စန်းဦးအောင်
အိန္ဒိယလူမျိုး များဟာ လွန်ခဲ့သော နှစ်ပေါင်း(၂၀၀၀)ကျော်ကပင် မြန်မာ့မြေပေါ် စတင်အခြေချ ခဲ့ကြပြီး မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ ဘာသာရေး၊ လူမှုရေး၊ ယဉ်ကျေးမှု ဓလေ့ထုံးစံများကို အားဖြည့် လွှမ်းမိုးခဲ့နိုင်ကြပါသည်။
(စာညွှန်း (၁) မြန်မာနိုင်ငံသည် တရုတ် အိန္ဒိယနိုင်ငံကြား အဝေးပြေး လမ်းမကြီးဖြစ်သည်။ “ပုဂံယဉ်ကျေးမှု” စာမျက်နှာ (၄၂)၊ ပါမောက္ခဦးသန်းထွန်း M.A.B.L, D. LIT, Ph.D
စာညွှန်း (၂) ရှေးဟောင်းပျူများ – စာမျက်နှာ (၃ နှင့် ၄)၊ ပါမောက္ခဦးသန်းထွန်း)
ကမ္ဘာပေါ်၌ တရုတ်ပြည်နှင့် အိန္ဒိယနိုင်ငံတို့သည် ရှေးအကျဆုံးသော လူမှုအဖွဲ့အစည်း နှစ်ခုဖြစ်ခဲ့ပြီး ၎င်းနှစ်နိုင်ငံကို ဟိမ၀န္တာတောင်တန်းကြီးက ကာဆီးထားသဖြင့် နှစ်နိုင်ငံ ကူးလူးဆက်ဆံရေးမှာ တိုက်ရိုက်ပြုလုပ်ရန် ခက်ခဲလှပါသည်။
သို့သော် ပထ၀ီသဘောအရ အိန္ဒိယတိုက်ကြီးမှာ အနောက်တောင်မှ အရှေ့မြောက်သို့ ရွေ့လျားပြီး မြန်မာနယ်စပ်၌ တိုက်မိသော ကြောင့် တွန့်ခေါက်တောင်များ ဖြစ်ပေါ်လာပြီး ဟိမ၀န္တာတောင်တန်းကြီးမှာ အရှေ့အနောက် ရှိသော်လည်း ၎င်းတောင်တန်းကြီးများ၏ အရှေ့ဘက်ဆုံး တိဘက်ကုန်းပြင်မြင့် မှစ၍ တွန့်ခေါက်တောင်များမှာ မြန်မာပြည်ကိုဖြတ်၍ မြောက်မှတောင် သွယ်တန်းလျက်ရှိပါသည်။
ထို့ကြောင့် တရုတ်နှင့် အိန္ဒိယနိုင်ငံသားတို့ ကူးလူးဆက်ဆံရန် အနှောင့်အယှက် ဖြစ်နေသော ဟိမ၀န္တာတောင်မှာ မြန်မာပြည်ထဲသို့ ကွေးဝင်ပြီး နိမ့်ဆင်းသွားသဖြင့် တိဘက်နှင့် ယူနန်မှ ရှေးဦးလူများမှာ တောင်ကြားလမ်း၊ မြစ်ချောင်းများအလိုက် လွယ်ကူစွာ မြန်မာပြည်ထဲသို့ ဆင်းသက်လာနိုင်ခြင်း ဖြစ်သည်။
တဖန် ဟူးကောင်းတောင်ကြားလမ်း၊ အမ်းနှင့်တောင်ကုတ်တောင်ကြားလမ်း များမှတဆင့် တရုတ်-အိန္ဒိယ ရွှေလမ်း-ငွေလမ်း ဖောက်လုပ်ခဲ့ကြပြီး ယနေ့ မြန်မာနိုင်ငံမှာ အိန္ဒိယနှင့် တရုတ်နိုင်ငံတို့ကို ဆက်သွယ်ပေးထားသော သဘာဝ အဝေးပြေးလမ်းမကြီး အဖြစ်သို့ ရောက်ရှိလာခဲ့ရပါသည်။
(စာညွှန်း-1 “ပုဂံယဉ်ကျေးမှု” စာမျက်နှာ (၄၂)၊ ပါမောက္ခဦးသန်းထွန်း)
2. Sri Ksetra was an important entrepôt between China and India. By Htin Aung, Maung (1967). A History of Burma. New York and London: Cambridge University Press.
ထို့ကြောင့် အိန္ဒိယနှင့် တရုတ်နိုင်ငံမှ ခရီးသွားများ၊ စစ်ပြေးဒုက္ခသည်များ၊ ကုန်သည်ပွဲစားများ၊ ရေကြည်ရာမြက်နုရာ ရွေ့ပြောင်းနေထိုင်သည့် သူများမှာ မြန်မာပြည်အတွင်း၌ တစစ အခြေခံ နေထိုင်လာခဲ့ကြပါသည်။
ပျူလူမျိုးများ (စာညွှန်း ရှေးဟောင်းပျူများ – စာမျက်နှာ (၃ နှင့် ၄)၊ ပါမောက္ခဦးသန်းထွန်း)
မြန်မာ(ဗမာ) လူမျိုးတို့မှာ ပျူ၊ ကမ်းရံ၊ သက် လူမျိုးတို့ပေါင်းစပ်၍ ဖြစ်ပေါ်လာပြီး ပျူတို့မှာ အင်အားအကောင်းဆုံးနှင့် အဓိက အကျဆုံး လူမျိုးဖြစ်သည်။
ပျူများသည်ပင် အခြေခံလူမျိုး(၃)စုမှ ပေါင်းစပ်ဖြစ်ပေါ်ခြင်း ဖြစ်၏။
(၁) ရှေးဦးလူသားအခြေခံ ပျူများမှာ – ကျောက်ခေတ်၊ ကြေးခေတ် နှင့် သံခေတ်မှ စ၍ အစဉ်အဆက် မြန်မာပြည်တွင် နေထိုင်ခဲ့ကြသူများ။
(၂) အိန္ဒိယနိုင်ငံမှ ရွှေ့ပြောင်းအခြေချလာသော ပျူများ၊ သူတို့က ဟိန္ဒူနှင့် ဗုဒ္ဓဘာသာ သာမက ယဉ်ကျေးမှုနှင့် ဓလေ့ပါသယ်ဆောင်လာသူများ ဖြစ်သည်။
(၃) မြောက်ဘက်မှဆင်းလာသော တိဘက် မြန်မာအနွယ်ဝင်ပျူများ။
ပျူများအခြေချခြင်း
ပျူများသည် မြန်မာနိုင်ငံအတွင်း၌ ဘီစီ(၁၀၀)ခန့် သို့မဟုတ် ၎င်းအလျင်ကပင် အခြေချ နေထိုင်ခဲ့ကြသည်။ ဟန်လင်း ကွတ်ခိုင်၊ သံလွင်မြစ်ကမ်း၊ အရှေ့ဘက်ကမ်းရိုးတန်း၊ မုတ္တမပင်လယ်ကွေ့၊ သံတွဲနှင့် ရိုးမဒေသတို့တွင် စတင်အခြေချကြသည်။
(စာညွှန်း- ပါမောက္ခဦးသန်းထွန်း မြန်မာရာဇ၀င်ရုပ်ပြစာအုပ်)
ပျူတို့သည် သရေခေတ္တရာ (ပြည်)၌ အေဒီ ၄-၈ ရာစု၊ မိုင်းမော် ဗိတ္တနိုး (အမှန်က ဗစ်ရှနူးခေါ် ဟိန္ဒူ ဘုရားအမည်) (ခမာများက အေဒီ ၂၁၀-၂၂၅သိမ်)၊ တောင်တွင်းကြီး အေဒီ ၁-၄ ရာစု၊ ဟန်လင်း (၀က်လက်) အေဒီ ၁-၄ ရာစု၊ ဟန်လင်းကြီး တကောင်း (သပိတ်ကျင်း)၊ waddi (နွားထိုးကြီး)၊ မိုင်းမော်၊ မြစ်သား၊ ဘိန္နက (ပျော်ဘွယ်)နှင့် ဘီးလင်း (မွန်ပြည်နယ်) တို့၌ အခြေချနေထိုင်ခဲ့ကြသည်။
အိန္ဒိယ ဂွပ္ပတား (Gupta) မူကွဲ ပျူစာ
ပျူကျောက်စာများကို ပါဠိနှင့် ဂွပ္ပတား မူကွဲ ပျူစာများဖြင့် ရေးသားထားပါသည်။ ပျူများအကြောင်းကို တရုတ်ခရီးသည်နှင့် ကုန်သည်များ၏ ကြေငြာချက်ဟူ၍ တရုတ်ရာဇ၀င်များ၌ ရေးသားမှတ်တမ်း တင်ထားပါသည်။
ဗိဿနိုးBrikthano (ဗစ်ရှနူး)
ခမာများက အေဒီ ၂၁၀-၂၂၅တွင် ပျက်စီးပြီး မွန်များဝင်လာပြီး ပန်ထွာနှင့် ရာမညမြို့ အဖြစ် ထူထောင်သည်။ ဗုဒ္ဓဘာသာနှင့် ဟိန္ဒူဘာသာ ကိုးကွယ်ကြသည်။ ဗုဒ္ဓရုပ်တုတော်များနှင့် ဂွပ္ပတား (အိန္ဒိယ)ဟန် ဟိန္ဒူဘုရားရုပ်တု မျိုးစုံကို တွေ့ရှိရသည်။
ပျူဘုရင်များကို မဟာရာဂျာများဟုခေါ်ခြင်း
တရုတ်ရာဇ၀င်မှတ်တမ်းများ၌ ပျူများကို “P’ aio” ပအိုဟု မှတ်တမ်းတင်ထားပါသည်။ သို့သော် ပျူတို့ကမူ သူတို့ကိုယ်သူတို့ Tricul တီကျူးဟု သမုတ်ပါသည်။ တရုတ်ရာဇ၀င်၌ နန်ချိုရှမ်းတရုတ်များနှင့် တိဘက် ပူးပေါင်း၍ တရုတ်ကို တိုက်ခိုက်ခြင်း မှတ်တမ်းများ တွေ့ရပါသည်။ နန်ချိုရှမ်းတရုတ်ဘုရင် Ko-lo-fan ကိုလိုဖင်၏ ပျူများနှင့် ဆက်သွယ်သော မှတ်တမ်းများလည်း တွေ့ရပါသည်။ ပျူဘုရင်များကို မဟာရာဂျာများ၊ မှူးမတ်ချုပ်များကို MAHSINAS မဟာဒီနားဟု မှတ်တမ်းတင်ထားပါသည်။
ပျူဘုရင်များ VISNU (ဗစ်ရှနူး)ဘွဲ့ ကို အိန္ဒိယ ဂွပ္ပတား (Gupta) ဓလေ့အရ ယူခြင်း
တောင်ပိုင်း အိန္ဒိယ အက္ခရာသုံး၍ မှတ်တမ်းတင်ထားသော ပျူကျောက်စာများ၌ ဗစ်ရာမ (VIKRAM) မင်းဆက်က အေဒီ ၆၇၃မှ ၇၁၈အထိ စိုးစံခဲ့ကြောင်း မှတ်တမ်းတင်ထားပါသည်။
(စာညွှန်း Burma, D.G.E.HALL MA D.LIT, F.R.HIST. Professor Emeritus of the University of London and Former Professor of History, Rangoon, Burma 3rd. Eddition 1960 Page 8.)
ထိုကျောက်စာများ၌ ဗစ်ရာမနောက်မှ ဗစ်ရှနူး (ဟိန္ဒူဘုရား) အမည်များကို တွဲဖက် ဖော်ပြလေ့ ရှိကြသည်။
ဗစ်ရှနူး (ဟိန္ဒူနတ်ဘုရား)က ဂရုဒါ (GARUDA) ခေါ် ဂဠုန်ငှက်ပေါ်၌ မတ်တပ်ရပ်နေပြီး လက်ရှမီး (LAKSHMI ဟိန္ဒူနတ်ဘုရားမ) က ကြာပန်းပေါ်၌ ရပ်နေသော ရုပ်တုများနှင့် ဘရာမာ (BRAHMA ဟိန္ဒူနတ်ဘုရား)၊ ရှီဗာ (SIVA)နှင့် ဗစ်ရှနူး ပလ္လင်များ ကို မြန်မာနိုင်ငံအတွက် ပျူတူးဖေါ်ရာ၌ တွေ့ရှိခဲ့ပါသည်။
ထို့ပြင် ဗာမင် (VAMAN)ဘုရင်မင်းဆက် ရှိခဲ့ပြီး အိန္ဒိယနိုင်ငံ ပလာဗာ (PALAVA)မင်းဆက်၏ လွှမ်းမိုးမှု မကင်းကြောင်း တွေ့ရှိရပါသည်။
(စာညွှန်း Elizabeth Moore, Myanmar Historical Research Journal (2004))
ပန်ထွာရှိ အိန္ဒိယ (DRAVIDIAN) ဒြာဗီဒီယန်နွယ်များ
တရုတ်ရာဇ၀င် ချန်ယိစိန်၌ မုတ္တမပင်လယ်ကမ်းခြေ မွန်ဌာနေ၌ ဒြာဗီဒီယန် အိန္ဒိယနွယ်ဖွားများ အခြေချ နေထိုင်ခဲ့ကြောင်း မှတ်တမ်း ပါရှိသည်။
၎င်းတို့သည် ဗိဿနိုးကို ၀င်ရောက်လွှမ်းမိုးပြီး ပန်ထွာအဖြစ် အမည်ပြောင်း တွင်စေခဲ့သည်။ ထိုမှတဖန် ရာမညပူရအဖြစ် ပြောင်းလဲခဲ့သည်။
(စာညွှန်း D G E HALL “BURMA”)
တကောင်းမှာ ဒွတ္တဘောင်၏ မိဘတို့ ပါဝင်သော ဒဏ္ဍာရီပုံပြင်၌ ယှက်နွယ်နေသည့် ဗိဿနိုး ဘုရင်မကြီးနှင့် ဆက်သွယ်မှုမှာ အထောက်အထား မခိုင်လုံလှပေ။ သို့သော် သရေခေတ္တရာ အုပ်ချုပ်သော မင်းများနှင့်မူ ဆက်နွယ်နေ၏။ အဓိကအားဖြင့် ဟိန္ဒူဘုရင်များ၏ အရိုက်အရာ ဆက်နွယ်မှု၊ ဗုဒ္ဓဘာသာ ဂိုဏ်းကွဲများ လွှမ်းမိုးမှုနှင့် ဒဏ္ဍာရီဆန်သော အဖြစ်များ ရောမွှေထားသော သမိုင်းကြောင်း ဖြစ်နေသည်။
ORISSA (အိုရီဆာ)
အိုရီဆာ ဗုဒ္ဓဘာသာဝင် အိန္ဒိယ နယ်ချဲ့များက မြန်မာပြည်တောင်ပိုင်းကို ၀င်ရောက်ပြီး ဘီစီ(၅၀၀)ကပင် ဘုရားများ တည်ထားကြောင်း အထောက်အထားများ ရှိ၏။
(HGE HALL HISTORY OF SOUTH EAST ASIA)
သာမလ နှင့် ၀ိမလ
သာမလ (Indian Thalma သာလမာ) ၀ိမလ (အိန္ဒိယ Vimala ဗိမလ)မင်းသားညီနောင်က ပဲခူးမြို့ကို အေဒီ ၅၇၃က တည်ခဲ့သည်။ တပင်ရွှေထီးက အေဒီ ၁၅၃၉၌ သိမ်းယူခဲ့သည်။
(U Pe Maung Tin HG LUCE Glam Palace Chawle of King of Binm)
အန္ဒယာ မင်းဆက် (ANDRA DYNASTY)
အိန္ဒိယအလယ်ပိုင်းမှ ဟိန္ဒူ အန္ဒယာ နယ်ချဲ့ကိုလိုနီများက ဘီစီ (၁၈၀)ခန့်က မြန်မာပြည်ကို ထိုးဖောက် အခြေချ၍ ဟံသာဝတီ (မွန်မြို့)နှင့် သံလျင်မြို့ကို တည်ထောင်ခဲ့သည်။
(HGE HALL HISTORY OF SOUTH EAST ASIA)
အဘိရာဇာ (သို့မဟုတ်) အဘိရာဂျာ
ဗမာအစ တကောင်းကဟု အချို့က ဆိုကြသည်။ အဘိရာဂျာမှာ သာကီဝင် မင်းမျိုးဖြစ်သည်။ ကပိလ၀တ် (KAPILAYATTHU-INDIA) မှ ပန်ချလာမင်း (PANCHALA-INDIA) (ဇာတိ VITATUPA) ကို စစ်ရှုံး၍ ပြေးလာခြင်းဖြစ်သည်။
အဘိရာဂျာသည် ထိုအိန္ဒိယအလယ်ပိုင်းမှပြေးလာပြီး SANGASSARATTHA သို့ SANGASSANAGARA ယခုအခေါ် တကောင်း၌ တိုင်းပြည်ထူထောင်၍ မင်းလုပ်၏။
(အညွှန်း U Pe Maung Tin and GH Luce မှန်နန်းရာဇ၀င် (စာမျက်နှာ ၂ )
Prince Abhiyaza was lord of the Kapilavastu (ကပိလဝတ်) region of Kosala—the very birthplace of the historical Buddha three centuries later.Harvey, G. E. (1925). History of Burma: From the Earliest Times to 10 March 1824. London: Frank Cass & Co. Ltd.1925: 307–309.
Hmannan Vol. 1 2003: 153–155)
ကံရာဇာကြီး ရခိုင်မင်းဖြစ်ခြင်း
(Pe Maung Tin GH Luce မှန်နန်းရာဇ၀င် စာမျက်နှာ ၂)
အဘိရာဂျာကွယ်လွန်ပြီး ကံရာဂျာငယ် နန်းတက်၍ သားကြီး ကံရာဇာကြီးသည် ဧရာဝတီမြစ်အတိုင်း စုန်ဆင်းရာ သာလာဝတီမြစ်အတိုင်း ဆန်ဆက်၍ ကုလားတောင်သို့ ရောက်ရှိပြီး RAJAGAHA အဖြစ် ရှေးဟောင်း အာရကန် (ရခိုင်)ကို အုပ်ချုပ်မင်းလုပ်ပါသည်။
ကံရာဇာကြီး၏သား MUDUCITTA မုဒုကျစ်တ
ကံရာဇာကြီး၏သား Muducitta သားသည် မင်းဖြစ်လာသည်။ သူသည် ကျောက်ပန်းတောင်းမြို့ကိုတည်ခဲ့ပြီး ဒည၀တီကို စစ်နိုင်အုပ်ချုပ်ခဲ့သည်။
(အထက်ပါ မှန်နန်းရာဇ၀င် P-2 Line 22)
ဘိန္ဓက ရာဂျာ BHINNAKA RAJA
မြောက်ဘက်မှ ကျူးကျော်လာသောတရုတ်တို့က တိုက်ခိုက်၍ တကောင်းမြို့ကို ဖျက်စီးသည်။ တကောင်းမင်း ဘိန္ဓကရာဂျာ ပြေးဆင်းပြီးနောက် ကွယ်လွန်၍ နောက်လိုက်များ သုံးစုကွဲသွားသည်။
၎င်းတို့မှ တစ်စုသည် အရှေ့ဘက်၌ ရှမ်း (၁၉) ပြည် တည်ထောင်သည်။ (မှန်နန်း P-3 Line 4-7)
အဘိရာဂျာ၏မြေး (မုဒုကျစ်တ)
တကောင်းမှပြေးလာသော အခြားတစ်စုမှာ ဧရာဝတီမြစ်အတိုင်းဆင်းလာပြီး Muducitta နှင့် ၄င်း အိန္ဒိယ သာကီဝင်မင်းသမီး (ပျူ ကမ်းယံ သက် အုပ်စု ခေါင်းဆောင်) တို့နှင့် ပူးပေါင်းမိသွားသည်။ (မှန်နန်း P-2,3,6 မှ)
နာဂစိန် (အိန္ဒိယသာကီဝင် မင်းသမီး)
တကောင်းပြေး တတိယအုပ်စုသည် မာလီ (MALI)၌ သာကီဝင်မျိုး ဘုရင်မ နာဂစိန်အောက် ခိုဝင်ကြသည်။ နာဂစိန်မှာ သာကီဝင် အိန္ဒိယမင်း DHAJA RAJA၏ မိဘုရားဖြစ်ပြီး စစ်ရှုံး၍ မြန်မာပြည်ဘက် ခိုလှုံလာသူ ဖြစ်သည်။ လမ်း၌ သင်းတွဲ ‘THINTWE’ မြို့ကို တည်ထောင်ပြီး ပုဂံအထက်ပိုင်းကို ထူထောင်သည်။ (မှန်နန်း P 3, 4 8 3 0)
DAHNAVATA ကပျူဘုရင်မ သံဘူလကို ဖမ်းသည်။ သို့သော် နန်းခမ်း (NANKHAM- CHINA) ပျူဘုရင်မက သံတွဲ- တောင်တန်း (၇)သွယ်နေ ကမ်းယံများကို နှင်ထုတ်ခဲ့သည်။ (မှန်နန်း P 6, 12 . 613)
ဒွတ္တဘောင်
သာကီဝင် အဘိရာဂျာ၏ အဆက် ဒွတ္တဘောင်က သရေခေတ္တရာကို ဘီစီ (၄၃၄)၌ ထူထောင်သည်။ (မှန်နန်း P 7, 9, 13, 21, 23, 83, 88, 86 and 94)
2. Aung-Thwin, Michael (1996). “Kingdom of Bagan”. In Gillian Cribbs. Myanmar Land of the Spirits. Guernsey: Co & Bear Productions. ISBN 0952766507.)
မွန်တလိုင်း
အညွှန်း
(1) Mashe Yega, Muslims of Burma
(2) HGE Hall History of South East Asia
(3) “BURMA” DGE Hall Professor, University of Landon and Rangoon.
တောင်ပိုင်း အိန္ဒိယနိုင်ငံ မဒရပ်ကမ်းခြေမှ TALINGANA တလင်းဂါးနား ပြည်နယ်မှ ပြောင်းရွှေ့လာသော တလိုင်းများသည် တရုတ်ပြည်မှ ဆင်းသက်လာသော မွန်များနှင့် ပူးပေါင်း၍ (ANDRA) အန္ဒရာ နှင့် (ORISSA) အိုရစ္စာ နယ်ချဲ့များကို တိုက်ထုတ်ခဲ့ကြသည်။
ထို မွန်တလိုင်းများသည် ဗုဒ္ဓဘာသာ၊ ယဉ်ကျေးမှု၊ လက်မှုပညာ (ပန်းဆယ်မျိုး)၊ စာပေ၊ ပိဋကတ်သုံးပုံမှစ၍ ခေတ်သစ် ယနေ့ မြန်မာ့အခြေခံများကို ယူဆောင်ပေးခဲ့ကြသည်။ ပဲခူးနှင့် သထုံမြို့များကို ထူထောင်ခဲ့ကြသည်။
အနော်ရထာမင်းက မွန်ဘုရင် မနုဟာကို အေဒီ (၁၀၇၅)၌ အောင်နိုင်ခြင်းက မြန်မာနိုင်ငံကို အိန္ဒိယ မြန်မာဆက်ဆံရေး လမ်းစ ဖွင့်ပေးခဲ့ပြီး အထူးသဖြင့် ဗုဒ္ဓဘာသာနှင့် ပတ်သက်သမျှကို သီဟိုဠ်ကျွန်းနှင့် အပြန်အလှန် ကူးလူးဆက်ဆံ နိုင်စေခဲ့သည်။
အရည်းကြီး
အထက်ပါ အချိန်မတိုင်ခင်က အိန္ဒိယမှ ဗုဒ္ဓဘာသာ အစွန်းရောက် ဇာတ်ကွဲ အရည်းကြီးတို့က ပုဂံကို မင်းမူထားခဲ့သည်။ ယခုအချိန်အထိ အိန္ဒိယ၌ အရီးဟူသော ဂိုဏ်းဝင်များ ကျန်ရှိနေသေးသည်။
အိန္ဒိယ ဘင်္ဂါလီမင်းသား ပဋိက္ခရား (ညွှန်း မှန်နန်း P 105-106)
ကဋိက္ခရားမင်းသားနှင့် ကျန်စစ်မင်း သမီး ရွှေအိမ်စည်တို့၏ အချစ်ဇာတ်လမ်းကို အများသိကြပြီး ဖြစ်၏။ မြန်မာပြည် မြစ်ဝကျွန်းပေါ်အရပ်၌ အိန္ဒိယအနွယ် နိုင်ငံ(၃)ခု ရှိခဲ့ပြီး တစ်ခုမှာ ပဋိက္ခရားနိုင်ငံဖြစ်သည်။
အိန္ဒိယနှင့် အာရကန်
(ညွှန်း AP PHAYRE, HISTORY OF BURMA LONDON, 1883. Pg 293-304)
အာရကန် (ရခိုင်) ရှေးမှတ်တမ်းများအရ ပထမနိုင်ငံကို ဘီစီ(၂၆၆၆)ကပင် တည်ထောင်ခဲ့သည်။
ဝေသာလီကို ဟိန္ဒူ ချန္ဒရာ တို့က တည်ထောင်ခဲ့သည်။
မြောက်ပိုင်း ရခိုင်ကို ဟိန္ဒူနန်းဆက်များက ရှစ်ရာစု မတိုင်မီထိ အုပ်ချုပ်ခဲ့ကြသည်။
အေဒီ (၇၈၈)၌ ချန္ဒရာ နန်းဆက်က ဝေသာလီကို တည်ထောင် အုပ်ချုပ်ခဲံ့သည်။ ကုန်သွယ်ရေး ဆိပ်ကမ်းတစ်ခုဖြစ်ခဲ့ပြီး သင်္ဘောတစ်ထောင်ခန့် နေ့စဉ်ဆိုက်ကပ်ခဲ့သည်။
သို့သော် ချန္ဒရာဘုရင်များမှာ ဗုဒ္ဓဘာသာဝင်များ ဖြစ်ခဲ့ကြသည်။ စစ်တကောင်းထိ မြေပိုင်ဆိုင်သည်။ အိန္ဒိယ ဟိန္ဒူတို့၏ ဘင်္ဂါလီနိုင်ငံ၏ တစ်စိပ်တစ်ဒေသဖြစ်သည်။
(ညွှန်း MS COLLIS, Ankaui place in the Civilization of Bay of Bengal, Journal of Burma Research Society, 50th anniversary Publication No 2. Rgn 1960, Pg 486)
ဝေသာလီ
ဝေသာလီမှာ အိန္ဒိယအမည် VAISALI ဖြစ်ပြီး အိန္ဒိယနိုင်ငံနှင့် နီးကပ်စွာ ဆက်သွယ်မှု ရှိခဲ့သည်။ ဘုရင် (၁၃)ပါးက နှစ်ပေါင်း (၂၃၀) အုပ်ချုပ်ခဲ့သည်။
ဒုတိယမြောက် မင်းဆက်ကို ဘုရင် SRI DHAMA VIJAYA ခေါ် သာကီဝင် အိန္ဒိယသား အစစ်က AD ရှစ်ရာစုတွင် တည်ထောင်ခဲ့သည်။ သူ၏ မြေးတော်သူက ပျူသရေခေတ္တရာမင်း၏ သမီးတော်နှင့် လက်ဆက်ခဲ့သည်။
(ညွှန်း BURMA DGE HALL Prof of London & History Dpt. Rgn, 3rd Edit 1960 Pg 8-9)
ဝေသာလီရှိ .ဟိန္ဒူရုပ်တုများနှင့် ကျောက်စာများ
ဝေသာလီမြို့ပျက်၌ ဟိန္ဒူရုပ်တုများနှင့် ဟိန္ဒူကျောက်စာများ တွေ့ရှိရသဖြင့် ထိုအေဒီရှစ်ရာစု၌ ဗုဒ္ဓဘာသာ ထွန်းကားနေသော်လည်း ဟိန္ဒူနှင့် ဗြဟ္မာ အယူအဆများ ယှဉ်တွဲထွန်းကားနေသည်ဟု ယုံကြည်ရပါသည်။
စစ်တကောင်း (သို့မဟုတ်) စစ်တွေကုန်
အာရကန်ဘုရင် စူလတိုင် ချန္ဒရာ (AD 951-957)က စစ်တကောင်းကို (AD 953)တွင် အာရဗ်အကြီးအကဲ (THURATAN)ထံမှ တိုက်ခိုက် သိမ်းယူခဲ့သည်။ စစ်အောင်နိုင်မှု အထိမ်းအမှတ် ကျောက်စာ စိုက်ထူခဲ့ပြီး မြန်မာစာဖြင့် စစ်တွေကုန်ဟု မှတ်ကျောက်တင်ခဲ့သည်။ ၎င်းကျောက်စာအရ ကာရွှေ့ကျော်ပြီး ယခု စစ်တကောင်းဖြစ်လာသည်ဟု ဆိုကြသည်။ (ညွှန်း AP PHAYRE Pg 36)
အာရကန်လက်အောက်ရောက် စစ်တကောင်း
စစ်တကောင်းမှာ လက်ပြောင်းလက်လွှဲများ ဖြစ်လေ့ဖြစ်ထ ရှိသော်လည်း (AD 1580) မှ (AD 1666)ထိ နှစ်တစ်ရာမျှ အာရကန်ရခိုင်ဘုရင်များ၏လက်သို့ ကျဆင်းရှိနေခဲ့သည်။ ရခိုင်များက မြောက်မြားစွာသော ဘင်္ဂါလီများ ကို ဖမ်းဆီးပြီး လယ်ကျွန်များအဖြစ် အသုံးချခဲ့ကြသည်။
ရခိုင်ဗုဒ္ဓဘာသာများ (သို့) မားဂ် (MAGH)
ရခိုင်ဗုဒ္ဓဘာသာများမှာ မာဂဓ (Maghada) ၏ နယ်သား အိန္ဒိယ အာရိယန်လူမျိုးဖြစ်ပြီး ၄င်းတို့မှာ အိန္ဒိယမွန်ဂိုများနှင့် တိဘက်မြန်မာတို့ ရောနှောနေသောလူမျိုးများဖြစ်ကြသည်။
( HG Hall History of South East Asia)
အာရကန် ရခိုင် မာဂများသည် ပေါ်တူဂီ ပင်လယ်ဓားပြများနှင့်ပူးပေါင်း၍ အေဒီ ၁၆ ရာစုနှင့် ၁၇ ရာစုအတွင်း၌ ဘင်္ဂလားနိုင်ငံအရှေ့နှင့် တောင်ပိုင်းမြစ်ကျောတစ်လျှောက် လှည့်လည်ပြီး ဓားပြတိုက်ခြင်းပြုခဲ့ကြသည်။
အသေးစိတ်အချက်များသိလိုပါက J.N. SARKAR: THE FERINGHI PIRATES of CHATGAON; Journal of the Asiatic Society of Bengal Vol. 111, 1907 page 419 to 525 နှင့် F BEMIER; Travels in the Mughal Empire Delhi 968 P-175)
ကုလားတန်မြစ်နှင့် နာဖ်မြစ်ကမ်းလယ်ယာများ၌ လယ်ကူလီကျွန်အလုပ်သမားများအဖြစ် စေခိုင်းကြရာ ရခိုင်ပြည်လူဦးရေ၏ ၁၅%ပင် ဖြစ်လာသည်။
(AP Phayre, Account of Arakan, Journal of the Asiatic Society of Bengal Volume X, 184; P 681)
မြန်မာများ အာရကန် (ရခိုင်) သို့ ၀င်ရောက်အခြေချခြင်း
မြန်မာများသည် အေဒီ ၁၀ ရာစုနှစ်နောက်ပိုင်းမှသာ ရခိုင်သို့ ၀င်ရောက်အခြေချလာကြသည်။ ထို့ကြောင့် ရခိုင်ရှေးမင်းဆက်များမှာ အိန္ဒိယအနွယ် သာကီဝင်မင်းမျိုးများဖြစ်ပြီး လူထုအများစုမှာ ဘင်္ဂလီ (ဘင်္ဂါလီ) များဖြစ်ကြသည်။ သမိုင်းဝင် ရခိုင်မြို့တော်များမှာ ရခိုင်မြောက်ပိုင်း၊ စစ်တွေအနီးပတ်ဝန်းကျင်၌သာ ရှိကြသည်။
(ညွှန်း DGE HALL History of South East Asia, New York 1968 P-359)
အာရပ်မွတ်စလင်မ်များ ရခိုင်ဒေသသို့ရောက်ရှိလာခြင်း
အာရပ်မွတ်စလင်မ်များသည် ကုန်ကူးသန်းရောင်းဝယ်မှုဖြင့် အေဒီရှစ်ရာဘီစုက စတင်ရောက်ရှိခဲ့ကြသည်။ ထိုအချိန်မှစ၍ ရခိုင်ပြည် အာရကန်သို့ အစ္စလာမ်ဘာသာ စတင်ရောက်ရှိခဲ့သည်။ ထိုအချိန်က အာရပ်များသည် အရှေ့တိုင်း ရေကြောင်းသွားလာရေးကို လုံးဝနီးပါး ကြီးစိုးထားနိုင်ခဲ့ကြသည်။
(ညွှန်း Muhamal Abdur Rahman, Social and Cultural history of Bengal, Volume 1 Karachi 1963 P-37)
ဒေါက်တာမိုဟမ္မဒ် ENAMUL HAQUE က ရခိုင်ရာဇ၀င်ကို ကိုးကား၍ အာရပ်များသည် အေဒီ ၁၀ ရာစု၌ MEGHNA မြစ်ဝမှ အရှေ့ဖက်တွင် နတ်မြစ်မြောက်ပိုင်းအထိ အခြေချနေထိုင်လာကြ၏ ဟုဆိုသည်။
(အညွှန်း DR MUHAMAD ENAMUL HAQUE, Purba Pakistane Islam, Dhaka 1948. P 16-17 နှင့် ENAMUL HAQUE and SHAHITYA BISHARAD, Arakan RAJSHASHAJ Bangla Shahitya, Calcutta 1935. P 3)
ဒေသခံများနှင့် အိမ်ထောင်ပြုရင်း မွတ်စလင်လူဦးရေ တဖြည်းဖြည်း တိုးတက်လာခဲ့သည်။ ဗုဒ္ဓဘာသာရခိုင်များနှင့် ဘာသာရေးမှလွဲ၍ ဆင်တူကြပြီး မြန်မာလိုရေး၍ ရိုးရာစကားကို ပြောကြသည်။
(အညွှန်း DGE HALL Studies in Dutch Relations with Arakan, Journal of Burmese Research Society vol. xxxi 1936. Pg 6 and Mr. R.B Smart Burma Gazetteer, Akyab District vol A Rangoon 1957)
ရုရှားကုန်သည် ATHANASIUS NITIKIN က အေဒီ (၁၄၇၀)ခုနှစ်တွင် မွတ်စလင်မ် ဆူဖီများစွာ ပဲခူး၌ ရှိခဲ့ကြောင်း မှတ်တမ်းတင်ထားခဲ့ပါသည်။
(ညွှန်း G E HERVAY History of Burma, London 1925. P 121)
ရမ်းဗြဲကျွန်းသို့ မွတ်စလင်မ်များ သဘောင်္ပျက်ပြီး ရောက်လာခြင်း
အာရကန် ရခိုင်ဘုရင်များ ရာဇ၀င်၌ MAHAT-Y-ING CHANDAYAT (AD 780-810) မင်းလက်ထက်တွင် နိုင်ငံခြား သင်္ဘောမြောက်များစွာ ပျက်စီးပြီး ရမ်းဗြဲကျွန်းပေါ် ရောက်ရှိခဲ့ကြောင်း မှတ်တမ်းတင်ထားခဲ့ပါသည်။ ဘုရင်က ရခိုင်ရွာများ၌ နေရာချထားပေးခဲ့ကြောင်း ပါရှိ၏။
(ညွှန်း A.P PHAYRE Journal of Asiatic Society of Bengal, Vol. XII, Part I 1844. P.36)
နရမိက္ခလ (သို့) စူလိုင်မန်ရှား (1404-1434)
နရမိက္ခလကို အကြောင်းပြု၍ မွတ်စလင်မ်တို့ နိုင်ငံရေးနှင့် စီးပွါးရေးကို ပြောင်းလဲမှုများ ဖြစ်စေနိုင်ခဲ့သည်။
နရမိက္ခလမှာ အင်းဝကို စစ်ရှုံး၍ မွတ်စလင်မ် မဂိုအင်ပါယာအောက်သို့ ၀င်ရောက်ခိုလှုံခဲ့ရသည်။ မွတ်စလင်မ်စစ်သည် တစ်သိန်းကျော်၏ အကူအညီဖြင့် ထီးနန်းပြန်လည် သိမ်းပိုက်ရရှိခဲ့ပြီး မြောက်ဦးမင်းဘက်အဖြစ် မြို့ဟောင်း၌ စူလိုင်မန်ရှားဟူသောဘွဲ့ဖြင့် စိုးစံတော်မူခဲ့သည်။ (ညွန်း မိုရှေးရေဂါ P. 18)
GAUR ဘင်္ဂလီစူလ်တန်နိုင်ငံ၏ စူလ်တန်အဟမတ်ရှားက စစ်ပြေးရခိုင်ဘုရင်ကို ခိုလှုံခွင့်ပေးခဲ့သည်။ အဟမတ်ရှား၏ စစ်တပ်၌ အရာရှိအဖြစ် အမှုထမ်းခွင့်ပေးခဲ့သည်။ စူလ်တန်၏ စစ်ပွဲများတွင် စစ်ပြေးရခိုင်ဘုရင်ပါဝင်တိုက်ခိုက်ပေးခဲ့သည်။
(၁၄၃၀)ခုနှစ်တွင် အဟမတ်ရှားကို ဆက်ခံသူ Nadia Shah က နရမိက္ခလ၏ စစ်ရေးအကူအညီတောင်းမှုကို လက်ခံပြီး သူ၏ စစ်ဗိုလ်ချုပ် ၀လီခန် VELI KHAN ၏ စစ်တပ်ကို နရမိက္ခလအား ကူညီရန် ထည့်ပေးလိုက်သည်။ ၀လီခန် သစ္စာဖောက်သွားသဖြင့် Nadia Shah ၏ အခြား စစ်တပ်တစ်ခု အကူအညီဖြင့် ရခိုင်ကို ပြန်လည်တိုက်ခိုက် အောင်မြင်ခဲ့သည်။
နရမိက္ခလက မွတ်စလင်မ် စစ်သားများကို မြို့ဟောင်းအနီး၌ နေရာချထားပေးသည်။ သူတို့က SANDIKHAN ဗလီကိုတည်၍ ၀တ်ပြုရာ ယနေ့အထင်ကရ ရှိနေသေးသည်။
ထို့ကြောင့် မွတ်စလင်မ်များမှာ (၁၄၃၀)ကစတင်၍ အခြေကျနေထိုင်ခဲ့ပြီး အိန္ဒိယနိုင်ငံနှင့် ရေကြောင်း၊ ကုန်းကြောင်း ဆက်သွယ်မှုနှင့် ကုန်သွယ်မှုများကြောင့် ရခိုင်ရာဇ၀င်တွင် ထင်ရှား၏။
(အညွှန်း R.C MAJUMDAR, Hindu Colonies in Far East. Calcutta 1944. Pg 202-205-206)
ရခိုင်ဘုရင်ဒင်္ဂါးများပေါ်၌ အစ္စလာမ် ဘာသာရေးစာများ ပုံနှိပ်ဖော်ပြထားခြင်း
အေဒီ(၁၄၃၀)မှစ၍ ရခိုင်နန်းဆက်မှာ ဘင်္ဂါလီလက်အောက်ခံများဖြစ်သွားသည်။ ထို့ကြောင့် ရခိုင်ဘုရင်များမှာ ဗုဒ္ဓဘာသာဝင်များ ဖြစ်သော်လည်း မွတ်စလင်မ်ဘွဲ့အမည်များ ခံယူထားပြီး အစ္စလာမ်ဘာသာသက်ဝင်မှု၌ အရေးပါဆုံးသော ခံဝန်ကတိပြုချက်ဖြစ်သည့် “အလ္လာဟ်ဘုရားသခင် တစ်ပါးတည်းသာ ရှိတော်မူ၍ မုဟမ္မဒ်သခင်သည် ဘုရားသခင်၏ တမန်တော်ဖြစ်ကြောင်း” စာတမ်းကို ဒင်္ဂါးများပေါ်၌ ခတ်နှိပ်ဖော်ပြထားသည်။
(ညွန်း M.ROBINSON AND L.A SHAW, The Coins and Bank Notes of Burma, England 1980. Pg-44)
(GE HARVEY P-140)
အထက်ပါ မွတ်စလင်မ်ဘွဲ့အမည်ကို ယူ၍ အစ္စလာမ်ကို သက်ဝင်မှု ၀န်ခံချက် ဒင်္ဂါးသွန်းလုပ်ခြင်းအမှုကို ရခိုင်ဘုရင်များက (၁၇)ရာစု တစ်ဝက်ခန့်အထိ စဉ်ဆက်မပြတ် ကျင့်သုံးခဲ့ကြသည်။
ရခိုင်နန်းတွင်းဝန်ထမ်း မွတ်စလင်မ်များ
သီရိသုဒ္ဓမ (THIRITHUDAMMA) (1622-1638)၌ မင်းတိုင်ပင် ဆရာဝန်တစ်ဦးရှိခဲ့သည်။
(ညွှန်း ပေါ်တူဂီခရီးသွား Augustine ဘုန်းကြီး Sebastain MANRIQUE အာရကန်၌ 1629-1637 မှတ်တမ်း)
သူက အရေးပါသော နန်းတွင်းမွတ်စလင်မ် အမှုထမ်းများနှင့် မွတ်စလင်မ် ကုန်သည်များသာမက မွတ်စလင်မ်အကျဉ်းသားများကို မှတ်တမ်းတင်ခဲ့သည်။ အကျဉ်းသားများမှာ ဘင်္ဂလားမှ ကျွန်အဖြစ်ခိုင်းရန် ဖမ်းလာသူများ ဖြစ်သည်။ သူက ထိုမွတ်စလင်မ်များကို ခရစ်ယာန်ဘာသာသို့ သွတ်သွင်းရန် ကြိုးစားရာ မအောင်မြင်ခဲ့ပါ။
MANRIQUE က ဘုရင်နန်းတက်ပွဲ၌ မွတ်စလင်မ်တပ်ဖွဲ့များ အရေးပါစွာ ပါဝင်မှုကို မှတ်တမ်းတင်ထားခဲ့သည်။ အိန္ဒိယနိုင်ငံ ရဂ်ျပုတီးမှ မြင်းတပ်ဖွဲ့တစ်ဖွဲ့က နန်းတက်ပွဲကို ဖွင့်ပေးခဲ့သည်။
၎င်းမြင်းတပ်နောက်မှ သင်းကွပ် ဓားကိုင်တပ်ဖွဲ့ ချီတက်ခဲ့သည်။ ထိုမွတ်စလင်မ်တပ်ဖွဲ့ဝင်များမှာ ကတီပါအစိမ်းပေါ်၌ ငွေပြားခတ်ဝတ်စုံ ၀တ်ပြီး အာရေဗျမှ မြင်းဖြူအကောင်းစားများကို စီးနင်းခဲ့ကြောင်း ကိုယ်တွေ့ရေးခဲ့သည်။
မြင်းသည်တော် (၆၀၀)ပါရှိပြီး မဂိုရ်စစ်သားများမှာ ပိုးသားဝတ်စုံ အစိမ်းများကို ၀တ်ထားကြသည့် လေးသည်တော်များ ဖြစ်ကြသည်။
မွတ်စလင်များသာမက ပေါ်တူဂီများ၊ ခရိယံဂျပန်ကြေးစားစစ်သားများ ပါဝင်စစ်ရေးပြခဲ့သည်။ ထိုသူတို့ကို ဘုရင် ဘိသိတ်ခံသော ဘုရားအတွင်းသို့မူ ၀င်ခွင့်မပြုခဲ့ချေ။
(ညွှန်း မိုရှိရေဂါ P-21)
ဆောင်းပါးရှင် စန်းဦးအောင်မှ M-Media သို့ပေးပို့လာသော ဆောင်းပါးဖြစ်ပါသည်။ ဆောင်းပါးတွင်ပါရှိသည့် သမိုင်းဆိုင်ရာ အချက်အလက်များမှာ ဆောင်းပါးရှင်ရဲ့ စုစည်းတင်ပြမှုဖြစ်ပါသည်။
Comments