News @ M-Media

Month: May 2013

  • တောင်ကြီ့းနှင့် အနီးမြို့ များတွင် မွတ်စလင် မုန်းတီး ဆန့်ကျင်ရေး စာများ ဖြန့် ဝေလျက်ရှိ

    မေ-၂၄၊၂၀၁၃
    M-Media
    ကျောက်ခဲ

    ယခုရက်ပိုင်းအတွင်း တောင်ကြီးမြို့ ရှိလူနေထူထပ်သော ဆင်းရဲသားရပ်ကွက်အချို့ ရှိ လက်ဖက်ရည်ဆိုင်များတွင် မွတ်စလင်မုန်းတီးဆန့် ကျင်ရေးစာအုပ်များနှင့် မွတ်စလင်ဆိုင်များကို သပိတ်မှောက်ကြရန် လှုံဆော်သော စာရွက်များဖြန့် ဝေလျက်ရှိသည်။

    2

    လွန်ခဲ့သောတစ်ပတ်အလွန်က တောင်ကြီးမြို့ နှင့် အနီးတ၀ှိက်ရှိပတ်ဝန်းကျင်မြို့ များတွင် ၉၆၉ တရားပွဲများကို ဘုန်းကြီးကျောင်းအများစုတွင် ကျင်းပခဲ့ကြသည်။ ယင်းတရားပွဲများတွင်လည်း မွတ်စလင်ဆန့် ကျင်ရေးတရားများအား ထည့်သွင်းဟောကြားခဲ့ပြီး မွတ်စလင်များကို လက်မထပ်ကြရန်၊ မွတ်စလင် ဆိုင်များကို အား မပေးရန်တို့ ကိုလည်း ထည့်သွင်း ဟောကြားခဲ့သည်။

    ဒေသခံမွတ်စလင်များအပေါ် အမုန်းတရားကြီးထွားရန် မွတ်စလင်များ နှင့် ပတ်သက်သော မမှန် ကန်သော အချက်အလက်များဖြင့် ဖြန့် ဝေစည်းရုံးနေကြသည်။ ယခု ကဲ့သို့ ပြုလုပ်နေ ခြင်းများဖြင့် လူထုအကြားမုန်းတီးမှုများဖြင့် ပြဿာနာ များဖြစ်ပေါ်ကြီးထွားလာမည်ကို ယင်းဒေသခံ မွတ်စလင်တို့ မှ စိုးရိမ်လျက်ရှိကြသည်။ တောင်ကြီးမြို့ ရှိ မြို့ မဈေးထဲမှ ဆိုင်ရှင်တစ်ဦးက” ကျမတို့ ရဲ့အရောင်းအ၀ယ်ကတော့ ပုံမှန်ပါပဲ။ ဖောက်သည် ဆိုင်မို့ လို့ လည်းပါမှာပေါ့လေ။ ကျမတို့ ရဲ့ဖောက်သည်အများစုက နယ်ဘက်တွေက များပါတယ်။ သူတို့ တွေ အများစုကလည်း ဗုဒ္ဓဘာသာဝင်တွေပါ။ ဟိုအရင် နှစ်ပေါင်း ၂၀ ကျော်ဆိုင်ဖွင့် စလောက်ကတည်းက ရင်းရင်းနှီးနှီး ဆွေမျိုး ပမာ ရောင်းဝယ် ဖောက်ကားခဲ့ကြတာ ယနေ့ အထိပါ။ ကျမတို့ အချင်းချင်းကြားမှာ ဒီနေ့ ထိဘာပြဿနာမှ မရှိခဲ့ဖူးပါဘူး” လို့ ဆိုပါတယ်။

    ယင်းဆိုင်ရှင်မှဆက်ပြီး “ကျမရဲ့ နယ်ကဗုဒ္ဓသာသာ ဖောက်သည်တစ်ဦး ကိုယ်တိုင်ကဆိုရင် သတိထားနေဖို့ ကို ဟိုနေ့ ကစိုးရိမ်ပြီးပြောပါတယ်။ ဘာပြောလဲဆိုရင် “အခုဆိုကျမတို့ တော်တော်အရှက် ရကြပါတယ်။ ကျမဆိုင်မှာလာဝယ်တဲ့ ဈေးဝယ်က ဗုဒ္ဓသာသာဆိုင်မို့ လာဝယ်တာ မတရား မယူနဲ့ ဈေးလျော့ပါ။ ကုလားဆိုင်တွေမှာ မ၀ယ်ချင်လို့ ဒီမှာလာဝယ် ရတာလို့ ”မချေမငံဆက်ဆံမှုတွေကြုံတွေ့ နေရကြောင်းပြောပါတယ်။

    တစ်ချို့ နယ်ဘက်မှာရောင်းတဲ့မွတ်စလင်ဆိုင်တွေကတော့  “အဓိကကတော့ဗျာ မွတ်စလင်တွေကို မုန်းတီးအောင်လုပ်တဲ့ စာတွေဖြန့်  တရားတွေဟော တရားခွေတွေ ဖြန့် ဝေနေတဲ့အပေါ်မှာ ရိုးသားတဲ့ တိုင်းရင်းသားတွေက သူတစ်ပါး သာသာရေးကို သေချာစွာ လေ့လာခြင်းမပြုမိပဲ၊ ဘာမှန်းမသိပဲ သူများဆန့် ကျင်လို့ (သို့ ) မွတ်စလင် မုန်းတီးရေး ဆရာတော်များရဲ့ သြ၀ါဒကို လိုက်နာကျတဲ့အပေါ်မှာ အခုလို နှစ်ပေါင်းများစွာ အတူနေထိုင်ရောင်းဝယ် ဖောက်ကားလာခဲ့တဲ့ ဘာသာစုံ လူထုများ အချင်းချင်းကြားမှာ အမုန်းတရားတွေကြီးထွားစေလိုက်တာပါ။ နှစ်ဘက်စလုံးအတွက်မကောင်းပါဘူး တော်တော်စိတ်ပျက်စရာကောင်းပါတယ်ဗျာ” လို့ နယ်မြို့ မှာ ဈေးပတ်ရောင်းနေတဲ့ မွတ်စလင်တစ်ဦးက M-Media ကိုပြောပြပါတယ်။

    မြန်မာနိုင်ငံနှင့်အ၀ှမ်းတွင် ဒေသဆိုင်ရာ အစိုးရအဖွဲ့ အစည်းတွေက NGO အချို့ ကကျင်းပပြုလုပ်ပေးခဲ့တဲ့ ဘာသာပေါင်းစုံပွဲများကို ခွင့်ပြုပေးခဲ့သော်လည်း ဘာသာခြားများအပေါ် ယခုကဲ့သို့ မုန်းတီးရေး စာပေဖြန့် ဝေခြင်းများ၊ နိုင်ငံတော်ဖွဲ့ စည်းပုံအခြေခံဥပဒေက တရားဝင်လွတ်လပ်စွာ ကိုးကွယ်ခွင့်ပြုထားသော အစ္စလာမ်ဘာသာ အပေါ်ပုတ်ခတ်စွပ်စွဲနေမှုများကို မျက်ကွယ် ပြုလျက်ရှိသည်။

    1

  • သတင်းစာများပြောတဲ့ မြန်မာမွတ်စလင်မ်တို့ သမိုင်း (၁)

    ဗမာ မူဆလင်သည် ဗမာ

    ဒီးဒုတ်ဂျာနယ်

    ၄၊၂၊၁၉၄၆

    547706_125819927561180_1024314615_n

  • ရခိုင်အစီရင်ခံစာ အပြစ်အနာဆာများဟု အာရှလူ့ အခွင့်အရေးကော်မရှင် ဝေဖန် (DVB)

    the Asian Human Rights Commission

    ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ကိစ္စတွေနဲ့ပတ်သက်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ အစီရင်ခံစာဟာ အပြစ်အနာဆာတွေ အများအပြား ရှိနေတယ်လို့ အာရှ လူ့အခွင့်အရေး ကော်မရှင် (AHRC) က ဝေဖန်လိုက်ပါတယ်။

    ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီထံပေးပို့တဲ့ ထုတ်ပြန်ချက်မှာ စုံစမ်းစစ်ဆေးရေးကော်မရှင် အစီရင်ခံစာဟာ ပြစ်မှုကျူးလွန်တဲ့သူတွေကို ပြစ်ဒဏ်ပေး အရေးယူဖို့ အတွက် ဖော်ပြထားတာကို မတွေ့ရသလို ပါဝင်တဲ့သူတွေကို တရားစွဲဆိုပြီး ထိထိရောက်ရောက် ဖြေရှင်းနိုင်မယ့် ရှင်းလင်း တင်ပြချက်တွေကိုလည်း မတွေ့ရဘူးလို့ AHRC နဲ့ ဆက်စပ်အဖွဲ့အစည်း အာရှ ဥပဒေ အရင်းအမြစ် ပင်မဌာန (ALRC) က ပြောပါတယ်။

    သမ္မတက လုပ်ပိုင်ခွင့်ပေးပြီး စုံစမ်းခိုင်းပေမယ့် အစီရင်ခံစာမှာ အနာဂတ်မှာ ဖြစ်ပွားလာတဲ့ ကိစ္စတွေကို ဘယ်လို ကိုင်တွယ်မယ်ဆိုတဲ့ နောက်ပိုင်း ကိစ္စတွေကိုပဲ တွေ့ခဲ့ရတဲ့အကြောင်း ALRC ရှေ့နေ ဦးမင်းလွင်ဦးက ပြောပါတယ်။

    ဒါ့အပြင် အစီရင်ခံစာပါ အချက်အလက်တွေဟာ အဖြစ်မှန်တွေကို ဖော်ထုတ်ထားတာ မဟုတ်သလို ဖုံးကွယ်ထားတာတွေ ရှိနေတယ်လို့ သူက ဆိုပါတယ်။

    “တချို့ မမှန်မကန်ဖော်ပြထားတဲ့ အချက်တွေရှိတယ်။ ဒါတွေဟာ မှန်ကန်တဲ့ အစီရင်ခံချက်မဟုတ်ဘူးဆိုတာကို နိုင်ငံတကာသိအောင်၊ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီကို ဒီနေ့ တင်ပြတဲ့အထဲ ဒီအချက်တွေပါတယ်။ အထူးသဖြင့် အရေးယူခံရတဲ့ ဒေါက်တာထွန်းအောင်ရဲ့ ကိစ္စဆိုရင် အရေးအခင်းဖြစ်စဉ်က အာဏာပိုင်တွေနဲ့အတူတူ လူထုကို ထိန်းသိမ်းခဲ့သူဖြစ်တယ်။ လူထုဟာ မောင်တောဒေသခံလူထုမဟုတ်တော့ ထိန်းသိမ်းမရတဲ့အခါ ရဲစခန်းမှူးတို့၊ အထွေထွေအုပ်ချုပ်ရေးမှူးတို့က သူတို့သက်ဆိုင်ရာဌာနတွေထဲ ၀င်ပြေးသွားတယ်။ ဦးထွန်းအောင်က ပြေးစရာမရှိတဲ့အတွက် ယူအန်အိပ်ခ်ျစီအာရ်ရုံးကို ၀င်ပြေးရတယ်။ ဒါပေမယ့် လက်ညှိုးထိုးဖို့ကျတော့ ဦးထွန်းအောင်တယောက်ကိုပဲ ထောင်ဒဏ် ၁၃-၁၄ နှစ် အပြစ်ပေးတာ တွေ့ရတယ်။ ဒါဟာ လုံးဝ တရားမျှတခြင်းမရှိဘူး။ ဦးထွန်းအောင်ဟာ အာဏာပိုင်တွေနဲ့ အတူတူ အရေးအခင်းမဖြစ်အောင် တားဆီးပါလျက်နဲ့ ဒီလိုမျိုး တရားခံအဖြစ် လွှဲချခံရတာက တော်တော် ဆိုးဆိုးဝါးဝါးဖြစ်တယ်ဆိုတာကို လူ့အခွင့်အရေးကော်မရှင်ကိုလည်း တင်ပြထားတယ်။ ကောင်စီကိုလည်း ဆက်လက်တင်ပြထားတဲ့ အချက်အလက်တွေဖြစ်ပါတယ်။”

    ဒါ့အပြင် အစိုးရအစီရင်ခံစာမှာ ပါတဲ့အတိုင်း လုပ်ဆောင်သင့်တဲ့ ကိစ္စတွေကိုလည်း အမြန်ဆုံး အကောင်ထည်ဖော် ဆောင်ရွက်ဖို့လည်း သူက ပြောပါတယ်။

    နိုင်ငံတော်လုံခြုံရေးနဲ့ နိုင်ငံခြားသားတွေကို ဖယ်ရှားတာစတဲ့ ပူပန်မှုတွေကို ထုတ်ပြန်ချက်မှာ ရေးသားထားသလို ဓားစာခံတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကိုလည်း အပြစ်တင်ထားတယ်လို့ ALRC ထုတ်ပြန်ချက်က ဆိုပါတယ်။

    ဒါအပြင် စုံစမ်းရေးကော်မရှင်အစီရင်ခံစာက အချက်အလက်တွေကိုလည်း မှားယွင်း တင်ပြ ထားတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

    မှားယွင်းဖမ်းဆီးထားတဲ့သူတွေကို လွှတ်ပေးဖို့နဲ့ ပဋိပက္ခအတွက် လှုံ့ဆော်တဲ့သူတွေကို အရေးယူပေးဖို့လည်း ဦးမင်းလွင်ဦးက တိုက်တွန်းပြောဆိုပါတယ်။

    “ဒုက္ခသည်စခန်းမှာမနေရဘဲနဲ့ လက်ရှိ ကိုယ့်နေရာကိုယ်ပြန်နေရအောင် အမြန်ဆုံး စီမံဆောင်ရွက်ပေးသင့်တယ်လို့တော့ အကြံပေး တိုက်တွန်းချင်ပါတယ်။ ထုတ်ပြန်ကြေညာချက်နဲ့ ပတ်သက်လို့ကတော့ တကယ်တမ်း ရခိုင်အရေးမှာ ပဋိပက္ခတွေဖြစ်ပွားအောင် လှုံ့ဆော်သွားသူတွေ၊ ဒီလူတွေက မောင်တောကလည်း မဟုတ် သံတွဲကလည်း မဟုတ်ဘူး။ အဲကိစ္စတွေကို လှုံ့ဆော်ပြီး လုပ်ဆောင်သွားသူတွေကို အမြန်ဆုံးဖော်ထုတ်အရေးယူသင့်တယ်။ ဖမ်းဆီးထားတဲ့အထဲ မှားယွင်းဖမ်းဆီးထားတာ အများကြီး ရှိတယ်။ အဲလူတွေကို ပြန်လွှတ်ပေးသင့်တယ်လို့ ကျနော်တို့က အကြံပြုတိုက်တွန်းချင်ပါတယ်။”

    ဟောင်ကောင်အခြေစိုက် အစိုးရမဟုတ်သော လွတ်လပ်တဲ့ ALRC ဟာ ကုလသမဂ္ဂ စီးပွားရေးနဲ့ လူမှုရေးကောင်စီနဲ့ ဆွေးနွေးအကြံပေးနိုင်တဲ့ အခြေအနေတခုကို ပိုင်ဆိုင်ထားပါတယ်။

    အာရှတ၀န်းက လူ့အခွင့်အရေး တရားရေးနဲ့ ပတ်သက်ပြီးတော့ ပိုမိုအားကောင်း လာအောင် ဆောင်ရွက်ဖို့ အတွက် ဖွဲ့စည်းထားတာလည်း ဖြစ်ပါတယ်။

     

  • ဥက္ကံမြို့ ကျွဲပုန်းလေး ရွာအား အကြမ်းဖက် မီးရှို့ ဖျက်ဆီးခဲ့ပုံ (အင်တာဗျူး-၂)

    မေလ ၂၁၊ ၂၀၁၃
    M-Media
    သတင်း – ဆူးထက်

    P8160130

     “ကျွန်တော်က ဒီကျွဲပုန်းလေး ဗလီမှာ ရန်ကုန်၊ သင်္ဃန်းကျွန်းကနေ ဗလီဆရာ တာဝန်လာ ထမ်းဆောင်တာပါ၊ အဲဒီနေ့ ဧပြီလ ၃၀ရက်နေ့၊ မနက်က မြို့ထဲမှာ ပြဿနာ ဖြစ်တယ်၊ လူတွေစုဝေးကြတယ်၊ မြို့ထဲမှာ အိမ်တွေဖြို ဆိုင်တွေဖြို ကြတယ်လို့ ကြားတယ်၊ လမ်းပန်း ဆက်သွယ်ရေး သိပ်မလွယ်ကူတဲ့ အတွက် ကျွန်တော်ရွာမှာ ဘာမှ မသိရဘူး၊ ၁၂နာရီ နောက်ပိုင်းကြတော့ မြို့ထဲမှာ တချို့ ဒဏ်ရာရတဲ့ သူတွေက ကျွန်တော်တို့ ရွာဘက်ကို ပြောင်းလာတယ်၊ အဆွရ် နမာဇ်ဖတ်တဲ့ အချိန်မှာ လူအုပ်ကြီးက အော်အော်ပြီး ပြေးလာတယ်၊ နမာဇ်ကို ပြီးအောင်ဖတ်လိုက်တယ်၊ ပထမ ကျွန်တော်တို့က ဗလီဘာမှ မဖြစ်ရေး၊ စာသင်ကျောင်း ဘာမှ မဖြစ်ရေးကို အဓိကထားလိုက်တယ်၊ ဒါပေမယ့် လူအုပ်က တအားများလာတယ်၊ လူတွေရှောင်ပြေးကြ ဆိုတော့ ကျွန်တော်တို့လည်း မတတ်နိုင်တဲ့ အဆုံး လယ်ကွင်းထဲကို ရှောင်ပြေးကြရတယ်။

    အဲဒီ့ လူအုပ်က ဘာမှမပြောဘဲနဲ့ ဟေး၊ ဟား ဆိုပြီး တခါတည်း အိမ်တိုင်းစေ့ မီးလိုက်ရှို့တယ်၊ စာသင်ကျောင်းကို လူတစ်စု၊ ဗလီကို လူတစ်စု အဲလို တစ်စု၊ တစ်စု ခွဲပြီး အိမ်တိုင်းစေ့ အားလုံးကို မီးရှို့ပြီး ထွက်သွားကြတယ်၊ ဒါက စာသင်ကျောင်း နေရာပါ၊ ပြာကျသွားပါတယ်၊ဟာဖီဇ် ကျောင်းကတော့ မိထ္တီလာမှာ ဖြစ်ကတည်းက ပိတ်ထားတာပါ၊ တစ်လကျော်ပါပြီ၊ ကျောင်းသားတွေ မရှိပါဘူး၊ ပြန်ကုန်ပါပြီ၊  ဟိုမှာရှိတဲ့ သေတ္တာတွေက ကုန်အာရ် အာဂုံဆောင် ကျောင်းသားလေးတွေ ကျန်ခဲ့တဲ့ သေတ္တာတွေနဲ့ ကျောင်းက အသုံးအဆောင် ပန်းကန်တွေ၊ ခွက်တွေ ထည့်ထားတဲ့ ပစ္စည်း သေတ္တာတွေပါ၊ ကျောင်းကတော့ မိထ္တီလာ ဖြစ်ပြီးကတည်းက ကျောင်းပိတ်ထားတာပါ၊ ဗလီထဲမှာ ရှိတဲ့ အခြေခံဘာသာရေး စာသင်ကျောင်းလည်း ပြာကျသွားပါတယ်၊ ဗလီ၊ ကျောင်းတွေ ပြန်ဆောက်ဖို့အတွက် အထက်ကို တင်ပြထားပါတယ်၊ ဒီမှာ ဖြစ်တာက ဧပြီလ၃၀ရက်နေ့က ဖြစ်တာဆိုတော့ ဒီနေ့ဆိုရင် ၃ပတ်လောက်ရှိပါပြီ ” ဟု ကျွဲပုန်းလေးကျေးရွာ ဗလီတွင် တာဝန်ထမ်းဆောင်ခဲ့သော ဆရာမှ M-Media သို့ သူကိုယ်တွေ့ကြုံတွေ့ခဲ့ရသည် အဖြစ်အပျက်များအား ယခုလို ပြောပြခဲ့ပါသည်။

    P8160122

    ကျွဲကုန်းလေး ကျေးရွာနေ ဦးမူဆာ (ကျေးရွာ ဆယ်အိမ်မှူး- ဗလီဒုဥက္ကဌ) မှ “ကျွန်တော်တို့တွေ နေထိုင်တဲ့ အိုးအိမ်တွေမဲ့ သွားတဲ့အတွက် အရမ်းကို ခံစားရပါတယ်၊

    ရာဇ၀င် တွင်သွားပြီ၊ မီးရှို့လိုက်တာဟာ၊ ကျွန်တော့်အိမ်က မီးမလောင်သွားပါဘူး၊ ဒါပေမယ့် ရွာက အိမ်အကုန်နီးပါး မီးထဲပါသွားတဲ့ အတွက် စိတ်မကောင်းဘူး၊ စိတ်မချမ်းသာဘူး၊ ဒါတွေက လုပ်သွားတဲ့ ကိစ္စတွေက လူမဆန်တဲ့ အလုပ်ပါ၊ ရန်စမရှိဘူး၊ ကျွန်တော်တို့ မိသားစုတွေနဲ့  အကုန်လုံး ညီအကို မောင်နှမတွေလို နေလာခဲ့ကြတာပါ” ဟု M-Media သို့ပြောသည်။
    P8160233
    “ မွတ်စလင်တွေကြီးပဲ ရှိတဲ့ ရွာဆို သူတို့တွေက ရွာလုံးကျွတ် မီးရှို့လိုက်တယ်၊ ဗုဒ္ဓဘာသာ နဲ့ အစ္စလာမ်ရောနေတဲ့ နေရာတွေမှာ ဆိုရင် ဗမာဆိုရင် အိမ်ရှေ့ အပြင်ထွက်ရပ်နေ အဲဒီ့ အိမ်ကို မလုပ်ဘူး လို့ ဥက္ကံမြို့ပေါ်မှာအဲလို ပြောတာ၊ မွတ်စလင်အိမ်တွေကြတော့ ကြောက်ပြီး ထွက်ပြေးကြတာရှိသလို၊ ရှောင်လိုက်ကြတဲ့ အိမ်တွေကို အကုန်လုံး တစစီ ဖျက်ဆီးပစ်တယ်၊ မီတာပုံး ၊ မီးခလုပ်က အစ မချန်ဘူး အကုန်ဖျက်ဆီးပစ်တာ၊ ဒီရွာမှာက မီးမရှိဘူး၊ မီးစက်တွေပဲ သုံးတာ၊ အကြမ်းဖက်သူတွေရဲ့ လက်ထဲမှာ တုတ်၊ ဓါးတွေ၊ ငမန်းစွယ်တွေ၊ ရဲဒင်းတွေ၊ ဆယ်ပေါင်တူတွေ ကအစ ပါလာတာ၊ ကျွန်တော်တို့က မှော်ဘီ၊ တပ်ကြီးကုန်း ရွာကပါ၊ အခု ဒီရွာမှာ ထမင်း လာကျွေးတာပါ၊ အခုဒီကျွဲကုန်းလေး ကျေးရွာကို ရောက်တာ ဒီအခေါက်နဲ့ဆိုရင် (၃)ခေါက်ရှိပြီ၊ ပထမဆုံး အခေါက်က အိမ်ခြေ ဘယ်လောက်လောက်ရှိလဲ ဆိုပြီး တွက်ပြီး ကျွန်တော်တို့ရွာမှာ အလှူငွေကောက်တယ်၊ အလှူငွေ ဆယ့်ခြောက်သိန်း နှစ်သောင်း နှစ်ထောင်ရတယ်၊ ဒီမှာ လိုအပ်တာလေးတွေ ထောက်ပံ့ ကူညီပေးနိုင်ခဲ့ပါတယ်၊ အခုဆို အိမ်တွေ စပြီး ဆောက်နေတာက အစိုးရ က ကုမ္မဏီတွေကို ဆောက်လုပ်ဖို့ စီစဉ်ပေးတယ်၊ ကုမ္မဏီက ဆောက်လုပ်ဖို့ တာဝန်ယူတယ်၊ ပိုက်ဆံကတော့ အစ္စလာမ်တွေဘက်က အလှူရှင်တွေက ပေးရတယ်၊ ရတဲ့ အလှူပေါ်မှာ အကုန်မျှပြီး ဆောက်ရတာ ဖြစ်တယ်” ဟု မှော်ဘီ ဒေသခံ တစ်ဦးမှ M-Media သို့ပြောသည်။

    ဗိုလ်တထောင် မြို့နယ် NLD ၊ ဘိုကလေးဈေး လူငယ်များ၊ မဇ္မျိမ လူငယ်များမှ ဥက္ကံမြို့ ကျွဲပုန်းလေး၊ ခြောက်တဲ၊ ပနီပင် ကုလားစုကျေးရွာ စသည့် တို့တွင် စုစုပေါင်း အိမ်ခြေ (၈၁) အိမ်အား ပေးလှူခဲ့ကြောင်း သတင်းရရှိသည်။

  • အမေရိကန်တွင် တော်နေဒိုကြောင့် ပျက်ဆီး ဆုံးရှုံးမှုများကို အီရန် ဝမ်းနည်းကြောင်း သဝဏ်လွှာပို့

    မေ-၂၁၊၂၀၁၃
    M-Media

    အမေရိကန်နိုင်ငံ အိုကလာဟိုးမာ ပြည်နယ်တွင် တိုက်ခတ် သွားသော တော်နေဒို လေဆင်နှာမောင်းကြောင့် ပျက်ဆီးဆုံးရှုံးမှုများ အတွက် အီရန်နိုင်ငံမှ ၀မ်းနည်းကြောင်း သ၀ဏ်လွှာပေးပို့

    kaffash20130521162344663

     

    အမေရိကန်နိုင်ငံ အိုကလာဟိုးမား (Okalahoma) ပြည်နယ်တွင် တိုက်ခတ်ခဲ့သော တော်နေဒိုလေဆင်နှာမောင်းကြောင့် လူ ၉၀ ကျော်အား သေကျေစေခဲ့သည့် ဖြစ်ရပ်ကို အီရန် နိုင်ငံမှ ၀မ်းနည်းကြောင်း သ၀ဏ်လွှာကို ပေးပို့ခဲ့ကြောင်း သိရသည်။

    အင်္ဂါနေ့က ပြောကြားခဲ့သော သတင်းတွင် အီရန် နိုင်ငံခြားရေးရာဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ အဘက်စ် အာရပ်ချီ (Abbas Araqchi) မှ လူအများအား သေကြေစေခဲ့သော အဖြစ်အပျက်အတွက် များစွာ ၀မ်းနည်းကြေကွဲကြောင်း၊ သေဆုံးခဲ့ရသူများ၏ မိသားစုများနှင့် ထပ်တူထပ်မျှခံစားရကြောင်း ပြောကြားခဲ့သည်။

    မေလ၂၀ ရက်နေ့ တနင်္လာနေ့ နေ့လည်တွင်၊ အိုကလာဟိုးမား ပြည်နယ်၏ မြို့တော်ဖြစ်သော အိုကလာဟိုးမား မြို့တော် အနီးရှိ မိုး(Moore) မြို့ကို တော်နေဒို လေဆင်နှာမောင်း တိုက်ခိုက်ခဲ့ကြောင်း၊ တစ်နာရီကို မိုင် ၂၀၀ နှုန်း ဖြင့်တိုက်ခိုက်ခဲ့ပြီး၊ ကလေးငယ် အယောက် ၂၀ အပါအ၀င် လူ အနည်းဆုံး ၉၁ ယောက်သေဆုံးခဲ့ပြီး၊ လူ ၁၄၅ ယောက် ဒဏ်ရာရရှိခဲ့သည်။

    မိုးမြို့၏ မြို့တော်ဝန်ဖြစ်သာ ဂလင်း လူးဝစ်(Gleen Lewis) မှ တစ်မြို့လုံးသည် အကျိုးအပဲ့များနှင့် ပြည့်နှက်နေခဲ့ကြောင်း၊ ပြတ်ကျနေသော ဓာတ်ကြိုးများ၊ ပါဝါကြိုးများ နှင့် ဓာတ်ငွေ့ပိုက်များ ကြောင့် ဓာတ်လိုက်ခံရမှာ စိုးရိမ်ရကြောင်း သို့အပြင် မီးလောင်မှုဖြစ်ပွားခြင်း အန္တရာယ်အတွက်ပါ ကာကွယ်နေရကြောင်းသိရသည်။

    ယခု တိုက်ခတ်ခဲ့သော တော်နေဒိုလေဆင်နှာမောင်း သည် ပြည်နယ် မိုးလေ၀သ ဌာန(National Weather Service) မှ လွန်ခဲ့သော ၂ နှစ်အကြာက ဂျိုပလင်(Joplin) မြို့ မစ်ဆိုရီ(Missouri) ပြည်နယ်တွင် ဖြစ်ခဲ့သော လူ ၁၆၁ ယောက် အား သေကြေစေခဲ့သည့် လေဆင်နှာမောင်းတိုက်ခတ်ပြီးနောက် ပိုင်းတွင် တိုက်ခိုက်သော အပြင်းထန်ဆုံး လေဆင်နှာမောင်း တစ်ခုဖြစ်ကြောင်း သတ်မှတ် ခဲ့သည် ဟုသိရသည်။

    MKA/HGH/SS