News @ M-Media

Month: May 2012

  • မ.မ.လ ဌာနချူပ်မှ ဦးစီးပြီး မြန်မာမွတ်စလင်မ်များ နဝမအကြိမ်မြောက် စုပေါင်းသွေးလှုဒါန်းပွဲပြုလုပ်မည်။

    မ.မ.လ ဌာနချူပ်မှ ဦးစီးပြီး မြန်မာမွတ်စလင်မ်များ နဝမအကြိမ်မြောက် စုပေါင်းသွေးလှုဒါန်းပွဲပြုလုပ်မည်။

    ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်
    မြန်မာနိုင်ငံလုံးဆိုင်ရာ မြန်မာမွတ်စလင် လူငယ်များ(ဘာသာရေး)အဖွဲ့
    မ-မ-လဌာနချူပ်

    (န၀မအကြိမ်မြောက်)
    စုပေါင်းသွေးလှူဒါန်းပွဲ

     

     မြန်မာနိုင်ငံလုံးဆိုင်ရာမြန်မာမွတ်စလင် လူငယ်များ(ဘာသာရေး)အဖွဲ့
    မ-မ-လဌာနချူပ်မှ ကြီးမှူးရ်ျ ပုံမှန်ကျင်းပလျက်ရှိသော န၀မအကြိမ်မြာက်
    စုပေါင်းသွေးလှူဒါန်းပွဲကြီးကို(13.5.2012) တနင်္ဂနွေနေ့ နံနက်(83း0)နာရီတွင်
    ရန်ကုန်ပြည်သူဆေးရုံကြီးအမျိုးသား သွေးလှူဘဏ်တွင် ပြုလုပ်ပေးလှူမည်ဖြစ်ပါရ်ျ
    မွန်မြတ်သော သွေးလှူဒါန်းခြင်းကိုအင်တိုက်အားတိုက်ပါဝင်ကြပါရန်  လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

    ဒါနသရဖူ-သွေးအလှူ
ံ
    မြတ်သည့်ဒါန   –   အစဉ်ပြုက
    ကာလသုံးပါး    –   ရွှင်လန်းစရာ
    မြင့်မြတ်လူသား –  ကယ်တင်ခြင်းမှာ
    လူလိုလူသား     –  ပီသစေရာ
    ပစ္စည်း ဥစ္စာ      –   ပိုလျှံစေကာ
    သဒ္ဓါတရား       –   ပေးကမ်းခြင်းထက်
    ခန္ဓာတည်ရာ     –   နှလုံးသွေးမှ
    ပေးဆပ်ခြင်းမှာ  –   ဒါနသရဖူ
    မြတ်သည့်အလှူ –   မြတ်ပေတကား

    ကိုယ်ခြင်းစာနာတတ်ခြင်းသည်ပင်လျှင် တရားစစ်တရားမှန်ဖြစ်သည်။

    သွေးလှူဒါန်းလိုသူများ  မိမိတို့ဧ။်အမည်စာရင်းကို
    5.5.2012 (စနေနေ့)နောက်ဆုံးထားရ်ျ ဌာနချုပ်ရုံးခန်းသို့
    စာရင်းပေးသွင်းနိုင်ပါသည်။
    အမှတ်-(194/196) အခန်း(4-A) ဗိုလ်ဆွန်ပက်လမ်း၊
    ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်မြို့
    ဖုန်း  241212-25799

    မှတ်ချက်- လူဦးရေကန့်သတ်ထားခြင်းမရှိပါ။။

    ဆော်သြရေးမှူး
    သွေးလှူးဒါ်းရေးတာဝန်ခံ
    မ-မ-လ ဌာနချူပ်

    ကိုကို သတင်းပေးပို့သည်။

  • မောင်တောမြို့နယ်မှ အစ္စလာမ်ဘာသာဝင်များကို မြိုနယ်အတွင်း လွတ်လပ်စွာ ခရီး သွားလာခွင့် ပြု

     မောင်တောမြို့မှ ဗလီဝတ်ကျောင်းတော်တခု (Photo MMSY)

    မောင်တောမြို့နယ် အတွင်း မှီတင်းနေထိုင်နေကြသော အစ္စလာမ်ဘာသာဝင်များကို ယခုလ ၂၁ ရက်နေ့မှ စပြီး ခရီးသွား လက်မှတ်မလိုဘဲ မြို့နယ် အတွင်း လွတ်လပ်စွာ သွားလာခွင့် ပြုလိုက်ပြီ ဖြစ်သည်။

     

    downtown-maungdow

    ” နစက ကွပ်ကဲရေးမှူးက ခရိုင် အစ္စလာမ်ကောင်စီ ဥက္ကဌ ဒေါက်တာ ဦးထွန်းအောင်နဲ့ ဦးမာမတ်စီဒီ၊ ဦးခင်ဇော်၊ ဦးနုမာကိန်း တို့ကို ဖိတ်ခေါ်ပြီးတော့ ရွာထွက်လက်မှတ်လို့ ပြောတဲ့ ထောက်ခံစာတွေ မလိုဘဲ ခရီးသွားလာလို့ ရပြီလို့ ပြောပါတယ်။ အခုလက်ရှိ ကိုင်ဆောင်ထားတဲ့ ယာယီ သက်သေခံ ကဒ်ပြားတွေရယ်၊ တခြား ကိုင်ဆောင်ထားတဲ့ အနီ၊ အဖြူ ကဒ်ပြားတွေနဲ့ သွားလာလို့ ရပြီလို့ ပြောပါတယ်။ မြို့နယ် အတွင်းပေါ့။ နယ်ကျော်ပြီးတော့ မဟုတ်ပါဘူး” ဟု ဒေသခံ မွတ်ဆလင် လူကြီး တစ်ဦးက ပြောသည်။

    ဧပြီလ ၂၁ ရက်နေ့ နံနက် ၁၀ နာရီခန့်က နစကမှူး ဗိုလ်မှူးကြီး အောင်ကြီးက အစ္စလာမ် ဘာသာဝင် လူကြီးများကို ခေါ်ယူပြီး ထိုသို့ ပြောလိုက်ခြင်း ဖြစ်ကြောင်း သူကဆိုသည်။

    မောင်တောမြို့နယ် အတွင်း အစ္စလာမ်ဘာသာဝင်များ၏ ခရီးသွားလာခွင့်ကို န၀တ စစ်အစိုးရ တက်လာသည့် ၁၉၈၈ ခုနှစ်စပြီး ကန့်သတ်မူများ ပြုလုပ်ထားခဲ့ရာမှ နှစ်ပေါင်း ၂၀ ကျော်အတွင်း ပထမဆုံး အကြိမ် လွတ်လပ်စွာ သွားလာခွင့်ပြုလိုက်ခြင်း ဖြစ်သည်။

    မြန်မာနိုင်ငံ အနောက်ဘက်နယ်စပ် ရခိုင်ပြည်နယ်မှ ဘူးသီးတောင်နှင့် မောင်းတောမြို့နယ်များမှာ လူဦးရေ အလွန်ထူထပ်သော ဘင်္ဂလာဒေခ်ျ့နိုင်ငံနှင့် ကပ်ရပ်တည်ရှိသဖြင့် လူဝင် လူထွက်ကို စိစစ်ရန် လိုအပ်ရာမှ အစ္စလာမ်ဘာသာဝင်များ အပေါ် ခရီးသွားလာရေးနှင့် ပတ်သက်ပြီး ယခုလို ကန့်သတ်ထားရခြင်းကြောင်း လူဝင်မူ ၀န်ကြီးဌာ ၀န်ကြီး ဦးခင်ရီမှ များမကြာမှီက ကျင်းပ ပြုလုပ်ခဲ့သော ပြည်သူ့ လွှတ်တော် အမေးအဖြေ ကဏ္ဍ တစ်ခုတွင် ထုတ်ဖေါ် ပြောကြားခဲ့သည်။

    ” အခု လွတ်လပ်စွာ သွားလာခွင့်ပြုပေးလိုက်ပါပြီ။ မောင်တောမြို့နယ် အတွင်းပေါ့။ ဘာခရီးသွား လက်မှတ်မှ မလိုတော့ပါဘူး။ ရွာထွက်လက်မှတ်ဆိုတာတော့ မရှိပါဘူး။ ခရီးသွားလက်မှတ်ကို သူတို့ ပြောကြာတာ ဖြစ်မှာပါ။ အခု မရှိတော့ပါဘူး” ဟု မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူးကလည်း အတည်ပြု ပြောကြားသည်။

    နှစ်ပေါင်း ၂၀ ကျော် အစ္စလာမ်ဘာသာဝင်များ၏ ခရီးသွားလာခွင့်ကို မောင်တောမြို့နယ် အတွင်း ပိတ်ပင်ထားရာမှ မည်သည့်အတွက်ကြောင့် ယခုအချိန်တွင် လျော့ပေါ့ပေးရပါသလဲဟု မေးမြန်းရာ ဖုံးလိုင်း မကောင်းသဖြင့် မြို့နယ် အုပ်ချုပ်ရေးမှူးထံမှ ဖြေကြားခြင်းကို မရရှိခဲ့ပါ။

    ” ခုလို မြို့နယ် အတွင်း လွတ်လပ်စွာ ခရီးသွားလာခွင့်ရတဲ့ အတွက် ၀မ်းသာပါတယ်။ အခက်အခဲတွေ ကြားထဲက တစ်ခုတော့ အောင်မြင်မူ ရသွားတယ်လို့ ခံစားမိပါတယ်။ ဒါပေမယ့် ပလီတွေ၊ အာရဗီ ကျောင်းတွေ ပြင်ဆင်ခွင့်တော့ မရဘူးပေါ့။ ဒါတွေက ကျန်နေသေးတယ်။ လက်ထပ်ခွင့်လည်း ကျန်နေသေးပါတယ်” ဟု ဒေသခံ မွတ်ဆလင် လူကြီးက ဆက် ပြောသည်။

    မောင်တောမြို့နယ် အတွင်းမှီတင်းနေထိုင်သော အစ္စလာမ်ဘာသာဝင်များထဲမှ အများစုမှာ အသက် အရွယ် မတိုင်မှီ အိမ်ထောင် ပြုခြင်း၊ အမျိုးသား တစ်ဦးအနေဖြင့် အမျိုးသမီး သုံးလေးဦးထိ လက်ထပ် ယူခြင်းတို့ကြောင့် အိမ်ထောင်ပြုလိုလျှင် သက်ဆိုင်ရာ နစက တာဝန်ရှိသူများသို့ လက်ထပ်ခွင့် တင်ပြီးမှ လက်ထပ်ခွင့် ပြုကြောင်း သိရသည်။

    ထိုသို့ ကန့်သတ် ထားချက်အပေါ် တချို့နစက တာဝန်ရှိသူများက မိမိ ကိုယ်ကျိုးအတွက် အသုံးချကာ လက်ထပ်ခွင့် တစ်စောင်ကို ကျပ် သုံးထောင်မှ ကျပ် တစ်သိန်းထိ တောင်းစားကြောင်း သိရသည်။

    မောင်တောမြို့နယ် အတွင်းရှိ အစ္စလာမ်ဘာသာဝင်များကို မြို့နယ် အတွင်း လွတ်လပ်စွာ ခရီးသွားခွင့် ပြုလိုက်ပြီ ဖြစ်သော်လည်း မြို့နယ်ကျော်ပြီး သွားလာမူကို ဆက်လက် ကန့်သတ်ထားဆဲ ဖြစ်ကာ မြို့နယ်ကျော် ပြီး သွားလိုပါက ပုံစံ (၄) နှင့် ခရီးသွား ထောက်ခံချက်ဖြင့် သွားလာရကြောင်း စုံစမ်း သိရှိရသည်။

     

    Credit နိရဉ္စရာ

  • မလေးရောက် ရခိုင် ကလေးငယ်များ ပညာမြင့်မားရေး ဆောင်ရွက်မည်

    မလေးရောက် ရခိုင် ကလေးငယ်များ ပညာမြင့်မားရေး ဆောင်ရွက်မည်

    ခိုင်မောင်ဦး (မလေး)
    ———————
    မလေးရှားနိုင်ငံသို့  အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေကြသော ရခိုင် ကလေးငယ်များ၏ ပညာရည် တိုးတက် မြှင့်မားရေး အတွက် ပူးပေါင်း ဆောင်ရွက် လုပ်ကိုင်သွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။

    ရခိုင်ကလေးငယ်များ ပညာရည် တိုးမြင့်ရေးကို ဧပြီလ ၂၉ ရက်နေ့က ပြုလုပ်ခဲ့သော အလုပ်ရုံ ဆွေးနွေးပွဲတစ်ခုတွင် ရခိုင် လူမူရေး လုပ်ကိုင်နေသူများ အကြား သဘောတူညီမူ ရရှိခဲ့ကြောင်း တက်ရောက်ခဲ့သူများက ဆိုသည်။


    ” အလုပ်ရုံ ဆွေးနွေးပွဲက မျိုးဆက်သစ် ကလေး လူငယ်များ ပညာမြင့်မာရေး အတွက် ပြုလုပ်တာ ဖြစ်ပါတယ်။ မလေးရှားနိုင်ငံ ကွာလာလမ်ပူရှိ ပူချုန်းနေမြေ Arakan Refugee Eduction Centre (AREC) ကျောင်းမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီမှာ ကလေးတွေရဲ့ ပညာရည် မြင်းမားရေး အတွက် တိုးမြှင့် လုပ်ဆောင်ဖို့ ဆွေးနွေးပွဲ တက်လာတဲ့ သူတွေက သဘောတူခဲ့ကြပါတယ်” ဟု ရခိုင်ဒုက္ခသည် ကယ်ဆယ်ရေးရုံှး (ARRC) မှ ဥက္ကဌ ဖြစ်သူ ကိုစိုးထွန်းက နိရဉ္စရာသို့ ပြောသည်။

    ဆွေးနွေးပွဲကို သက်ဆိုင်ရာ အဖွဲ့အစည်းအသီးမှ ခေါင်းဆောင်များ၊ တသီးပုဂ္ဂလများ၊ ကျောင်း သားမိဘများ စုစုပေါင်း ၅၀ ကျော် တက်ရောက်ခဲ့ကြသည်။

    ” ကလေး ပညာရေးကျောင်း ရည်ရှည် တည်တံ့ရေး၊ ကျောင်းဆရာ ဆရာမတွေ အချိန်ပြည့် ပညာသင်ကြားနိုင်ရေး၊ ရခိုင်စာ သင်ကြားရေးနဲ့ ကျောင်းရံပုံငွေ တောင့်တင်းရေး စတဲ့ အချက်တွေကို ဆွေးနွေးခဲ့ကြပါတယ်။ ကျောင်းရဲ့ လိုအပ်ချက်တွေနဲ့ ပတ်သက်ပြီးလည်း တက်ရောက်လာသူ အသီးသီးဆွေးနွေးခဲ့ကြပါတယ်။ အကြံကောင်း ဥာဏ်ကောင်းတွေလည်း ရရှိခဲ့ပါတယ်” ဟု သူက ဆက်ပြောသည်။

    (AREC) ကျောင်းတွင် ထူထောင်ကတည်းက ယခုအချိန်ထိ ကလေးငယ်များအား စာသင်ပြနေသူ ကျောင်းဆရာ ကိုသီဟအား ကလေးငယ်များအား စာသင်ရသည့် အခက်အခဲနှင့် ပတ်သက်ပြီး နိရဉ္စရာ မေးမြန်းကြည့်ရာ သူက ယခုလို ပြောသည်။

    ” ရခိုင်က လာကြတဲ့  ကလေးတွေက ပညာအရေး အရမ်းညံတော့ နေ့တိုင်းလိုလို သင်တန်းတွေ ပေးပြီး အမြဲ လေ့ကျင့် ပေးရပါတယ်။ ကျောင်းသူ ကျောင်းသားတွေရဲ့ အဓိက အားနည်းချက်က အင်္ဂလိပ်စာတော်တော်လေး ညံ့တာကို တွေ့ ရတယ်။ နယ်မြေအသီးသီး၊ အလွာအသီးသီးက လာကြသူ့ တွေမို့  သူတို့ ရဲ့ အားနည်းချက် အားသာချက်တွေကို ကြည့်ပြီး ကျွန်တော်တို့  စာပြရပါတယ်” ဟု သူက ပြောသည်။

    Arakan-Refugee-Eduction-Centre

    ၎င်းပြင် အမျိုးသား ကြင်အန် လက္ခဏာများ မပျောက်ပျက်ရေးနှင့် မျိုးချစ်စိက်ဓါတ် ထက်သန်လာအောင် လေ့ကျင့်ပေးမူများလည်း ပြုလုပ်ပေးရကြောင်း သူက ပြောသည်။

    ” ကျောင်းသားတွေဟာ တချိန်ချိန်မှာ ဒီနိုင်ငံကနေ တတိယ နိုင်ငံ တစ်ခုခုကို ထွက်ခွာသွားကြမယ့် သူတွေ ဖြစ်ကြပါတယ်။ တတိယနိုင်ငံကို ထွက် တဲ့အချိန်မှာ သူတို့  ရဲ့ပညာရေး အဆင့်မြင့်ပြီးသား ဖြစ်နေဖို့ လိုတယ်။ နောက်ပြီး နှောင်တစ်ချိန်မှာ အမျိုးသားရေးကို ဦးဆောင်နိုင်တဲ့ လူတော် လူကောင်းတွေ ဖြစ်ဖို့ စတဲ့ ရည်ရွယ်ချက်တွေနဲ့ ဒီကျောင်းကိုဖွင်ပြီး ခုလို ပညာ သင်ကြားပေးနေတာ ဖြစ်ပါတယ်” ဟု သူက ပြောသည်။

    ယခု ဒုက္ခသည် ကျောင်း ရပ်တည်နိုင်ရန်အတွက် အဓိက ရံပုံငွေ ရှိဖို့ အများကြီး လိုအပ်ကြောင်း၊ ရံပုံငွေရှိမှသာလျှင် ကျောင်းသူကျောင်သားများ၏ စားဝတ်နေရေး အဆင်ပြေလာမည် ဖြစ်ကြောင်း၊ သူတို့ ၏ အနာဂတ် ပညာရေးကို ကူညီပံ့ပို့ ရန် အများကြီးလိုအပ်ကြောင်း၊ ပြည်ပရှိ ရခိုင်သူ ရခိုင်သားများနှင့် ဆက်သွယ်ကာ အကူအညီများ ရရှိအောင် ကြိုးစား ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကိုစိုးထွန်းက ပြောကြားသွားသည်။

    Arakan Refugee Eduction Centre (AREC) ကျောင်းတွင် သင်္ချာ၊ အင်္ဂလိပ်စာ၊ သိပ္ပံ၊ ရခိုင်ဘာသာများကို ဆရာ ဆရာမ လေးဦးက တာဝန်ယူ သင်ကြားပို့ချပေးနေသည်ဟု သိရသည်။

    (AREC) ကျောင်းတွင် ညအိပ်ညစားကျောင်းသူ ကျောင်းသား ၅၀ ကျော်ရှိပြီး သူတို့၏ စားရေး သောက်ရေးများကို ရခိုင် ဒုက္ခသည်များ ကယ်ဆယ်ရေးရုံှး (ARRC) မှ လစဉ် ကူညီ ပံ့ပိုးပေးနေသည်ဟု သိရသည်။

    အဆိုပါ Arakan Refugee Eduction Centre (AREC) ကျောင်းကို ၂၀၁၁ ခုနှစ် ဖေဖေါ်ဝါရီလ ၂၀ ရက်နေ့ တွင် ဦးဘခိုင်မောင် ဦးစီးတည်ထောင်ပြီး ယခုအခါ ရခိုင် ဆရာတော်များဖြစ်ကြသည့် ဒေါက်တာ အရှင်ရာဇိန္ဒ (ပူးချုန်း)နှင့် အရှင်ပညာဝံသ (ဆူးဂိုင်းဘလို)တို့မှ ဦးဆောင်ပြီး လုပ်ဆောင်နေခြင်း ဖြစ်သည်။

     

    Credit နိရဉ္စရာ