Al Jazeera မှ တင်ဆက်သည့် ကန့်လန့်ကာအကွယ်မှ မျိုးဖြုတ်သတ်ဖြတ်မှုကြီး ဗွီဒီယိုမှတ်တမ်း (ဒီဇင်ဘာ ၉ တင်ဆက်မှု)
M-Media Via MMV
ဒီဇင်ဘာ ၉ ၊ ၂၀၁၂
Video is the Courtesy of MMV and Al Jazeera.
ဗွီဒီယိုမှတ်တမ်းဖိုင်ကို MMV မှတဆင့် တင်ဆက်ထားခြင်းဖြစ်ပါသည်။

ဒီဇင်ဘာ ၉ ၊ ၂၀၁၂
M-Media
ဦးဦးမှော်ဆရာ
{ Popular Myanmar News ဂျာနယ် >>> ရခိုင်ပြည်နယ် အရေးနှင့် ပက်သက်သော တွေဆုံ ရှင်းလင်းပွဲတွင် နောက်ကွယ်မှ ကြိုးကိုင်သူများကို လက်ရှိတွင် စုံစမ်း စစ်ဆေးနေပြီ ဖြစ်ပြီး ခိုင်လုံသော အထောက်အထားများ ရရှိပါက ပြောကြားချပြ သွားမည်ဖြစ်ကြောင်း ရဲချုပ် ကျော်ကျော်ထွန်းကပြောကြားပြီး၊ လက်ရှိတွင် ထိုအရေအတွက် သက်ဆိုင်ရာမှ ၁ ဦး၊ဘင်္ဂလီ မူဆလင် ၁ ဦး ၊ ရဲ ဌာန မှ တစ်ဦးနှင့် ရပ်ကွက် အုပ်ချုပ်ရေး ၃ ဦးပါဝင်သော ၆ ဦးပါ အဖွဲ့ များမြို့နယ် အလိုက် စိစစ်နေကြောင်း၊ ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးမှ လည်း အယ်ဂျားဇီးယား သတင်းဌာန မှ ဘင်္ဂလီများလူမျိုးတုံးရေးခေါင်းစဉ်ဖြင့် ထုတ်လွှင့်ရန် ကြားသိရကြောင်း၊
သို့သော် လည်း ဘင်္ဂလီမူဆလင်တို့ ၏ လူဦးရေ တိုးတက်မှုမှာ ရခိုင်ပြည်နယ်တွင် ၁၉၈၂ ခုနှစ်၌ လူဦးရေ ၁ သိန်းမှ ၂၀၁၂ ခုနှစ် တွင် လူဦးရေ ၁၀ သိန်းအထိ ရှိလာသောကြောင့် တိုးပွားလာမှု နှင့် မျိုးတုံးမှုတို့ကို မိမိတို့ ဦးနှောက်ဖြင့်သာ စဉ်းစားစေလိုကြောင်း ပြောကြားသွားသည်။
(အလဲဗင်းက ရေးထားတဲ့သတင်းမှာတော့ – ၁၉၈၀ ၀န်းကျင်က ရခိုင်ပြည်နယ်၌ ဘင်္ဂါလီလူမျိုး နှစ်သိန်းခွဲခန့်ရှိပြီး ယခု ၂၀၁၂ ခုနှစ်တွင် တစ်သန်းရှိကြောင်း – လို့ ရေးထားပါတယ်။) }

ဒီသတင်းကိုဖတ်မိတော့ ကျနော်ဖတ်ဖူးတာလေးတွေ ပြန်ရှာကြည့်မိတယ် ။ ဒီပုံပါ သန်းခေါင်စာရင်းအရ ၁၉၈၃ ခုနှစ်မှာ ရခိုင်ပြည်နယ်မှာ မွတ်ဆလင်အရေအတွက်ဟာ ၅၈၂၉၈၄ ဦးခန့် ရှိကြောင်း တွက်ကြည့်ရင် သိနိုင်ပါတယ်။ မဆလခေတ်သန်းခေါင်စာရင်းရဲ့ ထူးခြားချက်တစ်ခုကတော့ ရခိုင်ပြည်နယ်မှာရှိတဲ့ မွတ်ဆလင်များ အားလုံးကို ရိုဟင်ဂျာ၊ ကမန်၊ မြေဒူး၊ ဘင်္ဂါလီ၊ ရခိုင် စသဖြင့် လူမျိုးအရသတ်သတ်မှတ်မှတ် မခွဲခြားထားဘဲ အားလုံးကို ခြုံငုံပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ဘင်္ဂါလီများ၊ တနည်းအားဖြင့် နိုင်ငံခြားသားများ အဖြစ် သတ်မှတ်ထားတာ တွေ့ရပါတယ်။

ဒီလောက်နဲ့မကျေနပ်သေးတော့ လူပြောသူပြောများတဲ့ စာအုပ်တစ်အုပ်ဖြစ်တဲ့ ၁၉၆၄ ခုနှစ် စာပေဗိမာန်ထုတ် မြန်မာ့စွယ်စုံကျမ်း အတွဲ(၉) ကိုပြန်ကြည့်မိတယ်။ အဲဒီစာအုပ်ရဲ့ စာမျက်နှာ (၉၀) မှာ ဒီလို ဖေါ်ပြထားတာ တွေ့ရပါတယ်။ မေယုနယ်ခြားခရိုင်တွင် လူဦးရေ (၄) သိန်း (၅) သိန်း ခန့်ရှိရာ လူအများစု (၇၅% ခန့်) မှာ ရိုဟင်ဂျာ လူမျိုးများဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။ ဒီတော့ အဲဒီစာအုပ်မှာဖေါ်ပြထားတဲ့ ရိုဟင်ဂျာဆိုတာ ခုလက်ရှိ ဘင်္ဂါလီအဖြစ် လူမျိုးပြောင်းသွားတဲ့ လူမျိုးစုကို ရည်ညွှန်းတာဆိုတော့ ၁၉၆၄ ခုနှစ် မှာတောင်မှ မေယုခရိုင် တစ်ခုတည်းမှာတင် အနည်းဆုံး လူဦးရေ ၃ သိန်းကျော်ရှိခဲ့တာ သေချာပါတယ်။
ဒီတော့ ဗိုလ်သိန်းဌေးက ဘယ်အချက်အလက်ကို အခြေခံပြီး ၁၉၈၂ခုနှစ်မှာ ဘင်္ဂါလီ တစ်သိန်းရှိတယ်လို့ ပြောတာလဲ ။ နောက်ပြီး ခုလို Press Briefing တစ်ခုမှာ ပြောဆိုခြင်းဟာ Official Record တစ်ခုအနေနဲ့ ဖြစ်သွားနိုင်တယ် ဆိုတာသိသိကြီးနဲ့ ဘယ်လိုရည်ရွယ်ချက်နဲ့ စာရင်းမှား ပြောတာလဲ စဉ်းစားစရာပဲ။
ရုတ်တရက် ဒီသတင်းဖတ်မိရင် `ဟ.. ဒီနှစ်တွေအတွင်း လူဦးရေ ဆယ်ဆလောက်တိုးတက်လာတာပဲ´ လို့ တွေးမိပြီး ဒီလို လူဦးရေတိုးပွားလာတာဟာ ဟိုဘက်နိုင်ငံကလူတွေ အပျင်းပြေပါးရိုက်ခံဖို့ မြန်မာပြည်ဘက် ခိုးဝင်လာကြသူတွေလား၊ သူတို့ပြောသလို အပျော်တမ်း ကလေးမွေးနေကြလို့လား.. စသဖြင့် သို့လောသို့လော တွေးမိနိုင်ပါတယ်။ ဒီလို အယုံအကြည်ကင်းမဲ့တဲ့ စိတ်၊ သံသယစိတ်ဟာ လက်ရှိဖြစ်ခဲ့တဲ့ ပြဿနာရဲ့ အဓိကလောင်စာပါ။
အစိုးရဟာ ခိုးဝင်လာသူမရှိပါဘူး၊ ရခိုင်ပြည်နယ်မှာရှိတဲ့ လူမျိုးစုနှစ်စု အချင်းချင်းပြန်လည်သင့်မြတ်အောင် နည်းလမ်းရှာနေပါတယ်လို့ ကမ္ဘာပတ်ပြီးပြောနေပေမဲ့ တကယ့်ဒေသခံပြည်သူတွေရဲ့ စိတ်ထဲမှာ အဲဒီသံသယစိတ်ကို မပျောက်သွားဘဲ အမုန်းတရားများဆက်လက် ရှိနေအောင် ၊ တငွေ့ငွေ့တောက်လောင်နေအောင် လုပ်နေသလားလို့တွေးမိတယ်။
နိုင်ငံဖြတ်ကျော်ခိုးဝင်လာသူတွေရှိရင်လည်း ဘယ်သူ့ကိုမဆို တရားဥပဒေ အရ စီရင်ရမယ်။ ဒီလိုပါပဲ .. ခိုးဝင်လာသူမဟုတ်မှန်း သေချာရင်လည်း ဘယ်သူ့ကိုမဆို တရားဥပဒေရဲ့ အကာအကွယ်ကို မျှမျှတတရရှိစေဖို့ အစိုးရကတာဝန်ခံရပါမယ်။ အခု ဒီအစိုးရလုပ်ပုံက ရခိုင်ပြည်နယ်မှာဖြစ်နေတဲ့ လူသတ်၊ မီးရှို့ စတဲ့လှုပ်ရှားမှု သက်သက်ကိုသာ ခေတ္တခဏ ရပ်တန့်အောင် လုပ်ဆောင်နေတာဖြစ်ပြီး ၊ လိုအပ်လာရင် အချိန်မရွေး ပြန်ပေါက်ကွဲစေဖို့အတွက် လောင်စာတွေကိုတော့ မရှင်းလင်းဘဲ အဆင်သင့်ချန်ထားတဲ့ အနေအထားမျိုး ဖြစ်နေတယ်။
တွေးရင်း တွေးရင်း .. တွေးမိသမျှ မရေးချင်တော့ဘူး။
နောက်ဆုံး လက်မှိုင်ချရင်း စိုးရိမ်မိတာ တစ်ခုပဲရှိတယ်။
၂၀၁၅ ရွေးကောက်ပွဲကို ထပ်ပြီးမျှော်လင့်ရင်း လူထုအကြိုက်လုပ်ဖို့ ဂွင်အမျိုးမျိုး ဖန်တီးနေတဲ့ လက်ရှိအစိုးရနဲ့ ၂၀၁၅ ရွှေးကောက်ပွဲအတွက် စိတ်ကုးယဉ်ရင်း လူမုန်းမခံရအောင် ကျင်လည်စွာရှောင်တိမ်းခြင်းပညာကို အံ့မခန်းထုတ်ပြနေတဲ့ အတိုက်အခံတို့ကြားမှာ ဘောလီဘောပုတ်နေကြရင်း တရားခံတွေ တရားဥပဒေ ရှေ့ ရောက်မှ ရောက်ပါ့မလားလို့ …..။

M-Media
ဒီဇင်ဘာ ၉ ၊ ၂၀၁၂
ကမ္ဘာ့ အေအိုင်ဒီအက်စ်နေ့ အထိမ်းအမှတ်
ဒီဇင်ဘာလ ၁ ရက်နေ့က ကျရောက်ခဲ့သော ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့တွင် အမေရိကန်နိုင်ငံ၊ နိုင်ငံလုံးဆိုင်ရာ အတွင်းရေးမှူး၊ ဟီလာရီကလင် တန်က မိန့်ခွန်းပြောကြားရာ၌ အိပ်ခ်ျအိုင်ဗွီရောဂါ ပိုးကို ကာကွယ်ရန်အတွက် အရေပြားလှီးဖြတ်ခြင်းကို တိုးမြှင့်လုပ်ဆောင်ကြဖို့ တိုက်တွန်း သွားခဲ့ကြောင်း စီအင်အင်သတင်းဌာနက ဖော်ပြသည်။
CNN ၏ သတင်း တင်ပြချက်
ဒီဇင်ဘာ ၁ ရက်နေ့ကို ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့အဖြစ် သတ်မှတ်ကျင်းပလာခဲ့သလို အမေရိကန်နိုင်ငံကလည်း ထိုနေ့တွင် အစိုးရကိုယ်တိုင်ကြီး မှူးသည့် ပြည်သူ့အတွက် တရားဝင်ကြေငြာချက် ကို ၁၉၉၅ မှစတင်၍ ပြုလုပ်လာခဲ့ရာ ယခုနှစ်အတွက် ဟီလာရီကလင်တန်၏ကြေငြာချက်၌ အထက်ပါ အတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။
၁၉၈၁ မှ ၂၀၀၇ ခုနှစ်များအတွင်း အေအိုင်ဒီအက်စ်ကြောင့် လူပေါင်း ၂၅ မီလီယံ သေဆုံးခဲ့ရသလို မြန်မာပြည်၌လည်း စစ်တမ်းများအရ တစ်နာရီတွင် လူနှစ်ဦးမှာ အေအိုင်ဒီအက်စ်ကြောင့် သေဆုံးနေရသည်။ စီအင်အင်မှ တင်ပြခဲ့သည့် ဗီဒီယိုဖိုင်တွင် ဟီလာရီ ကလင်တန်က အေအိုင်ဒီအက်စ်ကာ ကွယ်ရေးအတွက် ကွန်ဒုံးအသုံးပြုမှု တိုးတက်စေရန်နှင့် အမျိုးသားများ အရေပြားလှီးဖြတ်မှုများ တိုးတက်လုပ်ဆောင်ကြရန် တိုက်တွန်းထားသည်။
ဂျူးများ၊ မွတ်စလင်မ်များနှင့် ကော့ပ်တစ်ခရစ်ယာန်များမှာ အရေပြားလှီးဖြတ်ခြင်း ပြုလုပ်ကြသည်။ အချို့သော ခရစ်ယာန်များ ကမူ ပြုလုပ်ဆောင် ရွက်ခြင်းမရှိကြပေ။ သို့သော် ထိုခရစ်ယာန်များက အရေပြားလှီးဖြတ်ခြင်းအား ပိတ်ပင်ဖို့အထိ ဝေဖန်ပြစ်တင်နေကြသော်လည်း အရေပြား လှီးဖြတ်ခြင်းကို ၄င်းတို့၏ ဘိုးဘေးများကိုယ် တိုင် ပြုလုပ်ဆောင်ရွက်ခဲ့ကြခြင်းဆိုသည့် အကြောင်းတွင်မူ နုတ်ဆိတ်လျက် ရှိနေကြသည်။ ၂၀၁၂ တွင်မူ ဂျာမနီနိုင်ငံ၌ နိုင်ငံရေးသမားအချို့က အရေပြားလှီးဖြတ်ခြင်းအား ပိတ်ပင်ဖို့ တောင်းဆိုဆောင်ရွက်ခဲ့ကြသည်။
ဝေဖန်နေကြသူများ မသိရှိကြသည့် အကြောင်းမှာ ၄င်းတို့၏နည်းဗျူဟာအထမမြောက်စေဖို့ 0.1 micron သာရှိသည့် အလွန်သေးငယ်လှသော ဗိုင်းရပ်စ်ပိုးက လူ့အသက်ပေါင်းများစွာကို ဇီဝိန်ခြွေရင်း လုပ်အားနှုန်းကို တစ်နှစ်ထက်တစ်နှစ် တိုးတက်ဖြစ်ထွန်းနေစေခြင်းပင်။ ထိုဗိုင်းရပ်စ်၏အမည် မှာ အိပ်ခ်ျအိုင်ဗွီ ဗိုင်းရပ်စ်ပင်ဖြစ်သည်။
ဗြိတိသျှစွယ်စုံကျမ်းဖော်ပြချက်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။
“အရေပြားလှီးဖြတ်ခြင်းကို သာသနာရေးဆိုင်ရာ အရေးပါသည့် ကိစ္စတစ်ခုအဖြစ် လူ့ယဉ်ကျေးမှုအများစုတွင် တွေ့ရှိရသည်။ ဥပမာ – ဂျူးသာသနာတွင် အရေပြားလှီးဖြတ်ခြင်းအား တမန်တော် အီဗရာဟင်မ်နှင့် ဘုရားသခင်တို့အကြား ထားရှိသည့် ပထမဆုံးသော ကတိက၀တ်အဖြစ် ဖြော်ပထားသည်။ ထိုသည်ကို ပထမဆုံးသော ကောင်းကင်ကျ အမိန့် ၊ ပန်တာတျူ (Genesis 17:10–27) တွင် ဖြော်ပထားခြင်းဖြစ်သည်။ ထို့ကြောင့် ယောင်္ကျား ကလေး၊ ကလေးငယ်တိုင်းကို အရေပြားလှီးဖြတ်ခြင်း ပြုလုပ်ဆောင်ရွက်ကြရသည်။ သို့သော်ခရစ်ယာန်သာသနာတွင်မူ အရေပြား လှီးဖြတ်ခြင်း ဆောင်ရွက် ဖို့ မဖြစ်မနေတာဝန်အဖြစ် ပြဌာန်းထားခြင်းမရှိဆိုသည့် ပညတ်ချက်ကိုမူ ပထမဦးဆုံးအနေဖြင့် ဘိုင်ဘလ်ကျမ်းစာ Acts 15 တွင်မှာမှ တွေ့ရှိရသည်။”
အမေရိကန်ပြည်ထောင်စု၏ တိုင်းရေးပြည်ရာဝန်ကြီး၊ ဟီလာရီကလင်တန်ကိုပင် အရေပြားလှီးဖြတ်ခြင်းအကြောင်း ထည့်သွင်းပြောကြားစေ သည်အထိ ၄င်းအရေပြားလှီးမင်္ဂလာအပေါ် ခေတ်သစ် ပညာရှင်များ၏ တွေ့ရှိချက်က မည်သို့မည်ပုံဖြစ်နေသနည်းဆိုသည့်မေးခွန်းမှာလည်း စိတ်ဝင် စားဖွယ်မေးခွန်းပင်ဖြစ်ပါသည်။ အရေးပါသည့် တွေ့ရှိချက်မှာ အရေပြားလှီးဖြတ်ခြင်းသည် အိပ်ခ်ျအိုင်ဗွီ ဗိုင်းရပ်စ်ကို ကာကွယ်ပေးသည် ဟူသည့် တွေ့ရှိ ချက် ပင်။
ဗြိတိသျှစွယ်စုံကျမ်းတွင် ဖော်ပြထားသည်မှာ –
” အရေပြားလှီးဖြတ်ခြင်းအား ထောက်ခံပြောဆို ကြသူများ က အရေပြားလှီးဖြတ် ထားသော ယောင်္ကျားသည် အေအိုင်ဒီအက်စ်၊ ဆစ်ဖလစ်နှင့် အခြားသော လိင်ပိုင်းဆိုင် ရာရောဂါ များမှ ပို၍ အကာအကွယ် ရထားပြီးသည့် လေ့လာတွေ့ရှိချက်ကို ကိုးကားတင်ပြကြသည်။ ထို့ပြင် အရေပြား လှီးဖြတ် ထားသည့် ယောင်္ကျားကြောင့် သူ၏ လိင်အဖော် မိန်းမသားမှာလည်း သားအိမ်ခေါင်း ကင်ဆာရောဂါ (Cervical Cancer) မှ အကာအ ကွယ် ရပြီးဖြစ်ကြောင်း သိရသည်။ ၂၀၀၇ တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က အာဖရိက ယောင်္ကျားများကို အိပ်ခ်ျအိုင်ဗွီနှင့်ပတ်သတ်၍ သုတေသနလုပ် ခဲ့ ရာ ဆန့်ကျင်ဘက် လိင်နှင့် ဆက်ဆံခြင်းကြောင့် ရရှိလာမည့် ဆိုးကျိုးများထဲမှာ ရာခိုင်နှုန်း ၄၈ မှ ၆၀ ကို အရေပြားလှီးဖြတ် ထားခြင်းက အကာအကွယ်ပေးနိုင်ကြောင်း တွေ့ရှိခဲ့ရသည်။ ထို့ကြောင့် WHO က ၄င်းရလဒ်ကို အခြေခံကာ အရေပြားလှီးဖြတ်ခြင်းကို စံပုံစံ အကာ အကွယ် နည်းနာအဖြစ် သတ်မှတ်ပြီး အိပ်ခ်ျအိုင်ဗွီတားဆီးရေး လုပ်ငန်းစဉ်များတွင် ထည့်သွင်းဆောင်ရွက်လာခဲ့ကြသည်။ “
ထို့ကြောင့် အရေပြားလှီးဖြတ်ခြင်းကို ဆန့်ကျင်နေကြသူများအနေဖြင့် ချင့်ချိန်စဉ်းစားသင့်သည်မှာ ၄င်းတို့၏ဆန့်ကျင်မှုမှာ ကျိုးကြောင်းညီညွှတ်မှု ရှိ၊ မရှိဆိုသည်ပင် ဖြစ်ပါသည်။
ကိုးကား – www.britannica.com/EBchecked/topic/118439/circumcision

ဒီဇင်ဘာ ၈ ၊ ၂၀၁၂
M-Media
ယနေ့ ဒီဇင်ဘာလ ၈ ရက်နေ့ ညနေ ၅နာရီခန့်က ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွားခဲ့သော ကိစ္စများနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတစ်ခုကို ယနေ့ ညနေ ၄ နာရီ ၃၀ မိနစ်ရန်ကုန်မြို့ရှိ နိုင်ငံခြားရေး ၀န်ကြီးဌာနတွင် ပြုလုပ်ခဲ့သည်။ မူလက ဒုသမ္မတ ကိုယ်တိုင်လာရောက်မည်ဟု သတင်းများထွက်ပေါ်ခဲ့သော်လည်း နယ်စပ်ရေးရာ ၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေး နှင့် လူဝင်မှု့ကြီးကြပ်ရေး ဝန်ကြီး ဦခင်ရီ ၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ရဲချုပ်ကျော်ကျော်ထွန်း တို့ တက်ရောက် ရှင်းလင်းခဲ့ကြောင်း သိရသည်။

နယ်စပ်ရေးရာဝန်ကြီ ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေးးက
လူဝင်မှု့ကြီးကြပ်ရေး ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက နိုင်ငံသားဖြစ်ခွင့်နှင့်ပတ်သက်၍
” နိုင်ငံသားဆိုတဲ့ကဏ္ဍမှာ နိုင်ငံတစ်နိုင်ငံနဲ့တစ်နိုင်ငံ သတ်မှတ်ပုံချင်းမတူဘူး တချို့က မြေပေါ်မှာမူတည်သတ်မှတ်တယ် တချို့ကအချိန်ပေါ်မှာမူတည်သတ်မှတ်တယ် ၊ တချို့နိုင်ငံတွေကတော့ သွေးပေါ်မှာမူတည် သတ်မှတ်တယ် ကျွန်တော်တို့နိုင်ငံကတော့ နိုင်ငံသားဖြစ်မဖြစ်ဆိုတာကို သွေးပေါ်မှာပဲ မူတည်ဆုံးဖြတ်ပါတယ်” ဟု ပြောကြားခဲ့သည်။
ပြည်ထဲရေးဝန်ကြီးဌာနဒုတိယ၀န်ကြီးရဲချုပ် ကျော်ကျော်ထွန်းက
တစ်ကျော့ပြန်ပဋိပက္ခကြောင့်လူပေါင်း၉၀နီးပါး သေဆုံးခဲ့သောရခိုင်ပြည်နယ်ပဋိပက္ခတွင် နောက်ကွယ်မှကြိုးကိုင် လှုံဆော်လှုပ်ရှားသူများ ကို စစ်ဆေးပြီး ပါက ပြည်သူလူထုထံ ပွင့်ပွင့်လင်းလင်းချပြ အသိပေးသွားမည် ဟုပြောကြားခဲ့သည်။
ရခိုင်ပြည်နယ် ပဋိပက္ခတွင် နောက်ကွယ်မှကြိုးကိုင်လှုံဆော် လှုပ်ရှား သူများသည် ရခိုင်နှင့် ဘင်္ဂါလီ လူ့အဖွဲ့အစည်းနှစ်ခုလုံးတွင်ရှိပြီး ပဋိပက္ခ တွင် တိုက်ရိုက်ပါဝင် ပတ်သက်သူများကိုတရားဥပဒေအရ အရေးယူရန်ထိန်းသိမ်းထားပြီးဖြစ်ကြောင်း နယ်စပ်ရေးရာ ၀န်ကြီးဌာနပြည်ထောင်စု ၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးက သတင်း မီဒီယာများကို နိုဝင်ဘာလ ၂၁ရက်နေ့တွင် ပြောကြားခံပြီးဖြစ်သည်။
ယင်းအခန်းအနားသို့ သံတမန်အဖွဲ့နာယက စင်ကာပူ သံအမတ်ကြီးနှင့် သံရုံးအသီးသီးမှ သံအမတ်ကြီးများ၊ တာဝန်ခံများ၊UNFPA,UNICEF,UNHCR အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရပါသည်။
ရခိုင်ပြည်နယ် ပဋိပက္ခတွင် နိုင်ငံရေးပါတီ၊ငြိမ်းချမ်းရေးယူထားသော အဖွဲ့အစည်းများနှင့်အချို့သော ပြည်တွင်းပြည်ပအဖွဲ့အစည်းများ ပါဝင်ပတ် သက်နေသည့် အထောက်တွေ့ရှိရပြီး နောက်ကွယ်မှကြိုးကိုင် လှုပ်ရှားနေသူများကို နိုင်ငံ တော်က စတင်စစ်ဆေးအရေးယူ လျှက်ရှိပြီး ဇွန်လအတွင်းမှ စတင်ဖြစ်ပွားခဲ့သောဆူပူ အကြမ်း ဖက်မှု များကြောင်း သေဆုံးသူ (၁၆၇) ဦး၊ ဒဏ်ရာ ရရှိသူ(၂၂၃)ဦး၊ အိမ်ထောင်စုပေါင်း (၁၆,၉၈၀)၊ လူဦးရေ (၁၁,၁၀၀၀)ဦး အိုးမဲ့ အိမ်မဲ့ဖြစ်ပြီး အတိဒုက္ခရောက်နေကြကာ အိုးအိမ်နှင့် အဆောက်အဦး (၁၀,၁၀၀)လုံး အပျက်အစီး ခဲ့ကြောင်း နိုင်ငံတော် သမ္မတရုံးက သတင်း ထုတ်ပြန်ခဲ့သည်။
ကိုးကား ပြည်တွင်း သတင်းမီဒီယာများ

M-Media
ဒီဇင်ဘာ ၈ ၊ ၂၀၁၂
မူရင်း – ဝေါလ်စထရိဂျာနယ်
မိုက်ခရိုချိ (ပ်)ဘုရင် အင်တဲလ်ကုမ္ပဏီက မြန်မာပြည်သို့ ၄င်း၏စီးပွားရေးပူးပေါင်းဆောင်ရွက် မှုနှင့် ဖြန့်ချိမှု ကဏ္ဍများ ကို တိုးတက်လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် မြန်မာပြည်သို့ ၀င်ရောက်လာသည့် အမေရိကန်ကုမ္ပဏီကြီးများအထဲတွင် အင်တဲလ်မှာ လက်ရှိအချိန်အထိ နောက်ဆုံးဝင်ရောက် လာသည့် ကော်ပိုရေးရှင်းအဖြစ် မှတ်တမ်းဝင်သွားပြီဖြစ်သည်။
မြန်မာပြည်၏ နှစ်ပေါင်းများစွာ အဆက်ပြတ်ကျန်နေခဲ့သော သတင်းအချက်အလက်နှင့် နည်းပညာ(အိုင်တီ) ကဏ္ဍ အတွက် အင်တဲလ်၏ သစ်လွင်သော ကွန်ပျူတာဖြန့်ချိရေးများက အကူအညီပေးသွားမည်ဖြစ်သည်။ အင်တဲလ်ထုတ်ကွန်ပျူတာများ၏ နည်းပညာများကို အသုံးပြု၍ မြန်မာပြည်၏ နည်းပညာကဏ္ဍတိုးတက်စေရန် လုပ်ဆောင်သွားမည့် သဘောတူညီချက် တစ်ရပ်ကို အမေရိကန်အခြေစိုက် အိုင်တီကုမ္ပဏီဖြစ်သော အင်ဂရမ်မိုက်ခရိုနှင့်အတူ မြန်မာကုမ္ပဏီ၊ KMD တို့ ပူးတွဲ၍ ကြာသာပတေးနေ့က ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။
အင်တဲလ်က မြန်မာပြည်မှ ကျောင်းဆရာ၊ ဆရာမများအား စာသင်ခန်းများအတွင်း ကွန်ပျူတာ တပ်ဆင်ပုံနှင့် ဒစ်ဂျစ်တယ်ပိုင်းဆိုင်ရာ အသိပညာလေ့ကျင့်ရေးအစီအစဉ်များပြုလုပ်ကာ အကူအညီပေးသွားဖို့ရှိကြောင်းလည်း သိရသည်။
သို့ကြောင့် မြန်မာပြည်သို့ဝင်ရောက်လာသည့် အမေရိကန်ကုမ္ပဏီများစာရင်းမှာ ကိုလာကိုလာ၊ ပက်ပ်စီ၊ ဂျင်နရယ် အီလက်ထရိုနစ်တို့အပြင် အင်တဲလ်ပါ စာရင်းဝင်လာပြီဖြစ်သည်။