News @ M-Media

Month: December 2012

  • ဆဌမအကြိမ်မြောက် စာပေဟောပြောပွဲ မလေးရှားတွင် ကျင်းပမည်။

    ဆဌမအကြိမ်မြောက် စာပေဟောပြောပွဲ မလေးရှားတွင် ကျင်းပမည်။

    ဒီဇင်ဘာ ၂၅၊ ၂၀၁၂

    M-Media
    ၂၀၀၇ ခုနှစ်မှ စတင်ကျင်းပလာသော စာပေဟောပြောပွဲကို ယခုနှစ် ဆဌမအကြိမ်မြောက်အဖြစ် မလေးရှားနိုင်ငံ ကွာလာလမ်ပူနှင့် ဂျိုဟိုးမြို့များတွင် ကျင်းမည်ဖြစ်ကြောင်းသိရပါတယ်။
    ယခုနှစ် ဟောပြောမည့် စာရေးဆရာများမှာ

    • ဆရာခင်မောင်ညို (ဘောဂဗေဒ)  ။ “အပြောင်းအလဲ အားရှာကြည့်ခြင်းနှင့် ဘေးမှ ရပ်ကြည့်သူ၏ အမြင်”
    • ဆရာကျော်ရင်မြင့်                      ” ဘဝ ဇာတ်ခုံပေါ်က ခေတ်သစ်ပုံပြင်”
    • ဆရာမ မစန္ဒာ                           ” မိမိကိုယ်ကို တည်ဆောက်ခြင်း”

    ဖြစ်ကြပြီး ဂျိုဟိုးမြို့တွင် (၃၀၊၁၂၊၂၀၁၂ တနင်္ဂနွေ) နှင့် ကွာလာလမ်ပူမြို့တွင် (၁၊၁၊၂၀၁၃) ခုနှစ်တွင် ကျင်းပမည်ဖြစ်ကြောင်းသတင်းရရှိပါသည်။

    မလေးရှားတွင် စာပေဟောပြောပွဲများနှစ်စဉ်ဖြစ်မြောက်ရေးအတွက် မလေးရှားရောက် မြန်မာစီးပွားရေးလုပ်ငန်းရှင်များ ပါဝင်သော စာပေဟောပြောပွဲ ဖြစ်မြောက်ရေး ကော်မတီမှ စီစဉ်ရွက်တာဖြစ်ကြောင်းသိရှိရပါသည်။

    6th sarpay haw pyaw pwal

  • မြန်မာပြည် မြောက်ပိုင်းတွင် ကချင် စစ်ပြေးဒုက္ခသည် ၅သောင်းခန့် အရေးပေါ် အကူအညီလိုအပ်နေ

    မြန်မာပြည် မြောက်ပိုင်းတွင် ကချင် စစ်ပြေးဒုက္ခသည် ၅သောင်းခန့် အရေးပေါ် အကူအညီလိုအပ်နေ

    ဒီဇင်ဘာ ၂၁၊၂၀၁၂

    M-Media

    source-http://www.trust.org/alertnet

    kachin
    A woman stokes a cooking fire with her two children nearby at a camp for people displaced by fighting between government troops and the Kachin Independence Army, or KIA, outside the city of Myitkyina in the north of the country, February 22, 2012. REUTERS/Soe Zeya Tun

    မြန်မာနိုင်ငံ မြောက်ပိုင်းတွင် ဖြစ်ပွားနေသော ပြည်တွင်းစစ်ကြောင့် ရွှေ့ပြောင်း နေရာချထား ခံရသည့် ၅၀၀၀၀ ခန့်ရှိပြည်သူများမှာ ဆောင်းရာသီ၏  ဒုတိယအကြိမ်မြောက် အအေးဒဏ်ကို  သေလောက်အောင် ပြင်းထန်စွာ ခံစားနေရသည်။ အကယ်၍ အပြည်ပြည်ဆိုင်ရာ ကူညီရေး အဖွဲ့အစည်းများ နှင့် အလှုရှင်များ အနေဖြင့် အချိန်မီ နည်းလမ်းရှာဖွေ မတွေ့ရှိပါက ယခုထက် အခြေအနေ ပိုမို ဆိုးဝါးနိုင်ကြောင်း ဒေသခံ ကူညီရေး လုပ်သားသူတဦးက ပြောပါသည်။

    ၂၀၁၁ ခုနှစ် ဇွန်လအတွင်းက  စတင် ဖြစ်ပွားသည့် အစိုးရ စစ်တပ်နှင့် ကချင်လက်နက်ကိုင်(KIA) တို့ အကြား စစ်မီးကြောင့် မိမိတို့၏ အိမ်ယာကိုစွန့်ခွာကာ ထွက်ပြေး တိမ်းရှောင် ခဲ့ရသည့် ကချင်တိုင်းရင်းသားများကို တရုတ်- မြန်မာ နယ်စပ်တလျှောက်တွင် ဒုက္ခသည် စခန်း ၁၇ ခု ခွဲကာ နေရာချပေးထား ခဲ့သည်။ လပေါင်းများစွာ ကြာမြင့်သည့်တိုင် ကမ္ဘာ့ကုလသမဂ္ဂ မှ ၄င်းတို့အား ကူညီမှုပေးရန် ခွင့်ပြုချက် မရခဲ့ပေ။

    ယခုနှစ် ဒီဇင်ဘာလမှစတင်၍ ကုလသမဂ္ဂနှင့် အခြားသော ကူညီရေးအဖွဲ့အစည်းများက အစိုးရနှင့် မဆိုင်သော အဖွဲ့အစည်းများ မှတဆင့် သွယ်ဝိုက်သောနည်းဖြင့် ပေးသည့် ကူညီမှု အနည်းငယ်ကိုသာ သူတို့ရရှိနေသည်။ ဟု the Relief Action Network for IDPs and Refugees (RANIR), ပြည်တွင်း ကူညီရေးအဖွဲ့မှ ပူးပေါင်းဆောင်ရွက်ရေးတာဝန်ခံ လာရစ်ပ်က ပြောပါသည်။

    RANIR ကို ဇွန်လ ပဋိပက္ခများ အပြီးတွင်မှ တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ ရွှေ့ပြောင်း နေရာချထား ခံရသူများအား ထိရောက်စွာ ကူညီနိုင်သည့် အဖွဲ့များထဲမှ ထိုဒေသအတွက် အဓိက ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်သည့် အဖွဲ့အစည်း တခုအဖြစ် ဖွဲ့စည်းခဲ့သည်။

    “ခုက ဒီလူတွေအတွက် လိုအပ်မှုကြီးမားနေတဲ့ အချိန်ပါ။ ၇ိက္ခာ လုံလောက်မှု မရှိပါဘူး။” ဟု လာရစ်ပ်က နယ်စပ်မြို့ဖြစ်သော လေဇာမှ AlertNet သို့ ဖုန်းဖြင့်ပြောသည်။

    “တချို့စခန်းတွေက တောင်စောင်းမှာ တည်ရှိပြီး အခုလို ဆောင်းတွင်း နှင်းတွေကျချိန်မှာ လူအများစုကလည်း အနွေးထည်မရှိကြဘူး။ ကျွန်တော်တို့ လည်း ဆေးဝါး ပြတ်လတ်မှု ကိုရင်ဆိုင်နေရတယ်။” ဟု ထပ်မံပြောသည်။

    ထို့ပြင် လာရစ်ပ်က လူအများစုသည် စခန်းတွင် နေထိုင်နေရသည်မှာ တနှစ်ကျော်ပြီ ဖြစ်ပြီး သူတို့၏ နေ့စဉ် လူမှုဘ၀ ပျောက်ဆုံးနေသည်။ အများစုမှာ ငွေရေးကြေးရေးပြသနာ ကြုံတွေ့နေရသည်။ ဟုဆိုသည်။

    စစ်တပ်နှင့် ကေအိုင်အေ တို့အကြား ၁၇ နှစ်ကြာ အတိုက်အခိုက်ရပ်စဲပြီးနောက် ၂၀၁၁ ခုနှစ်တွင် ကာလကြာရှည်စွာ တည်ရှိနေသော မကျေနပ်ချက်များကြောင့် ဖြစ်ပွားသည့် စစ်ပွဲမှ ယခုထိ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင်  လူပေါင်း ၇၅၀၀၀ ခန့်ပြောင်းရွှေ့ နေရာချပေးထားပြီးဖြစ်ကြောင်း ကူညီရေး ကိုယ်စားလှယ်လုပ်ငန်းများနှင့် လူ့အခွင့်အရေး အဖွဲ့အစည်းများက ခန့်မှန်းကြသည်။

    အာဟာရ ချို့တဲ့ ကလေးငယ်များ

    ရာစုနှစ် ထက်ဝက်ခန့် စစ်အာဏာရှင်အုပ်စိုးမှုအပြီး ၂၀၁၁ ခုနှစ် မတ်လတွင် အာဏာရရှိခဲ့သော  အစိုးရက လက်နက်ကိုင် အဖွဲ့အစည်း များစွာနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုများ ပြုလုပ်နိုင်ခဲ့သော်လည်း KIA နှင့် ၄င်း၏ နိုင်ငံရေး ခေါင်းဆောင်များနှင့် ဆွေးနွေးမှုမှာ ယခုချိန်ထိ အကျိုးသက်ရောက်မှု မရှိသေးပေ။

    မြန်မာ့လူဦးရေ သန်းပေါင်း ၆၀ ၏ သုံးပုံ တစ်ပုံခန့်မှာ လူနည်းစု တိုင်းရင်းသား မျိုးနွယ်စုများဖြစ်ပြီး အများစုမှာ ၄င်းတို့အား အများစုဖြစ်သော ဗမာလူမျိုးတို့က စိုးမိုး ချုပ်ကိုင်နေသည်ဟု မြင်ကြောင်း တင်ပြကြသည်။

    ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုးချုပ် လက်အောက်ရှိ လူသားရေးရာ အကျိုးပြု ဆောင်ရွက်မှုအဖွဲ့မှ ဗလာရီ အာမိုစ့်က ဒီဇင်ဘာလ အစောပိုင်းတွင် ကချင်ပြည်နယ်သို့ အလည်အပတ် ရောက်ရှိသောအခါ KIA ထိန်းချုပ်မှု နယ်မြေတွင်းရှိ ပြောင်းရွှေ့ နေရာချထားခံရသူများအား အရေးပေါ် အကူညီ လိုအပ်မှုများ စီစဉ်ပေးနိုင်ရန် အတွက် ကူညီရေး အဖွဲ့အစည်းများအား ခွင့်ပြုရန် မြန်မာအစိုးရအား တိုက်တွန်း နှိုးဆော်ခဲ့သည်။

    ၂၀၁၂ ခုနှစ် ဇူလိုင်လ ကတည်းက အစိုးရ ထိန်းချုပ်မှုနယ်မြေ ပြင်ပ ဒေသရှိ ၃၉၀၀၀ ခန့်ရှိ ဒုက္ခသည်များ၏ အခြေအနေမှာ ဆိုးဝါးနေပြီး လိုအပ်လျှက်ရှိသော အကူအညီ အထောက်အပံ့များကို စီစဉ်ပေးနိုင်ရန် ကုလသမဂ္ဂမှ အခွင့်အရေးမရခဲ့ကြောင်း သူမကဆိုသည်။

    လာရစ်ပ်ကလည်း လတ်တလော ဖြစ်ပွားသော ပဋိပက္ခများသည် ထိုသူတို့အား နေရပ်စွန့်ခွါ ထွက်ပြေးစေရန် ပိုမိုတွန်းအားပေးလျှက်ရှိပြီး ယခုအခါ ပြောင်းရွှေ့ နေရာ ချထားခြင်း ခံရသူဦးရေ ၅၀၀၀၀ ခန့်ထိ တိုးပွားလာနေပြီး အများစုမှာ အမျိုးသမီးများနှင့် ကလေးသူငယ်များ ဖြစ်ကြောင်းပြောပါသည်။

    RANIR မှ နိုဝင်ဘာလအတွင်း ဦးဆောင်ပြုလုပ်သော လေ့လာမှုတွင် လိုင်ဇာ ဒေသသို့ ပြောင်းရွှေ့နေရာချထားပေးသော ကလေးငယ် ၈၀၀ ခန့်တွင် ၃နှစ်မှ ၅နှစ်တွင်း ကလေးငယ် ၅ယောက်လျှင် ၁ယောက်နှုန်း အာဟာရချို့တဲ့မှု အန္တရာယ်မှာ အရေးပေါ်အခြေအနေ ရှိနေသည်ဟု ယုံကြည်ရကြောင်း လာရစ်ပ်က ပြောသေးသည်။

    “ကျွန်တော်တို့ အကူအညီ အချို့ရတော့မှာပါ။ ဒါပေမဲ့ အဲဒါတွေက ၁လ (သို့) ၁၅ရက် စာလောက်ဘဲ ရှိမယ်။ ဒါကြောင့် ရေတိုအတွက်သာ အဓိက ဖြစ်ပြီး ထိန်းထားလို့ မရနိုင်ဘူး” ဟု ၄င်းက ထပ်လောင်းပြောဆိုသည်။

    ထို့ပြင် သူ့အနေဖြင့် အပြည်ပြည်ဆိုင်ရာ အလှုရှင်များအား အကူအညီများကို အစိုးရမှ တဆင့် စီမံဆောင်ရွက်မည့် အစား အခြားသော နည်းလမ်းများ ရှာဖွေဆောင်ရွက်ရန် အနူးအညွတ် မေတ္တာရပ်ခံခဲ့သည်။

    “တကယ်လို့ အစိုးရက ဒီလူတွေကို ကူညီဖို့ သူတို့ကို ခွင့်မပြုရင် လွန်ခဲ့သည့် ၁၈ လကတည်းက စပြီး ရွှေ့ပြောင်းနေရာချထားသူများကို အစဉ်တစိုက် ကူညီနေတဲ့ ကချင်ဒေသတွင်းရှိ လူမှုရေးအဖွဲ့အစည်းများ (သို့) ပြည်တွင်းအခြေစိုက် နယ်စပ် ဖြတ်ကျော် လူမှုရေးအဖွဲ့အစည်းများမှ တဆင့် အထောက်အပံ့များစီမံပေးဖို့ တောင်းဆို ချင်ပါတယ်။” ဟု ပြောသည်။

    ဥရောပ ကိုယ်စားလှယ်အဖွဲ့မှ ကချင်ပြည်နယ်ရှိ ရွှေ့ပြောင်းနေရာချထားခံရသူများနှင့် မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်ရှိ လူနည်းစုများအပေါ် အကျိုးသက်ရောက်စေခဲ့သည့် အကြမ်းဖက်မှုများအတွက် ၅.၅ သန်း ယူရို တန်ဘိုးရှိ လူသားချင်းစာနာသော အကူအညီအထောက်အပံ့မှု အသစ်များ ပေးအပ်မည်ဟု သောကြာနေ့က ကြေငြာသည်။

    ထိုကြေငြာချက်တွင် အကူအညီ အထောက်အပံ့များမှာ အပြည်ပြည်ဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ကြက်ခြေနီ တပ်ဖွဲ့များနှင့် ကုလသမဂ္ဂ ကိုယ်စားလှယ်အဖွဲ့များမှ တဆင့်သာ ပေးပို့မည်ဖြစ်ကြောင်း ပါရှိသည်။

  • သမိုင်းဟူသည် ဤသို့တည်-၆ [နာလန္ဒ နှင့် တက္ကသိုလ်ကြီးများ ထေရဝါဒလား?- နာလန္ဒ နှင့်တူရကီ]

    သမိုင်းဟူသည် ဤသို့တည်-၆ [နာလန္ဒ နှင့် တက္ကသိုလ်ကြီးများ ထေရဝါဒလား?- နာလန္ဒ နှင့်တူရကီ]

    M-Media
    ရဲရင့်သစ္စာ

    ယခုဆောင်းပါးမှာ အစ္စလာမ်သာသနာ နှင့်ပတ်သတ်ပြီး သမိုင်းအလွဲများစွာ ထည့်သွင်းေ၇းသားထားတဲ့ ဗုဒ္ဓဘာသာမြစ်ဖျား နှင့် သမိုင်းရှုထောင့် မူ၇င်းစာအုပ်လင်ခ့် စာအုပ်ကိုဤ ကျမ်းငယ်ပြုစုသူ ရဲရင့်သစ္စာမှ သမိုင်းအမှန်များ ဖြင့် ပြန်လည်ဖြေရှင်းရေးသားသာ စာအုပ်မှ အခန်းဆက်ဖော်ပြချက်ဖြစ်ပါသည်။

    Thamine-Hu-the

    နာလန္ဒ နှင့် တက္ကသိုလ်ကြီးများ ထေရဝါဒလား?

    အိန္ဒိယမှာ အေဒီ (၅၀၀) ကျော်ကစပြီး မဟာယနတက္ကသိုလ်ကြီးတွေ ပေါ် ပေါက်လာခဲ့ပါတယ်။ အဲဒီ တက္ကသိုလ်ကြီးတွေဟာ ထေရဝါဒ တက္ကသိုလ်ကြီး တွေ လုံးဝမဟုတ်ဘဲ၊ ထေရဝါဒနဲ့ မအပ်စပ် တဲ့ မဟာယန အယူဝါဒတွေကို ဖြန့်ချီ တဲ့ တက္ကသိုလ်တွေဖြစ်ပါတယ်။ အေဒီ (၉၀၀) နောက်ပိုင်းမှာတော့ အဲဒီတက္ကသိုလ်တွေ ဟာ ဝဇီရယာန အရည်းကြီးအယူကိုဖြန့်ချီတဲ့ ဗဟိုဌာနကြီး တွေဖြစ်လာပါတော့တယ်။ အဲဒီတက္ကသိုလ်ကြီးတွေမှာထင်ရှားတဲ့ တက္ကသိုလ်ကြီးတွေကတော့ဘီဟာရ် နယ်ရှိနာလန္ဒတက္ကသိုလ်၊ အိန္ဒိယ အနောက်ပိုင်းမှာရှိတဲ့ဝလဘိတက္ကသိုလ်၊ ဘီဟာရ် နယ်ရှိ ဝိက္ကမသီလာ (ဗိက်ရမ် ရှီလာ) တက္ကသိုလ် ၊ ဘင်္ဂလား ပြည်မြောက်ပိုင်းရှိ ဇဂဒ္ဒလ (Jagaddala) တက္ကသိုလ်၊ ဘီဟာရ် နယ်ရှိ ဩဒန္တပူရီ တက္ကသိုလ် တို့ဘဲ ဖြစ်ကြပါတယ်။

    ဒီတက္ကသိုလ်ကြီးတွေ ဟာ ဗုဒ္ဓဘာသာတက္ကသိုလ်တွေလို့ယနေ့ခေတ် ပုဂ္ဂိုလ်အချို့က ရောချ ဝါဒဖြန့်နေပေမဲ့ သမိုင်းကိုတစ်ကယ်လေ့လာကြည့်ရင် သိရ မှာက အဲဒီတက္ကသိုလ်တွေ ဟာ ထေရဝါဒ အယူဝါဒကို သင်ကြားပေးတဲ့ တက္ကသိုလ်တွေ လုံးဝ မဟုတ်ပါဘူး ဆိုတာပါ။ ထေရဝါဒအယူဝါဒ နဲ့လားလားမျှ မဆိုင်တဲ့ ၊ဂေါတမဗုဒ္ဓ ကိုယ်တော် ဟောကြားခဲ့တဲ့ သာသနာ ကို ပုံပျက်စေတဲ့တန္တရ မန္တရ ဝဇီရယာန စုန်း ကဝေ အောက်လမ်း ဝါဒကို ဖြန့်ချီပေးတဲ့ ဗဟိုဌာန ကြီးတွေသာ ဖြစ်ပါတယ်။ ကိုးကား-[မောင်အံ့ ၏ ဗုဒ္ဓသာသနာတော် ၂၅၀၀ ခရီး] ၊ [ဦးစိန်ထွန်း (မာမက-သုတေသီ) ၏ ကမ္ဘာပတ်၍ ဘုရားရှာခြင်း]၊ [ရေစကြို အရှင် ဧသိက ၏ထေရဝါဒဗုဒ္ဓဘာသာ]၊[ရွှေကျင်ဆရာတော်၏ဗုဒ္ဓနိုင်ငံတော်အတွဲ(၂)။] [D.G. Apte’s Universities in Ancient India]

    နာလန္ဒ နှင့်တူရကီ

    ရာဇဂြိုဟ်အနီး ဘီဟာနယ် အတွင်းမှာရှိတဲ့ နာလန္ဒတက္ကသိုလ် ဟာ ထေရ ဝါဒ ကိုသင်ကြားဖြန့်ချီတဲ့ တက္ကသိုလ်လုံးဝ မဟုတ်ဘဲ၊ တန္တရ မန္တရ အယူတွေကို ပို့ချတဲ့ မဟာယန ဝဇီရယာန တက္ကသိုလ် သာဖြစ် ကြောင်း ထေရဝါဒ ဗုဒ္ဓဘာသာ ဝင်များရေးတဲ့ကျမ်းတွေကို ကိုးကားပြီး အထက်မှာရေးသားခဲ့ပါတယ်။ အဲဒီ တက္က သိုလ်ကြီး ကို အစ္စလာမ်ဘာသာဝင် တူရကီစစ်ဗိုလ် မုဟမ္မဒ် ဘင်န်ဘခ် သီယာရ် ခိလ်ဂျီရဲ့ စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း သမိုင်းဟာ ပါရှန်းသမိုင်းဆရာ မင်န်ဟာ ဂျုဒ်ဒီးန်ဘင်န်စိရာဂ်ျ(မင်န်ဟာ ဂျေစီရာဂ်ျ)ရဲ့ သွဗကာသိနာစိရီ မှာရေးထားပါတယ်။ မြန်မာပြည် က စာရေးဆရာ အချို့က တော့ မသိနားမလည်စွာနဲ့ တူရကီရာဇဝင် ဆရာမင်ဟဇဒ် လို့ရေးသားကြပါတယ်။ သူ့ရဲ့ ရာဇဝင် စာအုပ်ကိုလည်း စာရေး ဆရာအချို့က “တဗကတအင်နာဆီတီ” လို့ ရမ်းသမ်းရေးကြပါတယ်။  ဦးစိန်ထွန်း (မာမက-သုတေသီ) က သူ့ရဲ့ကမ္ဘာပတ်၍ ဘုရားရှာခြင်း (၁၉၉၈ ထုတ်) စာမျက် နှာ ၂၇၃ မှာ “မင်ဟဇဒ်”၊ “တဗကတ အင်နာဆီတီ”လို့ရမ်းမှန်းရေးထားကြောင်း လေ့လာကြည့်နိုင်ပါတယ်။

    နာလန္ဒတက္ကသိုလ်ကိုတူရကီစစ်ဗိုလ်ဘင်န်ဘခ်သီယာရ်ခိလ်ဂျီကမီးရှို့ဖျက် ဆီးခဲ့ကြောင်း တန္တရ်မန္တရ် အရည်းကြီးမှော်ဆရာတွေအပါအဝင် အရည်းကြီးတပည့် (၁၀,၀၀၀) ကျော်ကို သတ်ဖြတ်ခဲ့ကြောင်း သမိုင်းဟာ အထက်ပါ သွဗကာသိနာစိရီ မှာဘဲပါရှိပါတယ်။ အခြားဘယ်ရာဇဝင်ကျမ်းမှာမှ မပါပါဘူး။ နောက်ပိုင်း ရာဇဝင် ဆရာတွေအနေနဲ့ အိန္ဒိယပြည် ဘင်္ဂလားပြည်နယ်ရဲ့ သမိုင်းကို ရေးသားရာမှာ အဲဒီ သွဗကာသိနာစိရီ ကိုဘဲ ကိုးကားရေးကြတာဖြစ်ပါတယ်။ အဲဒီ ကျမ်းမှာလည်းဘဲ ပါရှန်း ရာဇဝင် ဆရာကြီး မင်န်ဟာဂျေစီရာဂ်ျ က တူရကီစစ်ဗိုလ် ခိလ်ဂျီရဲ့ လုပ်ရပ် ကို ရှုံ့ချ ရေးထားတာဖြစ်ပါတယ်။  ထောက်ခံရေးထားတာ မဟုတ် ပါဘူး။ မင်န် ဟာဂျုဒ်ဒီးန် ဘင်န်စိရာဂ်ျ ရဲ့ သွဗကာသိနာစိရီ ကို HG Raverty က အင်္ဂလိပ် ဘာသာပြန်ဆိုထားပါတယ်။ Bibliotheca Indica Volume 44 မှာ အင်္ဂလိပ် ဘာသာပြန်အဖြစ်ရှိနေပါတယ်။ လက်လှမ်းမှီ တယ်ဆိုရင် ဖတ်ရှုလေ့လာကြည့်စေ လိုပါတယ်။

    ဟိန္ဒူသေနမင်းဆက် (Sena Dynasty) ဘုရင်က နာလန္ဒတက္ကသိုလ်ကို ခံတပ်ကြီးအဖြစ်ပြုပြီး ခုခံနေလို့သာ ခိလ်ဂျီရဲ့ စစ်တပ်က တိုက်ခိုက်ရခြင်း ဖြစ် တယ် လို့အချို့ပညာ ရှင်တွေက ယူဆရေးသားထားတာတွေ ရှိပါသေးတယ်။ ကြီး မားတဲ့ အဆောက်အအုံကြီးကို ခံတပ်ကြီး အဖြစ်အသုံးချပြီးဟိန္ဒူဘုရင် ရဲ့စစ်သားတွေ တပ်စွဲခုခံတာ ဖြစ်နိုင်သလို၊ တန္တရ်မန္တရ် အရည်းကြီး မှော်ဆရာတွေ က အဆောက်အအုံကြီး ထဲကနေ အစီအရင် အမျိုးစုံလုပ်ပြီး ဟန်ရေးပြနေလို့ ခိလ်ဂျီ ရဲ့ စစ်တပ်ကရန်သူ့ခံတပ် အမှတ်နဲ့ တိုက်ခိုက်တာ ဖြစ်နိုင်ပါတယ်။ နာလန္ဒ တက္ကသိုလ် နဲ့ အပြိုင်ဖြစ်တဲ့၊ ဘီဟာရ် နယ်မှာရှိတဲ့ ဝိက္က မသီလာ(ဗိက်ရမ် ရှီလာ) တက္ကသိုလ် ကို ဘင်န်ဘခ်သီ ယာရ်ခိလ်ဂျီရဲ့စစ်တပ်က တိုက်ခိုက်ခဲ့ခြင်းဟာ စစ် ခံတပ်အမှတ် နဲ့ မှားယွင်းတိုက် ခိုက်မိခြင်းသာဖြစ်ကြောင်း၊ စစ်ခံတပ် မဟုတ်မှန်း နောက်မှသာ သိရှိခဲ့ကြတယ်လို့ D.G. Apte ကသူ့ရဲ့ Universities in Ancient India၊ စာမျက်နှာ (၅၆) မှာရေး သားထားပါတယ်။

    ဆက်ရန်- သမိုင်းဟူသည် ဤသို့တည် [ထေရဝါဒ အိန္ဒိယက ကွယ်ရခြင်း တရားခံ- ဘုန်းတော်ကြီးများကိုလေးစားပါ)

  • အီရန် ပါလီမန်အမတ်များ ပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့ မြန်မာပြည်လာမည်

    M-Media

    ဒီဇင်ဘာ ၂၂ ၊ ၂၀၁၂

    FNA

    A1127660

    တီဟီရန်အနေဖြင့် ပါလီမန်အမတ်များကိုယ်တိုင်ပါဝင်မည့် ကိုယ်စားလှယ်အဖွဲ့ကို လာမည့် လ (ဇန်န၀ါရီ) ထဲ တွင် စေလွှတ်ကာ မြန်မာပြည် တွင်း ဖိနှိပ်ခံနေရသည့် လူနည်းစု မွတ်စလင်မ်များ အရေးကို လေ့လာသုံး သပ်မည်ဖြစ်ကြောင်း၊ အီရန်အစိုးရအဖွဲ့မှ စီနီယာ ပါလီမန် အမတ်တစ်ဦးက FNA သို့ ပြောကြားခဲ့သည်။

     

     

    အီရန်ပါလီမန်အမတ်များပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့ မြန်မာပြည်သို့ လာရောက်မည့်အကြောင်းကို အီရန်ပါလီမန်၏ အမျိုးသား လုံခြုံရေးနှင့် နိုင် ငံခြားရေး မူဝါဒကော်မရှင်၏ ဒုတိယဥက္ကဌဖြစ်သူ မန်ဆူးရ်ဟကီကပူးရ်က စနေနေ့တွင် ပြောကြားလိုက်သည်။

    မြန်မာပြည်သို့ လာရောက်မည့်ခရီးစဉ်တွင် အီရန်လခြမ်းနီအဖွဲ့၊ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနအဖွဲ့နှင့် အစ္စလာမ်မစ် ရီပတ်ဘလစ် အီရန်နိုင်ငံ ရုပ်မြင်သံ ကြား ထုတ်လွှင့်ရေးအဖွဲ့တို့ပါ အတူတကွ လိုက်ပါလာကြမည်ဟုလည်း သိရသည်။ အီရန် သံတမန်အဖွဲ့ လာရောက်မည့်အကြောင်း ရင်းမှာ မြန်မာနိုင်ငံ အတွင်းရှိ မွတ်စလင်မ်များ၏ အခြေအနေကို လေ့လာရန်ဖြစ်သည်။

    မြန်မာနိုင်ငံ အနောက်ပိုင်းတွင် ဖြစ်ပျက်ခဲ့သည့် ပဋိပက္ခများကြောင့် လူပေါင်း ၂၂၀၀၀ ပမာဏရှိသည့် မွတ်စလင်မ်များမှာ မိမိတို့နေ အိမ်များ၊ ပျောက် ဆုံး ခဲ့ ရကြောင်း ကုလမှ အောက်တိုဘာ ၂၉ တွင်ပြောကြားခဲ့သလို ကုလ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် အာရှော့ခ်နီဂမ်ကလည်း ပဋိပက္ခ တွင် အတိဒုက္ခ ပို၍ခံစားခဲ့ရသည်မှာ မွတ်စလင်မ်များဖြစ်ကြောင်း၊ မွတ်စလင်မ်မိသားစုပေါင်း ၂၁၇၀၀ မှာ အိုးအိမ်မဲ့ခဲ့ ရကြောင်း အေအက်ဖ်ပီ သို့ ပြောကြားခဲ့သည်။

  • မြန်မာပြည်တွင် အက်တမ်စွမ်းအင်ကို အကျိုးရှိစွာ အသုံးချမည်

    M-Media

    ဒီဇင်ဘာ ၂၂ ၊ ၂၀၁၂

    www.straitstimes.com

     

    bloom-radiation-graphic

    မြန်မာ စစ်ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတော်အနေဖြင့် အက်တမ်စွမ်းအင်ကို အသုံးပြုရန် အစီအစဉ် ရှိကြောင်း ပြောကြား လိုက်သည်။ သို့သော် ၄င်းက ထိုစွမ်းအင်ကို ဆေးပညာ၊ သုတေသနနှင့် စွမ်းအင်ထုတ်လုပ်ရေးကဏ္ဍများအတွက်သာ သုံးစွဲရန်ဖြစ်ပြီး နြူလက်နက် ထုတ် လုပ် ရန် မရည်ရွယ်ကြောင်းလည်း ပြောကြားသည်။

    လွန်ခဲ့သော တလခန့်က မြန်မာအစိုးရက ၄င်းတို့အနေဖြင့် တိုင်းပြည်အတွင်းရှိ နြူကလိယနှင့် စပ်ဆိုင်သည့် အရာအားလုံးကို ကြေငြာချက် ထုတ်ပြန်မည် ဟု  ကတိပြုခဲ့သည်။ ထိုသို့ ကတိပြုခဲ့ပြီးသည့်နောက် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ယခုကဲ့သို့သော မှတ်ချက်ကို ယနေ့(စနေနေ့) ထုတ် နိုင်ငံ ပိုင် မီဒီယာ များတွင် ထည့်သွင်းဖော်ပြခဲ့ခြင်းဖြစ်သည်။

    ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သူ၏မှတ်ချက်ကို တပ်မတော်ဆေးတက္ကသိုလ် ဘွဲ့နှင်းသဘင်အခမ်းအနားမိန့်ခွန်းတွင် ထည့် သွင်းပြောကြား ခဲ့ခြင်းလည်း ဖြစ်သည်။ သူက တိုင်းပြည်တွင်း ဓါတ်ရောင်ခြည် သုံး ဆေးပစ္စည်းကိရိယာ များလိုအပ်နေခြင်းအကြောင်းကို သာမက ရေဒီယို သတ္တိကြွ ပစ္စည်းများဖြင့် ကင်ဆာရောဂါကုသရေးအကြောင်းအရာများကိုပါ ထည့်သွင်းပြောကြားခဲ့သည်ဟု သိရသည်။