News @ M-Media

Blog

  • ဘာသာမတူခြင်းကို အင်အားအဖြစ် အသုံးချရန် အိုဘားမား တိုက်တွန်း

    ဘာသာမတူခြင်းကို အင်အားအဖြစ် အသုံးချရန် အိုဘားမား တိုက်တွန်း

    1966757_829255540459477_1753905353203758501_n
    မြန်မာနိုင်ငံတွင် စုပေါင်းနေထိုင်ကြသည့် ဘာသာမတူသူ လူ့အဖွဲ့အစည်းများကြား စိတ်ရှည်သည်းခံပြီး မတူညီမှုများကို အင်အား အဖြစ် အသုံးချ၍ တိုင်းပြည် တည်ဆောက်ကြရန် အမေရိကန် သမ္မတ အိုဘာမားက တိုက်တွန်း ပြောဆိုလိုက်သည်။

    ယနေ့ ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမတွင် အရှေ့တောင်အာရှ လူငယ်များ ဦးဆောင်မှု အစီအစဉ်အရ ပြုလုပ်သော မြန်မာ လူ ငယ် များနှင့် တွေ့ဆုံပွဲသို့ တက်ရောက်လာသည့် သမ္မတ အိုဘားမားက ရခိုင်ပြည်နယ် စစ်တွေ တက္ကသိုလ်မှ ကျောင်းသားတဦး၏ မေးခွန်းကို အထက်ပါ အတိုင်း ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

    စစ်တွေ တက္ကသိုလ်တွင် တက်ရောက်နေသည့် ရခိုင် ကျောင်းသား တဦးက သမ္မတ အိုဘားမားကို“ကျနော်တို့ ဒေသမှာ အားလုံး သိတဲ့အတိုင်းပဲ လူမျိုးရေး ပြဿနာတွေ ရှိပါတယ်။ ကျနော်သိလိုတဲ့ မေးခွန်းက ကျနော်တို့ သက်တမ်းမှာရှိတဲ့ လူငယ်တွေကို ဘယ်လို သည်းခံနိုင်မှုနဲ့ အတူ ရှင်သန်နိုင်အောင် ကြိုးစာရမလဲဆိုတာ သိချင်ပါတယ်”ဟူ၍ ဖြစ်သည်။

    ထိုမေးခွန်းကို သမ္မတ အိုဘားမားက ကမ္ဘာကြီးတွင် လူတိုင်းမှာ ကွဲပြား ခြားနားသော ယုံကြည်မှု၊ ယဉ်ကျေးမှုများ ရှိကြောင်း၊ ထို မတူညီမှုများကို တဦးနှင့်တဦး ဖလှယ်၍ အတူတကွ လက်တွဲလုပ်ဆောင်ကြရန် အလွန် အရေးကြီးကြောင်း ပြန်လည် ဖြေကြား သည်။

    “လူတိုင်းဟာ စိတ်ရှည် သည်းခံပြီး နေကြဖို့ အရေးကြီးပါတယ်။ တယောက်ကို တယောက် အားပေးဖို့လည်း လိုအပ်ပါတယ်။ တယောက်နဲ့ တယောက် လေးစားဖို့နဲ့ စိတ်ရှည် သည်းခံစွာနဲ့ ရပ်တည်နိုင်ဖို့ လိုပါတယ်။ သည်းခံနိုင်ဖို့ အရေးကြီးဆုံးပါပဲ”ဟုလည်း သမ္မတ အိုဘားမားက ပြောဆိုသည်။

    တိုင်းပြည်တိုင်းတွင် ဘာသာရေးအရ ကွဲပြားမှုများကြောင့် ပြဿနာမျိုးစုံ ကြုံတွေ့နေရကြောင်း၊ မွတ်စလင် ဖြစ်ခြင်း၊ ရှီဟိုက်၊ ဆွန် နီဖြစ်ခြင်း၊ ကက်သလစ်နှင့် ပရိုတက်စတင့် ဖြစ်ခြင်းတို့ကြောင့် တဦးနှင့်တဦး၊ တဘက်နှင့် တဘက် တိုက်ခိုက်နေရပြီး ယနေ့အချိန် အထိ ကမ္ဘာကြီးမှာ မငြိမ်းချမ်းသေးဟု ပြောသည်။

    “သူတို့ရဲ့ ထင်မြင်ယူဆချက်တွေကို ကြောက်လန့်မှု မရှိဘဲ ပြောပြနိုင်ဖို့ အရေးကြီးတယ်”ဟု သမ္မတ အိုဘားမား က ဆိုသည်။

    တခြား ဘာသာဝင်များ၏ စိတ်ဓာတ်အား လေးစားစွာဖြင့် သည်းခံစိတ်ကို အားပေးသည့် စကားမျိုးသာ ပြောဆိုသင့်ကြောင်း၊ ထို ကိစ္စများသည် လူကြိုက်မများသော်လည်း လုပ်ကိုလုပ်ရမည့် ကိစ္စများ ဖြစ်ကြောင်းလည်း ပြောဆိုသည်။

    အိုဘားမားက“ဒီလို အမူအကျင့်တွေဟာ တယောက်စီတိုင်းက စမှ ဖြစ်မှာပါ။ အစိုးရဆိုတာလည်း ကဏ္ဍတခုမှာပဲ ဦးဆောင်နိုင်မှာပါ။ အဖွဲ့တွေနဲ့လည်း လုပ်လို့မရပါဘူး။ အားလုံးဝိုင်းလုပ်မှ ရမှာပါ”ဟု ပြောသည်။

    အပြည့်အစုံဖတ်လိုလျှင် =>http://burma.irrawaddy.org/news/2014/11/14/67145.html

    ဧရာဝတီမှ ကူးယူဖော်ပြသည်။

    Image via- Ah Tuu FB

  • ဂျူဗင်တပ်စ်ကို ဒိုင်မကူလျှင် ရိုးမားဗိုလ်စွဲမည်ဟု အက်ရှလေကိုးလ်ဆို

    ဂျူဗင်တပ်စ်ကို ဒိုင်မကူလျှင် ရိုးမားဗိုလ်စွဲမည်ဟု အက်ရှလေကိုးလ်ဆို

    နိုဝင်ဘာ ၁၄ ၊ ၂၀၁၄
    M-Media
    454167_heroa
    – ဒိုင်လူကြီးများအနေဖြင့် ဂျူဗင်တပ်စ်ကို အကူအညီမပေးပါက မိမိတို့အသင်းမှာ စီးရီးအေချန်ပီယံ ဆုဖလားကို ရရှိနိုင်သည်ဟု ရိုမားနောက်ခံလူ အက်ရှလေကိုးလ်က ပြောကြားလိုက်သည်။

    ယခုနှစ် စီးရီးအေတွင် ဂျူဗင်တပ်စ်နှင့် ရိုးမားတို့ တွေ့ဆုံခဲ့စဉ်က ဂျူဗီမှာ ပင်နယ်တီ ၂ လုံးရရှိကာ ရိုးမားအား ၃ ဂိုး ၂ ဖြင့် အနိုင်ရရှိခဲ့ခြင်း ဖြစ်ပြီး ကိုးလ်ကမူ ထိုအဖြစ်အပျက်အား ထောက်ပြ ပြောဆိုခဲ့သည်။

    “ရိုမားဟာ စကူဒက်တိုကို လုံးဝ ဆွတ်ခူးနိုင်မှာပါ။ ကျွန်တော်တို့မှာ ပါရမီရှိတဲ့ ကစားသမားတွေရှိတယ်။ စိတ်ဓာတ်ကလည်း အမြင့်ဆုံးမှာရှိပါတယ်။ တကယ်လို့များ ဧရီယာပြင်ပမှာ ကျူးလွန်တဲ့ ပြစ်ဒဏ်ဘောအတွက် ပြိုက်ဘက်အသင်းကို ပင်နယ်တီပေးတဲ့ ဒိုင်လူကြီးမျိုးကို မကြုံရဘူးဆိုရင်တော့ ကျွန်တော်တို့ စီးရီးအေမှာ ဗိုလ်စွဲနိုင်တယ်ဆိုတာကို ကျွန်တော် သံသယမဖြစ်ပါဘူး” ဟု ၎င်းက ဆိုသည်။

    ရိုးမားမှာ လက်ရှိအချိန်တွင် ၁၁ ပွဲကစားပြီး ၂၅ မှတ် ရရှိထားကာ ဂျူဗင်တပ်စ်ထက် ၃ မှတ်လျော့ဖြင့် ဒုတိယနေရာတွင်ရှိနေပြီး လာမည့်သီတင်းပတ်တွင် အတ္တလန်တာနှင့် အဝေးကွင်း၌ သွားရောက် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

    အီတလီထိပ်သီး ဂျူဗင်တပ်စ်အသင်းမှာ ဒိုင်လူကြီးများ၏ မျက်နှာသာပေးမှုကို ခံရသည်ဟု ယခင်ကလည်း သတင်းများ ထွက်ပေါ်ခဲ့ဖူးသည်။

  • မန်ယူအသင်း ခေါင်းဆောင်ဟောင်း ရွိုင်ကိန်း ပရိတ်သတ်နှင့် ပြဿနာဖြစ်ပြန်

    မန်ယူအသင်း ခေါင်းဆောင်ဟောင်း ရွိုင်ကိန်း ပရိတ်သတ်နှင့် ပြဿနာဖြစ်ပြန်

    နိုဝင်ဘာ ၁၄ ၊ ၂၀၁၄
    M-Media
    Roy-Keane-Main
    – မန်ယူအသင်းခေါင်းဆောင်ဖြစ်ပြီး ဒေါသကြီးရာတွင် နာမည်ကျော်သည့် ရွိုင်ကိန်းမှာ ဒက်ဘလင်မြို့ရှိ ဟိုတယ်တစ်ခုတွင် ပရိတ်သတ်တစ်ယောက်နှင့် ယမန်နေ့က ပြဿနာဖြစ်ပွားခဲ့သည်ဟု သိရသည်။

    အိုင်ယာန်လန်အသင်း လေ့ကျင့်ရေးကွင်းအနီးရှိ အသင်းသားများ တည်းခိုရာ Portmarnock ဟိုတယ်တွင် ရွိုင်ကင်း၏ အထုပ္ပတ္တိကို ဖတ်နေသော ပရိတ်သတ်တစ်ဦးက ရွိုင်ကင်းအား စာအုပ်တွင် လက်မှတ်ထိုးပေးရန် တောင်းဆိုရာမှ ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

    အခင်းဖြစ်ပွားချိန်တွင် ထိုဟိုတယ်အတွင်း၌ ရှိနေခဲ့သူ တစ်ဦးကမူ ထိုပရိတ်သတ်၏ လက်မှတ်ထိုးရန် တောင်းဆိုမှုကို ရွိုင်းကင်းက ငြင်းဆိုခဲ့ရာမှ စကားများကာ ပြဿနာဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိုပရိတ်သတ်အား အရေးပေါ်ကားခေါ်၍ ဆေးရုံသို့ ပို့လိုက်ရသည်ဟု ပြောကြားခဲ့သည်။

    အိုင်ယာလန် ဘောလုံးအဖွဲ့ချုပ် FAI ကလည်း ထိုအဖြစ်အပျက် ဖြစ်ပွားခဲ့သည်ကို အတည်ပြုခဲ့သည်။

    “အိုင်ယာလန်အသင်း နည်းပြ မာတင်အိုနေးလ်နဲ့ အိုင်ယာလန်ဘောလုံးအဖွဲ့ချုပ်တို့ဟာ ဒီအဖြစ်အပျက်ဖြစ်ပွားခဲ့တဲ့ အကြောင်းအရင်းတွေအားလုံးကို သိရှိထားပြီး လက်ထောက်နည်းပြ (ရွိုင်ကိန်း) ကိုလည်း အပြည့်အ၀ ထောက်ခံမှု ပေးထားပါတယ်” ဟု FAI မှ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

    အိုယာလန်မှာ ယူရို ၂၀၁၆ ခြေစစ်ပွဲအဖြစ် စကော့တလန်အသင်းနှင့် ယနေ့တွင် ယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။

    ရွိုင်ကိန်းမှာ ယခင်ကလည်း ထိုကဲ့သို့ ပြဿနာများဖြစ်ဖူးပြီး မန်ယူအသင်းတွင်ကစားစဉ် ရာသီအကြို အာရှခြေစမ်းပွဲသွားရာ၌ အသင်းရှိ ဂိုးသမား ပီတာရှမိုက်ကယ်နှင့် ပြဿနာ ဖြစ်ပွားခဲ့ဖူးသည်ဟု ၎င်း၏ ကိုယ်ပိုင်ရေးအထုပ္ပတ္တိတွင် ဖွင့်ဟထားသည်။

    ref_ The Mirror

  • အလ်-အက်ဆွာသို့ ၀င်ရောက်ခွင့် ပိတ်ပင်ထားမှု အစ္စရေးရုပ်သိမ်း

    အလ်-အက်ဆွာသို့ ၀င်ရောက်ခွင့် ပိတ်ပင်ထားမှု အစ္စရေးရုပ်သိမ်း

    နိုဝင်ဘာ ၁၄ ၊ ၂၀၁၄
    M-Media
    201442859587734_20
    – ပါလက်စတိုင်းပိုင် အရှေ့ဂျေရုစလင်ရှိ အလ်-အက်ဆွာ ဗလီဝတ်ကျောင်းတော်သို့ ပါလက်စတိုင်းများ ၀င်ရောက်ခွင့် ပိတ်ပင်ထားမှုအား အစ္စရေးက ရုပ်သိမ်းခဲ့သည်ဟု သိရသည်။

    ဗုဒ္ဓဟူးနေ့က အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုနှင့် ဂျော်ဒန်ဘုရင် အဘ်ဒူလာ ၂ တို့၏ ဆွေးနွေးမှု အတွင်း အလ်-အက်ဆွာ ဗလီဝတ်ကျောင်းတော်၏ လက်ရှိအခြေအနေကို ထိန်းသိမ်းထားရန် ထိုကဲ့သို့ သဘောတူညီခဲ့ခြင်းဖြစ်သည်ဟု ထိုဆွေးနွေးပွဲတွင် ပါဝင်ခဲ့သည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ပြောကြားခဲ့သည်။

    ထို့ပြင် အစ္စရေးနှင့်ဂျော်ဒန်တို့မှာ တင်းမာနေသောအခြေအနေများကို လျော့ချရန်နှင့် ယုံကြည်မှု ပြန်လည်တည်ဆောက်ရန်အတွက်လည်း သဘောတူညီခဲ့ကြသည်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    အလ်-အက်ဆွာဗလီဝတ်ကျောင်းတော်ရှိသည့် ဂျေရုစလင်အရှေ့ပိုင်းအား ပါလက်စတိုင်း ပိုင်နက်အဖြစ် ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာအသိုင်းအ၀ိုင်းက သတ်မှတ်ပေးထားသော်လည်း အစ္စရေးမှာ ထိုဒေသအား ပိတ်ဆို့ထားသည်။

    ထို့ပြင် အဆိုပါ ဗလီဝတ်ကျောင်းတော်အား ပါလက်စတိုင်းများဝင်ရောက်ခွင့်ကို ကန့်သတ်ထားသောကြောင့် ပြီးခဲ့သည့် သီတင်းပတ်အနည်းငယ်မှစ၍ ပါလက်စတိုင်းများက ဆန္ဒပြခဲ့ကြပြီး အစ္စရေးစစ်သားများက အင်အားသုံးနှိမ်နင်းခဲ့ကာ တင်းမာမှုများမှာ မြင့်တက်လာခဲ့ခြင်းဖြစ်သည်။

    ref_ Al Jazeera and agencies

  • တရုတ်နိုင်ငံတွင် အသက် ၂ နှစ်အရွယ် ကလေးငယ်တစ်ဦး ၀က်ကိုက်ခံရ၍ သေဆုံး

    တရုတ်နိုင်ငံတွင် အသက် ၂ နှစ်အရွယ် ကလေးငယ်တစ်ဦး ၀က်ကိုက်ခံရ၍ သေဆုံး

    နိုဝင်ဘာ ၁၄ ၊ ၂၀၁၄
    M-Media
    1415884658050_wps_24_Pic_shows_Locals_cut_the_
    – ၀က်ခြံနားသွားသည့် ကလေးငယ်တစ်ဦးအား ကလေးမွေးထားသည့် ၀က်မက ကိုက်သတ်ကာ ခန္ဓာကိုယ် အစိတ်အပိုင်းအချို့အား စားသောက်ခဲ့သည့် အဖြစ်အပျက်တစ်ခု တရုတ်နိုင်ငံတွင် ဖြစ်ပွားခဲ့သည်ဟု သိရသည်။

    နိုင်ငံအရှေ့ပိုင်း ဂျီယန်ဆူပြည်နယ်တွင် ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အိမ်ရှေ့ရှိ ဥယျာဉ်တွင် ကစားနေသည့် ကီကီအမည်ရ အဆိုပါ ကလေးငယ်မှာ ၀က်ခြံသို့ သွားရောက်ရာမှ သားပေါက်ထားသည့် ၀က်မက ၎င်း၏ ကလေးများအား ကာကွယ်သည့်အနေဖြင့် ကီကီအား တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

    အခင်းဖြစ်ပွားချိန်တွင် မိဘနှစ်ဦးစလုံးမှာ အိမ်အတွင်းသို့ ၀င်သွားချိန်ဖြစ်ပြီး ကလေးငယ်၏ အော်သံကြားသည့်အတွက်ကြောင့် ထွက်ကြည့်ခဲ့ရာ ၀က်မမှာ ကလေးငယ်၏ မျက်နှာအား ကိုဖြတ် စားသောက်နေသည်ကို တွေ့ခဲ့ရသည်။

    “ကျွန်တော်တို့ အိမ်ထဲဝင်ပြီး မိနစ်အနည်းငယ်အကြာမှာပဲ အော်သံကြားခဲ့ရတာပါ။ ကျွန်တော်တို့ထွက်လာတော့ ၀က်မက မီတာ ၈၀ အကွာမှာရှိနေပြီး ကီကီရဲ့ ဦးခေါင်းကို ကိုက်ဖြတ်နေပါတယ်” ဟု အသက် ၂၅ နှစ်အရွယ်ရှိ ဖခင်ဖြစ်သူ ဆန်ဆိုင်က ပြောကြားခဲ့သည်။

    ထို့နောက် ရွာသားများရောက်ရှိလာကာ အဆိုပါဝက်မအား သတ်ဖြတ်ကြည့်ရှုခဲ့ရာ ဗိုက်ထဲတွင် ကလေးငယ်၏ ဦးခေါင်းအစိတ်အပိုင်းကို တွေ့ရှိခဲ့ရသည်ဟု သိရသည်။

    “၀က်မတွေဟာ သွန်သင်ရ လွယ်ကူပေမယ့် ဇီးရှိတဲ့ အကောင်တွေနဲ့ သားပေါက်စ အကောင်တွေဟာ ရန်လိုတတ်ကြပါတယ်။ သူတို့နားကို ကပ်တဲ့ဟာမှန်သမျှ သူတို့ရဲ့ သားသမီးတွေကို ရန်မူမယ်လို့ပဲ ထင်ကြပါတယ်။ လယ်သမားတွေအနေနဲ့ သူတို့ရဲ့ ၀က်တွေကို ၀က်ခြံထဲမှာပဲထားဖို့ ကျွန်တော်တို့ တိုက်တွန်းထားပါတယ်” ဟု ရဲအရာရှိတစ်ဦးက ပြောကြားခဲ့သည်။

    ref_ Daily Mail