News @ M-Media

Month: January 2012

  • ချိုးငှက်များသို့ တမ်းချင်း

    ဟိုး…….
    လှောင်ချိုင့်ကြားက
    အသွေးနဲ့အသားနဲ့တည်ဆောက်ထားတဲ့
    ချိုှးငှက်တွေ
    လေဟုန်မှာအတောင်ပံဖြန့်လို့
    အားနဲ့မာန်နဲ့ သူတို့လဲ ပျံချင်ရှာနေမပေါ့ မေမေ ….

    ရင်နှစ်သည်းချာတွေနဲ့
    သံတစ်တိုင်စာ ကွာဝေးရတဲ့ ဘ၀မှာ
    ဟိုး ဝေးဝေးက တောင်ပံ ခတ်သံတွေနဲ့
    မပီဝိုးဝါးအိပ်မက်တွေက လေဆန်အရပ်က
    ပျံတက်မလာကြတော့ဘူးတဲ့မေမေ…..

    သွေးလဲတိတ်စေလို့
    ချွေးလဲ သိပ်စေမဲ့ ရင်ခွင်ကို
    သူတို့တမ်းတ …..
    ငါ စွဲ မရှိတဲ့ သူတို့ဘ၀တွေ
    သံတိုင်ကြားမှာ ကြွေပြရတာ
    မနစ်နာ လွန်းဘူးလား မေမေ ….

    လွတ်ပြီး လပ်နေတဲ့ အရပ်မှာ
    မကြာခဏပြောပြောနေကြတဲ့
    ပုံစံခွက်ထဲက Freedom တွေကြောင့်
    ခြေရာလည်းပျောက် ရေကြည်လဲ နောက်ရပြန်ပြီ မေမေ ….

    နင်းပြားဘ၀ကနေတောင်
    မရမကခေါင်းထောင်ထ နေတဲ့
    လေးစားလောက်တဲ့ ..
    သူတို့စိတ်ဓာတ်တွေ အတွက်
    ပေးတဲ့ဒဏ်ချက်က သွေးပျက်လောက်အောင်
    ကြီးမားလွန်းနေတယ် မေမေ..

    လွတ် လပ် ရေးဆိုတာ ဘာလဲ မေမေ
    သတ်သတ်မှတ်မှတ် မရှိတဲ့
    နွားခြေရာခွက်ထဲက အော်ရတဲ့
    ဖားသူငယ်ဘ၀နဲ့ပဲ…
    ကျွန်တော်တို့ ခောတ်က ဟောင်းရတော့မှာလား ..
    ကျွန်တော်တို့ စနစ်က ပြောင်းရတော့မှာလား ……

    ကျွန်တော် အားကိုးတကြီးမျှော်လင့်မိပါတယ် မေမေ …
    ဒီ ၆၄ ကြိမ်မြောက် လွှင့်ထူခြင်းဟာ …
    ကျွန်တော်တို့ဖခင် လှူခဲ့တဲ့အသွေးအသားကို
    ပြန်လည်နိုးထစေခြင်းဖြစ်ပါစေလို့…

    စူးရှအိမ်  ၄၊၁။၂၀၁၂ ( 12:34 Pm)

  • ဒီနေ့ မနက် အိုးဘိုထောင် ရှေက မန်းလေးမွတ်စလင်များ ပူပေါင်းကူညီမှု မြင်ကွင်းများ

    အိုးဘိုထောင်ရှေက  ကြော်ငြာစာ

    စစ်ကိုင်းတန်းဗလီက  ကူညီဖို့ အသင့်စောင့်နေတဲ့  ကား…

    ကားဂိတ်တွေ လိုက်ပို့ဖို့နဲ့  လွတ်မြောက်လာသူတွေ ကို ပေးဖို့

    ရေသန့်ဘူး  အချိုရည်ဘူးတွေ ကားပေါ်မှာပါတယ်။

    ကားဂိတ်ကို သွားဖို့ စောင့်နေပုံ

    ကားခနဲ့ လမ်းသုံးစရိတ်များ ပေးအပ်နေစဉ်

    ကိုယ်အိမ်ကို ပြန်ကြလေပြီး…..

    Photo Credit to  ကိုရဲရင့်ကျော်

  • မမလဌာနချူပ်မှ ဦးစီးပြီး မြန်မာမွတ်စလင်မ်များ ၈ကြိမ်မြောက် စုပေါင်းသွေးလှုဒါန်းပွဲပြုလုပ်မည်။

    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် မြန်မာနိုင်ငံလုံးဆိုင်ရာ မြန်မာမွတ်စလင်မ်လူငယ်များ(ဘာသာရေး)အဖွဲ့(မမလဌာနချုပ်)
    အဌမအကြိမ်မြောက် စုပေါင်းသွေးလှုဒါန်းပွဲ

     မြန်မာနိုင်ငံလုံးဆိုင်ရာ မြန်မာမွတ်စလင်မ်လူငယ်များ(ဘာသာရေး)အဖွဲ့(မမလဌာနချုပ်)က စီစဉ်ကျင်းပမည့် အဌမအကြိမ်မြောက်စုပေါင်းသွေးလှုဒါန်းပွဲ ကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့် သွေးလိုအပ်နေသော လူနာများကို မိမိသွေးဖြင့် လှုဒါန်းကူညီလိုသူအစ္စလာမ်ဘာသာဝင်အမျိုးသား၊ အမျိုးသမီးများအနေဖြင့် ပါဝင်၍ သွေးလှုဒါန်းခြင်းဖြင့် ကုသိုလ်ယူနိုင်ကြမည် ဖြစ်ပါသည်။

    သွေးလှုဒါန်းပွဲအစီအစဉ်
    နေ့ရက်    – ၈-၁-၂၀၁၂(တနင်္ဂနွေနေ့)
    အချိန်    – နံနက် ၉း၀၀ နာရီမှ ၁၂း၀၀နာရီအထိ
    နေရာ    – အမျိုးသားသွေးလှုဌာန၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ရွှေတိဂုံဘုရားလမ်းထောင့်၊
    လေဟာပြင်ဈေးဟောင်းအနီး၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်မြို့။

    မြန်မာမွတ်စလင်မ် ညီအစ်ကိုမောင်နှမများ အနေဖြင့် အထက်ပါသွေးလှုဒါန်းမှုအစီအစဉ်တွင် ပါဝင်၍ သွေးလှုဒါန်းလိုပါက မမမဌာနချုပ်၊ အမှတ်(၁၉၄/၁၉၆)၊ အခန်းအမှတ်(၄-A)တွင် (၅-၁-၂၀၁၂) (ကြာသပတေးနေ့) နောက်ဆုံးထား၍  ကြိုတင်စာရင်းပေးသွင်းနိုင်ပါသည်။

    ဖုံးဖြင့် ဆက်သွယ်၍ အမည်စာရင်းပေးသွင်းလိုပါက ၀၁-၂၄၁၂၁၂၊ ၀၁-၂၅၂၇၉၉တို့သို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်ပါသည်။