News @ M-Media

Blog

  • ရိုဟင်ဂျာများကို နိုင်ငံသား အခွင့်အရေးပေးရန် ဆုံးဖြတ်ချက် ကုလ လူအခွင့်အရေးကော်မရှင်တွင်  အတည်ပြု

    ရိုဟင်ဂျာများကို နိုင်ငံသား အခွင့်အရေးပေးရန် ဆုံးဖြတ်ချက် ကုလ လူအခွင့်အရေးကော်မရှင်တွင် အတည်ပြု

    နိုဝင်ဘာ ၂၂ ၊ ၂၀၁၄
    M-Media
    more-than-115000-people
    – အငြင်းပွားဖွယ် လူမျိုးသတ်မှတ်မှုနှင့် ပတ်သက်၍ မြန်မာအစိုးရအား ဖိအားပေးသည့်အနေဖြင့် ရိုဟင်ဂျာလူနည်းစုများအား နိုင်ငံသားဖြစ်ခွင့်ပေးရန် တိုက်တွန်းထားသည့် ဆုံးဖြတ်ချက်တစ်ခုကို ကုလသမဂ္ဂက နိုဝင်ဘာ ၂၂ ရက် သောကြာနေ့တွင် အတည်ပြုခဲ့သည်ဟုသိရသည်။

    အဆိုပါ ဆုံးဖြတ်ချက်ကို ကုသမဂ္ဂအထွေထွေညီလာခံ၏ လူ့အခွင့်အရေးကော်မတီတွင် တညီတညွတ်တည်း အတည်ပြုခဲ့ခြင်းဖြစ်ပြီး ၂၀၁၂ ခုနှစ် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ဗုဒ္ဓဘာသာဝင်များနှင့် မွတ်စလင်များအကြား တိုက်ခိုက်မှုများပြီးနောက် ဆိုးရွားညစ်ညမ်းသော ဒုက္ခသည်စခန်းများတွင် နေထိုင်နေရသည့် ရိုဟင်ဂျာမွတ်စလင် ၁၄၀၀၀၀ ကျော်၏ ဒုက္ခသုက္ခများအပေါ် အလွန်အမင်း စိုးရိမ်မိကြောင်း ဖော်ပြထားသည်။

    မြန်မာအစိုးရက ကျောထောက်နောက်ခံပြုထားသည့် အငြင်းပွားဖွယ် အစီအစဉ်အောက်တွင် ရိုဟင်ဂျာများ နိုင်ငံသားအဖြစ် လျှောက်ထားရန် ၎င်းတို့၏ လူမျိုးအမည်အား အထင်အမြင်သေးသော စကားလုံးဖြစ်သည့် အင်္ဂါလီအဖြစ် ပြောကြားရန် ဖိအားပေးခံနေရသည်။ ထိုကဲ့သို့ပြောကြားရန် ငြင်းဆန်သူများကို မြန်မာအစိုးရက ဒုက္ခသည်စခန်းများတွင် အတင်းအဓမ္မ နေထိုင်စေမည်ဖြစ်သည်။
    ရိုဟင်ဂျာများမှာ ဘိုးဘေးဘီဘင်များ လက်ထက်ကပင် မြန်မာနိုင်ငံ၌ အစဉ်အဆက် နေထိုင်ခဲ့ကြသော်လည်း မြန်မာအစိုးရနှင့် ဗုဒ္ဓဘာသာဝင်အများစုမှာ ရိုဟင်ဂျာများကို အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်မှ တရားမ၀င် ၀င်ရောက်လာကြသူများအဖြစ် ရှုမြင်ကြသည်။

    အဆိုပါ ဆုံးဖြတ်ချက်တွင် ရခိုင်ပြည်နယ်အတွင်း နေထိုင်သူများအားလုံး၏ အခွင့်အရေးများကို ကာကွယ်ရန် အစိုးအား တိုက်တွန်းတားပြီး ရိုဟင်ဂျာလူနည်းစုများအတွက် ပြည့်ဝသောနိုင်ငံသားအဖြစ် တန်းတူညီမျှ သတ်မှတ်ရန်၊ မိမိတို့၏ လူမျိုးအား မိမိတို့ကိုယ်တိုင် အမည်သတ်မှတ်ခွင့်ကို ခွင့်ပြုရန်၊ အခြေခံဝန်ဆောင်မှုများအားလုံး တူညီမျှစွာ ပေးအပ်ရန်တို့အတွက်လည်း တိုက်တွန်းထားသည်။

    ဥရောပသမဂ္ဂက တင်သွင်းခဲ့သည့် အဆိုပါဆုံးဖြတ်ချက်ကို  အထွေထွေညီလာခံကြီးသို့ ဆက်လက်ပို့ဆောင်သွားမည်ဖြစ်ကာ ယခုကဲ့သို့ သဘောတူညီမှု ခံယူမည်ဖြစ်သည်။

    ရိုဟင်ဂျာများအား ဆက်ဆံမှုများနှင့် ပတ်သက်၍ အဆိုပါ အစီရင်ခံစာတွင် ဝေဖန်ခဲ့သော်လည်း ပြုပြင်ပြောင်းလဲမှု လုပ်ဆောင်ရာတွင် မြန်မာနိုင်ငံရှိ အပြုသဘောဆောင်သည့် ဖွံ့ဖြိုးတိုးတက်မှုများကို ကြိုဆိုခဲ့ပြီး ရခိုင်ပြည်နယ်ရှိ ရှုပ်ထွေးသော အခြေအနေများကို ဖြေရှင်းရန် အစိုးရက ကြိုးစားနေသည်ဟုလည်း ဖော်ပြခဲ့သည်။ ထို့ပြင် ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးရုံး၏ ရုံးခွဲတစ်ခုကို မြန်မာနိုင်ငံတွင် ချက်ချင်းဖွင့်လှစ်ရန်အတွက်လည်း ထိုအစီရင်ခံစာတွင် တိုက်တွန်းခဲ့သည်။

    ref_ – AFP/nd

  • အဝေးကွင်း ပထမဆုံးနိုင်ပွဲရတဲ့ မန်ယူ၊ ဘန်လေတို့ ဒုတိယမြောက် ၃ မှတ်ရခဲ့တဲ့ EPL ပွဲစဉ် ၁၂

    အဝေးကွင်း ပထမဆုံးနိုင်ပွဲရတဲ့ မန်ယူ၊ ဘန်လေတို့ ဒုတိယမြောက် ၃ မှတ်ရခဲ့တဲ့ EPL ပွဲစဉ် ၁၂

    နိုဝင်ဘာ ၂၃ ၊ ၂၀၁၄
    M-Media

    – ပရီးမီးယားလိဂ် ပွဲစဉ် ၁၂ ရဲ့ ၇ ပွဲကို မနေ့က ကစားခဲ့ပြီး ထိပ်ဆုံးက ချယ်ဆီးနဲ့ မန်စီးတီးတို့ အနိုင်သေချာခဲ့ကာ အဆင့် ၄ က ၀က်စ်ဟမ်းကတော့ အဲဗာတန်ကို အဝေးကွင်းမှာ ရှုံးခဲ့ပါတယ်။ ဒီတစ်ပတ် Match of The Week ဖြစ်တဲ့ အာဆင်နယ်နဲ့ မန်ယူတို့ပွဲမှာတော့ အာဆင်နယ်က အကောင်းဆုံး ကစားနိုင်ခဲ့ပေမယ့် ဂိုးသမား ဒီဂီယာကြောင့် အနိုင် ၃ မှတ်ကို မန်ယူက ရသွားခဲ့ပါတယ်။ ဇယားအောက်ဆုံးက ဘန်လေကလည်း ဒီတစ်ပတ်မှာ ၂ ပွဲဆက် အနိုင်ရခဲ့ပါတယ်။
    3333
    ပြီးခဲ့တဲ့ တစ်ပတ်က ဆွမ်ဆီးကို ရှုံးပြီး ပရီးမီးယားလိဂ် ဖလားအတွက် မလိုက်နိုင်တော့ဘူးလို့ ၀န်ခံခဲ့တဲ့ ၀င်းဂါးရဲ့ အာဆင်နယ် အိမ်ကွင်း အီမရိတ်မှာ ဘောလုံးပိုင်ဆိုင်မှု အသာ ဂိုးသွင်းခွင့် အသာနဲ့ ကစားနိုင်ခဲ့ပေမယ့် အနိုင် ၃ မှတ်တော့ မရခဲ့ပါဘူး။ နောက်ခံလူဒဏ်ရာတွေကြောင့် မျက်နှာသစ်တွေ ထုတ်သုံးခဲ့ရတဲ့ မန်ယူနောက်တန်းရဲ့ လျော့ရဲမှုကို အခွင့်ကောင်းယူပြီး ၀ဲလ်ဘတ်၊ ၀ီလ်ရှိုင်းယားတို့ရဲ့ တွဲလုံးတွေနဲ့ မန်ယူဂိုးပေါက်ကို တရစပ် ခြိမ်းခြောက်ခဲ့ပေမယ့် မန်ယူဂိုးသမား ဒီဂီယာ အံ့သြလောက်စရာ ကာကွယ်နိုင်ခဲ့တာကြောင့် အာဆင်နယ်တို့ မန်ယူနဲ့တွေ့တိုင်း ရလဒ်မကောင်းတဲ့ စံချိန်ကို ဆက်ထိန်းနိုင် ခဲ့ပါတယ်။

    နောက်ခံလူ ကီရင်ဂစ်ဘ်က ၅၆ မိနစ်မှာ ကိုယ့်ဂိုးကိုယ်သွင်းမှုကြောင့် မန်ယူတို့ ဦးဆောင်ဂိုးရခဲ့ပြီး ပွဲပြီးဖို့ ၅ မိနစ်အလိုမှာ အင်္ဂလန်မင်းသား ၀ိန်းရူနီက ဒုတိယဂိုးသွင်းပေးခဲ့ပါတယ်။

    1111

    ဒီပွဲအနိုင်ဟာ မန်ယူအတွက် ဒီရာသီအဝေးကွင်း ပထဆုံး နိုင်ပွဲလည်းဖြစ်ပါတယ်။ တစ်ပွဲလုံးဂိုးရဖို့ကြိုးစားခဲ့တဲ့ အာဆင်နယ်တို့အတွက် နှစ်သိမ့်ဂိုးကို နာကျင်အချိန်ပိုနောက်ဆုံးမိနစ်မှာ ရရှိခဲ့ပြီး ဒဏ်ရာက သက်သာလာတဲ့ တိုက်စစ်မှူး ဂျရူးက သွင်းယူပေးခဲ့တာပါ။

    2222
    သမိုင်းတစ်လျှောက် အကောင်ဆုံးရာသီအစ မှတ်တမ်းကို ရရှိနေတဲ့ ချယ်ဆီးကလည်း အိမ်ကွင်းမှာ တစ်ယောက်လျော့ ၀က်စ်ဘရွန်းကို ၂ ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပါတယ်။ ချယ်ဆီးအတွက် ဂိုးတွေကိုတော့ ဒဏ်ရာကသက်သာပြီး ပထမဆုံး ပြန်ပါလာတဲ့ ဒီယေဂိုကော်စတာက ၁၁ မိနစ်နဲ့ ဟဇာ့တ်က ၂၅ မိနစ်တို့မှာ သွင်းယူပေးခဲ့တာပါ။

    မန်စီးတီးကတော့ ဒီရာသီ ပုံစံကောင်းတွေရပြီး အဆင့် ၅ အထိ တက်လှမ်းထားနိုင်တဲ့ ဆွမ်ဆီးကို အိမ်ကွင်းမှာ ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ဒါပေမယ့် ဦးဆောင်ဂိုးအရင်ပေးလိုက်ရပြီး နောက်မှ ချေပဂိုးနဲ့ အနိုင်ဂိုးတွေ လိုက်သွင်းနိုင်ခဲ့တာပါ။ ဆွမ်ဆီးအတွက် ဦးဆောင်ဂိုးကို ၉ မိနစ်မှာပဲ အသင်းရဲ့ဂိုးသွင်းစက် ဘိုနီက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ အိမ်ရှင်တို့ ပွဲကို စိုးမိုးခဲ့ပြီး ယိုဗီတစ်နဲ့ ယာယာတိုးယေးတို့က ၁၉ မိနစ်နဲ့ ၆၂ မိနစ်တို့မှာ ချေပဂိုးနဲ့ အနိုင်ဂိုးတွေ သွင်းယူပေးခဲ့ပါတယ်။

    ပါဂျူးရဲ့ နယူးကာဆယ်ကလည်း လူငယ်တွေနဲ့ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲဆက် နိုင်ပွဲကို ရယူနိုင်ခဲ့ပါတယ်။ ဒဏ်ရာရကစားသမားတွေ ရှိနေတာကြောင့် လူငယ်အချို့ကို ပွဲထုတ်ခဲ့တာဖြစ်ပြီး ဒီပွဲမှာလည်း အဓိကနောက်ခံလူ တေလာတစ်ယောက် ဒဏ်ရာထပ်ရသွားပြန်ပါတယ်။ နယူးကာဆယ်အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကိုတော့ ၇၈ မိနစ်မှာ မူဆာ စစ်ဆိုကိုက သွင်းယူပေးခဲ့တာပါ။ ဒီပွဲဟာ ပြိုင်ပွဲအားလုံးမှာ နယူးကာဆယ်ရဲ့ ၆ ပွဲဆက်အနိုင်ဖြစ်ပြီး ပရီးမီးယားလိဂ်မှာလည်း အဆင့် ၄ နေရာကို တက်လှမ်းလာနိုင်ခဲ့ပါတယ်။

    ပြီးခဲ့တဲ့တစ်ပတ်က ဟားလ်စီးတီးကိုနိုင်ပြီး ပရီးမီးယားလိဂ် ပထမဆုံးနိုင်ပွဲရခဲ့တဲ့ ဘန်လေကလည်း ဒီတစ်ပတ်မှာ စတုတ်စီးတီးကို ၁ မိနစ်အတွင်း သွင်းယူခဲ့တဲ့ ၂ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ဘန်လေအတွက် ဂိုးတွေကိုတော့ ဒန်နီ အင့်ဂ်စ်က ၁၂ မိနစ်နဲ့ ၁၃ မိနစ်မှာ သွင်းပေးခဲ့တာပါ။

    အဆင့် ၄ က ၀က်စ်ဟမ်းကတော့ အဆင့် ၁၀ က အဲဗာတန်ကို အဝေးကွင်းမှာ ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

    ပရီးမီးယားလိဂ် ပွဲစဉ် ၁၂ စနေနေ့ပွဲတွေရဲ့ အနိုင်အရှုံးရလဒ်တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

    ချယ်ဆီး ၂-၀ ၀က်စ်ဘရွန်း
    အဲဗာတန် ၂-၁ ၀က်စ်ဟမ်း
    လက်စတာ ၀-၀ ဆန်းဒါးလန်း
    နယူးကာဆယ် ၁-၀ ကျူပီအာရ်
    စတုတ် ၁-၂ ဘန်လေ
    မန်စီးတီး ၂-၁ ဆွမ်ဆီး

  • ၂၀၁၄ မွတ်စလင် မယ်ကမ္ဘာဆု တူနီးရှားနိုင်ငံသူ ကွန်ပျူတာ ပညာရှင် ဆွတ်ခူး

    ၂၀၁၄ မွတ်စလင် မယ်ကမ္ဘာဆု တူနီးရှားနိုင်ငံသူ ကွန်ပျူတာ ပညာရှင် ဆွတ်ခူး

    နိုဝင်ဘာ ၂၂ ၊ ၂၀၁၄
    M-Media
    20141122_muslimpageant_afp
    – အင်ဒိုနီးရှားနိုင်ငံ ယိုဂျာကားတားတွင် နိုဝင်ဘာ ၂၁ ရက်နေ့က ပြုလုပ်ခဲ့သော မွတ်စလင် မယ်ကမ္ဘာပြိုင်ပွဲ World Muslimah 2014 တွင် ကွန်ပျူတာသိပ္ပံပညာရှင် တူနီးရှားနိုင်ငံသူက သရဖူ ဆွတ်ခူးသွားခဲ့သည်ဟု သိရသည်။

    ဇကာတင်အဖြစ် ကမ္ဘာတစ်ဝှမ်းမှ မွတ်စလင်အမျိုးသမီး စုစုပေါင်း ၁၈ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြခြင်း ဖြစ်ပြီး ပြိုင်ပွဲဝင်များမှာ အသက် ၁၇ နှစ်မှ ၂၈ နှစ်အရွယ်အထိရှိကြကာ ဆရာဝန်တစ်ဦးနှင့် ကွန်ပျူတာ သိပ္ပံပညာရှင်တစ်ဦးတို့ ပါဝင်ခဲ့သည်။

    ပထမဆုကို တူနီးရှားနိုင်ငံမှ ကွန်ပျူတာသိပ္ပံပညာရှင် Fatma Ben Guefrache က ရရှိသွားခဲ့ခြင်းဖြစ်ပြီး World Muslimah 2014 ဆုဖလားအပြင် ရွှေသားအတိပြီးသော လက်ပတ်နာရီတစ်လုံး၊ ရွှေသား ဒီနာပြာနှင့် မက္ကာမြို့သို့ ဟဂ်ျဘုရားဖူးခရီး သွားရောက်နိုင်မည့် လက်မှတ်စောင်လည်း ပါဝင်သည်။

    “ကြီးကြယ်မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်က စောင်မမှုကြောင့် ဒီဆုကိုရရှိခဲ့တာပါ။ ပြီးတော့ ပါလက်စတိုင်းနိုင်ငံ လွတ်မြောက်ပါစေ၊ ပါလက်စတိုင်းနဲ့ ဆီးရီးယားက ပြည်သူများ လွတ်မြောက်ကြပါစေ” ဟု Fatma  က ၀မ်းနည်းကြေကွဲစွာဖြင့် ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

    မွတ်စလင်မယ်ကမ္ဘာအဖြစ် ရွေးချယ်ရာတွင် အလှအပနှင့် ခန္ဓာကိုယ်အချိုးအစားကို ကြည့်ရှု၍ ရွေးချယ်ခြင်း မဟုတ်ဘဲ ပါဝင်ယှဉ်ပြိုင်သူ အမျိုးသမီးများမှာ အစ္စလာမ်ကသတ်မှတ်ထားသော ဟိဂျဘ်ကို ၀တ်ဆင်ရပြီး ဒိုင်လူကြီးများမှာ ၎င်းတို့၏ ဟိဂျဘ်ဝတ်ဆင်မှု သေသပ်ခြင်း၊ အစ္စလာမ် သာသနာ၏ သွန်သင်ချက်များကို သိရှိနားလည်ခြင်း၊ ဗဟုသုတပြည့်စုံခြင်းနှင့် ကုရ်အာန်ကျမ်းတော်မြတ်ကို အသံနေအသံထားဖြင့် ကောင်းမွန်စွာ ရွတ်ဖယ်သရဇ္ဈာယ်နိုင်ခြင်း စသည့် အရည်အချင်းများကို ကြည့်ရှုစစ်ဆေးကာ ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

    “သူတို့စားတာသောက်တာ၊ ၀တ်ဆင်တာ၊ သူတို့ရဲ့ ဘ၀တွေကိုရှင်သန်တာကအစ အစ္စလာမ့်ရဲ့ ဘ၀တည်ဆောက်မှုလမ်းစဉ်အားလုံးကို သူတို့ နားလည်လားဆိုတာ ကျွန်မတို့ ကြည့်ပါတယ်” ဟု ထိုပွဲကို စီစဉ်သူများထဲမှ တစ်ဦးဖြစ်သူ ဂျမီယာ ရှရီးဖ်က ပြောကြားခဲ့သည်။

    မွတ်စလင်မယ်ကမ္ဘာပြိုင်ပွဲ၏ ဒုတိယဆုကို မေလးရှားနိုင်ငံမှ အိုနူရန် နလီဆာက ရရှိခဲ့သည်။ အဆိုပါ ပြိုင်ပွဲမှာ လေးကြိမ်မြောက်ကျင်းပသည့် ပြိုင်ပွဲဖြစ်ပြီး နောက်ဆုံးအကျော့ပြိုင်ပွဲကို ယူနက်စကိုက ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ထားသော အေဒီ ၉ ရာစုနှစ်က ဆောက်လုပ်ထားသည့် ရှေးဟောင်း သမိုင်းဝင် ဟိန္ဒူဘုရားကျောင်း Prambanan ကို နောက်ခံထားကာ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဘုရားကျောင်းမှာ ဂျာဗားကျွန်းတွင် တည်ရှိပြီး ထိုသို့ပြုလုပ်ရခြင်းမှာ အစ္စလာမ်ဘာသာဝင်များအနေဖြင့် အခြားသော ဘာသာတရားများကိုလည်း လက်ခံကြောင်း ပြသရန်ဖြစ်သည်ဟု ပြိုင်ပွဲကျင်းပသူများက ပြောကြားခဲ့သည်။

    ပြိုင်ပွဲဝင်များမှာ မိဘမဲ့ဂေဟာ၊ ဘိုးဘွားရိပ်သာများသို့ သွားရောက်ကာ ကူညီလှူဒါန်းမှုများ ပြုလုပ်ခဲ့သည်။ ထို့ပြင် အင်ဒိုနီးရှား ယဉ်ကျေးမှုမြို့တော်ဖြစ်သော ယိုဂျာကားတားမြို့အနီးရှိ ကမ္ဘာကျော် ဘိုရိုဘူဒေါ စေတီတော်ကိုလည်း သွားရောက်လေ့လာခဲ့ကြပြီး အလှူငွေများ ထည့်ဝင်လှူဒါန်းခဲ့သည်။

    ref_ AFP

  • ဗလင်စီယာအသင်း လိုဂို အတွက် လင်နို့လူသား ဖန်တီးသည့် ကုမ္ပဏီနှင့် ပြဿနာတက်နေ

    ဗလင်စီယာအသင်း လိုဂို အတွက် လင်နို့လူသား ဖန်တီးသည့် ကုမ္ပဏီနှင့် ပြဿနာတက်နေ

    နိုဝင်ဘာ ၂၂ ၊၂၀၁၄
    M-Media
    DC Comics challenge Valencia over 'Batman' crest
    – ဗလင်စီယာအသင်းမှ နောက်ဆုံးထုတ်ပြန်ခဲ့သောလိုဂိုမှာ မိမိတို့၏ မူပိုင်ခွင့်ကို ဖောက်ဖျက်နေသည်ဟု ယုံကြည်ကြောင်း ကမ္ဘာကျော် လင်းနို့လူသားဇာတ်ကောင်ကို ဖန်တီးခဲ့သည့် DC Comics ကုမ္ပဏီက ပြောကြားလိုက်သည်။

    လင်းနို့တံဆိပ်မှာ ၁၉၁၉ ခုနှစ်ကတည်းက တည်ထောင်ခဲ့သော ဗလင်စီယာအသင်း၏ အမှတ်အသားတစ်ခုဖြစ်ပြီး နောက်ဆုံးထုတ်ပြန်လိုက်သော ဗင်လင်စီယာအသင်း၏ လင်းနို့လိုဂိုမှာ DC Comisc မှ လင်းနို့လိုဂိုနှင့် ဆင်တူပုံစံဖြစ်နေသည်။

    အမေရိကန်အခြေစိုက် အဆိုပါ ကုမ္ပဏီမှာ လင်းနို့လူသားနှင့် ဆက်စပ်သည့် အမှတ်အသား ၂ ခုကို မှတ်ပုံတင်ထားပြီး ဗလင်စီယာ၏ အဆိုပါ လိုဂိုနှင့်ပတ်သက်၍ ဥရောပသမဂ္ဂ၏ မူပိုင်ခွင့်ဆိုင်ရာ အာဏာပိုင်များသို့ ၁၁ မျက်နှာပါရှိသော တိုင်ကြားစာဖြင့် တိုင်ကြားထားသည်။

    ဗလင်စီယာအသင်းတွင် လင်းနို့အသုံးပြုမှုမှာ ၁၃ ရာစုက အာရဂွန်ဘုရင် ဂျိမ်းစ် ၁ ၏ သမိုင်းကြောင်းနှင့် ဆက်စက်နေသည်။ ဘုရင်မှာမြို့အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ချီတက်လာစဉ် လင်းနို့တစ်ကောင်မှာ ၎င်း၏အလံတွင် လာရောက်နားခဲ့ပြီး ဘုရင်က နိမိတ်ကောင်းအဖြစ် မှတ်ယူကာ ၎င်းအင်္ကျီ၏ လက်မောင်း ၂ ဖက်တွင် လင်းနို့ပုံများ ရေးထိုးခဲ့သည်။

  • တိုက်စစ်မှူး ဖယ်လ်ကာအို ဒဏ်ရာထပ်ရပြီး မန်ယူတွင် ဒဏ်ရာရ ကစားသမား  ၁၂ ဦးအထိ ရှိလာ

    တိုက်စစ်မှူး ဖယ်လ်ကာအို ဒဏ်ရာထပ်ရပြီး မန်ယူတွင် ဒဏ်ရာရ ကစားသမား ၁၂ ဦးအထိ ရှိလာ

    နိုဝင်ဘာ ၂၂ ၊၂၀၁၄
    M-Media

    234C0B7A00000578-0-image-40_1416506047250
    – ယနေ့တွင်ကစားမည့် အာဆင်နယ်နှင့် ပွဲအမီ ဒဏ်ရာပြန်လည် သက်သာလာမည်ဟု ခန့်မှန်းထားသော မန်ယူတိုက်စစ်မှူး ဖယ်လ်ကာအိုမှာ ကြာသာပတေးနေ့က ပြုလုပ်ခဲ့သည့် လေ့ကျင့်ခန်း အစီအစဉ်တွင် ဒဏ်ရာ ထပ်မံရသွားသောကြောင့် နောက်ထပ် ၂ ပတ်ခန့် ထပ်မံ အနားယူရမည်ဟု သိရသည်။

    ပြီးခဲ့သည့် နွေရာသီက အငှားဖြင့်ခေါ်ယူထားပြီး ယခုနှစ်ကုန်တွင် အပြီးသတ်ခေါ်ယူစာချုပ်ချုပ်ရန် ရည်ရွယ်ထားသည့် ဖယ်လ်ကာအိုမှာ မန်ယူသို့ရောက်လာပြီးနောက် ဒဏ်ရာများနှင့် ရုန်းကန်နေရသည်။

    နည်းပြန်ဗန်ဂါးလ်ကလည်း ရှည်ကြာသည့် ပရီးမီးယားလိဂ်ရာသီတွင် ဖယ်လ်ကာအို၏ စွမ်းဆောင်ရည်နှင့် ပတ်သက်၍ သံသယရှိနေသည်ဟု သတင်းများက ဖော်ပြကြသည်။

    အင်္ဂါနေ့က အာဂျင်တီးနားနှင့် ပေါ်တူဂီတို့ ကစားခဲ့သော ချစ်ကြည်ရေးခြေစမ်းပွဲတွင် နာနီ၏ ကြမ်းတမ်းစွာ ဖြတ်ထုတ်မှုကြောင့် မန်ယူကွင်းလယ်လူ ဒီမာရီယာမှာ ဒဏ်ရာရရှိသွားခဲ့သည်။
    မန်ယူတွင် ဘလင့်၊ လုခ်ရှော၊ ရာဖေးလ်၊ ရိုဂျို၊ ဘလင်း၊ ကာရစ်၊ အက်ရှ်လေယန်း၊ ဖီးလ်ဂျုံး၊ လင်ဂတ်၊ အီဗန့်တို့အပါအ၀င် လက်ရှိအချိန်တွင် မန်ယူ၌ ဒဏ်ရာရကစားသမား ၁၂ ဦးအထိရှိနေသည်။