News @ M-Media
Tag: Australia Muslim
  • ထူးခြားသည့် ဗိသုကာလက်ရာဖြင့် ဗလီသစ်တစ်လုံး သြစတေးလျတွင် ဖွင့်လှစ်တော့မည်
    ထူးခြားသည့် ဗိသုကာလက်ရာဖြင့် ဗလီသစ်တစ်လုံး သြစတေးလျတွင် ဖွင့်လှစ်တော့မည်
    သြဂုတ် ၂၈၊ ၂၀၁၇
    M-Media
    – သြစတေးလျနိုင်ငံ ဆစ်စဒနီမြို့မှာ ဆောက်လုပ်နေတဲ့ ဗလီဝတ်ကျောင်းတော်သစ်တစ်လုံးဟာ လာမယ့်လအတွင်း ဖွင့်လှစ်ဖို့ ရှိနေပြီး ၄ ရက်ကြာ ဗိသုကာဆိုင်ရာ ပြပွဲတစ်ခုကိုလည်း ဒီဗလီမှာ ကျင်းပမှာ ဖြစ်ပါတယ်။
    ကန်ဒေါ်လာ ၁၂ သန်း ကုန်ကျမယ့် အဲဒီ ဗလီဝတ်ကျောင်းတော်ကို နိုင်ငံကာ ဂုဏ်ပြုဆုတံဆိပ်တွေ ရရှိထားတဲ့ ဗိသုကာပညာရှင် မစ္စတာ ကန်ဒါလီပက်စ်က ဒီဇိုင်းဆွဲပေးခဲ့တာ ဖြစ်ပါတယ်။
    ဂရိအော်သိုဒေါ့စ် ဘာသာဝင်တစ်ဦးဖြစ်တဲ့ ကန်ဒါလီပက်စ်ဟာ ဗလီဝတ်ကျောင်းတော် ဆောက်လုပ်ဖို့ အလုပ်လက်ခံတဲ့ သီတင်းပတ်အတွင်းမှာပဲ Antiochian ခရစ်ယာန် ဘုရားကျောင်းတစ်ခု၊ ဂျူးဘုရားကျောင်းတစ်ခုနဲ့ ဂရိအော်သိုဒေါ့စ် ခရစ်ယာန်ဘုရားကျောင်းအတွက် အဆောက်အဦးတစ်ခုအတွက် ဒီဇိုင်းဆွဲပေးဖို့ အလုပ်ရခဲ့ပါတယ်။
    ဗလီဝတ်ကျောင်းတော်ကို မင်္ဂလာဆောင်ကိတ်ပုံသဏ္ဍာန် လေးထောင့်စပ်စပ် ဆောက်လုပ်ထားတာဖြစ်ပြီး ရှည်လျားတဲ့ မင်နာရတ်မျှော်စင်တွေနဲ့ အလယ်မှာ အမိုးခုံးတစ်ခု ပါဝင်ပါတယ်။
    အတွင်းပိုင်း ခေါင်မိုးမှာ အမိုးခုံးပုံသဏ္ဍာန် ကွန်ကရစ်ခွက်ပေါင်း ၉၉ ခု ထွင်းထားပြီး ခွက်တစ်ခုချင်းစီမှာ အလှမီးတစ်ခုစီနဲ့ အလ္လာဟ်အရှင်မြတ်ရဲ့ ဂုဏ်တော် ၉၉ ခုကို ဖော်ညွှန်းတာဖြစ်ပါတယ်။ ကြယ်ပေါင်း ၁၀၂ ခုကိုလည်း ခေါင်မိုးမှာ အလှဆင်ထားပါတယ်။
    အတွင်းပိုင်း ခေါင်မိုးမှာ အမိုးခုံးပုံသဏ္ဍာန် ကွန်ကရစ်ခွက်ပေါင်း ၉၉ ခု ထွင်းထားပြီး ခွက်တစ်ခုချင်းစီမှာ အလှမီးတစ်ခုစီနဲ့ အလ္လာဟ်အရှင်မြတ်ရဲ့ ဂုဏ်တော် ၉၉ ခုကို ဖော်ညွှန်းတာဖြစ်ပါတယ်။
    ဗလီဝတ်ကျောင်းတော်ကို လမယ့်လမှာ ဖွင့်လှစ်မှာဖြစ်ပြီး Meet the Aussie Mosque ဆိုတဲ့ ခေါင်းစဉ်နဲ့ ဗိသုကာ ပြပွဲတစ်ခုကို စက်တင်ဘာ ၂၉ ရက်ကနေ အောက်တိုဘာ ၂ ရက်နေ့အထိ ကျင်းပသွားဖို့လည်း စီစဉ်ထားပါတယ်။
    ပွဲတော်ဆိုင်ရာ ဒါရိုက်တာဖြစ်တဲ့ တင်မ် ဟော်တန်က ဗလီဝတ်ကျောင်းတော်ရဲ့ ဒီဇိုင်းဟာ ထူးခြားတဲ့ သြစတေးလျ အမှတ်သညာကို ဖော်ကျူးနေပြီး၊ ဗလီဝတ်ကျောင်းတော် ဖွင့်လှစ်တဲ့နေ့ဟာလည်း လူ့အဖွဲ့အစည်းအကြား ယဉ်ကျေးမှုဆိုင်ရာ ပေါင်းကူးနိုင်မယ့် အခွင့်အလမ်းတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။
    “ဒီဗလီဝတ်ကျောင်းတော်ဟာ သမရိုးကျ ဗလီဝတ်ကျောင်းတော်တွေလို မဟုတ်ပါဘူး။ ဒီဘေးနားကနေ ဖြတ်သွားတာနဲ့ ဗလီဝတ်ကျောင်းတော်ကို သတိပြုမိမှာပါ။ ဗလီဝတ်ကျောင်းတော်ရဲ့ ရည်ရွယ်ချက်ကိုသာ သိရင် ပို စိတ်ဝင်စားမှာ ဖြစ်ပါတယ်။ အထဲဝင်ပြီး ကြည့်မယ်ဆိုရင် ရှေးခေတ်က အမိုးခုံးတွေနဲ့ မုခ်ဦးတွေကို မိုက်ကယ်အိန်ဂျလိုရဲ့ နည်းလမ်းနဲ့ ဖန်တီးထားတာကို ရင်သပ်ရှုမောဖွယ်ရာ တွေ့မြင်ရမှာဖြစ်ပါတယ်” လို့ တင်မ်က ပြောကြားခဲ့ပါတယ်။
    ဒီဗလီဝတ်ကျောင်းတော်ဟာ မတူညီတဲ့ လူ့အဖွဲ့အစည်းတွေကြားထဲမှာ ပေါင်းကူးပေးနိုင်မယ့်အရာ ဖြစ်လာမယ်လို့လည်း သူက မျှော်လင့်နေပါတယ်။
    ဗလီဝတ်ကျောင်းတော်ရဲ့ ၄ ရက်တာကြာမြင့်မယ့် အခမ်းအနားမှာ ဆွေးနွေးမှုတွေ၊ ပြပွဲတွေ၊ ဟောပြောပွဲတွေလည်း ပါဝင်မှာပါ။
    အမျိုးသမီး ၀တ်ပြုဆောင်လည်းပါဝင်မယ့် ဒီဗလီဝတ်ကျောင်းတော်ဟာ ဆစ်ဒနီမြို့မှာ အသစ်လွင်ဆုံးနဲ့ အသေးဆုံး ဗလီဝတ်ကျောင်းတော်လည်း ဖြစ်ပါတယ်။
    REf: smh.com
  • အစ္စလာမ်နဲ့ပတ်သက်၍ အထင်မှားမှု များနေသည်ဟု သြဇီအလှဘုရင်မ ပြော
    အစ္စလာမ်နဲ့ပတ်သက်၍ အထင်မှားမှု များနေသည်ဟု သြဇီအလှဘုရင်မ ပြော
    ဇူလိုင် ၁၉၊ ၂၀၁၇
    M-Media
    – သူနားလည်ထားတဲ့ အစ္စလာမ်သာသနာဟာ ငြိမ်းချမ်းရေးနဲ့ ညီညွတ်ရေးဖြစ်ပြီး ကမ္ဘာမှာ သာသနာနဲ့ပတ်သက်တဲ့ အထင်အမြင်မှားမှုတွေ တော်တော်များများရှိနေတယ်လို့ ၂၀၁၇ ခုနှစ် သြစလေးလျအလှမယ် သရဖူကို ပူပူနွေးနွေးရရှိထားသူ အလှမယ် အက်စ်မာ ဗိုလိုဒါက ပြောကြားလိုက်ပါတယ်။
    အသက် ၂၅ နှစ်အရွယ် ရှိပြီဖြစ်တဲ့ အက်စ်မာရဲ့ မိသားစုဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော် ဘောစနီးယားမှာ စစ်ပွဲအကြီးအကျယ်ဖြစ်နေချိန်က ထွက်ပြေးကာ ဒုက္ခသည်စခန်းမှာ နေထိုင်ခဲ့ရပြီးတဲ့နောက် သြစတေးလျကို ရောက်ရှိလာတာ ဖြစ်ပါတယ်။
    “ကုရ်အာန်ကနေတစ်ဆင့် ကျွန်မသိတဲ့ အစ္စလာမ်သာသနာဟာ လက်ရှိ ကမ္ဘာတစ်ဝှမ်း ဖြစ်ပွားနေတဲ့ ဘယ်လိုလုပ်ရပ်မျိုးနဲ့မှ မသက်ဆိုင်ပါဘူး။ လက်ရှိဖြစ်နေတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေအတွက် လူတွေက ဘာသာတရားကို လက်ညှိုးထိုးချင်တယ်။ ဒါပေမယ့် အဲဒီလိုလုပ်မယ်ဆိုရင် လုပ်တဲ့သူတွေကို တာဝန်မယူခိုင်းတာမျိုး ဖြစ်နေပါတယ်။ ပြီးတော့ သူတို့ကိုကြည့်ပြီး ဘာသာတရားကို သုံးသပ်လို့မရသလို၊ သူတို့ကိုပဲ ထိထိရောက်ရောက် ရင်ဆိုင်သွားရမှာပါ။ ဘာ့ကြောင်လည်းဆိုတော့ ကျွန်မတို့ဟာ မဆိုင်တာတွေကို အပြစ်တင်နေတာကြောင့် ဖြစ်ပါတယ်” လို့ အက်စ်မာက ပြောပါတယ်။
    ၂၀၁၇ ခုနှစ် သြဇီအလှမယ်ဘွဲ့ ဆွတ်ခူးစဉ်
    အစ္စလာမ်သာသာနာကို ခြိမ်းခြောက်နေတဲ့ ဒီလို အထင်မှား၊ အမြင်မှား ဖြစ်နေမှုကို သူ့ရဲ့ ကျော်ကြားမှုကိုသုံးပြီး ပယ်ဖျက်နိုင်ဖို့ မျှော်လင့်တယ်လို့လည်း အလှဘုရင်မက ဆိုပါတယ်။
    “အစ္စလာမ်နဲ့ပတ်သက်ပြီး အထင်အမြင် လွဲမှားမှုတွေက တအားများတယ်။ ကုရ်အာန်က သွန်သင်ထားမှုမရှိတဲ့ ပုံစံတွေကို ဖန်တီးထားကြတယ်လို့ ကျွန်မ ခံစားရပါတယ်။ အစ္စလာမ်သာသနာဟာ ငြိမ်းချမ်းရေး၊ စည်းလုံးမှု၊ သာယာဝပြောမှု၊ ပူးပေါင်းပါဝင်မှုလို့ ကျွန်မ ယုံကြည်ပါတယ်”
    သြစတေးလျကို ရောက်ရှိချိန်မှာ အသက် ၅ လသာရှိသေးတဲ့ အက်စ်မာဟာ ၂၀၀၈ ခုနှစ်မှာ Miss Teen Australia သရဖူကို ရရှိခဲ့ပြီး၊ ပြီးခဲ့တဲ့ သောကြာနေ့မှာတော့ Miss World Australia 2017 ပြိုင်ပွဲမှာ အနိုင်ရကာ သြဇီအလှဘုရင်မဘွဲ့ကို ဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပါတယ်။
    Ref : Daily Mail
  • ခရစ်ယာန်ဘုရားကျောင်းမှာ ဆင်နွှဲတဲ့ သြဇီမွတ်စလင်တို့ရဲ့ ရမ်ဇာန်အခမ်းအနား
    ခရစ်ယာန်ဘုရားကျောင်းမှာ ဆင်နွှဲတဲ့ သြဇီမွတ်စလင်တို့ရဲ့ ရမ်ဇာန်အခမ်းအနား
    ဇွန် ၁၃၊ ၂၀၁၇
    M-Media
    – သြစတေးလျနိုင်ငံ ပါ့သ်မြို့က အန်ဂလိကန် ခရစ်ယာန်ဘုရားကျောင်းတစ်ခုဟာ လွန်ခဲ့တဲ့ ၅ နှစ်အရင်က ၀တ်ပြုရာနေရာ မရှိတဲ့ မွတ်စလင်တွေအတွက် သောကြာနေ့မှာ ၀တ်ပြုဆုတောင်းဖို့ နေရာပေးခဲ့ပါတယ်။
    အခုအချိန်မှာတော့ ပါ့သ်က ခရစ်ယာန်နဲ့ မွတ်စလင်လူ့အဖွဲ့အစည်းဟာ ကောင်းတူဆိုးအဖက် တစ်ဦးရဲ့ ဘာသာရေး ထုံးတမ်းဓလေ့တွေကို တစ်ဦးက ဂုဏ်ပေး၊ လေးစား ပါဝင်တဲ့ အဆင့်အထိ ရောက်ရှိနေပါပြီ။
    လက်ရှိ မွတ်စလင်တို့ရဲ့ ရမ်ဇာန်ဥပုသ်လကို ဒီလူ့အဖွဲ့အစည်းနှစ်ခု ဘယ်လို ဆင်နွှဲကြလဲဆိုတာ ဒီဗီဒီယိုအတိုလေးကို ရှုစားရမှာပါ။
    ABC သတင်းဌာနနဲ့ ဗီဒီယိုကို M-Media က ဘာသာပြန်ဆို တင်ဆက်တာ ဖြစ်ပါတယ်။
  • သြစတေးလျတွင် ဟာလာလ် ကုန်စည်ပြပွဲနှင့် ဟာလာလ်ညီလာခံ ကျင်းပမည်
    သြစတေးလျတွင် ဟာလာလ် ကုန်စည်ပြပွဲနှင့် ဟာလာလ်ညီလာခံ ကျင်းပမည်
    ဖေဖော်ဝါရီ ၃၊ ၂၀၁၇
    M-Media
    – သြစတေးလျနိုင်ငံ ဆစ်ဒနီမြို့ ပါရာမတ္တာဒေသရှိ Rosehill Gardens တွင် ‘၂၀၁၇ သြစတေးလျ ဟာလာလ်ကုန်စည်ပြပွဲ’ ကို ကျင်းပပြုလုပ်သွားရန် ရှိနေသည်ဟု သိရသည်။
    ၁၁ ရက်နှင့် ၁၂ ရက်နေ့များတွင် ပြုလုပ်မည့် အဆိုပါပြပွဲတွင် ကမ္ဘာတစ်ဝှမ်းမှ ဟာလာလ် ၀န်ဆောင်မှုလုပ်ငန်းများ၊ အသင်းအဖွဲ့များ၊ ပညာရှင်များ၊ ပရော်ဖက်ရှင်များ တက်ရောက်ရန် ရှိနေပြီး ကမ္ဘာ့ဟာလာလ်ဈေးကွက်တွင် ကြီးကြီးမားမား အထောက်အကူပြုနေသော ကမ္ဘာတစ်ဝှမ်းမှ ဟာလာလ်လုပ်ငန်းများလည်း လာရောက်ပြသမည်ဖြစ်သည်။
    ပြပွဲတွင် ဖက်ရှင်၊ လူမှုနေထိုင်မှု၊ အစားအသောက်၊ ခရီသွားလုပ်ငန်း၊ ကျန်းမာရေး၊ အခြားသော ဟာလာလ်နှင့် ပတ်သက်သည့် လုပ်ငန်းများမှာ ၎င်းတို့၏ ထုတ်ကုန်များ၊ ၀န်ဆောင်မှုများကို ပြသသွားမည်ဖြစ်ပြီး ချက်ပြုတ်မှုပြိုင်ပွဲများ၊ ယဉ်ကျေးမှု ပဒေသာကပွဲများ၊ ပျော်ရွင်ရွှင်ပွဲများလည်း ပါဝင်မည်ဖြစ်သည်။
    ထို့ပြင် ပြပွဲတွင် အကောင်းဆုံး ၀န်ဆောင်မှုပေးနိုင်သူကို ရွေးချယ်၍ ဆုချီးမြှင့်မည့်အစီအစဉ်လည်း ရှိနေသည်။
    အဆိုပါ ကုန်စည်ပြပွဲတွင် ‘၂၀၁၇ ဟာလာလ်ညီလာခံ’ (IHC2017) ကိုလည်း ‘ယဉ်ကျေးမှု၊ စီးပွားရေးနှင့် ကုန်သွယ်ရေးတွင် ဟာလာလ်လုပ်ငန်း၏ အခန်းကဏ္ဍ’ ခေါင်းစဉ်ဖြင့် ကျင်းပသွားမည်ဖြစ်သည်။ ညီလာခံ၌ ဟာလာလ်လုပ်ငန်းတွင် တွေ့ကြုံနေသည့် ပြဿနာများအတွက် အဖြေများ၊ တိုးတက်နိုင်မည့် နည်းလ်းများကို ရှာဖွေသွားမည်ဖြစ်သည်။
    Ref: .crescentrating
  • မွတ်စလင်အမျိုးသမီးငယ်နှစ်ဦး ပါဝင်သည် သြဇီအမျိုးသားနေ့ကြော်ငြာကို နိုင်ငံတစ်ဝှမ်း စိုက်ထူမည်
    မွတ်စလင်အမျိုးသမီးငယ်နှစ်ဦး ပါဝင်သည် သြဇီအမျိုးသားနေ့ကြော်ငြာကို နိုင်ငံတစ်ဝှမ်း စိုက်ထူမည်
    ဇန်န၀ါရီ ၁၉၊ ၂၀၁၇
    M-Media
    – ဟီဂျဘ် ခေါင်းဆောင်းပုဝါ ၀တ်ဆင်ထားသည့် မွတ်စလင်အမျိုးသမီးငယ်နှစ်ဦး၏ ရုပ်ပုံဖြင့် အမျိုးသားနေ့အထိမ်းအမှတ် ကြော်ငြာဘီလ်ဘုတ်များကို သြစတေးလျနိုင်ငံတစ်ဝှမ်းတွင် စိုက်ထူသွားမည်ဟု သိရသည်။
    ကနဦးတွင် အဆိုပါ ဘီလ်ဘုတ်ကို မြို့တော် မဲလ်ဘုန်း အရှေ့တောင်ပိုင်း ကရန်ဘုန်းဒေသ၌ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း စိုက်ထူခဲ့ရာ မွတ်စလင်အမျိုးသမီးငယ်နှစ်ဦး၏ပုံ ပါဝင်နေသောကြောင့် လူတစ်ချို့က ဘီလ်ဘုတ်ကုမ္ပဏီအား ခြိမ်းခြောက်ခြင်း၊ စော်ကားပြောဆိုခြင်းတို့ ပြုလုပ်ခဲ့သည်အတွက် နောက်ပိုင်းတွင် ပြန်ဖြုတ်ခဲ့ရသည်။
    သို့သော်လည်း လူမျိုးရေးခွဲခြားမှုဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူများက ဘီလ်ဘုတ် ပြန်လည် စိုက်ထူရန်အတွက် ရန်ပုံငွေရရှိရေး ဆော်သြခဲ့ကြပြီး ၂၄ နာရီအတွင်း ဒေါ်လာ ၁၂၅၀၀၀ ရရှိခဲ့သည်။
    လှုပ်ရှားမှုကိုစီစဉ်သူ ဒီ မာဒီဂန်က ရက်ပိုင်းအတွက် ကရန်ဘုန်းရှိ ယခင်နေရာတွင် ဘီလ်ဘုတ်ကို ပြန်လည်စိုက်ထူသွားမည်ဖြစ်ပြီး အခြား မြို့ကြီးများတွင်လည်း ထပ်မံထားရှိသွားမည်ဟု ပြောကြားခဲ့သည်။
    “ဒီလို ကျက်သတုန်းတွေ တစ်ချိန်ချိန်မှာ အနိုင်ရသွားမလားဆိုတာမျိုး ခံစားရတာကြောင့် ကျွန်မ စိတ်မချမ်းမသာ ဖြစ်ရပါတယ်။ ဒါမျိုးဖြစ်လာရင် ‘နိုး-သူတို့ပဲမဟုတ်ဘူး။ လူကောင်းသူကောင်းတွေလည် အများကြီးရှိသေးတာပဲ’ လို့ တွေးမှာပါ။ သူတို့က ဒီဘီလ်ဘုတ်ဖြုတ်ချဖို့ ဖိအားပေးတယ်။ ကျွန်မတို့က အခုနှစ်ဆယ် ပြန်စိုက်သွားပါမယ်”
    ထို့ပြင် အဆိုပါ အမျိုးသားနေ့အထိမ်းအမှတ် ကြော်ငြာကို သသတင်းစာများတွင်လည်း ထည့်သွင်းသွားမည် ဖြစ်ကြောင်း၊ ထိုဘီလ်ဘုတ်ကို ဖြုတ်ချမှုက ၎င်းတို့၏ မျှတမှုစိတ်ဓာတ်ကို စော်ကားသည်ဟု မြင်သောကြောင့် ပြည်သူများက မိမိတို့လှုပ်ရှားမှုတွင် အလှူငွေထည့်ခြင်းဖြစ်မည်ဟု ယူဆကြောင်း မာဒီဂန်က ထည့်သွင်းပြောဆိုခဲ့သည်။
    “သြဇီမွတ်စလင်တွေနဲ့ပတ်သက်ပြီး အကောင်းမမြင်တဲ့သူတွေနဲ့ သြစတေးလျ အမျိုးသားနေ့ကို နိုင်ငံတော်အလံကိုင်ပြီး ဆင်နွှဲနေကြတဲ့ ဒီမွတ်စလင်ကောင်မလေး နှစ်ဦးနဲ့ပတ်သက်ပြီး စောဒကတက်ကြတဲ့သူတွေဟာ အတူတူပါပဲ။ သူတို့ မနိုင်စေရဘူး”
    Ref: Mobile.abc.net