၂၀၀၁ စက်တင်ဘာ ၁၁ရက်နေ့တွင် ဖြိုချဖျက်ဆီခံလိုက်ရသော ကမ္ဘာကန်ုသွယ်ရေးအဆောက်အဦးအနီး
ဆောက်လုပ်မည့် အစ္စလာမ်လူမှုရိပ်သာ အစီစဉ်ကို အမေရိကန် သမ္မတအိုဘားမားက ထောက်ခံပြောဆို လိုက်ပြီးနောက် အမေရိကန်ပြည်သူများက အိုဘားမား၏ ကိုးကွယ်ရာ ဘာသာတရား အပေါ် သံသယများ ဖြစ် လာခဲ့ကြသည်။
အိုဘာမားကို ခရစ်ယာန်ဟုယုံကြည်သူ အရေအတွက် သည်လည်း ၄၃% ကနေ ၃၄%ထိလျော့နည်း ကျဆင်းခဲ့သည်နည်းတူ အမေရိကန်ပြည်သူ ၁၈%က အိုဘာမားသည်မွတ်စလင်ဖြစ်ကြောင်း ထုတ်ဖေါ်ခဲ့ကြသည်။
ထို့ကြောင့် အမေရိကန်သမ္မတအိမ်ဖြူတော် ပြောခွင့်ရပုဂ္ဂိုလ်က သမ္မတအိုဘားမားသည် ဘာသာတရားကိုင်းရှိုင်း တက်သည့် နေစဉ်ဝတ်တက်သူ ခရစ်ယာန် တစ်ဦးသာဖြစ်ကြောင်းရှင်းလင်း ပြောဆိုခဲ့ပါသည်။