News @ M-Media
Tag: russia
  • ပြည်တွင်းဖြစ် ခရီးသည်တင်လေယာဉ်ကို ရုရှား ထုတ်ဖော်ပြသ
    ပြည်တွင်းဖြစ် ခရီးသည်တင်လေယာဉ်ကို ရုရှား ထုတ်ဖော်ပြသ
    ဇွန် ၁၀၊ ၂၀၁၆
    M-Media
    russia plane
    – ရုရှားနိုင်ငံဟာ ပြည်တွင်းထုတ် အလတ်တန်းစား ခရီးသည်တင်လေယာဉ်သစ်ကို ယမန်နေ့က ထုတ်ဖော်ပြသလိုက်ပြီး အဲဒီလေယာဉ်ဟာ အနောက်နိုင်ငံက ထုတ်တဲ့လေယာဉ်တွေ ထက်ပိုသာကာ ရုရှားနဲ့ နိုင်ငံရပ်ခြား လေကြောင်းလိုင်းတွေက အလုအယက် ၀ယ်ယူကြလိမ့်မယ်လို့ ပြောကြားလိုက်ပါတယ်။
    MC-21 လို့ အမည်ပေးထားတဲ့ အဲဒီလေယာဉ် မိတ်ဆက်အခမ်းအနားကို လေယာဉ်ထုတ်လုပ်ရာ ဆိုက်ဘေးရီးယားက စက်ရုံမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ရုရှားဝန်ကြီးချုပ် ဒီမီထရီ မဒ်ဗီဒက်ဗ် တက်ရောက်ခဲ့ပါတယ်။ ရုရှားအစိုးရနဲ့ ပုဂ္ဂလိကကုမ္ပဏီတို့ ပူးပေါင်းထုတ်လုပ်တဲ့ အဲဒီလေယာဉ်ကို လက်ရှိအချိန်မှာ စမ်းသပ်ဆဲဖြစ်ပေမယ့် လာမယ့်နှစ်မှာ အမြောက်အများထုတ်လုပ်ဖို့ ရှိနေပါတယ်။
    ယူကရိန်းပဋိပက္ခတွေနဲ့ပက်သက်ပြီး ရုရှားအပေါ် အနောက်နိုင်ငံတွေက အရေးယူပိတ်ဆို့မှုတွေ လုပ်ထားတဲ့အတွက်ကြောင့် ရုရှားအစိုးရဟာ ပြည်ပဈေးကွက်ကို မှီခိုနေရခြင်းကနေ လျှော့ချဖို့အတွက် ပြည်တွင်းစက်မှုလုပ်ငန်းကို ခေါင်းထောင်လာအောင် ကြိုးစားနေပါတယ်။
    MC 21 လေယာဉ်ကို ၂ စားထုတ်လုပ်မှာဖြစ်ပြီး ထိုင်ခုံ ၁၆၀ ကနေ ၂၁၁ ခုံ ပါဝင်တဲ့ အမျိုအစားတစ်ခုနဲ့ ၁၃၀ ကနေ ၁၆၅ ခုံပါဝင်တဲ့ အမျိုးအစားတစ်ခုတို့ ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်မှာ နိုင်ငံရပ်ခြားကို ရောင်းချဖို့ မျှော်လင့်ထားပြီး လက်ရှိအချိန်မှာ ပြည်တွင်းနဲ့ နိုင်ငံရပ်ခြား လေကြောင်းလိုင်းတွေနဲ့ သဘောတူစာချုပ်တွေ ချုပ်ဆိုထားပြီးဖြစ်တယ်လို့ နိုင်ငံပိုင် မီဒီယာက ဖော်ပြခဲ့ပါတယ်။
    Ref: ArabNews
  • ရုရှားတွင် အစ္စလာမ့်ရေးရာ ဆွေးနွေးပွဲတစ်ခု ကျင်းပမည်
    ရုရှားတွင် အစ္စလာမ့်ရေးရာ ဆွေးနွေးပွဲတစ်ခု ကျင်းပမည်
    မေ ၂၅၊ ၂၀၁၆
    M-Media
    kazan
    – ရုရှားနှင့် ကမ္ဘာတစ်ဝှမ်းလုံးမှ အစ္စလာမ့်ရေးရာ အကြောင်းအရာများကို ဆွေးနွေးသွားမည့် အခမ်းအနားတစ်ခုကို ရုရှားနိုင်ငံ တာတာစတန် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့တော် ကာဇန်၌ ယနေ့တွင် စတင်ပြုလုပ်သွားမည်ဟု သိရသည်။
    Russia and the Islamic World ဟု အမည်ပေးထားသည့် အဆိုပါ ဆွေးနွေးပွဲမှာ ၄ ရက်တာ ကြာမြင့်မည်ဖြစ်ပြီး ရှရှားနှင့် အစ္စလာမ်ကမ္ဘာ၏ ကောင်းမွန်သော ဆက်ဆံရေး ပိုမိုတိုးမြှင့်ရန် ဆွေးနွေးသွားမည်ဖြစ်သည်။
    ထို့ပြင် ဘာသာဝင်များအားလုံးအကြား လုံခြုံငြိမ်းချမ်းရေး၊ ဆွေးနွေးဖလှယ်ရေး၊ အတူယှဉ်တွဲနေထိုင်ရေးနှင့် မိမိတို့၏ ရိုးရာ နာမ်ပိုင်းဆိုင်ရာ တန်ဖိုးများ ဖြန့်ဖြူးရေး စသည့် ကိစ္စရပ်များအား တိုးမြှင့်ဆောင်ရွက်ရေးအတွက် ဆွေးနွေးမှုများလည်း ပါဝင်မည်ဖြစ်သည်။
    အစ္စလာမ့်ကမ္ဘာပြင်ပရှိ မွတ်စလင်များဆိုင်ရာ ပညာရေးနှင့် ယဉ်ကျေးမှုရေးရာ ကောင်စီ (ISESCO) ၏ အဖွဲ့ဝင်ဖြစ်ပြီး မော်စကို အစ္စလာမ့်ယဉ်ကျေးမှုဆိုင်ရာအသင်းမှ ဒါရိုက်တာဖြစ်သူ ဒေါက်တာ စအစ် ဟီဘာသွလ္လာဟ် ကာမီလက်ဗ်လည်း ထိုဆွေးနွေးပွဲသို့ တက်ရောက်မည်ဖြစ်ပြီး ISESCO ၏ အထွေထွေ ဒါရိုက်တာဖြစ်သူ ဒေါက်တာ အဘ်ဒူလ် အဇစ် အွတ်စမန် အလ်သွာဂျီရီကိုယ်စား အဖွင့်မိန့်ခွန်း ပြောကြားမည်ဖြစ်သည်။
    Ref: IINA
  • ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုအတွက် ရုရှားနှင့် အင်ဒိုတို့ လက်မှတ်ထိုး
    ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုအတွက် ရုရှားနှင့် အင်ဒိုတို့ လက်မှတ်ထိုး
    မေ ၂၁၊ ၂၀၁၆
    M-Media
    indonesia
    – ကာကွယ်ရေးအခန်းကဏ္ဍတွေမှာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး အားကောင်းလာစေမယ့် သဘောတူညီချက်တစ်ခုကို ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုတို့က ဗုဒ္ဓဟူးနေ့မှာ လက်မှတ်ရေးထိုးခဲ့တယ်လို့ သိရပါတယ်။
    ပင်လယ်နက်ဒေသ အပန်းဖြေမြို့ဖြစ်တဲ့ ဆိုချီက အစည်းအဝေးပွဲတစ်ခုမှာ လက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်ပါတယ်။
    “ကာကွယ်ရေးဝန်ကြီးဌာနတွေနဲ့ လုံခြုံရေးအဖွဲ့တွေကြားမှာ ဆက်သွယ်ဆောင်ရွက်မှု ပိုကျယ်ပြန့်လာစေဖို့ ကျွန်တော်တို့ သဘောတူခဲ့ကြပါတယ်” လို့ ပူတင်က ၀ီဒိုဒိုနဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ ၀ီဒိုဒိုကတော့ ရုရှားနဲ့ အင်ဒိုနီးရှားတို့ဟာ ထောက်လှမ်းရေးဆိုင်ရာ လျှို့ဝှက်သတင်းအချက်အလက်တွေ အပြန်အလှန် ဖလှယ်သွားဖို့လည်း သဘောတူထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။
    ရုရှားဟာ အင်ဒိုအတွက် အမြှောက်ဆံတွေအပါအ၀င် စစ်လက်နက်ပစ္စည်းတွေ ထုတ်လုပ်ပေးဖို့ ရှိနေပြီး အင်ဒိုကတော့ ရုရှားရဲ့ တိုက်လေယာဉ်တွေနဲ့ ရေငုပ်သင်္ဘောတွေကို စိတ်ဝင်စားနေတယ်လို့ ရုရှားရဲ့ စစ်လက်နက်တင်ပို့ရေး အေဂျင်စီမှ အလက်ဇန်းဒါး ဖိုမင်က ပြောကြားခဲ့ပါတယ်။
    လာမယ့်အင်္ဂါနေ့မှာ လက်နက်တစ်ချို့ဝယ်ယူရေး၊ လက်နက်ခဲယမ်းတွေကို လိုင်စင်နဲ့ ထုတ်လုပ်နိုင်ရေး စတာတွေအတွက် အင်ဒိုဟာ ရုရှားနဲ့ စာချုပ်ချုပ်ဆိုဖို့ ရှိနေတယ်လို့လည်း ပူတင်ရဲ့အကြံပေး ယူရီ အူရှာကော့ဗ်က ပြောကြားခဲ့ပါတယ်။
    Ref: IINA
  • စွမ်းအားပြင်း နျူဒုံးကျည်စမ်းသပ်ရန် ရုရှားပြင်ဆင်
    စွမ်းအားပြင်း နျူဒုံးကျည်စမ်းသပ်ရန် ရုရှားပြင်ဆင်
    မေ ၁၂၊ ၂၀၁၆
    M-Media
    russia nuke
    ရုရှား၏ ဒုံးကျည်ပစ်လွှတ်မှုတစ်ခု
    – တိုင်းပြည်တစ်ခုလုံးကို စက္ကန့်ပိုင်းအတွင်း ဖျက်စီးပစ်နိုင်စွမ်းရှိပြီး အလွန်အင်အားပြင်းထန်တဲ့ နျူးကလီယားထိပ်ဖူးတပ် ဒုံးကျည်တစ်ခုကို စမ်းသပ်ပစ်လွှတ်ဖို့ ရုရှားက ပြင်ဆင်နေတယ်လို့ သိရပါတယ်။
    RS-28 Sarmat ဒုံးကျည်ဖြစ်ပြီး Satan 2 လို့ မှည့်ခေါ်ထားတဲ့ အဲဒီဒုံးကျည်ကို ဆိုဗီယက်ခေတ်က R-36M ဒုံးကျည်တွေနေရာမှာ အစားထိုးသွားမှာ ဖြစ်ပါတယ်။ အဲဒီ R-36M ဒုံးကျည်တွေကိုတော့ နေတိုးအဖွဲ့က Satan လို့ အမည်ပြောင်ပေးထားပါတယ်။
    အဲဒီဒုံးကျည်ဟာ တိုက်ကြီးတွေကို ကျော်ပြီး ပစ်လွှတ်နိုင်တဲ့ ဒုံးကျည် ICBM ဖြစ်ပြီး အနည်းဆုံး တန်ချိန် ၁၀၀ လောက် အလေးချိန်ရှိကာ ထုတ်လုပ်ဖူးခဲ့သမျှ ဒုံးကျည်ထဲမှာ နျူထိပ်ဖူးသယ်ဆောင်နိုင်တဲ့ အကြီးဆုံးဒုံးကျည်တစ်ခုအဖြစ် မှတ်ယူကြပါတယ်။
    နျူထိပ်ဖူး တစ်ဒါဇင်လောက်ကို သယ်ဆောင်နိုင်မှာဖြစ်ပြီး အကွာအဝေး ကီလိုမီတာ တစ်သောင်းလောက် ရောက်ရှိနိုင်ကာ တက္ကဆက်ပြည်နယ် ဒါမှမဟုတ် ပြစ်တစ်တစ်နိုင်ငံစာလောက်ကို ပျောက်သွားစေနိုင်တဲ့ အစွမ်းရှိပါတယ်။
    ရုရှားကတော့ ဒီဒုံးကျည် ကို နိုင်ငံရဲ့ အကြီးဆုံး ဒုံးကျည်စမ်းသပ်စခန်းနဲ့ အာကာသလွှတ်တင်ရေးစခန်းဖြစ်တဲ့ Plesetsk Cosmodrome မှာ လာမယ့်နွေရာသီအတွင်း စမ်းသပ်ပစ်လွှတ်သွားဖို့ ရှိနေပါတယ်။ ၂၀၀၉ ခုနှစ်လောက်ကတည်းက စတင် ဖန်တီးလာခဲ့တဲ့အဲဒီ ဒုံးကျည်ဟာ ၂၀၂၀ ပြည့်နှစ်မှာ တပ်တော်ဝင်မှာဖြစ်ပါတယ်။
    Ref; Presstv
  • ဂျော်ဂျီယာနှင့် နေတိုးအဖွဲ့၏ စစ်ရေးလေ့ကျင့်မှုမှာ ရန်စခြင်းဟု ရုရှားပြော
    ဂျော်ဂျီယာနှင့် နေတိုးအဖွဲ့၏ စစ်ရေးလေ့ကျင့်မှုမှာ ရန်စခြင်းဟု ရုရှားပြော
    မေ ၈၊ ၂၀၁၆
    M-Media
    nato
    – ဂျော်ဂျီယာနိုင်ငံမှာ မကြာမီပြုလုပ်မယ့် နေတိုးအဖွဲ့ရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ရုရှားက ဝေဖန်လိုက်ပြီး ကော့ကေးဆပ်ဒေသတွင်း မတည်မငြိမ်ဖြစ်အောင် ရည်ရွယ်ချက်ရှိရှိ ရန်စနေတာဖြစ်တယ်လို့ စွပ်စွဲပြောဆိုလိုက်ပါတယ်။
    “ဂျော်ဂျီယာပိုင်နက်မှာ နေတိုးအဖွဲ့ရဲ့ စစ်ရေးလေ့ကျင့်ဖို့ ကြိုးစားမှုဟာ တကော့ကေးဆပ်တောင်ပိုင်းက စစ်ရေးနဲ့နိုင်ငံရေးအခြေအနေတွေကို တည်ငြိမ်မှုပြိုကွဲအောင် ရည်ရွယ်ချက်ရှိရှိနဲ့ ရန်စလိုက်တဲ့ ခြေလှမ်းတစ်ခုအဖြစ် ကျွန်တော်တို့က မှတ်ယူပါတယ်” လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး က သောကြာနေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ပြောကြားခဲ့ပါတယ်။
    မေလ ၁၁ ရက်နေ့မှာ စတင်ပြုလုပ်မှာဖြစ်ပြီး နှစ်ပတ်တာ ကြာမြင့်မယ့် အဲဒီစစ်ရေးလေ့ကျင့်မှုဟာ နေတိုးရဲ့ NRF တပ်ဖွဲ့နဲ့ ဂျော်ဂျီယာစစ်တပ် ပူးပေါင်းဆောင်ရွက်ရေး၊ ဂျော်ဂျီယာနိုင်ငံအနေနဲ့ မိမိကိုယ်ကို ကာကွယ်နိုင်ရေး စတာတွေအပါအ၀င် ရည်ရွယ်ချက်ပေါင်းများစွာ ပါဝင်တယ်လို့ ဆိုပါတယ်။
    Ref: Presstv