News @ M-Media

Blog

  • ခေတ်သစ် ကျွန်စနစ်အောက်တွင် နေထိုင်နေရသူ ၃၅ သန်းကျော်ရှိနေ

    ခေတ်သစ် ကျွန်စနစ်အောက်တွင် နေထိုင်နေရသူ ၃၅ သန်းကျော်ရှိနေ

    နိုဝင်ဘာ ၁၈ ၊ ၂၀၁၄
    M-Media
    A migrant domestic worker holds up a placard during a parade in Beirut, to support the rights of migrant domestic workers in Lebanon, ahead of May Day
    – ကမ္ဘာပေါ်ရှိ လူပေါင်း ၃၅.၈ သန်းမှာ ခေတ်သစ် ကျွန်စနစ်အောက်တွင် နေထိုင်နေရပြီး ၀ါဂွမ်းများကောက်ခြင်း၊ ဘိန်းစိုက်ပျိုးခြင်း၊ ပြည့်တန်ဆာအဖြစ် လုပ်ကိုင်ရခြင်းများ ရှိနေသည်ဟု ကျွေးကျွန်ဆိုင်ရာ အစီရင်ခံစာ အသစ်တစ်ခုတွင် ဖော်ပြထားသည်။

    အဆိုပါ အစီရင်ခံစာကို ကမ္ဘာလုံးဆိုင်ရာ ကျေးကျွန်အညွှန်းကိန်း GSI ဟု အမည်ပေးထားပြီး  သြစတေးလျအခြေစိုက် Walk Free ဖောင်ဒေးရှင်းမှ လေ့လာမှုများ ပြုလုပ်ကာ ယခုနှစ် အတွင်း ဒုတိယအကြိမ်မြောက်အဖြစ် ထုတ်ဝေခဲ့ခြင်းဖြစ်သည်။ ထိုအစီရင်ခံစာက ခေတ်သစ် ကျွန်စနစ်အောက်တွင် နေထိုင်နေရသူ အရေအတွက်မှာ ခန့်မှန်းထားသည်ထက် ၂၀ ရာခိုင်နှုန်း ပိုများနေသည်ဟု ဆိုသည်။

    “ကျွန်စနစ်ဆိုတာ အရင်ခေတ်ကရှိခဲ့တဲ့ ပြဿနာ ဒါမှ မဟုတ် စစ်ပွဲတွေ၊ ဆင်းရဲမွဲတေမှုတွေနဲ့ ရုပ်ပျက်ဆင်းပျက် ဖြစ်နေတဲ့ နိုင်ငံမျိုးတွေမှာပဲ ရှိတဲ့ ပြဿနာလို့ ယူဆကြပါတယ်” ဟု အဆိုပါ Walk Free ဖောင်ဒေးရှင်း ဥက္ကဌ အန်ဒရူး ဖောရက်စ်က ပြောကြားခဲ့သည်။

    ခေတ်သစ်ကျွန်စနစ်တွင် အကျွေးကြောင့် ဖမ်းဆီး ချုပ်နှောင်ခံရခြင်း၊ အတင်းအဓမ္မလက်ထပ်ခိုင်းခြင်း၊ ကလေးငယ်များအား ရောင်းချခြင်း သို့မဟုတ် ခိုင်းစားခြင်း၊ လူကုန်ကူးခြင်းနှင့် အတင်းအဓမ္မ အလုပ်ခိုင်းစေခြင်းတို့ ပါဝင်သည်ဟု အဆိုပါ ဖောင်းဒေရှင်းက သတ်မှတ်ထားသည်။

    နိုင်ငံပေါင်း ၁၆၇ နိုင်ငံမှ အချက်အလက်အများကို လေ့လာဆန်းစစ်ပြီးနောက် ထိုအစီရင်ခံစာကို ထုတ်ဝေခဲ့ခြင်းဖြစ်ပြီး၊ နိုင်ငံ ၅၈ နိုင်ငံတွင် ခေတ်သစ်ကျွန်စနစ်ကို အသုံးချ၍ ထုတ်လုပ်သော ကုန်ပစ္စည်း ၁၂၂ ခုအထိရှိသည်ဟု ဖော်ပြထားသည်။

    “ထိုင်းတံငါသည်တွေ ဖမ်းတဲ့ငါး၊ ကွန်ဂိုကလေးငယ်တွေတူးတဲ့ စိန်၊ ဥဇဘက်ကလေးငယ်တွေ ကောက်တဲ့ဝါဂွမ်း၊ အိန္ဒိယအမျိုးသမီးငယ်တွေ ချုပ်တဲ့ဘောလုံး—စတဲ့ ကျွန်တော်တို့ သုံးစွဲနေတဲ့အရာတွေဟာ သူတို့ကို အတင်းအဓမ္မ ခိုင်းစေမှုကနေရတဲ့အရာတွေပါ” ဟု အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။

    နိုင်ငံတကာအလုပ်သမားအဖွဲ့ ILO ကမူ အတင်းအဓမ္မ အလုပ်ခိုင်းစေခြင်းမှ ရရှိသည့် အကျိုးအမြတ်မှာ တစ်နှစ်လျှင် ကန်ဒေါ်လာ ၁၅၀ ဘီလီယံရှိသည်ဟု ခန့်မှန်းတွက်ချက်ထားသည်။

    ref_Agencie

  • မြန်မာပါဝင်သည့် မဲခေါင်မြစ် ကင်းလှည့်စောင့်ကြပ်ရေး စတင်

    မြန်မာပါဝင်သည့် မဲခေါင်မြစ် ကင်းလှည့်စောင့်ကြပ်ရေး စတင်

    နိုဝင်ဘာ ၁၈ ၊ ၂၀၁၄
    M-Media
    MekongMap
    – ရာဇ၀တ်မှုလုပ်ငန်းများအား ကာကွယ်ရန်အတွက် ရွှေတြိဂံဒေသရှိ မဲခေါင်မြစ်အတွင်း နိုင်ငံလေးနိုင်ငံ ပါဝင်သည့် ၂၈ ကြိမ်မြောက် ကင်းလှည့်စောင့်ကြည့်မှုကို ယနေ့နံနက်ပိုင်းက စတင်ခဲ့သည်ဟု သိရသည်။

    လေးရက်တာကြာမြင့်မည့် အဆိုပါ ကင်းလှည့်စောင့်ကြပ်မှုတွင် တရုတ်၊ လာအို၊ မြန်မာနှင့် ထိုင်းနိုင်ငံတို့မှ အရာရှိ ၂ ဦးစီ ပါဝင်မည်ဖြစ်ပြီး တရုတ်နိုင်ငံမှ သင်္ဘော ၄ စီး၊ လာအိုမှ သင်္ဘောတစ်စီးတို့ ပါဝင်မည်ဖြစ်သည်။

    နိုင်ငံလေးခုမှ တာဝန်ရှိသူများမှာ မူးယစ်ဆေးဝါး၊ လက်နက်နှင့် လူကုန်ကူးမှု စသည့် ရာဇ၀တ်မှုများကို တာဆီးရန်အတွက် စစ်ဆေးမှုများ၊ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်သွားမည်ဖြစ်သည်။ ထို့ပြင် ၎င်းတို့မှာ ရေကြောင်းဆိုင်ရာ သတင်းအချက်အလက်များနှင့် လယ်ယာထွက်ကုန်များကိုလည်း ဖလှယ်သွားမည်ဖြစ်သည်။

    ၂၀၁၁ ခုနှစ်က အောက်တိုဘာ ၅ ရက်နေ့တွင် မဲခေါင်မြစ်၏ ထိုင်းနိုင်ငံပိုင်ရေပိုင်နက်အတွင်း မူယစ်ဂိုဏ်းတစ်ခုက ကုန်တင်သင်္ဘော ၂ စီးကို ပြန်ပေးဆွဲကာ တရုတ်သင်္ဘောသား ၁၂ ဦးကို သတ်ဖြတ်ခဲ့ပြီးနောက် ဒီဇင်ဘာလတွင် မဲခေါင်မြစ်စီးဆင်းသည့် နိုင်ငံများမှ ပူးပေါင်းကာ စတင် ကင်းလှည့် စောင့်ကြပ်ခဲ့ခြင်း ဖြစ်သည်။

    လွန်ခဲ့သည့် ကင်းလှည့်စောင့်ကြပ်မှု ၂၇ ကြိမ်တွင် တာဝန်ရှိသူများမှာ လူပေါင်း ၁၆၃၃ ဦး၊ ကုန်ပစ္စည်း ၂၁၄၀၀ တန်နှင့် သင်္ဘောပေါင်း ၃၁ စင်းကို စစ်ဆေးခဲ့ကြသည်။

  • ISIL ပေါ်လာပြီးနောက် ယူကေတွင် မွတ်စလင်များအပေါ် တိုက်ခိုက်မှုတိုးလာ

    ISIL ပေါ်လာပြီးနောက် ယူကေတွင် မွတ်စလင်များအပေါ် တိုက်ခိုက်မှုတိုးလာ

    နိုဝင်ဘာ ၁၈ ၊ ၂၀၁၄
    M-Media
    swastik-brim-600x399
    – ISIL ပေါ်ထွက်လာပြီးနောက် လန်ဒန်တွင် မွတ်စလင် ဆန့်ကျင်ရေး ရာဇ၀တ်မှုများ တိုးပွားလာခဲ့သည်ဟု မွတ်စလင်အများအပေါ် တိုက်ခိုက်မှုများ အား စောင့်ကြည့်နေသည့် Tell Mama အဖွဲ့၏ လေ့လာမှုများအရ ဘာသာရေး၊ လူမျိုးရေးနှင့် လူမျိုးစုဆိုင်ရာ အမုန်းတရားအပေါ် အခြေခံပြီး ယူကေတွင် ဖြစ်ပွားခဲ့သော မွတ်စလင် ဆန့်ကျင်ရေး ရာဇ၀တ်မှုများနှင့် လုပ်ရပ်များကို စုစည်းကာ အဆိုပါ အဖွဲ့က လေ့လာခဲ့ခြင်းဖြစ်ပြီး ISIL က ခေါင်းဖြတ်သတ်သည့် ဗွီဒီယိုများ ထုတ်လွှင်ခဲ့ပြီးနောက်ပိုင်း မွတ်စလင်များမှာ အင်တာနက်နှင့် ပြင်ပလောက တွင်ပါ စော်ကားတိုက်ခိုက်ခြင်း ခံရသည်ဟု Anadolu သတင်းဌာနသို့ အဆိုပါ အဖွဲ့က ပြောကြားခဲ့သည်။

    “မွတ်စလင်တွေအပေါ် နှုတ်နဲ့ စော်ကားပြောဆိုမှုတွေကို ကြည့်ရင် ISIL နဲ့ပတ်သက်တဲ့ အမြင်တွေဟာ ယူကေတစ်ဝှမ်းနဲ့ လန်ဒန်က မွတ်စလင်ဆန့်ကျင်ရေး အမုန်းတရားတွေကို ဖြစ်စေတယ်ဆိုတာ တွေ့နေရပါတယ်။ ဈေးဆိုင်သွားနေတဲ့ အမျိုးသမီးတွေကို စော်ကားပြော ဆိုတာလည်းရှိနေပြီး “ဘာ့ကြောင့် ငါတို့က နင့်ရဲ့ခေါင်းကို မဖြတ်တာလဲ?” လို့လည်း အော်ဟစ်ကြပါတယ်” ဟု Tell Mama အဖွဲ့ မစ်ဂ်ဟာလ်က ဆိုသည်။

    အဆိုပါအဖွဲ့မှာ ဒေသတွင်းရဲတပ်ဖွဲ့မှ တောင်းဆိုရရှိခဲ့သည့် မှတ်တမ်းများကို ဆန်းစစ်လေ့လာခဲ့ပြီး ၂၀၁၂ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း မွတ်စလင်ဆန့်ကျင်ရေး လှုပ်ရှားမှုများ မြင့်တက်လာခဲ့သည်ကို တွေ့ရှိခဲ့ရသည်။

    အံ့သြဖွယ်မြင့်တက်မှု

    ပြီးခဲ့နှစ် မေလက လန်ဒန်အရှေ့ပိုင်း ၀ူးလ်ဝစ်ခ်ျမြို့ရှိ စစ်တပ်အနီးတွင် ဗြိတိန်စစ်သားတစ်ဦး အသတ်ခံခဲ့ရပြီးနောက် အမုန်းတရားကို အခြေခံသည့် ရာဇ၀တ်မှု များမှာ လျော့ ကျလာသည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သော်လည်း Tell Mama ၏ လေ့လာမှုများအရ မွတ်စလင်ဆန့်ကျင်ရေး ရာဇ၀တ်မှုများမှာ သိသိသာသာ တိုးတက်လာခဲ့သည်ဟု ဆိုသည်။

    ရဲတပ်ဖွဲ့၏ စာရင်းများအရ ၀ူးလ်ဝစ်ခ်ျ တိုက်ခိုက်မှု မဖြစ်ခင် ၂၀၁၂ ဧပြီလမှ ၂၀၁၃ ခုနှစ် ဧပြီလအထိ မွတ်စလင် ဆန့်ကျင်ရေး တိုက်ခိုက်မှုများမှာ တစ်လျှင် ပျမ်းမျှအားဖြင့် ၂၈ ခု ရှိသော်လည်း ၂၀၁၃ မတ်လမှ ၂၀၁၄ မတ်လအတွင်း တိုက်ခိုက်မှုများမှာ ၆၆ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း တွေ့ရှိခဲ့ရသည်။

    ထိုကဲ့သို့ တိုးလာမှု၏ အကြောင်းအရင်းများတွင် ဂါဇာ-အစ္စရေး ပဋိပက္ခ၊ ISIL ၏ အီရတ်မြောက်ပိုင်းတွင် ပြုလုပ်သော ကိစ္စရပ်များမှာ ထိပ်ဆုံးမှပါဝင်သည်ဟု Tell Mama က ထည့်သွင်း ပြောကြားခဲ့သည်။

    ref_ World Bulletin

  • ပရိတ်သတ်များ သောင်းကျန်းမှု မိမိတို့အား အရှက်ရစေသည်ဟု ခရိုအေးရှား နောက်ခံလူဆို

    ပရိတ်သတ်များ သောင်းကျန်းမှု မိမိတို့အား အရှက်ရစေသည်ဟု ခရိုအေးရှား နောက်ခံလူဆို

    နိုဝင်ဘာ ၁၈ ၊ ၂၀၁၄
    M-Media
    608211_heroa
    – ယမန်နေ့က ကစားခဲ့သည့် ယူရို ၂၀၁၆ ခြေစစ်ပွဲ အီတလီနှင့်ပွဲတွင် ပရိတ်သတ်များ၏ လုပ်ရပ်က မိမိတို့အား အရှက်ရစေခဲ့သည်ဟု ခရိုအေးရှားနောက်ခံလူ ကိုဗက်က ပြောကြားလိုက်သည်။

    ၁ ဂိုးစီ သရေကျခဲ့သည့် ထိုပွဲ၏ ပွဲချိန် ၇၅ မိနစ်တွင် ခရိုအေးရှား ပရိတ်သတ်များမှာ ကွင်းအတွင်းသို့ မီးကျည်များ၊ မီးရှူးမီးပန်းများ ပစ်ထည့်ခဲ့ကြပြီး ဒိုင်လူကြီးက ပွဲအား ၁၀ မိနစ်ခန့် ရပ်နားခဲ့ရသည်။ ထို့ကဲ့သို့ ပစ်ထည့်မှုကြောင့် ကွင်းအတွင်း မီးများလောင်ခဲ့ပြီး မီးသတ်သမားများက လာရောက် ငြှိမ်းသက်ခဲ့ရကာ ရဲတပ်ဖွဲ့ဝင်များကလည်း ပရိတ်သတ်များ တည်ငြိမ်အောင် ဆောင်ရွက်ခဲ့ရသည်။

    ကိုဗက်ကမူ ထိုလုပ်ရပ်များအား ရှုတ်ချခဲ့သည်။

    “ကျွန်တော်ရှက်ပါတယ်။ အီတလီနိုင်ငံသားတွေကိုလည်း ကျွန်တော် တောင်းပန်ပြီးပါပြီ။ ခရိုအက်တွေဟာ ဒီလိုလူမျိုးတွေ မဟုတ်ကြပါဘူး။ ဘောလုံးလူရမ်းကား တစ်သိုက်ကြောင့် ကျွန်တော်တို့ဟာ လေးစားမှုကို ဆုံးရှုံးခဲ့ရပါပြီ။ တစ်ယောက်ယောက်ဟာ တစ်ခုခုကို ဆန္ဒပြချင်ရင် ဒီလိုလုပ်ဖို့ နေရာတွေရှိပါတယ်။ ဒါပေမယ့် ကစားကွင်းထဲမှာတော့ မဟုတ်ပါဘူး။ ဒီမှာ မိသားစုတွေ၊ ကလေးတွေ လာကြည့်တာကြောင့် သူတို့အတွက် စိတ်ပူရပါတယ်” ဟု ကိုဗက်က ပွဲအပြီးတွင် HTV သို့ ပြောကြားခဲ့သည်။

    ယူအီးအက်ဖ်အေကမူ ထိုအဖြစ်အပျက်အတွက် စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်နေပြီး ပြစ်မှုထင်ရှားပါက ခရိုအေးရှားဘောလုံးအဖွဲ့ချုပ်မှာ အရေးယူခံရဖွယ် ရှိနေသည်။

    ခရိုအေးရှားမှာ ယခုလက်ရှိတွင် အုပ်စု H ၏ ထိပ်ဆုံးနေရာတွင် အီတလီအသင်းအား ဂိုးကွာခြားချက် အသာရက ဦးဆောင်နေသည်။

  • မန်ယူအလယ်တန်းလူ ဘလင့် ဒဏ်ရာရ၊ အသင်းတွင် ဒဏ်ရာရ ကစားသမား ၈ ယောက်အထိရှိလာ

    မန်ယူအလယ်တန်းလူ ဘလင့် ဒဏ်ရာရ၊ အသင်းတွင် ဒဏ်ရာရ ကစားသမား ၈ ယောက်အထိရှိလာ

    နိုဝင်ဘာ ၁၈ ၊ ၂၀၁၄
    M-Media
    1416177209543_Image_galleryImage_Daley_Blind_of_the_Nether
    – မန်ယူအသင်း ကွင်းလယ်လူတစ်ဦးဖြစ်သူ ဘလင့်မှာ ယမန်နေ့က နိုင်ငံအသင်းနှင့် ကစားခဲ့သည့် ယူရို ၂၀၁၆ ခြေစစ်ပွဲတွင် ဒဏ်ရာရရှိသွားသောကြောင့် ၆ ပတ်ခန့် အနားယူရမည်ဟု သိရသည်။

    ဟော်လန်နှင် လတ်ဗီးယားတို့ကစားခဲ့သည့် အဆိုပါပွဲတွင် ဘလင့်မှာ ပထမပိုင်း ၁၉ မိနစ်မှာပင် လတ်ဗီးယား ကစားသမား ဗစ်နာကော့ဗ်စ်နှင့် ထိခိုက်မိခဲ့ခြင်းဖြစ်သည်။ ဟော်လန်နည်းပြ ဂူဇ် ဟစ်ဒင့်ကမူ ဘလင့်၏ အရွတ်မှာ စုတ်ပြဲသွားခြင်း၊ သို့မဟုတ် ထိခိုက်သွားခြင်း ဖြစ်နိုင်ကာ အနည်းဆုံး ၄ ပတ်မှ ၆ ပတ်ခန့် အနားယူရမည်ဟု ဆိုသည်။

    ဘလင့်၏ ဒဏ်ရာအားယနေ့တွင် အသေးစိတ် စစ်ဆေးသွားမည်ဖြစ်ပြီး အနားယူရမည့် ရက်အတိအကျကို ထုတ်ပြန်မည်ဖြစ်သည်။

    ဘလင့်မှာ နည်းပြသစ်ဗန်ဂါလ်း မန်ယူအား ကိုင်တွယ်ပြီးနောက် ဒဏ်ရာရရှိခဲ့သည့် ၃၉ ယောက်မြောက် ကစားသမားဖြစ်လာပြီး ထိုပမာဏက ဗန်ဂါးလ်လက်ထက် ၃ ရက်လျှင် တစ်ယောက်ကျ ဒဏ်ရာရနေသည့်သဘော ဖြစ်နေသည်။

    လက်ရှိ မန်ယူအသင်းတွင် ဂိုးသမား ဒေးဗစ်ဂီယာ၊ နောက်တန်းတွင် ဖီးလ်ဂျုန်းစ်၊ မားကို့စ်ရိုဂျို၊ ဒါလ်ဆေလ်းဗား၊ ဂျော်နီ အီဗန့်စ်၊ အလယ်တန်းတွင် မိုက်ကယ်ကာရစ်၊ ရှေ့တန်းတွင် ဖယ်လ်ကာအိုတို့ အသီးသီး ဒဏ်ရာရနေသည်။