည်များ စုစုပေါင်း (၅၀၀)၀န်းကျင် တက်ရောက်ကြပါတယ်။ ဦးဝဏ္ဏရွှေနှင့် ဒေါက်တာမောင်မောင်တို့က အင်္ဂလိပ်+မြန်မာ (၂)ဘာသာဖြင့် အခမ်းအနားမှူးများအဖြစ် ပြုလုပ်ကြပါတယ်။။ အခမ်းအနားကို အစီအစဉ်(၆)ရပ်နဲ့ ကျင်းပခဲ့ပါတယ်။

     

    အစီအစဉ်(၁)အရ ကျမ်းမြတ်ကုရ်အာန်ဖတ်ရွတ်၍ အခမ်းအနားအစီအစဉ်ဖွင့်လှစ်ခြင်း။

    အစီအစဉ်(၂)အရ အာန်ဆွာရီတေးကဗျာ စုပေါင်းသီဆိုခြင်း။

    အစီအစဉ်(၃)အရ အစ္စလာမ်သာသနာရေးရာကောင်စီဥက္ကဌဦးညွန့်မောင်သျှိန်မှ မိန့်ခွန်းပြောကြားခြင်း။

    အစီအစဉ်(၄)အရ ဂုဏ်ပြုအမှာစကားပြောကြားခြင်း။

    အစီအစဉ်(၅)အရ အားလုံးအညီတေးကဗျာ စုပေါင်းသီဆိုခြင်း။

    အစီအစဉ်(၆)အရ ဒုအာဆုမွန်တောင်းခြင်း။

     

    အစီအစဉ်(၁)အရ ကျမ်းမြတ်ကုရ်အာန်ကို မောင်နာလာဦးအုန်းသောင်မှ ဖတ်ရွတ်ပေးပါသည်။

    အစီအစဉ်(၂)အရ အာန်ဆွာရီတေးကဗျာကို စုပေါင်း၍ သီဆိုကြပါသည်။

    အစီအစဉ်(၃)အရ ဥက္ကဋ္ဌမှ အင်္ဂလိပ်+မြန်မာ (၂)ဘာသာဖြင့် မိန့်ခွန်းပြောကြားပါသည်။

    အစီအစဉ်(၄)အရ ……….

    (က) လူမှုရေးဝန်ကြီးဒေါက်တာမြင့်သိန်း

    (ခ) တိုင်းဒေသကြီး သာသနာရေးမှူး ဦးဇော်ဇော်ဦး

    (ဂ) ဦးမြသန်း(သံအမတ်ကြီး) [ Interfaith group (အဘိဓမ္မာကျောင်းအုပ်ကြီး) ]

    (ဃ) ဦးစိန်ဝင်းအောင် (အငြိမ်းစား သံအမတ်ကြီး)၊ [ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ]

    (င) ဒေါက်တာသာဥာဏ် [အတွင်းရေးမှူး၊ Interfaith Dialogue group, ခရစ်ယာန်ဘာသာကိုယ်စားလှယ်]

    (စ) ဦးအောင်နိုင် [ဒု-ဥက္ကဋ္ဌ၊ Interfaith Dialogue group, ဟိန္ဒူဘာသာကိုယ်စားလှယ်]

    (ဆ) ဦးကျော်ဇောနိုင်  (ပါမောက္ခ) [ဘာသာတရားများလေ့လာရေးပညာရှင် ဘာသာပေါင်းစုံချစ်ကြည်ရေးအဖွဲ့]

    (ဇ) ဦးတင်မြင့် (မြန်မာ့ရေနံနှင့်သဘာဝဓါတ်ငွေ့/ငြိမ်း) [ဆရာကြီးဦးရာဇတ်၏သား]

    (ဈ) ဦးလှမောင် (အငြိမ်းစားသံအမတ်ကြီး) ………………… တို့က ဂုဏ်ပြုအမှာစကားများပြောကြားခဲ့ကြပါသည်။

    အစီအစဉ်(၅)အရ အားလုံးအညီတေးကဗျာ စုပေါင်းသီဆိုကြပါသည်။

    အစီအစဉ်(၆)အရ ဆရာအုမရ်မြင့်နိုင်မှ ဒုအာဆုမွန်တောင်း၍ အခမ်းအနားအစီအစဉ်ကို ရပ်နားခဲ့ပါသည်။

    ထို့နောက် တက်ရောက်လာသူများအား ညစာဖြင့်တည်ခင်းဧည့်ခံကျွေးမွေးပါသည်။

    ဥက္ကဋ္ဌကြီးမှ သဘာပတိမိန့်ခွန်းပြောကြားစဉ်

     

    အခမ်းအနားတွင် ပြောကြားခဲ့သော သဘာပတိမိန့်ခွန်း