News @ M-Media

Tag: fake news

  • အဓိကရုန်းဖြစ်စေနိုင်သည့် သတင်းအလိမ် လွှတ်တော်အမတ်ဟောင်း ဦးလှဆွေမှ ထပ်ဆင့်ဖြန့်ချီ

    အဓိကရုန်းဖြစ်စေနိုင်သည့် သတင်းအလိမ် လွှတ်တော်အမတ်ဟောင်း ဦးလှဆွေမှ ထပ်ဆင့်ဖြန့်ချီ

    သြဂုတ် ၄ ၊ ၂၀၁၇
    M-Media
    သတင်း- သီဟ
    .
    အိန္ဒိယမှ ဥပဒေမဲ့ အုပ်စုဖွဲ့ အကြမ်းဖက်မှု ဖြစ်စဉ် တခုအား ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် ဟူသော စာအရေးအသားများဖြင့် ယနေ့ ညနေတွင် လှုံ့ဆော်ဖြန့်ဝေလာကြတာကို တွေ့ရှိရပါတယ်။
    .
    အဆိုပါ လှုံဆော်လုပ်ကြံသတင်းအား Aung Thein Htwe အမည့်ဖြင့် အကောင့်မှ ဖော်ပြခဲ့ပြီး အချိန် ၈ နာရီအတွင်း ထပ်ဆင့်ဖြန့်ဝေသူ ၁၂၀၀၀ ကျော်သွားပြီဖြစ်ပါတယ်။
    .
    အဆိုပါ လုပ်ကြံ သတင်းအား ယခင် အမျိုးသားလွှတ်တော်အမတ်ဟောင်း ကြံခိုင်ရေးပါတီ ဗဟိုကော်မတီဝင် ဦးလှဆွေမှလည်း ထပ်ဆင့် ဖြန့်ဝေခဲ့ပါတယ်။

    ဦးလှဆွေမှာ ၄င်း၏ ဆိုရှယ်မီဒီယာ စာမျက်နှာမှ တဆင့် လူမျိုးရေး ဘာသာရေး အမုန်းပွားစေမည့် လှုံ့ဆော်မှုများနှင့် NLD ပါတီနှင့် ဒေါ်အောင်ဆန်းစုကြည်အား အပုတ်ချပြိး စော်ကားသည့် လုပ်ဆောင်မှုများ အများအပြား ရေးသားခဲ့သော်လည်း ယခုအချိန်ထိ တရားဥပဒေအရ အရေးယူခံရခြင်းမရှိသေးပေ။

     

    ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည်ဟု လုပ်ကြံထားသည့် လင်ခ်
    https://www.facebook.com/aung.theinhtwe.18/posts/480019735695516

    အိန္ဒိယမှ ဖြစ်စဉ်အမှန် Mr.Sanjiv Bhatt ဆိုသူ တင်ထားသည့် လင့်ခ်
    https://www.facebook.com/sanjivbhattips/posts/10213896087417512

  • IS တပ်ဖွဲ့ဝင်တစ်ဦးတွေ့ရှိကြောင်း သတင်းအမှားကို သေနင်္ဂ အဖွဲ့တည်ထောင်သူ မှ ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေခဲ့

    IS တပ်ဖွဲ့ဝင်တစ်ဦးတွေ့ရှိကြောင်း သတင်းအမှားကို သေနင်္ဂ အဖွဲ့တည်ထောင်သူ မှ ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေခဲ့

    ဇူလိုင် ၁၈ ၊ ၂၀၁၇
    M-Media
    သတင်း-သီဟ

    IS တပ်ဖွဲ့ဝင်တစ်ဦးတွေ့ရှိက သတင်းပေးတိုင်ကြားရန်   သတင်းဓါတ်ပုံကို အများပြည်သူ ထင်ယောင်ထင်မှားဖြစ်စေရန် ဖော်ပြခဲ့သူများတွင် Thayninga Institute for Strategic Studies – သေနင်္ဂ အဖွဲ့တည်ထောင်သူ နှင့် Executive Director တာဝန်ယူထားသူ Myo Thant Khaing ပါဝင်တာကို တွေ့ပါတယ်။

    အဆိုပါ သတင်း ဓါတ်ပုံမှာ အရင်တုံးပုံလားဟု မှတ်ချက်ပေးမေးမြန်းသူအား Myo Thant Khaing မှ ဟုတ်မှန်ကြောင်း အတည် ပြု ပြန်လည်ဖြေကြားခဲ့တာကို တွေ့ရပါတယ်။

    Thayninga Institute for Strategic Studies – သေနင်္ဂ အဖွဲ့တည်ထောင်သူ Myo Thant Khaing

    အဆိုပါ Thayninga Institute for Strategic Studies အဖွဲ့မှာ “သေနင်္ဂ” အမည်ရသော မြန်မာဘာသာ စစ်လက်နက်နှင့် စစ်မှုရေးရာ မဂ္ဂဇင်းထုတ်ဝေနေသည့် အဖွဲ့လည်းဖြစ်ပါတယ်။

    IS တပ်ဖွဲ့ဝင်တစ်ဦးတွေ့ရှိက သတင်းပေးတိုင်ကြားရန်  သတင်းကို ထုတ်ပြန်ထားခြင်း မရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှ ယမန့်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

    ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က သတင်းအမှား ဖော်ပြနေသူများကို ဥပဒေအရ အရေးယူ သွားမည်ဖြစ်ပါကြောင်း ကြေညာထားပါတယ်။

    Myo Thant Khaing ၏ လူမှုကွန်ရက် စာမျက်နှာ
    https://www.facebook.com/myothantmna

  • မြိတ်မြို့မှ ဗလီဖျက်ခံရကြောင်း မဟုတ်မမှန် လှုံ့ဆော်နေ

    မြိတ်မြို့မှ ဗလီဖျက်ခံရကြောင်း မဟုတ်မမှန် လှုံ့ဆော်နေ

    ဒီဇင်ဘာ ၂၇  ၊ ၂၀၁၆
    M-Media
    သတင်း-သီဟ
    .myeik-masjid3

    မြိတ်မြို့မှ ကန်ခေါင်းဗလီကြီးအား ဖြို့ချ ဖျက်ဆီးလိုက်ကြောင်း Kat Tar အမည်ရှိ FB အကောင့်မှ ရေးသားလှုံ့ဆော်လျက်ရှိသည်။

    အသုံးပြုထားသော ဓါတ်ပုံမှာလည်း ပြည်ပနိုင်ငံတခုမှ ဓါတ်ပုံတခု ပြီး မွတ်စလင်မ် မုန်းတီးဆန့်ကျင်ရေး စကားလုံးများ အသုံးပြုပြီး ရေးသား လှုံ့ဆော်ထားခြင်းဖြစ်သည်။

    မြိတ်မြို့ အခြေအနေကို ဆက်သွယ်စုံစမ်းရာမှာတော့ မည့်သည့် ပြသနာမှ ဖြစ်ပွားခြင်း မရှိဘဲ အေးချမ်းလျှက်ရှိကြောင်း အတည်ပြုပေးပါသည်။

    လှုံ့ဆော်နေသူ၏ အကောင့် => https://www.facebook.com/kat.tar.7355

  • ပဋိပက္ခ ဖြစ်စေမည့် သတင်းအမှားများကို အမုန်းစကားများဖြင့် သွေးထိုး လှုံ့ဆော်မှုများ လုပ်ဆောင်နေ

    ပဋိပက္ခ ဖြစ်စေမည့် သတင်းအမှားများကို အမုန်းစကားများဖြင့် သွေးထိုး လှုံ့ဆော်မှုများ လုပ်ဆောင်နေ

    ဇွန် ၂၆ ၊ ၂၀၁၆
    M-Media
    သီဟ
    .2016_06_26_21.49.56
    လူမျိုးရေး/ဘာသာရေး ပဋိပက္ခဖြစ်စေမည့် အမုန်းစကားများဖြင့် သတင်းများဖြင့် သွေးထိုးလှုံဆော်မှုများ လူမှုကွန်ယက်စာမျက်နှာတွင် ယခုလပိုင်းအတွင်း အမြောက်အများလုပ်ဆောင်နေသည်ကို တွေ့ရှိပါတယ်။
    .
    ပဲခူးတိုင်းဒေသကြီး ကညွတ်ကွင်းမြို့နယ် ပိတ်ဖြူတောရ ဘုန်းတော်ကြီးကျောင်းက ကိုရင် ၂ ပါး ယာဉ်တိုက်မှုကြောင့် ပျံလွန်တော်မှုသွားခဲ့ပါတယ်။ ယာဉ်တိုက်မှုကျူးလွန်သူကို ကညွတ်ကွင်းနယ်မြေရဲတပ်ဖွဲ့ဝင်တွေက ကျောက်တံခါးမြို့မှာ ဖမ်းဆီးမိခဲ့ကြောင်းသိရပါတယ်။
    .
    အဆိုပါဖြစ်စဉ်ကို Soe Naing အမည်ဖြင့် ဆိုရှယ်မိဒီယာ အကောင့်တခုမှ “ဆွမ်းခံကြွလာသည့် ကိုရင်လေးများကို ရည်ရွယ်ချက် ရှိရှိ တိုက်ပြီးထွက်ပြေးသည့်မွတ်ကုလားကို ဖမ်းမိပြီ” ဟု ခေါင်းစဉ်တပ်ပြီး DVB သတင်းဌာနရဲ့ မူရင်းသတင်း ကို ခေါင်းစဉ် ပြောင်းတပ်ပြိးဖြော်ပခဲ့ပါတယ်။
    .
    အလားတူ အဆိုပါသတင်းကိုပဲ “ထေရဝါဒမြန်မာရဟန်းတော်များအသံ” အမည်ဖြင့် FB စာမျက်နှာမှ လည်းဖော်ပြခဲ့ပြီး ထပ်ဆင့် ဖြန်ချိခဲ့သူ အမြောက်အများရှိခဲ့တာကို တွေ့ရပါတယ်။
    .
    ယင်းဖြစ်စဉ် အား သတင်းအမှားဖြစ်ကြောင်း ဆိုရှယ်မီဒီယာ အသုံးပြုသူ တဦးဖြစ်သူ “Thant Zin” ဆိုသူမှ အောက်ဖော်ပြပါ အတိုင်း ဖြေရှင်းခဲ့တာကို တွေ့ရပါတယ်။
    .
    ” fb ပိုင်ရှင် So Naing ခင်ဗျာ မိတ်ဆွေ တင်သောခေါင်းစဉ် မှား နေပါတယ် ဖြူးမြို့နယ်၊ ကညွှတ်ကွင်းတွင် ယနေ့ နံနက် ကိုရင်လေးများအား တိုက်သော ယာဉ်မောင်းမှာ ခွန်ကျော်စိုးလွင်၊(42) နှစ်၊(ဘ)ဦးထွန်စိန်၊ ရှမ်းလူမျိုး၊ဗုဒ္ဓဘာသာ ကိုးကွယ်ပြီး ရေယားကျေးရွာ၊ ကလောမြို့နယ်၊ရှမ်းပြည်နယ်တွင်နေထိုင်သူ တစ်ဦးဖြစ်ပါတယ် မမှန်သတင်းများအားပြည်သူများကို မတင်ပြစေလိုသော ရည်ရွယ်ချက်ဖြင့် တင်ပြလိုက်ပါတယ်”
    .
    အဆိုပါ လူမျိုးရေး/ဘာသာရေး ပဋိပက္ခဖြစ်စေမည့် အမုန်းစကားများဖြင့် သတင်းများဖြင့် သွေးထိုးလှုံဆော် နေ့သည့် အကောင့်များမှာ နိုင်ငံတော်၏ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချူပ် အား အမုန်းစကားများဖြင့် တိုက်ခိုက်နေသည့် အကောင့်များဖြစ်သလို မွတ်စလင်မ် ဆန့်ကျင်ရေး မုန်းတီးရေးလုပ်ဆောင်နေသည့် အကောင့်များဖြစ်ပြီး သက်ဆိုင်ရာ အာဏာပိုင်များအနေဖြင့် ထိရောက်စွာ အရေးယူဆောင်ရွက်မှု လိုအပ်နေပါတယ်။
    .
    So Naing ဆိုသူ၏ အကောင့် စာမျက်နှာ => https://www.facebook.com/profile.php?id=100009361582669
     
    ထေရဝါဒမြန်မာရဟန်းတော်များအသံ FB စာမျက်နှာ=> https://www.facebook.com/Truthite
  • ၂၆ ရက်နေ့ က Facebook စာမျက်နှာတွင် ပါရှိသည့် ကောလဟာလ သတင်း ဟုတ်မှန်မှု မရှိကြောင်း မိတ္ထီလာမြို့နယ်၌ သတင်းစာရှင်းလင်း

    ၂၆ ရက်နေ့ က Facebook စာမျက်နှာတွင် ပါရှိသည့် ကောလဟာလ သတင်း ဟုတ်မှန်မှု မရှိကြောင်း မိတ္ထီလာမြို့နယ်၌ သတင်းစာရှင်းလင်း

    13125016_879198132208054_6460317455748478371_n
    မိတ္ထီလာ ၊ဧပြီ ၂၈
    .
    မိတ္ထီလာမြို့နယ်တွင် ၂၆ ရက်နေ့ က Facebook စာမျက်နှာတွင် ပါရှိ သည့် ကောလဟာလသတင်း ဟုတ်မှန် မှု မရှိကြောင်း သတင်းစာ ရှင်းလင်းပွဲကို ဧပြီလ ၂၈ ရက်နေ့ နံနက် ၁၁ နာရီက အထွေထွေ အုပ်ချုပ်ရေးမှူး အစည်းအဝေးခန်း၌ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက် အကူပြုအဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် သတင်း မီဒီယာသမားများအား တွေ့ဆုံရှင်းလင်းခဲ့သည်။
    .
    ထို့သို့တွေ့ဆုံရှင်းလင်းရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်နိုင်က Facebook စာမျက်နှာတွင် ၂၇ ရက်နေ့နှင့် ၂၈ ရက်နေ့များတွင် ပြဿ နာဖြစ်ပွားမည်ဟု ကောလဟာလထွက်ပေါ်နေသည့်ကိစ္စနှင့်ပတ်သက်၍ သက်ဆိုင်သည့်အဖွဲ့အစည်းအများကို ချပြခဲ့ခြင်းဖြစ်ကြောင်း ယခုအကြိမ် သည် ဒုတိယအကြိမ်ဖြစ်ကြောင်းနှင့် ပထမအကြိမ်က မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် ပူးပေါင်း၍ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ မြို့ပေါ်ရပ်ကွက်အတွင်းရှိ ဘာသာရေး ဗလီလူကြီးများနှင့်တွေ့ဆုံ၍ Facebook စာမျက်နှာတွင်ပါရှိ သည့် အချက်များအား ဘယ်လိုမှတ်ချက်ပြုမလဲ၊ ဘယ်လို ဆောင်ရွက်မလဲ ဆိုသည့် အစီအစဉ်ရှိ/မရှိမေးမြန်းရာ ၎င်းတို့မှ ဘယ်လိုအစီအစဉ်မှ မရှိကြောင်းနှင့် မည်သို့မျှ ဆောင်ရွက်ခြင်း မရှိကြောင်း ပြန်လည်ပြောကြား ခဲ့ကြောင်း၊ တကယ်လို့ဆောင်ရွက်လာခဲ့လို့ရှိရင်လဲ အချိန်မီ တားဆီးဆောင် ရွက်သွားမည်ဖြစ်ကြောင်း မိမိတို့ရှေ့မှောက် မှာ ပြောကြားခဲ့သည်။
    .
    ဒီကောလဟာလအား သက်ဆိုင်ရာ အဖွဲ့အစည်းများက စောင့်ကြည့်နေ ခဲ့ကြောင်းနှင့် အထက်အဖွဲ့အစည်းမှ အဆင့်ဆင့်မှ ညွှန်ကြား လာရာတွင် လည်း သတင်းမီဒီယာသမားများနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများကို ချပြပေးရန် ညွှန်ကြားလာသည့် အတွက် ဒုတိယအကြိမ် ရှင်းလင်းခြင်းဖြစ်ကြောင်း၊ ဒီကိစ္စနှင့်ပတ်သက်၍ မိတ္ထီလာမြို့အေးချမ်း သာယာရေး၊ ရပ်ရွာ အေးချမ်းသာရေးနှင့် တရားဥပဒေစိုးမိုးရေး ကိစ္စများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ သက်ဆိုင်ရာ အုပ်ချုပ်ရေးနှင့် ရပ်မိရပ်ဖ အဖွဲ့များ ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်းကို မိသားစုအေးချမ်း သာယာရေး ပုံမှန်မပျက်လည်ပတ်နိုင်ရေး မိဘပြည်သူများကလည်း ပူးပေါင်းပါဝင်ကြစေရန်တို့ကို ရှင်းလင်းပြောကြားခဲ့သည်။
    .
    ထို့နောက် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမောင်ရွှေမှ ရှင်းလင်းရာတွင် ယခုပေါ်ထွက် လာသည့် ကောလဟာလ သတင်းသည် ၂၀၁၃ ခုနှစ် ဖြစ်စဉ် ကို အခြေခံပြီး ပေါ်ပေါက်လာခြင်းဖြစ်ကြောင်းနှင့် လက်ရှိ တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားအောင် ဆောင်ရွက်ခြင်းသာဟု ထင်မြင်ယူဆကြောင်း၊ ဒါကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အဆိုပါသတင်း အား အတည်ပြုပြီး အဖွဲ့(၆)ဖွဲ့ခွဲ၍ ချက်ခြင်းစုံစမ်းစစ်ဆေးရာ မြေပြင် အခြေအနေမှာပါ၊ ရဲတပ်ဖွဲ့တွေရဲ့ ပုံမှန် လှည့်ကင်းတွေမှာ မဟုတ်မှန်သည့် သတင်းရရှိကြောင်း၊ ဒီမဟုတ်မမှန်သတင်းများကို သတင်းမီဒီယာသမား၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက မဟုတ်မှန်ကြောင်း တန်ပြန်ပြောကြားပေးပါရန် ရှင်းလင်း ပြောခဲ့ရာ သိလိုသည်များကို သတင်းမီဒီယာသမားများကမေးမြန်းရာ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ် ရဲတပ်ဖွဲ့မှူး တို့မှ ပြန်လည်ဖြေကြားခဲ့ကြောင်း သတင်းရရှိသည်။
    .
    သိန်းမြင့်ကျော်(မိတ္ထီလာ)
    MOI Webportal Myanmar မှ ကူးယူဖော်ပြပါသည်။