News @ M-Media

Blog

  • ဘယ်လ်ဂျီယံ တစ်နှစ်တာ အကောင်းဆုံး အားကစားသမားဆု ချယ်ဆီး ဂိုးသမား ကော်တီယော့စ် ဆွတ်ခူး

    ဘယ်လ်ဂျီယံ တစ်နှစ်တာ အကောင်းဆုံး အားကစားသမားဆု ချယ်ဆီး ဂိုးသမား ကော်တီယော့စ် ဆွတ်ခူး

    ဒီဇင်ဘာ ၁၇၊ ၂၀၁၄
    M-Media

    23BC942500000578-0-image-a-68_1418596212449
    – ဘယ်လ်ဂျီယံ၏ တစ်နှစ်တာ အကောင်းဆုံး အားကစားသမားဆုအား ချယ်ဆီးအသင်း၏ ဂိုးသမား သီဘောက်ကော်တီယော့စ်က ဆွတ်ခူးရရှိခဲ့သည်ဟု သိရသည်။

    အဆိုပါဆုကို ယမန်နေ့က ချီးမြှင့်ခဲ့ခြင်းဖြစ်ပြီး ကော်တီယော့စ်မှာ အသင်းဖော် အေဒင် ဟဇာ့ဒ်အား ကျော်ဖြတ်ကာ ရရှိခဲ့ခြင်းလည်းဖြစ်သည်။

    အသက် ၂၂ နှစ်အရွယ်ရှိ ကော်တီယော့စ်မှာ ယမန်နှစ်က လာလီဂါချန်ပီယံဖြစ်ခဲ့သည့် အက်သလက်တီကိုမက်ဒရစ်တွင် အကောင်းဆုံး လက်စွမ်းပြနိုင်ခဲ့သူဖြစ်ပြီး ၂၀၀၂ ခုနှစ် နောက်ပိုင်း ကမ္ဘာ့ဖလားသို့ ပထမဆုံးအကြိမ် ၀င်ရောက်ယှဉ်ပြိုင်နိုင်ကာ အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့သည့် ဘယ်ဂျီယံလက်ရွေးစင်အသင်း၏ အဓိက ကစားသမားလည်း ဖြစ်ခဲ့သည်။

    ထို့ပြင် ပရီးမီးယားလိဂ်ဇယားကို ဦးဆောင်ထားသည့် ချယ်ဆီးအသင်း တွင်လည်း ကော်တီယော့စ်မှာ ၅ ပွဲတိတိ ဂိုးမပေးရအောင် စွမ်းဆောင်ပေးထားနိုင်သည်။

    ဟဇာ့ဒ်မှာ ဘယ်လ်ဂျီယံတစ်နှစ်တာအကောင်းဆုံး အားကစားသမားစာရင်းတွင် နံပါတ် ၅ နေရာချိတ်ခဲ့ပြီး၊ အခြားချယ်ဆီးကစားသမားတစ်ဦးဖြစ်သူ ကီဗင် ဒီ ဘရူနီမှာ အဆင့် ၈ နေရာတွင် ချိတ်ခဲ့သည်။

    ဘယ်လ်ဂျီယံ တစ်နှစ်တာအကောင်းဆုံး အမျိုးသမီး အားကစားသမားဆုကိုမူ ပန်တာသလွန် ကစားသမား (အပြေး၊ မြင်းစီး၊ ရေကူး၊ သေနတ်ပစ်နှင့် ဓားရေး ငါးမျိုးစလုံးကို ယှဉ်ပြိုင်ရသော အားကစား) နာဖီဆာတူ သီယမ်က ဆွတ်ခူးရရှိခဲ့သည်။

  • အကြမ်းဖက်မှုဖြစ်စဉ်တွင် မိမိကိုယ်ကို ခုခံကာကွယ်ခဲ့သည့် ကမန် တိုင်းရင်းသားများအား နှစ်ရှည်ထောင်ဒဏ်များ ချမှတ်

    အကြမ်းဖက်မှုဖြစ်စဉ်တွင် မိမိကိုယ်ကို ခုခံကာကွယ်ခဲ့သည့် ကမန် တိုင်းရင်းသားများအား နှစ်ရှည်ထောင်ဒဏ်များ ချမှတ်

    ဒီဇင်ဘာ၊ ၁၇ ၊ ၂၀၁၄
    M-Media
    ဇာဏီ

    10846198_1566820993530003_3802625789795472792_n
    – နှစ်ရှည်ထောင်ဒဏ်ကျခံရသည့် ကမန်တိုင်းရင်းသားများ ဓါတ်ပုံ- FB

    ၂၀၁၃-ခု စက်တင်ဘာ ၂၉-ရက်နေ့ သံတွဲဒေသတွင် အကြမ်းဖက်မှုများဖြစ်ပွားခဲ့စဉ်က မိမိကိုယ်ကို ပြန်လည်ခုခံခဲ့သည့် သပြုချိုင်ရွာ၊ လင်းသီရွာတို့တွင် နေထိုင်သည့် ကမန်တိုင်းရင်းသားများအား သံတွဲခရိုင် တရားရုံးမှ  နှစ်ရှည်ထောင်ဒဏ်များ အသီးသီးချမှတ်ခဲ့ကြောင်း သိရသည်။

    ယင်းအမှုအား တရားရုံးတွင် စီရင်ချက်ချမှုနှင့် ပတ်သက်ပြီး ရွာသားတစ်ဦးက “စီရင်ချက်ချမှာ နံနက် ၉ နာရီခွဲလို့ပြောတယ်။ အဲနေ့ကိုပဲ မ.ဘ.သ က လူတွေရောက်လာပြီး ရုံးကလူတွေနဲ့ အစည်းအဝေး ထိုင်တယ်လို့ ကြားတယ်။ ၉ နာရီခွဲ စီရင်ချက် ချမယ်ပြောထားပြီး ၁၂ နာရီခွဲမှ ရုံးချိန်းကိုစတယ်။ မ.ဘ.သ ရဲ့ဖိအားပေးမှုတွေ ဒီအမှုထဲမှာ ပါမယ်လို့ ထင်ပါတယ်” ဟု M-Media သို့ရှင်းလင်းပြောကြားခဲ့ပါသည်။

    သံတွဲခရိုင် တရားရုံးမှ ထောင်ဒဏ် ချမှတ်ခံလိုက်သည့် ကမန် တိုင်းရင်းသားများမှာ
    ကိုခင်မောင်လွင်၊ ကိုတင်လှိုင်စိုး၊ ကိုလှမြင့်(ခ) ကိုတာ တို့အား အနှစ် (၃၀)၊
    ဇော်မင်းထွန်း(ခ) နိုင်စင် အား (၁၀)နှစ်၊
    ရဲထွဋ်အောင်(ခ) ဆရာလေး၊ ဦးအောင်သိန်း၊ ဦးတင်ရွှေ၊ ကျော်သူလင်း(ခ) မောင်လင်း တို့အား (၇)နှစ်၊
    တင်နောင်ထွန်း (၃) နှစ် နှင့်
    မနီ (၁) နှစ် တို့အား ထောင်ဒဏ်များ အသီးသီးချမှတ်ခဲ့ပါသည်။

    “ကျွန်တော်တို့ရွာထဲမှာ ပြသာနာတွေဖြစ်တယ်။ ရွာကလူတွေ အကြမ်းဖက်ခံရတာ ရွာသားတွေက ခုခံတိုက်ခိုက်တာပါ။ သက်သက်မဲ့သွားပြီး ရန်ရှာတာလည်း မဟုတ်ဘူး။ အဲဒါကို အခုတော့ မတရားတဲ့ ပြစ်မှုနဲ့ ပြစ်ဒဏ်က လုံးဝကိုမမျှတပါဘူး” ဟု ရွာသားတစ်ဦးက M-Media ကိုပြောကြားခဲ့ပါသည်။

    သံတွဲမြို့၌ စတင်ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများတွင် ဦးဆောင်ပါဝင်ခဲ့သူများထဲ တစ်ဦးဖြစ်သူဟု ယူဆရသူ သံတွဲ RNDP ဥက္ကဌ ဦးမောင်ပုအား တရားစွဲထားရာမှ ပုဒ်မ ၅၀၅(ဂ)မှာ သမ္မတ လွတ်ငြိမ်းချမ်းသာခွင့်နှင့် လွတ်မြောက်ခဲ့ပြီး ပုဒ်မ ၃၃၂/၂၀၁၃၊ ပုဒ်မ ၁၈၆ တို့၏ အမှုများကို သံတွဲတရားရုံးမှ မှားယွင်းမှုအဖြစ် ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၁၁-ရက်နေ့တွင် အပြီးတိုင် ပိတ်သိမ်း ပေးခဲ့သည်။

    ရှေ့နေနှင့်တိုင်ပင်ပြီး ယင်းပြစ်ဒဏ်ကျခံထားရသည့် သူများကို အယူခံဝင်သွားမည်ဖြစ်ကြောင်းလည်း သိရှိရပါသည်။

    ၂၀၁၃-ခု စက်တင်ဘာ ၂၉-ရက်နေ့  သံတွဲမြို့တွင် တကျော့ပြန်ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုကြောင့် သံတွဲမြို့ပေါ် ရပ်ကွက်တချို့နှင့် ၀န်းကျင် ကမန်ရွာများမှ အိမ်ခြေ ၁၇၀-နီးပါး မီးရှို့ ဖျက်ဆီးခံရပြီး ကမန် လူဦးရေ ၈၀၀-နီးပါး အိုးအိမ်မဲ့ဖြစ်ခဲ့ရပါသည်။

    အဆိုပါ ဒေသမှ အကြမ်းဖက် သမားများမှ မွတ်စလင်နေအိမ်များကို မီးရှို့ရန် ချီတက်လှုံဆော်သည့် ရုပ်သံဗီဒီယိုများ ဆိုရှယ်မီဒီယာများတွင် ပြန့်နှံ့ခဲ့ပါသည်။

    ဗီဒီယို မှတ်တမ်းလင့် =>https://www.youtube.com/watch?v=qxtIhR6LLBE

     

    31545_598712750171199_327644139_n

    6
    Thandwe-Damage-Sep-29-Oct-2-2012-1024x485
    ဓါတ်ပုံအညွန်း-
    – နှစ်ရှည်ထောင်ဒဏ်ကျခံရသည့် ကမန်တိုင်းရင်းသားများ
    – အကြမ်းဖက်မှုကြောင့် အိုးအိမ်မဲ့သွားရသည့် ကမန် မိသားစုဝင်များ၊
    – အကြမ်းဖက်မီးရှို့မှုကြောင့် ပြာကျပျက်ဆီးသွားသည့် ကမန်နေအိမ်များ၊
    -ရခိုင်ပြည်နယ်၊ သံတွဲ အကြမ်းဖက်မှုတွင် မီးရှို့ဖျက်ဆီးခံရသည့် အစ္စလာမ် ဘာသာဝင်တို့၏ ဗလီ/အိမ်/စာသင်ကျောင်း နှင့် အိုးအိမ်မဲ့ လူဦးရေ စာရင်း (၂၀၁၃-ခု၊ စက်တင်ဘာ ၂၉ – အောက်တိုဘာ ၂-ရက်နေ့ထိ)

  • နယ်သာလန်၏ တစ်နှစ်တာ အကောင်းဆုံး အားကစားဆုများတွင် မန်ယူမှ ဗန်ပါစီနှင့် ဗန်ဂါးလ်တို့ပါဝင်

    နယ်သာလန်၏ တစ်နှစ်တာ အကောင်းဆုံး အားကစားဆုများတွင် မန်ယူမှ ဗန်ပါစီနှင့် ဗန်ဂါးလ်တို့ပါဝင်

    ဒီဇင်ဘာ ၁၇၊ ၂၀၁၄
    M-Media
    1EBE634800000578-2876754-image-a-13_1418770750650
    – နယ်သာလန်၏ တစ်နှစ်တာအကောင်းဆုံး အားကစားသမားဆုများကို ယမန်နေ့က ပေးအပ်ချီးမြှင့်ခဲ့ရာ မန်ယူအသင်းတိုက်စစ်မှူး ဗန်ပါစီနှင့် နည်းပြ ဗန်ဂါးလ်တို့က အကောင်းဆုံးဆုများကို ဆွတ်ခူးရရှိခဲ့သည်ဟု သိရသည်။

    နယ်သာလန်အသင်းအား ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်အထိ ရောက်ရှိစေပြီး၊ ဘရာဇီးကို ၃ ဂိုးပြတ်ဖြင့် အနိုင်ရရှိကာ တတိယဆု ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည့် နည်းပြဗန်ဂါးလ်မှာ တစ်နှစ်တာအကောင်းဆုံး နည်းပြဆုကို ရရှိခဲ့ခြင်းဖြစ်သည်။

    ဗန်ပါစီမှာ စပိန်အသင်းအား ၅ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ကမ္ဘာ့ဖလား အုပ်စုအဖွင့်ပွဲစဉ်တွင် သွင်းယူခဲ့သည့် ခေါင်းတိုက်ဂိုးအတွက် အကောင်းဆုံးဆုကိုရရှိခဲ့ပြီး ဗန်ပါစီ၏ ထိုဂိုးမှာ ဖီဖာမှ ရွေးချယ်မည့် တစ်နှစ်တာအကောင်းဆုံးဂိုး ဇကာတင်စာရင်းတွင်လည်း ပါဝင်နေသည်။

    ဘိုင်ယန်ကွင်းလယ်လူ ရော်ဘင်ကမူ တစ်နှစ်တာအကောင်းဆုံး အမျိုးသားအားကစားသမားဆုကို ရရှိခဲ့သည်။ အကောင်းဆုံး လူငယ်ကစားသမားဆုကို ဖော်မြူလာဝမ်း ကားမောင်းအသင်း Toro Rosso မှ အသက် ၁၇ နှစ်အရွယ် ကားမောင်းသမား မက်စ် ဗာစတက်ပန်က ရရှိခဲ့သည်။

    စကိတ်စီးကစားသမား အိုင်းရင်း ၀က်စ်ကမူ တစ်နှစ်တာအကောင်းဆုံး အမျိုးသမီးအားကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့သည်။

    ထိုကဲ့သို့ အကောင်းဆုံးဆုများ ချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့က နယ်သာလန်မြို့တော် အမ်စတာဒမ်တွင် ပြုလုပ်ခဲ့ပြီး ရော်ဘင်မှလွဲ၍ အကောင်းဆုံးရရှိသူများအားလုံး တက်ရောက်ခဲ့ကြသည်။

  • မွတ်စလင်လူငယ်များ အကြမ်းဖက်အဖွဲ့များနှင့် မပတ်သက်စေရေး  ပညာပေး ဝဘ်ဆိုဒ် လန်ဒန်မှ ဗလီရှေ့ဆောင်များ ပြုလုပ်

    မွတ်စလင်လူငယ်များ အကြမ်းဖက်အဖွဲ့များနှင့် မပတ်သက်စေရေး ပညာပေး ဝဘ်ဆိုဒ် လန်ဒန်မှ ဗလီရှေ့ဆောင်များ ပြုလုပ်

    ဒီဇင်ဘာ ၁၇ ၊ ၂၀၁၄
    M-Media

    Imams_Online_-_2014-12-17_22.35.42
    – ဆီးရီးယားနှင့် အီရတ်ရှိ နယ်မြေများကို သိမ်းပိုက်ထားသည့် IS အဖွဲ့သို့ လူငယ်များ သွားရောက်ပူးပေါင်းခြင်းကို တားမြစ်ရန်အတွက် ရည်ရွယ်သော ၀ဘ်ဆိုက်တစ်ခုကို ဗြိတိန်ရှိ ရှေ့ဆောင်အီမာမ်များက ဖန်တီးပြုလုပ်လိုက်သည်ဟု သိရသည်။

    အဆိုပါ ၀ဘ်ဆိုက်ကို Imams Online ဟု အမည်ပေးထားပြီး လန်ဒန်၊ လက်စတာ၊ လိဒ်၊ လန်ကက်စ်ရှိုင်းယား၊ ၀က်စ်မစ်ဒ်လန်းနှင့် ဘက်ကင်ဟမ်ရှိုင်းယားတို့ရှိ ဗလီဝတ်ကျောင်းတော်များမှ ရှေ့ဆောင်အီမာမ်များ စုပေါင်းကာ လွှင့်တင်ထားခြင်းဖြစ်ပြီး IS အဖွဲ့၏ အွန်လိုင်းမှ သွေးဆောင်မှုများကို တွန်းလှန်မည့် လှုပ်ရှားမှုများလည် ပါဝင်မည်ဖြစ်သည်။

    `ဆိုးရွားတဲ့ အကြမ်းဖက်မှုနှင့် သတ်ဖြတ်မှုတို့ရဲ့ ပုံရိပ်တွေဟာ အမုန်းမျိုးစေ့ကို စိုက်ပျိုးနေခြင်းပါ။ ဒီလို ထိခိုက်စေတဲ့ အကြောင်းအရာတစ်ခုတိုင်း၊ တစ်ခုတိုင်းဟာ ကျွန်တော်တို့အားလုံးကို နာကျင်စေမယ့် အလားအလာတွေ ရှိနေပါတယ်´ ဟု Imams Online ၀ဘ်ဆိုက်၏ အယ်ဒီတာဖြစ်သူ ရှောင်ကသ် ၀ါရာအစ်ခ်ျက ဒီဇင်ဘာ ၁၅ ရက်နေ့တွင် The Sunday Times သတင်းစာသို့ ပြောကြားခဲ့သည်။

    အရှေ့အလယ်ပိုင်းရှိ စစ်သွေးကြွအဖွဲ့များသို့ မွတ်စလင်လူငယ်များ သွားရောက်ပူးပေါင်းကြသည်ဆိုသော သတင်းများ ထွက်ပေါ်လာခြင်းက အဆိုပါ Imams Online ၀ဘ်ဆိုက် ဖြစ်ပေါ်လာရခြင်း၏ အကြောင်းအရင်းဖြစ်သည်။

    အဆိုပါဝဘ်ဆိုက်တွင် အကြမ်းဖက်မှုများကို ရှုတ်ချသည့် အစ္စလာမ်သာသနာ၏ သင်ကြားမှုများ၊ လူငယ်များအတွက် လမ်းညွှန်ချက်များ၊ ဘာသာပေါင်းစုံချစ်ကြည်ရေး စသည့် ကဏ္ဍမျိုးစုံပါဝင်ပြီး အစ္စလာမ့်ဓမ္မပညာရှင်ပေါင်း ၁၄ ဦး၏ အစ္စလာမ့်ရေးရာ ဟောပြောပို့ချချက်များ၊ အသိပညာပေးဆောင်းပါးများနှင့် သတင်းများကိုလည်း ဖော်ပြထားသည်။

    ထို့ပြင် ပညာရေးနှင့်ပတ်သက်သည့် ကဏ္ဍနှင့် လူမှုရေးနှင့် ပတ်သက်သည့် ကဏ္ဍတို့ကိုလည်း ထည့်သွင်းထားသည်။ ထိုဝဘ်ဆိုက်မှတစ်ဆင့် အစွန်းရောက် ၀ဘ်ဆိုက်များကိုလည်း သတင်းပေးပို့နိုင်မည် ဖြစ်သည်။

    အစွန်းရောက်ဝါဒအား ဆန့်ကျင်သည့် ထိုကဲ့သို့ လှုပ်ရှားမှုမျိုးမှာ ယူကေတွင် ပထမဆုံးအကြိမ် ဆောင်ရွက်ခြင်း မဟုတ်ဘဲ ပြီးခဲ့သည့် ဇွန်လကလည်း စစ်ပွဲဖြစ်ပွားနေသည့် ဒေသများသို့ မသွားရန် ဗြိတိန်မွတ်စလင်များအား တိုက်တွန်းသည့် ကြေညာချက်တစ်စောင်ကို နောက်ခံပေါင်းစုံမှ အစ္စလာမ်ဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ် ၁၀၀ ကျော်က လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သည်။

    ဗြိတိန်တွင် အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်သူဦးရေ ခန့်မှန်းခြေ ၂.၇သန်းခန့် ရှိသည်။

    ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းကမူ အကြမ်းဖက်မှုတုံ့ပြန်ရေး ဥပဒေကို ထုတ်ပြန်ခဲ့ပြီး ဗြိတိန်မှလူငယ်များ စစ်သွေးကြွအဖွဲ့များသို့ သွားရောက်ခြင်းကို တားမြစ်ရန် ကြိုးစားခဲ့သည်။

    ထိုဥပဒေအရ နိုင်ငံရပ်ခြား စစ်သွေးကြွအဖွဲ့များနှင့် သွားရောက်ပူးပေါင်းသူများမှာ ဗြိတိန်သို့ ပြန်လာပါက ဖမ်းဆီးခြင်းကို ခံရမည်ဖြစ်သည်။ သို့သော်လည်း အချို့သော ဥရောပနိုင်ငံများတွင်ုထိုကဲ့သို့ ဖမ်းဆီးခြင်းမရှိဘဲ ပညာပေးမှုများကိုသာပြုလုပ်ပြီး အဆိုပါ နည်းလမ်းက ပိုမိုအောင်မြင်နေသည်။

    ဆီးရီးယားမှပြန်လာသော မွတ်စလင်လူငယ်အချို့ကလည်း မိမိတို့မှာ အာဏာရှင် အာဆတ်ကို ဖြုတ်ချရန် ဆီးရီးယားပြည်သူများ၏ ကြိုးစားမှုအား သွားရောက်ပံ့ပိုးပေးခြင်းဖြစ်ပြီး အကြမ်းဖက်လုပ်ရပ်များလုပ်ရန် ဆန္ဒဖြင့် သွားရောက်ခြင်းမဟုတ်ကြောင်း၊ ဗြိတိန်၏ ဥပဒေမှာ လူငယ်များအား အစွန်းတစ်ဘက်သို့ တွန်းပို့ခြင်းသာဖြစ်ကြောင်း ဖွင့်ဟပြောဆိုခဲ့သည်။

    Imams Online  ဝဘ်ဆိုဒ်လိပ်စာ => http://imamsonline.com/

    ref: OnIslam

  • ပီအက်စ်ဂျီ တိုက်စစ်မှူး အီဗရာဟီမိုဗစ် အားကစား အ၀တ်အထည် ထုတ်မည်

    ပီအက်စ်ဂျီ တိုက်စစ်မှူး အီဗရာဟီမိုဗစ် အားကစား အ၀တ်အထည် ထုတ်မည်

    ဒီဇင်ဘာ ၁၇၊ ၂၀၁၄
    M-Media

    Ibrahimovic
    – ပီအက်စ်ဂျီတိုက်စစ်မှူး အီဗရာဟီမိုဗစ်က ဘောလုံးကစားသမားဘ၀နောက်ပိုင်း ဘ၀အထိုင်ချရန်အတွက် ၎င်း၏ ကိုယ်ပိုင်တံဆိပ်နှင့် အားကစားအ၀တ်အစားများ ထုတ်လုပ်ရောင်းချမည်ဟု သိရသည်။

    အီဗရာဟီမိုဗစ်မှာ ဆွီဒင်အ၀တ်အစားကုမ္ပဏီဖြစ်သော Dressmann နှင့် အကျိုးတူပူးပေါင်းကာ ထုတ်လုပ်သွားမည်ဖြစ်ပြီး ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ် ချုပ်ဆိုခဲ့ကာVarner Ibrahimovic AS အမည်ဖြင့် ကုမ္ပဏီကိုလည်း ထူထောင်ခဲ့သည်။

    `ကမ္ဘာ့အကြီးအကျယ်ဆုံး အားကစားသမားတွေထဲက တစ်ယောက်နဲ့ အဆက်အသွယ်တစ်ခု ဖန်တီးနိုင်ခဲ့တဲ့အတွက် တကယ့်ကို ဂုဏ်ယူမိပါတယ်။ ဘောလုံးလောကမှာ သူရဲ့ စွမ်းဆောင်ရည်က စကားပြောသွားတာပါ။ သူရဲ့ နှစ်မြှုပ်မှုနဲ့ အရည်အသွေးတွေအတွက် ကျွန်တော်တို့ အရမ်းကို လေးစားပါတယ်´ ဟု Dressmann မှ မန်းနေးဂျင်းဒါရိုက်တာ ပီတာ ဗာနာက ပြောကြားခဲ့သည်။

    အီဗရာဟမိုဗစ်ကလည်း Dressmann နှင့် ကုမ္ပဏီတစ်ခု စတင်ရသည့်အတွက် ပျော်ရွှင်မိကြောင်း၊ ထိုကုမ္ပဏီ၏ အယူအဆနှင့် အောင်မြင်ရန် စိတ်ဆန္ဒက မိမိနှင့် လိုက်ဖက်ကြောင်း၊ ပြည်သူများကြိုက်နှစ်သက်သည့် တံဆိပ် တစ်ခုဖြစ်ခြင်းက Dressman ကို မိတ်ဖက် အဖြစ်ရွေးချယ်ရန် မိမိအတွက် လွယ်ကူစေခဲ့ကြာင်း ပြောကြားခဲ့သည်။

    Dressmann မှာ စကင်ဒီနေးဗီးယားနိုင်ငံများတွင် လူကြိုက်များသည့် တံဆိပ် တစ်ခုဖြစ်ပြီး နော်ဝေ၊ ဆွီဒင်၊ ဖင်လန်၊ အိုက်စလန်နှင့် ဂျာမနီနိုင်ငံများတွင် ဆိုင်ခွဲပေါင်း ၃၈၀ ကျော် ရှိသည်။