News @ M-Media

Month: May 2013

  • မေလ ၃ ရက်နေ့တွင် တကျော့ပြန် အကြမ်းဖက် ဖျက်ဆီးမှုများ ပြုလုပ်ရန် ဇီးကုန်းမြို့တွင် လှုံ့ဆော်မှုများပြုလုပ်နေ

    မေလ  ၁၊ ၂၀၁၃
    M-Medai
    သတင်း – ဆုံမှတ်

    12
    မတ်လ ၂၆ နှင့် ၂၇ ရက်နေ့တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်သမားများ ဖျက်ဆီးမှုကြောင့် ဇီးကုန်းဂျာမေဗလီနှင့် ဆိုင်ခန်းများရဲ့ အပျက်အဆီးများပုံဖြစ်ပါတယ်။

    ဇီးကုန်း။    ။    “ ဒို့ဗမာအစည်းအရုံး သီချင်းအား ရက်(စ်)ပါ သီချင်းဖြင့် လိုက်လံနှိုးဆော်နေပါတယ်။ အခု မေလ ၂ရက်နေ့မှာ ဘုန်းတော်ကြီးများ စာမေးပွဲ ရှိတာကို အခွင့်ကောင်း ယူပြီး လှုံဆော်နေတာပါ၊ သရက်တပင် အုပ်စု အုတ်ဖိုစု ကျောင်းမှ ဦးဥတ္တမ ရဲ့တပည့်ဖြစ်သူ သံဝရ ဆိုသူ ကိုယ်တော်မှ မေလ (၃)ရက်နေ့တွင် အကြမ်းဖက် ဖျက်ဆီးမှုများ ပြုလုပ်ကြရန် အခြား ဘုန်းကြီးကျောင်းများကို နှိုးဆော်နေပါတယ်၊ ဇီးကုန်းမြို့နေ မွတ်စလင်များမှာ အိမ်ပိတ်၊ ဆိုင်ပိတ်၊ ပစ္စည်းများသိမ်းပြီး ရွှေ့ပြောင်းနေရပါတယ်၊ ဘုန်းကြီးတွေ ပါလာသည်ကို ပို၍ စိုးရိမ်နေကြပါတယ်၊ လက်ရှိ တာဝန်ကျနေသူ ဗိုလ်မှူးကြီး ရဲသွေးအောင်မှ မြို့မှ ယုံကြည်ရသူများနှင့် အကောင်းဆုံး ဖြေရှင်းသွားမည်ဟု ကတိပေးထားသော်လည်း ပြီးခဲ့သည့် မတ်လက အကြမ်းဖက်ခံရသည့် အချိန်ကလဲ ယခုလို ကတိပေးရင်း အကြမ်းဖက်ဖျက်ဆီးခံခဲ့ရသဖြင့်  ဒေသခံများမှာ မယုံကြည်ကြတော့ပါ ” ဟု M-Media သို့ပြောသည်။

    မတ်လ အတွင်း အကြမ်းဖက် ဖျက်ဆီးမှုများ ဖြစ်ပွားခဲ့သည့် ဇီးကုန်းမြို့၏ မြို့နယ် အုပ်ချုပ်ရေးမှူး မှာ ရခိုင်လူမျိုး ဦးကျော်မြင့်လှိုင် ဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့် အရေးအခင်း ကာလက ၎င်းဦးကျော်မြင့်လှိုင်၏ လှုပ်ရှားမူနှင့် ပတ်သက်၍ – “ ၂၆ရက်နေ့နဲ့ ၂၇ရက်နေ့ နေ့လည်ပိုင်းက ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှု့မှာ သူက အစ္စလာမ်ဘာသာဝင်တွေ အိမ်ကို ဖျက်နေတဲ့ အကြမ်းဖက်သူတွေကို “မင်းတို့ ဖြေးဖြေးတာ ဖျက်ကြ ၊ စိတ်အေးလက်အေး သာဖျက်ကြ၊ လူမသတ်နဲ့၊ မီးမရှိ့နဲ့”လို့ သူကိုယ်တိုင် အော်ပြောတာကို ကျွန်တော်ကိုယ်တိုင် နားနဲ့ ဆက်ဆက်ကြားပြီး မြင်ပါတယ်” ဟု  ဒေသခံ ဗုဒ္ဓဘာသာဝင် တစ်ဦးမှ M-Media သို့ပြောသည်။

    အဆိုပါ ဇီးကုန်းမြို့မှ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်လှိုင်မှာ တစ်ဖက်က ရခိုင်ပဋိပက္ခနှင့် စပ်ဆက်သည့်  စာရွက် စာတမ်းများအား ဝေခြင်း၊ ၉၆၉ အဖွဲ့နှင့် ပေါင်းခြင်း ဖြင့် လှုပ်ရှားနေသူ ဖြစ်ကြောင်း စုံစမ်း သိရှိရသည်။

    ပဲခူးတိုင်း၊ ဇီးကုန်းမြို့သည် ၀န်ကြီး ဦးဥာဏ်ဝင်း၊ ဒုတိယ သမ္နတ ဦးဥာဏ်ထွန်း တို့နေထိုင်ရာ မြို့ဖြစ်ကြောင်း သိရသည်။

    မတ်လတွင်း အကြမ်းဖက်သမားများကြောင့် ဇီးကုန်းမြို့နယ် ဖျက်ဆီးခံရမှု့ မှတ်တမ်းနှင့် ပျက်ဆီးဆုံးရှုံးမှု စာရင်းအချို့
    http://www.m-mediagroup.com/news/12814

  • ပနီပင်ရွာအား ယနေ့ ၁၁-နာရီတွင် ထပ်မံအကြမ်းဖက်မည်ဟု သတင်းများထွက်ပေါ်နေ

    ပနီပင်ရွာအား ယနေ့ ၁၁-နာရီတွင် ထပ်မံအကြမ်းဖက်မည်ဟု သတင်းများထွက်ပေါ်နေ

    မေ-၁ -၂၀၁၃
    M-Meida
    ထွန်းတောက်

    ယမန့်နေ့ညက ဥက္ကံမြို့ ဝန်းကျင်မှ မွတ်စလင်မ် အများစုနေထိုင်ရာ ရွာ(၄) ရွာအကြမ်းဖက်မီးရှို့ဖျက်ဆီးခံလိုက်ရပါတယ်။ အဆိုပါရွာ(၄) ရွာမှ ပနီပင်ရွာအား ယနေ့ ၁၁ နာရီမှာ ထပ်မံအကြမ်းဖက် မီးရှို့ဖျက်ဆီးမည့်ဟုသတင်းများ ထွက်ပေါ်နေတယ်လို့ သိရပါတယ်။ အဆိုပါ သတင်းများနှင့်ပတ်သက်ပြီး ဥက္ကံမြို့ ပနီပင်ရွာမှ ဒေသခံတစ်ဦးကို M-Media မှ ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

    ကျွန်တော် ဥက္ကံကို အခုမနက်ပဲ ပြန်ရောက်တယ်။ ညက ပနီပင်မှာရှိနေပါတယ်။ ဥက္ကံမှာတော့ တစ်ခုမှ ရစရာမရှိတော့ဘူး။ ဒီနေ့ ၁၁-နာရီကို ပနီပင်ကို ပြန်ဝင်မယ်လို့ ကြားနေတယ်။  အနောက်က ရွာတွေမှာ လူတွေစုနေတယ်တဲ့။ မနေ့တုန်းက ကိုရင်ကို တိုက်မိတဲ့ အမျိုးသမီးက ပနီပင်ကရွာက။ အဲဒါကို လုံးဝ မကျေနပ်ကြဘူး။ မနေ့က မီးရှို့တာလည်း သာမန်အိမ်တွေပဲပါသွားတာလေ။ သူတို့စာရင်းယူထားတဲ့ အိမ်တွေကဘာမှ မဖြစ်သေးဘူး။ မီးမလောင်ဘူး။ မီးမလောင်သေးတဲ့အပေါ်မှာ သူတို့မကျေနပ်ကြဘူး။ မနေ့က ပနီပင်က လူငယ်တွေကလည်း ပြန်ပြီးခုခံကြတယ်လေ။ အဲဒီအပေါ်မှာ သူတို့ လုံးဝမကျေနပ်ပဲ ဒီနေ့ထပ်ဖျက်မယ်ဆိုပြီး လူစုနေတယ်။ လူငယ်တွေ ပြန်ခုခံတယ်ဆိုတာက အကြမ်းဖက်သမားတွေက မီးကွင်းပစ်တယ်။ အဲလို မီးကွင်းပြစ်တဲ့အခါမှာ လူငယ်တွေက ၀ိုင်းပြီးလိုက်တာ။ မီးလောင်တဲ့အိမ်တွေကို အလျင်မီအောင် ရေတွေဖြန်းတယ်။ ဒါပေမယ့် အကြမ်းဖက် သမားတွေက ရေတိုင်ကီ၊ ကျောက်စည်တွေကိုလည်း ဖောက်ပစ်ကြတယ်။ ဒီဘက်က လူငယ်တွေ အင်အားကြောင့် အကြမ်းဖက်သမားတွေ ထွက်ပြေးသွားရတာ။ သူတို့မှာ စာရင်းရှိထားတဲ့ main အိမ်တွေကို မလုပ်လိုက်ရဘူး။ အဲဒီ အိမ်တွေကို လုပ်ဖို့ ပြန်ဝင်မယ်ပြောတယ်။”

    “မနေ့ညက ၂-နာရီခွဲလောက်မှာ ပနီပင်ကို စစ်သားတွေလာတယ်။ စစ်ကားတစ်စီးလာတယ်။ ဆိုင်ကယ် ၂-စီး  ရဲတွေလာတယ်။ လာပြီးတော့ ဟိုဟိုဒီဒီကြည့်ပြီး မိုးမလင်းခင် ဘယ်အချိန်ပြန်သွားလိုက်လဲတော့ မသိဘူး။ ကျွန်တော်တို့လည်း ချောင်းကမ်းစပ်ဘေးနားမှာ သွားထိုင်နေကြရတာ။ အခုမနက်လည်း ရဲကားတွေရှိတယ်။ ရွာကတစ်ခြား သူတို့စောင့်နေတာက တစ်ခြားပဲ။ သူတို့ ထိုင်စောင့်နေတာက ၄-၅-၆ ယောက်၊ ဟိုကလာမယ့်လူက ၃၀၀-၄၀၀ ၀န်းကျင်လာတာ။ အဲဒီပုံနဲ့ ဘယ်လိုလုပ်သွားပြီး နှိမ်နင်းလို့ရမလဲ၊ ဘယ်လိုလုပ်သွားပြီး တားဆီးလို့ရမလဲ။ သူတို့တွေက အားလုံး ဖျက်ဆီးပြီးသွားပြီဆို ရောက်လာပြီး စာရင်းလေးလာကောက်ကြတယ်။ မနေ့ကလည်း ဖြစ်မယ်ဆိုတာ ကြားလို့ သတင်းပေးပါတယ်။ ပနီပင်ကိုဖျက်မယ်လို့ပြောနေကြတယ်။ လူအုပ်စုက ၂၀၀-လောက်ရှိတယ်ဆိုတာ သတင်းပေးတယ်။ မယုံရင် ကျွန်တော်တို့လိုက်ပြမယ်ပြောတော့။ ‘ဟာ ငါတို့လိုက်လို့မရဘူးကွာ၊ ငါတို့လူအင်အားနဲ့မနိုင်ဘူးတဲ့’ ဒါပေမယ့်လုံခြုံရေးက ၁၀-ယောက်လောက်ပဲဆိုတော့ အကြမ်းဖက် လူအုပ်စုကြီးကို ဘယ်လိုထိန်းသိမ်းနိုင်မလဲဗျာ။ ပြီးတော့ သေနတ်သာကိုင်ထားတယ်။ သေနတ်က မြေအောက်စိုက်ထားတယ်။ ပြီးရင် အကြမ်းဖက်ခံနေရတာ ကျွန်တော်တို့ မွတ်စလင်မ်တွေပဲဖြစ်နေတယ်။”

    “ဟိုးအရင် မင်းလှတို့ အုတ်ဖိုတို့ လုပ်တုန်းက ဥက္ကံကိုလည်း လုပ်မယ် လုပ်မယ်ဆိုတုန်းက ဒီမှာ စစ်ကားတွေချလိုက်သေးတယ်။ အခု တကယ်လည်းဖြစ်ရော ချက်ချင်းလက်ငင်းဖြစ်တာမဟုတ်ဘူး။ မနက် ၈-နာရီလောက်ကဖြစ်သွားတဲ့ကိစ္စကနေ ၁၂-နာရီလောက်မှာ ကားလမ်းတွေပေါ်မှာ ချက်ချင်းလူတွေပြည့်သွားတယ်။ မိန်းမ ယောက်ျားအကုန်လုံးပဲ။ ၁-နာရီလောက်မှာတော့ စတော့တာပဲဗျာ။”

    “အခုလည်း ဒီနေ့ ၁၁-နာရီ ပနီပင်ကို ထပ်ဝင်ပြီး ဖျက်မယ်လို့ကြားနေရတယ်။ အဲဒါအတွက် ကျွန်တော်တို့အားလုံး စိုးရိမ်ပူပန်နေပါတယ်။ “လို့ M-Media ကို ဆက်သွယ် ပြောပြလာပါတယ်။