News @ M-Media

Blog

  • အပစ်ရပ်ရေးနှင့် ကျောင်းသူများအား ပြန်လွှတ်ပေးရေး နိုက်ဂျီးရီးယား အစိုးရနှင့် ဘိုကိုဟရမ်တို့ သဘောတူညီချက် ရရှိ

    အပစ်ရပ်ရေးနှင့် ကျောင်းသူများအား ပြန်လွှတ်ပေးရေး နိုက်ဂျီးရီးယား အစိုးရနှင့် ဘိုကိုဟရမ်တို့ သဘောတူညီချက် ရရှိ

    အောက်တိုဘာ ၁၈ ၊ ၂၀၁၄
    M-Media
    665003303001_3845857983001_201491694937442734-20
    – နိုင်ငံအတွင်း အပစ်ရပ်ရေးနှင့် ပြန်ပေးဆွဲခဲ့သော ကျောင်းသူ ၂၀၀ကျော်အား ပြန်လွှတ်ပေးရေးအတွက် သူပုန်အဖွဲ့ဖြစ်သည့် ဘိုကိုဟရမ်နှင့် သဘောတူညီမှု ရရှိခဲ့သည်ဟု နိုက်ဂျီးရီးယားအား အာဏာပိုင်များက ပြောကြားလိုက်သည်။

    ယမန်နေ့က မြို့တော် အဘူဂျာတွင် ပြုလုပ်ခဲ့သော နိုက်ဂျီးရီးယားနှင့် ကင်မရွန်းမှ အကြီးတန်း စစ်ဖက်အရာရှိများ အစည်းအဝေးတွင် နိုက်ဂျီးရီးယား လေတပ်မှ အကြီးအကဲ အဲလက်စ် ဘာဒဟ်က ပြောကြားခဲ့ခြင်းဖြစ်သည်။

    ထိုကဲ့သို့ ကြေညာခြင်းမပြုမီ နိုက်ဂျီးရီးယား သမ္မတ ဂွဒ်လက် ဂျိုနသန်၏ အကြီးတန်အကြံပေး တစ်ဦးဖြစ်သူ ဟာဆန် တူကူရ်ကလည်း ကျောင်းသူ ၂၁၉ ဦးအား လွှတ်ပေးရေးအပါအ၀င် တိုက်ခိုက်မှုများ ရပ်တန့်ရန်အတွက် ဘိုကိုဟရမ်နှင့် ဆွေးနွေးမှုများပြုလုပ်နေကာ သဘောတူညီချက်ရရှိခဲ့သည်ဟု AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။

    ဆွေးနွေးညှိနှိုင်းမှုများတွင် တိုးတက်မှုများရှိနေသော်လည်း ပြန်ပေးဆွဲခံထားရသည့် ကျောင်းသူ ၂၀၀ ကျော်အား ပြန်လွှတ်ပေးရေးအတွက် တိကျသော သဘောတူညီချက် မရသေးဟု အချို့သတင်းရင်းမြစ်များက ဖော်ပြကြသည်။

    ref_ Al Jazeera and agencies

  • အီဘိုလာကြောင့် အာဖရိကနိုင်ငံများ ဖလား ဘောလုံးပြိုင်ပွဲ ဖျက်သိမ်းရန်ရှိနေ

    အီဘိုလာကြောင့် အာဖရိကနိုင်ငံများ ဖလား ဘောလုံးပြိုင်ပွဲ ဖျက်သိမ်းရန်ရှိနေ

    အောက်တိုဘာ ၁၈ ၊ ၂၀၁၄
    M-Media
    Greece-v-Ivory-Coast
    – အီဘိုလာပြန့်နှံ့မည်ကို စိုးရိမ်ရသည့်အတွက် အာဖရိကနိုင်ငံများဖလား ဘောလုံးပြိုင်ပွဲကို မကျင်းပတော့ဟု မော်ရိုကိုနိုင်ငံက ကြေညာပြီးနောက်ပိုင်း အဆိုပါပြိုင်ပွဲအား ဖျက်သိမ်းရန် အလားအလာရှိနေသည်ဟု သိရသည်။

    လာမည့်နှစ် ဇန်န၀ါရီတွင် ကျင်းပမည့် အဆိုပါပြိုင်ပွဲအား မော်ရိုကိုနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် ယခင်က စီစဉ်ထားသည်။ သို့သော်လည်း အီဘိုလာ ပြန့်နှံ့မည်ကို စိုးရိမ်ရသောကြောင့် မောရိုကိုက ပြိုင်ပွဲကျင်းပမည့်ကာလကို ပြောင်းလဲရန် တောင်းဆိုခဲ့သော်လည်း အာဖရိကနိုင်ငံများ ဘောလုံးအဖွဲ့ချုပ် CAF က လက်မခံသောကြောင့် ပြိုင်ပွဲအား ကျင်းပတော့မည်မဟုတ်ဟု ကြေညာခဲ့သည်။

    လက်ရှိတွင် ထိုပြိုင်ပွဲအား ကျင်းပရန် ဂါနာနှင့် တောင်အာဖရိက နိုင်ငံတို့က ချဉ်းကပ်မှုများရှိနေသ်ာလည်း မသေချာသေးဘဲ၊ ပရီးမီးယားလိဂ် ကလပ်အသင်းများကလည်း ၎င်းတို့၏ ကစားသမားများအား ထိုပြိုင်ပွဲသို့ စေလွှတ်မည်မဟုတ်ဟု သတိပေးထားသောကြောင့် အဆိုပါ ပြိုင်ပွဲမှာ ဖျက်သိမ်းရန် အလားအလာရှိနေသည်။

    CAF မှာ အီဘိုလာ ပြန့်နှံ့နေသည့် နိုင်ငံများဖြစ်သော ဂီနီ၊ လိုက်ဘေးရီယား၊ ဆီရာလီယိုနီ နိုင်ငံတို့အား မည်သည့်နိုင်ငံတကာ ဘောလုံးပြိုင်ပွဲမှ ကျင်းပခြင်းမပြုရန် တားမြစ်ထားသည်။

    ယခုနှစ်အစောပိုင်းက အာဖရိကအနောက်ပိုင်း နိုင်ငံများတွင် စတင်ပြန့်နှံ့ခဲ့သည့် အီဘိုလာ ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ အရေအတွက်မှာ ယခုအချိန်တွင် ၄၅၀၀ ကျော်လာပြီဖြစ်သည်။

  • ဂျာမဏီတွင် မွတ်စ်လင်မ် မဟုတ်သူများ ဗလီများကို လာရောက် လေ့လာရန်  မွတ်စလင်မ် အဖွဲ့အစည်းများ ဖိတ်ခေါ်

    ဂျာမဏီတွင် မွတ်စ်လင်မ် မဟုတ်သူများ ဗလီများကို လာရောက် လေ့လာရန် မွတ်စလင်မ် အဖွဲ့အစည်းများ ဖိတ်ခေါ်

    အောက်တိုဘာ ၁၇ ၊ ၂၀၁၄
    M-Media

    germany-mosque
    ယဉ်ကျေးမှုဖလှယ်နိုင်ရေး အစီအစဉ်အရ မွတ်စ်လင်မ် အဖွဲ့အစည်းများသည် သောကြာနေ့တွင် ဗလီဝတ်ကျောင်းတော်များသို့ လာရောက်လည်ပတ်ရန် ထောင်နှင့် ချီသော မွတ်စ်လင်မ် မဟုတ်သူများအား ဖိတ်ခေါ်ခဲ့ကြသည်။

    မွတ်စ်လင်မ်တို့အပေါ် အစွဲဆိုးများ ကျွတ်စေရန်နှင့် ယဉ်ကျေးမှုဖလှယ်နိုင်ရေး အစီအစဉ်အရ ဂျာမဏီနိုင်ငံမှ မွတ်စ်လင်မ်တို့သည် သောကြာနေ့တွင် ဗလီဝတ်ကျောင်းတော်များသို့ လာရောက် လည်ပတ်ရန် ထောင်နှင့်ချီသော မွတ်စ်လင်မ် မဟုတ်သူများအား ဖိတ်ခေါ်ခဲ့ကြသည်။

    “အကြောင်းမလှစွာနဲ့ ဂျာမဏီ လူ့အဖွဲ့အစည်းထဲ အစ္စလာမ်ကြောက်ရောဂါ၊ မွတ်စ်လင်မ်တွေပေါ် အမုန်းတရား ကြီးထွားလာနေတာကို ကျွန်တော်တို့ တွေ့မြင်နေကြရတယ်။ ကျွန်တော်တို့ရဲ့ ဒီကဧည့်သည်တော် ဂျာမန်လူမျိုးတွေ မကြာခဏ မေးမြန်းကြတာကတော့ အကြမ်းဖက်မှုနဲ့ အစွန်းရောက်ဝါဒ အကြောင်းတွေပါပဲ။ အစ္စလာမ်သာသနာက အဲ့ဒါတွေကို အရင်း တည်ထားတာ မဟုတ်ပါဘူး။ သူတို့ကို ကျွန်တော်တို့က အစ္စလာမ့်တန်ဖိုး (အနှစ်သာရ) အစစ်အမှန်တွေ ပြောပြပါတယ်။ ကျွန်တော်တို့ရဲ့ အစွန်းရောက်ဝါဒဆန့်ကျင်ရေးလှုပ်ရှားမှုတွေကို အသိပေးနေပါတယ်။ မွတ်စ်လင်မ်တွေအပေါ်ရှိတဲ့ အဆိုးတရားအစွဲတွေကို လျှော့ချနိုင်ဖို့ ကျွန်တော်တို့ ကြိုးစားနေကြပါတယ်” ဟု ဘာလင်ရှိ Sehitlik ဗလီထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဌ Ender Cetin မှ “ပွင့်လင်းမြင်သာသော ဗလီဝတ်ကျောင်းတော်များနေ့” အစီအစဉ်အတွင်း စာနယ်ဇင်းသမားတို့အား ပြောကြားသည်။

    မကြာသေးမီက ISIL အဖွဲ့မှ ကျူးလွန်သော အကြမ်းဖက်သတ်ဖြတ်ခြင်း၊ ရက်စက်ခြင်း သတင်းတို့ကြောင့် ဂျာမဏီနိုင်ငံတစ်ဝှမ်းရှိ မွတ်စ်လင်မ်တို့အပေါ် သံသယများ၊ အဆိုးမြင်တုန့်ပြန်မှုများ ဖြစ်ပေါ်လျက်ရှိသည်။

    ဂျာမဏီ၌ မွတ်စ်လင်မ် လေးသန်းခန့်ရှိပြီး သုံးသန်းဝန်းကျင်မှာ တူရကီနွယ်ဖွားများ ဖြစ်ကြသည်။ Infratest-dimap မှ လတ်တစ်လောပြုလုပ်သည့် လူထုစစ်တမ်းတစ်ရပ်က ဂျာမန်လူမျိုး ၄၂ ရာခိုင်နှုန်းသည် ယခုအခါ အစ္စလာမ်သာသနာကို ရန်မူတတ်သည့်ဘာသာအဖြစ်လည်းကောင်း၊ ၃၈ ရာခိုင်နှုန်းမှာ အန္တရာယ်အဖြစ် လည်းကောင်း ရှုမြင်နေသည်ဟု ဆိုသည်။
    ဂျာမဏီနိုင်ငံမှ အကြီးမားဆုံးမွတ်စ်လင်မ်အသင်းအဖွဲ့လေးခုမှ စုပေါင်းဖွဲ့စည်းထားသော ဂျာမဏီမွတ်စ်လင်မ်ညီညွတ်ရေးကောင်စီမှ သောကြာနေ့တွင် ဂျာမန်လူ့အဖွဲ့အစည်းထံသို့ “ပွင့်လင်းမြင်သာသော ဗလီဝတ်ကျောင်းတော်များနေ့” နှင့်အတူ မွတ်စ်လင်မ်အသိုင်းအ၀ိုင်းအသီးသီး၏ ထူးခြားမှုများ၊ အစ္စလာမ့်ရေးရာမေးခွန်းတို့ကို ဖြေကြားမှုများ တင်ပြပြုလုပ်ပေးမည်ဟု ရှင်းလင်းပြောကြားထားသည်။

    ဂျာမဏီတစ်ဝှန်းရှိ ဗလီဝတ်ကျောင်းတော်ပေါင်း ၇၀၀ တွင် ကျင်းပသော ယင်းရက်သတ္တပတ်လှုပ်ရှားမှုသို့ ဧည့်သည်တော်များ သိန်းနှင့်ချီ၍တက်ရောက်ခဲ့ကြကြောင်း ပွဲစီစဉ်သူများကဆိုသည်။

    ဗလီသို့ ပထမဆုံးအကြိမ်လာရောက်လည်ပတ်ဖူးသူ ဂျာမန်လူငယ် Stefan Streicher က ဘာလင်မှ Sehitlik ဗလီကြီးလည်ပတ်ခြင်းအပေါ် အားရကျေနပ်လှကြောင်း ပြောပြသည်။

    “ဒီဗလီဟာ လှပတင့်တယ်တဲ့ အဆောက်အဦတစ်ခုပါ။ ၀တ်ကျောင်းထဲမ၀င်ခင် ဖိနပ်ချွတ်ရခြင်းက ကျွန်တော့်အဖို့ တစ်စုံတစ်ရာ ထူးခြားစေပါတယ်။ ခြုံငုံပြောရရင် အကောင်းမြင်မှုနဲ့ အားရမိပါတယ်”။

    ခရစ်ယာန်အမျိုးသမီးတစ်ဦးဖြစ်သော Sabine Schwanz က အစ္စလာမ်အကြောင်း ထပ်မံလေ့လာရန် စိတ်ဝင်တစားဖြစ်နေကြောင်း ဖြည့်စွက်ပြောပါသည်။
    “ဒီလိုအစီအစဉ်မျိုးက အဆိုးတရားအစွဲတွေကို ကျွတ်စေဖို့ အထောက်အကူပြုပါတယ်”။

    Ref : World Bulletin

  • အနောက် လေကြောင်း ပစ်ကူမှုဖြင့် ကာဒ် တပ်ဖွဲများ ဆီးရီးယား နယ်စပ်တွင် အသာစီးရ

    အနောက် လေကြောင်း ပစ်ကူမှုဖြင့် ကာဒ် တပ်ဖွဲများ ဆီးရီးယား နယ်စပ်တွင် အသာစီးရ

    အောက်တိုဘာ ၁၇ ၊ ၂၀၁၄
    M-Media
    2014101615014899734_20
    – ISIL ၏ တိုက်ခိုက်မှုများကို တစ်လနီးပါးကြာ ခုခံ တိုက်ခိုက်ခဲ့ပြီးနောက် ဆီးရီးယားနယ်စပ် ကိုဘိန်းမြို့ရှိ ကာ့ဒ်တပ်ဖွဲ့ဝင်များမှာ ကိုဘိန်းမြို့မှ ISIL တပ်များကို တွန်းလှန်နိုင်ခဲ့သည်ဟု သိရသည်။

    အောက်တိုဘာ ၁၆ ရက်နေ့ ကြာသာပတေးနေ့တွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီးနောက် ISIL တပ်များမှာ မြို့အား စွန့်ခွာသွားခဲ့ပြီး မြို့၏ အရှေ့ပိုင်း နှစ်နေရာခန့်တွင်သာ ရှိတော့သည်ဟု ကာ့ဒ်တပ်ဖွဲ့ တပ်မှူးက ပြောကြားခဲ့သည်။

    ISIL အဖွဲ့အား ခုခံတိုက်ခိုက်မှုတွင် အမေရိကန်နှင့် မဟာမိတ်များ၏ လေကြောင်းမှ တိုက်ခိုက်မှုများကလည်း အရေးပါခဲ့ပြီး အောက်တိုဘာ ၁၅၊ ၁၆ ရက်နေ့များတွင် လေကြောင်းမှ တိုက်ခိုက်မှုအတွင်း ISIL တပ်သား ရာချီသေဆုံးခဲ့သည်။

    ဘဂ္ဂဒတ်မြို့ရှိအနောက်ဘက်ရှိ အဓိကမြို့တော် အမ်ရီယတ် အလ်-ဖာလူဂျာကိုလည်း အီရတ်စစ်တပ်က ISIL ၏ လက်မှ ယခုရက်ပိုင်းအတွင်း ပြန်လည်သိမ်းယူနိုင်ခဲ့ပြီး ဘဂ္ဂဒတ်မြို့မှာ ISIL ၏ သိမ်းပိုက်မည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည်ဆိုခြင်းအား အမေရိကန် စစ်တပ်မှ ငြင်းဆိုခဲ့သည်။

    ref_ Agencies

  • လာမည့်နှစ်တွင် နိုင်ငံခြား ကုမ္ပဏီများသို့ ရေနံလုပ်ကွက် ၁၅ ခု မြန်မာ အစိုးရ ချပေးမည်

    လာမည့်နှစ်တွင် နိုင်ငံခြား ကုမ္ပဏီများသို့ ရေနံလုပ်ကွက် ၁၅ ခု မြန်မာ အစိုးရ ချပေးမည်

    အောက်တိုဘာ ၁၇ ၊ ၂၀၁၄
    M-Media
    construction-of-oil-tanks
    – နိုင်ငံအတွင်းရှိ ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ကွက်များအား နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ အတွက် လုပ်ပိုင်ခွင့်ပေးနေသော မြန်မာနိုင်ငံမှာ လာမည့်နှစ်ကုန်ပိုင်းတွင် ရေနံရှာဖွေရေး လုပ်ကွက် ၁၅ ခုအတွက်လည်း နိုင်ငံခြားကုမ္ပဏီများကို ဖိတ်ခေါ်သွားမည်ဟု သိရသည်။

    မြန်မာနိုင်ငံတွင် ယခုအချိန်အထိ ရေနံနှင့် သဘ၀ဓာတ်ငွေ့ လုပ်ကွက်ပေါင်း  ၄၀ ခန့်ကို နိုင်ငံခြား ကုမ္ပဏီများသို့ လုပ်ပိုင်ခွင့်ပေးထားသည်။ ထိုပမာဏမှာ သယံဇာတပေါကြွယ်ဝသည့် မြန်မာနိုင်ငံရှိ ရေနံနှင့် သဘာဓာတ်ငွေ့ လုပ်ကွက်အရေအတွက်၏ ထက်ဝက်ခန့်ဖြစ်ပြီး Total နှင့် Shell တို့ကဲ့သို့ နာမည်ကြီး ကုမ္ပဏီများက ၀င်ရောက် လုပ်ကိုင်နေကြသည်။

    ရေနံလုပ်ကွက်များ ချပေးရန် လျာထားမှုနှင့် ပတ်သက်၍ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း အစီအစဉ်ရေးဆွဲရေး ဒါရိုက်တာဖြစ်သူ သန်းမင်းက

    “ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေပိုရှာဖို့ ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်တွေဟာ မြင့်မားပါတယ်။ ဒါဟာ မြန်မာပြည်သူတွေကို အများကြီး ကူညီနိုင်မှာပါ။ ဒီပရောဂျက်တွေကရရှိမယ့် အမြတ်အစွန်းတွေကို စီမံသုံးစွဲဖို့ လိုအပ်ပါတယ်။ ပြီးတော့ ကျွန်တော်တို့ရဲ့ ဖွံ့ဖြိုးရေး အစီအစဉ်ဟာ ပြည်သူတွေအတွက်သာ ဖြစ်ပါလိမ့်မယ်” ဟု ပြောကြားခဲ့သည်။

    သို့သော်လည်း ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍရှိ စည်းမျဉ်းစည်းကမ်းများနှင့် ပတ်သက်၍လည်းကောင်း၊ ပြည်ပမှ ကုမ္ပဏီကြီးများ ၀င်ရောက်လာပါက လက်ရှိလုပ်ကိုင်နေသည့် ကုမ္ပဏီငယ်အချို့၏ ရပ်တည်ရေးအတွက် လည်းကောင်း စိုးရိမ်မှုများလည်း ရှိနေသည်။

    ref_ CNA
    Photo- AFP