News @ M-Media

Blog

  • မက်ဆီအား မန်စီးတီး ခေါ်ယူမည့်သတင်း ကောလဟာလဟု မန်စီးတီးနည်းပြ ပယ်လီဂရီနီပြော

    မက်ဆီအား မန်စီးတီး ခေါ်ယူမည့်သတင်း ကောလဟာလဟု မန်စီးတီးနည်းပြ ပယ်လီဂရီနီပြော

    နိုဝင်ဘာ ၊ ၂၆ ၊ ၂၀၁၄
    M-Media
    633611_heroa
    – ပြီးခဲ့သည့် တစ်ပတ်ကပင် လာလီဂါသမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းယူထားသူ ဖြစ်လာခဲ့သည့် ဘာစီလိုနာတိုက်စစ်မှူး မက်ဆီအား ခေါ်ယူမည်ဆိုသည့် သတင်းများကို မန်စီးတီးနည်းပြ ပယ်လီဂရီနီက ငြင်းဆိုလိုက်သည်။

    မက်ဆီမှာ ယခုနှစ်ရာသီကုန်တွင် ဘာကာမှ ထွက်ခွာနိုင်သည်ဟု ပြီးခဲ့သည့်တစ်ပတ်က အရိပ်အမြွက် ပြောကြားထားပြီး ဥရောကလပ်အသင်းများကလည်း ပြောင်းရွှေ့ကြေး အမြောက်အများသုံး၍ ခေါ်ယူသွားရန် ဆက်သွယ်နေကြသည်။

    မန်စီးတီးအသင်းမှာ ပြီးခဲ့သည်တစ်ပတ် တနင်္ဂနွေနေ့က အင်္ဂလန်တွင် ကစားခဲ့သည့် အာဂျင်တီးနားနှင့် ပေါ်တူဂီတို့၏ ခြေစမ်းပွဲမတိုင်မီ ၎င်းတို့၏ ပေါင်သန်းချီတန် အကယ်ဒမီသို့ မက်ဆီအား ဖိတ်ခေါ်ခဲ့ပြီးနောက် မက်ဆီအား ခေါ်ယူရန် ကြိုစားမှုတွင် ပါဝင်လာသည်ဟု သတင်းများ ထွက်ပေါ်လာခဲ့သည်။

    `ကောလဟာလဆိုတာ ကောလဟာလပါပဲ။ သူဟာ ထူးခြားတဲ့အရာတွေကို လုပ်ပြခဲ့ပြီး သူ့လိုအဆင့်မျိုးကို ရောက်နိုင်တဲ့ကစားသမား အနည်းငယ်လောက်ပဲ ရှိပါတယ်။ သူရခဲ့တဲ့ မှတ်တမ်းက သူဟာ ဘာစီလိုနာမှာ ဘယ်လောက် အရေးပါသလဲဆိုတာ ပြနေတာပါပဲ´ ဟု ပယ်လီဂရီနီက သတင်းထောက်များအား ပြောကြားခဲ့သည်။

    ပြီးခဲ့သည့်နှစ်မှစတင်ကာ ခြေစွမ်းကျဆင်းခြင်း၊ ပြဿနာအချို့နှင့် ရင်ဆိုင်နေရခြင်း၊ ဘာစီလိုနာမှာလည်း အရှုပ်အထွေးများရှိနေခြင်း စသည်တို့ကြောင့် မက်ဆီ၏အနာဂတ်မှာ မသေချာတော့ဘဲ ရီးယဲလ်အပါအ၀င် အသင်းကြီးများကလည်း ခေါ်ယူရန် ကြိုးစားနေကြသည်။

  • လူမည်းလူငယ်အား ပစ်သတ်သည့် ရဲကို တရားမစွဲဟု တရားရုံး၏ ဆုံးဖြတ်ချက် အမေရိကန် တစ်ဝှမ်း ဆန္ဒပြ

    လူမည်းလူငယ်အား ပစ်သတ်သည့် ရဲကို တရားမစွဲဟု တရားရုံး၏ ဆုံးဖြတ်ချက် အမေရိကန် တစ်ဝှမ်း ဆန္ဒပြ

    နိုဝင်ဘာ ၊ ၂၆ ၊ ၂၀၁၄
    M-Media
    WireAP_3fae549b3b434fe6af259a3242988b77_16x9_992
    – အမေရိကန်ပြည်ထောင်စု မစ်ဇူရီပြည်နယ်တွင် ပြီးခဲ့သည့်သြဂုတ်လက လူမည်းလူငယ် မိုက်ကယ်ဘရောင်းအား သေနတ်ဖြင့် ပစ်ခတ်ခဲ့သော ရဲအရာအရှိကို တရားစွဲဆိုခြင်းမပြုလုပ်ရန် တရားရုံးက ဆုံးဖြတ်ခဲ့ပြီးနောက် အမေရိကန်နိုင်ငံတစ်ဝှမ်း ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်ဟု သိရသည်။

    စိန့်လူးဝစ်ခရိုင် ဖာဂူဆန်တွင် ဖြစ်ပွားခဲ့သည့် အဆိုပါ အဖြစ်အပျက်တွင် ရဲတပ်ဖွဲ့က အဆိုပါလူငယ်အား သေနတ်ဖြင့် ၆ ချက် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး တရားရုံးကမူ ရဲအရာရှိမှာ မိမိကိုယ်ကို ကာကွယ်သည့်အနေဖြင့် ပစ်ခဲ့ခြင်းဖြစ်သည်ဟု တနင်္လာနေ့က ဆုံးဖြတ်ခဲ့သည်။

    မိုက်ကယ်ဘရောင်း၏ မိသားစုကလည်း မိမိတို့အနေဖြင့် ထိုဆုံးဖြတ်ချက်အတွက် စိတ်ပျက်ခဲ့ရသည်ဟု ပြောကြားခဲ့သည်။ ထိုသို့ ဆုံးဖြတ်ခဲ့ပြီးနောက် စိန့်လူးဝစ်ခရိုင်တွင် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီး ဈေးဆိုင်များ၊ အစိုးရအဆောက်အအုံများ၊ ရဲကားများအား ဖျက်ဆီး မီးရှို့သည်အထိ ပြင်းထန်ခဲ့သည်။ ထို့ပြင် ဆန္ဒပြသူများမှာ မစ်ဇူရီရှိ ပြည်နယ်ချင်းဆက် အဝေးပြေးလမ်းမနှင့် မစ္စစီပီမြစ်ကူးတံတားများကိုလည်း ပိတ်ဆို့ခဲ့ကြသည်။

    အမေရိကန်လုံခြုံရေးတပ်ဖွဲ့ဝင်များကလည်း ဆန္ဒပြသူများအား မျက်ရည်ယိုဗုံးများ၊ မီးခိုးဗုံးများ အသုံးပြုကာ လူစုခွဲခဲ့ကြပြီး ဖမ်းဆီးမှုများလည်း ရှိခဲ့သည်။

    အမေရိကန်ရှိ အခြားသော မြို့ကြီးများတွင်လည်း တရားရုံး၏ ထိုဆုံးဖြတ်ချက်ကို မကျေနပ်သည့်အတွက် ပြည်သူအများအပြား ချီတက်ဆန္ဒပြခဲ့ကြသည်။ သမ္မတအိုဘားမားကမူ အမေရိကန်ပြည်သူများအနေဖြင့် ငြိမ်းချမ်းစွာရှိကြရန် တိုက်တွန်းခဲ့သည်။

    Al Jazeera and agencies
  • ဂါဇာ၏ အခြေအနေက မိမိကို တုန်လှုပ်စေခဲ့ကြောင်း ဗြိတိန်ကက်သလစ် ဂိုဏ်းချုပ် ဘုန်းတော်ကြီးပြော

    ဂါဇာ၏ အခြေအနေက မိမိကို တုန်လှုပ်စေခဲ့ကြောင်း ဗြိတိန်ကက်သလစ် ဂိုဏ်းချုပ် ဘုန်းတော်ကြီးပြော

    နိုဝင်ဘာ ၊ ၂၆ ၊ ၂၀၁၄
    M-Media
    24-11-14_Gaza-Rubbles-Shock-Archbishop-of-Westminster
    – အုတ်ပုံများ အပျက်အဆီးများကြားတွင် ပိတ်မိနေသာ ဂါဇာပြည်သူများ၏ အခြေအနေကို မြင်ရသည်မှာ အလွန်ပင်တုန်လှုပ်ခဲ့ရသည်ဟု ဂါဇာသို့ လာရောက်လည်ပတ်ခဲ့သည့် ၀က်မင်စတာ ရိုမန်ကက်သလစ်ဘုန်းတော်ကြီး ဗင်းဆင့် နီကိုးလ်စ်က ပြောကြားလိုက်သည်။

    ဘုန်းတော်ကြီးနီကိုးလ်စ်မှာ ဂါဇာဒေသရှိ ခရစ်ယာန်ကက်သလစ်အသိုင်းအ၀ိုင်းအား ကြည့်ရှုရန်အတွက် ဘုရားဖူး ၁၀၀ နှင့်အတူ ရောက်ရှိလာခြင်းဖြစ်ပြီး ၂ လနီးပါးကြာ အစ္စရေး၏ ကျူးကျော်တိုက်ခိုက်မှုကြောင့် ပျက်ဆီးခဲ့ရသည့် ဂါဇာရှိ ဆေးရုံတစ်ခုနှင့် စီးပွားရေး ဇုန်တစ်ခုကိုလည်း သွားရောက်ကြည့်ရှုခဲ့သည်။

    `စစ်ပွဲနဲ့ ဆင်းရဲမွဲတေမှုတွေရဲ့ ရိုက်ခတ်မှုတွေက ကျွန်တော့်ကို အရမ်း တုန်လှုပ်စေခဲ့ပါတယ်။ ပုပ်ရဟန်းမင်းကြီးကတော့ စစ်ပွဲရဲ့အဆုံးသတ်ဆိုတာ ရှိကိုရှိရမယ်လို့ ပြောခဲ့ပါတယ်။ ဂါဇာလိုနေရာမျိုးမှာ ဒီလိုသက်ရောက်မှုကိုမြင်ရတဲ့အခါ ဒီအယူအဆကို ခိုင်မာစေပါတယ်´ ဟု အင်္ဂလန်နှင့် ဝေးလ်နိုင်ငံ ခရစ်ယာန်ရိုမန်ကက်သလစ် အသင်းအတော် အကြီးအကဲ ဘုန်းတော်ကြီးနီကိုးလ်စ်က ပြောကြားခဲ့သည်။

    အစ္စရေး၏ ကျူးကျော်တိုက်ခိုက်မှု ပြီးဆုံးခဲ့သည်မှာ တစ်လကျော်ကြာပြီဖြစ်သော်လည်း အပျက်အဆီးများကို ဖယ်ရှားမှုနှင့် အဆောက်အဦးများကို ပြန်လည်ဆောက်လုပ်မှုမှာ အနည်းငယ်သာ ရှိနေသေးသည်။

    ထို့ပြင် စိတ်ဒဏ်ရာရနေသော ကလေးများနှင့် မိဘမဲ့ကလေးများကို စောင့်ရှောက်မှုများပေးနေသော မိဘမဲ့ဂေဟာတစ်ခုကိုလည်း ဘုန်းတော်ကြီးက သွားရောက်ကြည့်ရှု အားပေးခဲ့သည်။

    `ဘာမှလုပ်စရာမရှိတဲ့ပုံစံနဲ့ လူတွေဟာ လမ်းမတွေပေါ်မှာ ထိုင်နေတာကိုတွေ့ရတာ အံ့အားသင့်စရာပါပဲ။ ဒီလူဦးရေကို ထောက်ပံ့ဖို့ စီးပွားရေးဆိုတာလည်း ဒီမှာ မရှိပါဘူး´ ဟု ဘုန်းတော်ကြီးက ထပ်လောင်းပြောကြားခဲ့သည်။

    ဟားမက်စ်အဖွဲ့က ဒုံးကျည်ဖြင့် ပစ်ခတ်မှုကို တုံ့ပြန်သည်ဟု အကြောင်းပြကာ နှစ်လနီးပါး ကြာမြင့်သည့် ဂါဇာကမ်းမြှောင်အား အစ္စရေး၏ ကျူးကျော်တိုက်ခိုက်မှုအတွင်း လူပေါင်း ၂၁၀၀ ကျော် သေဆုံးခဲ့သည်။ ကုလသမဂ္ဂကမူ သေဆုံးသူများထဲတွင် ၈၀ ရာခိုင်နှုန်းခန့်မှာ အရပ်သားများဖြစ်ကြပြီး ကလေးငယ်များနှင့် အမျိုးသမီးများ အများစုဖြစ်သည်ဟု ပြောကြားခဲ့သည်။ ထို့ပြင် သေဆုံးသွားသော ကလေးငယ်များ၏ ၇၀ ရာခိုင်နှုန်းမှာ အသက် ၁၂ အောက် ကလေးများ ဖြစ်ကြသည်ဟုလည်း ဆိုသည်။

    ဘုန်းတော်ကြီး နီကိုးလ်စ်ကလည်း အပြစ်မဲ့ ဂါဇာပြည်သူများမှာ ပဋိပက္ခအယူအဆများအတွင်း ကြားညပ်နေခြင်းမှာ လက်ခံနိုင်ဖွယ်မရှိသည့် အခြေအနေဖြစ်ကြောင်း၊ ပိုမိုကြောက်ရွံ့စရာကောင်းသည်က အရှေ့အလယ်ပိုင်းဒေသအတွင်း အစွန်းရောက်များ၏ အုပ်ချုပ်မှုများ ဖြစ်လာခြင်းဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    `နိုင်ငံရေးခေါင်းဆောင်တွေဟာ လုံခြုံရေးဆိုင်ရာ ဒါမှမဟုတ် စစ်ရေးတုံ့ပြန်မှုမျိုးနဲ့ ကျေနပ်မနေရပါဘူး။ နိုင်ငံရေးအဖြေတစ်ခု လိုအပ်ပါတယ်´ ဟု ၎င်းက ဆိုသည်။

    အစ္စရေး၏ ကျူးကျော်တိုက်ခိုက်မှုအတွင်း လူနေအိမ်များ၊ ဆေးရုံများ၊ ကျောင်းများ၊ ဗလီဝတ်ကျောင်းတော်များ၊ မသန်စွမ်းကုသရေးစင်တာများ၊ ဒုက္ခသည်များ ခိုလှုံနေသည့် ဘောလုံးကွင်းများ ကုလစာသင်ကျောင်းများ စသည်တို့ကို ပစ်မှတ်ထားခဲ့သောကြောင့် ဂါဇာရှိ လူနေတိုင်ခန်းပေါင်း ၅၅၁၀ မှာ လုံးဝပျက်ဆီးခဲ့ပြီး ၃၁၀၀၀ မှာလည်း ထိခိုက်မှုများ ရှိခဲ့သည်။

    ထို့ပြင် အခြားသော အများပြည်သူနှင့်သက်ဆိုင်သည့် အဆောက်အဦးများမှာလည်း ထိခိုက်ပျက်ဆီးခဲ့ရသည်။

     

    OnIslam & Newspapers

  • အီရန်နျူအရေး ဆွေးနွေးပွဲ ၂၀၁၅ ဇူလိုင်လ အထိ အချိန်ထပ်တိုး

    အီရန်နျူအရေး ဆွေးနွေးပွဲ ၂၀၁၅ ဇူလိုင်လ အထိ အချိန်ထပ်တိုး

    နိုဝင်ဘာ ၊ ၂၆ ၊ ၂၀၁၄
    M-Media
    clone iran-nuclear-talks-likely-adjourned
    – အီရန်၏ နျူအရေးနှင့်ပတ်သက်၍ နောက်ဆုံးအဆင့် ဆွေးနွေးပွဲတွင့် ပြည့်ဝသည့် သဘောတူညီချက် မရရှိသောကြောင့် ဆက်လက်ဆွေးနွေးရန် ဆုံးဖြတ်ခဲ့ကြပြီး နောက်ဆုံးရက်ကို ၂၀၁၅ ခုနှစ် ဇူလိုင်လအထိ သတ်မှတ်ခဲ့သည်ဟု သိရသည်။

    ဗီယင်နာတွင် ၆ ရက်တာ ပြုလုပ်ခဲ့သည့် အီရန်နှင့် အင်အားကြီး ၆ နိုင်ငံတို့၏ ညှိနှိုင်းဆွေးနွေးမှုမှာ အောက်တိုဘာ ၂၄ ရက်နေ့က ပြီးဆုံးခဲ့ပြီး ပါဝင်သူများအားလုံးက အချိန်ထပ်တိုးရန် သဘောတူညီခဲ့ကြခြင်း ဖြစ်သည်။ အီရန်သမ္မတ ရူဟာနီကမူ ယခုအကျော့တွင် မအောင်မြင်ခဲ့သော်လည်း သဘောတူညီချက်ရအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

    `ဒီဆွေးနွေးမှုလမ်းကြောင်းဟာ နောက်ဆုံး သဘောတူညီချက်ကို ရမှာပါ။ ကွဟာမှုအများစုကိုတော့ ဖယ်ရှားခဲ့ပြီးပါပြီ´ ဟု ရူဟာနီက ရုပ်သံမိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။

    အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီကလည်း ဆွေးနွေးမှုများအတွင်း သိသာသည့် တိုးတက်မှုများ ရရှိခဲ့ကြောင်း ပြောကြားခဲ့ပြီး အမေရိကန် လွှတ်တော်အမတ်များအနေဖြင့် အီရန်အပေါ် ပိတ်ဆို့မှုများ မပြုလုပ်ရန် တိုက်တွန်းခဲ့သည်။

    နောက်ထပ်ဆွေးနွေးမှုများကို မတ်လ ၁ ရက်နေ့တွင် ပြုလုပ်သွားမည်ဖြစ်ပြီး အဆုံးသတ်ဆွေးနွေးမှုကိုမူ နောက်ထပ်လေးလအကြာ ဇူလိုင်လတွင် ပြုလုပ်သွားမည်ဖြစ်သည်။

  • အမေရိကန် ကာကွယ်ရေးဝန်ကြီးအား သမ္မတ အိုဘားမား နှုတ်ထွက်ခွင့်ပြု

    အမေရိကန် ကာကွယ်ရေးဝန်ကြီးအား သမ္မတ အိုဘားမား နှုတ်ထွက်ခွင့်ပြု

    နိုဝင်ဘာ ၊ ၂၆ ၊ ၂၀၁၄
    M-Media

    us-defence-secretary-stepping-down
    – ပြီးခဲ့သည့်လကတည်းက ရာထူးမှနှုတ်ထွက်ခွင့် တောင်းခံထားသည့် ကာကွယ်ရေးဝန်ကြီး ချက်ဟေဂယ်၏ နှုတ်ထွက်စာကို အမေရိကန်သမ္မတ ဘာရက်အိုဘားမားက လက်ခံခဲ့သည်ဟု သိရသည်။

    နှုတ်ထွက်ခွင့်ပြုကြောင်း ကြေညာခြင်းကို ယမန်နေ့က အိမ်ဖြူတော်တွင် ပြုလုပ်ခဲ့ပြီး အိုဘားမား၊ ဒုတိယသမ္မတ ဂျိုးဘိုင်ဒန်နှင့် ချက်ဟေဂယ်တို့ တက်ရောက်ခဲ့ကြသည်။ အိုဘားမားက ဟေဂယ်မှာ စံနမူနာယူစရာ ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်ဟု ပြောကြားခဲ့သည်။

    `ကာကွယ်ရေးဝန်ကြီးရာထူးကို ထမ်းဆောင်ဖို့ ကျွန်တော် ချက်ကို ပြောခဲ့စဉ်က ကျွန်တော်တို့ဟာ အကူးအပြောင်းကာလတစ်ခုကို ၀င်ရောက်နေတဲ့အချိန်ပါ´ ဟု အိုဘားမားက ပြောကြားခဲ့သည်။

    အမေရိကန်မီဒီယာများကမူ ISIL နှင့် ပတ်သက်သည့် ပင်တဂွန်၏ ဗျူဟာကြောင့် ဟေဂယ်အား နှုတ်ထွက်ရန် အိုဘားမားက ဖိအားပေးခဲ့သည်ဟု ဖော်ပြခဲ့ကြသ