6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဖလော်ရီဒါပြည်နယ် Gainesville ရှိခရစ်ယာန် ချာခ်ျ ကျောင်း ငယ် သင်းအုပ် တယ်ရီဂျုန်းကသူ ၏ အစ္စလာမ်ဆန့်ကျင်ရေးလှုပ်ရှားမှု ပထမဆုံးခြေလှမ်းအား ၉/၁၁ နှစ်ပတ်လည်၂၀၁၁ခုနှစ် စက်တင်ဘာ ၁၁ရက်နေ့ ၌စတင်ခဲ့သည်။ နိုင်ငံတကာ ကုရ်အာန်မီးရှိ့ပွဲ နေ့အဖြစ် ၂၀၁၀ခုနှစ် စက်တင်ဘာ ၁၁ရက်အား သတ်မှတ်ပြီး ကမ္ဘာနှင့်အ၀ှမ်း ကျမ်းမြတ်ကုရ်အာန် အားမီးရှို့ ရန် စတင် လှုံဆော်ခဲ့သည်။ နိုင်ငံတကာ မိသားစု က အမျိုးမျိုးသောဖိအား များ ကြားဝင်ဖြန်ဖြေသူ များကြောင့် စက်တင်ဘာ ၁၁ရက်နေ တွင်ပြုလုပ်မည့် ကုရ်အာန်မီးရှိ့ပွဲအစီစဉ်အား ဖျက်သိမ်းလိုက်ရသည်။

သို့သော် သူ ၏မိုက်လုံးကြီးမှုများ က ဤမျှနှင့်တခန်းရပ်မသွားခဲ့ချေ။

ပြီးခဲ့သော မတ်လ ၂၀ရက်နေ့အား  နိုင်ငံတကာ ကုရ်အာန်ပြစ်ဒဏ်ပေးရေး နေ့ အဖြစ် သတ်မှတ်လာပြန်သည်။ အဆိုပါနေ့ တွင် ဖလော်ရီဒါပြည်နယ်က ချာခ်ျကျောင်း သင်းအုပ် က  လူ ၅၀ ရှေ့မှောက် ၌ ကျမ်းတော်မြတ်ကုရ်အာန်တစ်အုပ် ဖြင့် မီးရှို့ပွဲတစ်ခု ကျင်းပပြခဲ့သည်။ ကုရ်အာန်စာအုပ်မီးရှိုခဲ့ပုံ ဗီဒီယိုအား သူ့ချာခ်ျ ဘုရားကျောင်း ၀က်ဆိုက် တွင် တင်လိုက်သည်။  ဤဖြစ်ရပ်က တကမ္ဘာလုံးနှင့်ထပ်တိုက်တွေခဲ့ရသည့် တယ်ရီဂျုံး ၏ ဒုတိယခြေလှမ်း ဟု ဆိုရပေမည်။

အဆိုပါ ယင်းဖြစ်ရပ်အား မွတ်စလင်နိုင်ငံများ အပါဝင် နိုင်ငံအသီးသီး ၌ အကြီးအကျယ် ကန့်ကွတ်ခဲ့ကြသည်။ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှုချုပ် ဘန်ကီမွန်းကပင် ၄င်း၏တရားလွန် လုပ်ရပ်အား ၀င်ရောက် ရှုတ်ချပြောဆိုခဲ့ရသည် ထိ ကို လှုပ်လှုပ်ရှားရှားဖြစ်ခဲ့ရသည်။ အမေရိကန်သမ္မတ အိုဘာမားကလည်း ဘာသာတရားများ၏ ကျမ်းတော်များအား ရည်ရွယ်ချက်ရှိရှိ မီးရှို့ခြင်းအား သဘောထားသေးသိမ်သည့် ၊ ရန်လိုမှုဖြစ်ကြောင်း ကန့်ကွက်ရှုတ်ချခဲ့သည်။အာဖဂန်နစ္စတန် နိုင်ငံ၌လည်း ဆန္ဒပြပွဲများ ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့သဖြင့် အမေရိကန် ၏ အာဖဂန် အပေါ်ထားရှိသော မူဝါဒ ကိုပင် ထိခိုက် ခဲ့ရသည်။

သူ၏ အစ္စလာမ်ဆန့်ကျင်ရေး စိတ်ဓါတ်က ကုရ်အာန်မီးရှို့ရုံမျှဖြင့်မရပ်တန့်ပဲ ဆက်လုပ်ရှေ့တိုးလာသဖြင့် သူခမျာ တစ်ကမ္ဘာ လုံးနှင့် ထိပ်တိုက်ရင်ဆိုင် သူ တစ်ယောက် အဖြစ်သို့ လုံးလုံး ရောက်ရှိသွားခဲ့ရသည်။ အစ္စလာမ်နှင့်ရှရီအဟ်အား ဆန့်ကျင်ဆန္ဒပြပွဲတစ်ခုအား Michigen ပြည်နယ် Dearborn မြို့အစ္စလာမ့်စင်တာရှေ့၌ ဧပြီ ၂၂ရက်သောကြာနေ့တွင်  ပြုလုပ်ရန်တာဆူလာခဲ့ပြန်ခဲ့သည်။

ဒေသတွင်း ရှိ အင်တာဖိတ်ကောင်စိ နှင့်အတူ ခရစ်ယာန်၈ျူး ၇၀၀ ခန့် ပါဝင်သော ရာပေါင်းများစွာရှိ လူအုပ်ကြီးမှာ လက်ချင်းချိတ်၊ ပြီး မွတ်စလင်များနှင့်တစ်သားတည်းရှိကြောင်း ၊ တယ်ရီဂျုန်း ၏မတရားသော ဆန္ဒပြပွဲဆန့်ကျင်ကြောင်း ကို Dearborn အစ္စလာမ့်စင်တာ အရှေ့တွင် သဘောထား  ပြသခဲ့ကြသည်။ “ကျွန်တော်တို့ရဲ့စည်းလုံးညီညွတ်မှုကို သပ်လျှိုဖြိုခွဲမဲ့ လူတစ်စုရဲ့အကြံစည်ကို တားဆီး ပိတ် ပင် ရမယ် သူတို့ရဲ့ လုပ်ရပ်ကို ခွင့်မပြု လက်မခံကြောင်း သတင်းစကားပို့လိုပါတယ်”ဟု ဒက်ထရွိုက် မြို့ အထင်က ရ ခရစ် ယာန် ဘုရား ကျောင်း Rose of Sharon သင်းအုပ်က အစ္စလာမ့်စင်တာအတွင်းပြုလုပ်သည့် အစည်းဝေးပွဲ တွင် ပြောဆိုခဲ့သည်။ ၄င်းအ စည်းအ ဝေး အား တယ်ရီဂျုန်းက ခရစ်ယာန်ကို ကိုယ်စားပြုသူမဟုတ်ဟု ခေါင်းစဉ်ဖြင့်ကျင်းပခဲ့သည်။

Dearborn မြို့နေမွတ်စလင်များ က ခရစ်ယာန်၊ဂျုး ဘာသာတရားအသီးသီးက အစွန်ရောက်ခရစ်ယန် သင်းအုပ် ၏ဆန္ဒပြပွဲ အကြံအစည် အားဝိုင်းဝန်း ရှုတ်ချပေး ၊ကန့်ကွတ်ပေးခဲ့သည့်အတွက် ကျေးဇူးတင်ရှိနေကြသည်။။့ မိတ်ဆွေ ခရစ်ယာန်တွေ မွတ်စလင်တွေအပေါ် ထောက်ခံကူညီပေးခဲ့လို့ မြို့နေ မွတ်စလင်တွေ ကျေးဇူးကြွေးတင်ခဲ့ပြီ

Islamic center ( Dearborn )

လို့ပင် ပြောလို့ရနိုင်ပါတယ်  ဟု အစ္စလာမ်စင်တာ မှ အိမာမ် ဟဆန် အလ်ကာဇ်ဝီနီက ၀မ်းသာစကားဆိုခဲ့သည်။ တယ်ရီဂျုန်းက ခရစ်ယာန်အသိုင်းအ၀ိုင်းကို ကိုယ်စားမပြုပါဘူး၊ သူကိုယ်စားသူ လုပ်ဆောင်နေတာပါ ဟုလည်း ၄င်းမိန့်ခွန်းထဲတွင် ပြောဆိုခဲ့သည်။

တယ်ရီဂျုန်ဆိုသူက အမေရိကန်မှာ မတူညီတဲ့ ဘာသာတရားတွေကို တစ်နေရာတည်မှာ ညီညွတ်သွားအောင်လုပ်ဆောင် လိုက်တာပါ ။အခုချိန်မှာ တံတားတစ်ခုကို ဆောက်လုပ်နိုင်ခဲ့ပါပြိး ..ဒီတံတာကိုကျော်ဖြတ်သွားဖို့ပဲလိုပါတော့တယ် ၊ မတူညီတဲ့ ဘာသာတရားတွေက အချင်းချင်းအပြန်လှန်လေးစားမှုနဲ့ နေထိုင်ရေးဆိုတာ ဖြစ်နိုင်တယ်ဆိုတာကို အမေရိကန်နဲ့ ကမ္ဘာကို ပြသနိုင်ခဲ့ပါတယ် ဟု အမေရိကန် အစ္စလာမ်ဆက်ဆံရေး  Michigan ရုံးခွဲဒါရိုက်တာ ဒါဝုဒ်ဝါလိဒ်က (ဟီက်မာဟ်) ဥာဏ်အမျှော် အမြင်ရှိလှသော မိန့်ခွန်းကို ပြောကြားခဲ့ သည်။ Dearborn မြို့တော်ဝန်ကလည်း တယ်ရီးဂျုန်းရဲ့အကြံစည်ကို ဘာသာတရားအားလုံးက ညီညွတ်စွာ နှင့်တုန့်ပြန် နိုင်ခဲ့သဖြင့် ကျေနပ် အားရမိကြောင်း ကျေးဇူးတင်အခမ်းအနား၌ ပြောကြားခဲ့သည်။မိမိတို့အားလုံးက တူညီတဲ့အရင်းမြစ်တစ်ခုကနေ ဖြစ်ထွန်းလာ ကြောင်းကို ဤသို့သောုစုပေါင်းဆောင်ရွက်မှုက သတင်းစကား ပေးနိုင်ခဲ့ ကြောင်း တယ်ရီဂျုန်း လုပ်ရပ်နှင့် ဆန့်ကျင် ကွဲပြားေ သာ သတင်း စကားပဲဖြစ်ကြောင်း အင်တာဖိတ်ကောင်စီ Dearborn ဌာနခွဲ မှ O’Reilly က စကားဆိုခဲ့သည်။

တယ်ရီဂျုန်း၏ အစ္စလာမ့်စင်တာအရှေ့တွင် ပြုလုပ်မည့် အစ္စလာမ်ဆန့်ကျင်ရေး ဆန္ဒပြပွဲ မှာ  လူမှုအသိုင်း အ၀ိုင်း၏လုံခြုံရေး အားထိခိုက် စေခြင်း ၊ ရန်လို ပဋိပက္ခ များဖြစ်ပွားစေနိုင်သဖြင့် မီချီဂန် တရားရုံးက ဒဏ်ငွေပေးဆောင်ရန် အမိန့်ချမှတ်ခဲ့သည်။သို့သော် ဒဏ်ငွေပေး ဆောင်ရေးကို ခေါင်းမာမာဖြင့် ပယ်ချသောကြောင့် သူနှင့်သူလက်ထောက်တို့အား အချုပ်ခန်းတွင် ချုပ်နှောင်ထားလိုက်သည်။ တယ်ရီ ဂျုန်း နှင်လက်ထောက်တို့မှာ အချုပ်ခန်း၍တစ်နာရီကြာနေပြီးနောက်တွင် ရုံးတော်ကချမှတ်ထားသည့်

ဤသို့ လက်ချင်းချိတ်ပြီး တယ်ရီ ဂျုန်းအားဝိုင်းပယ်လိုက်ကြ၏

ဒဏ်ငွေအား ပေးဆောင်ခဲ့ ကြောင်း လည်း ဒေသတွင်းမီဒီယာများ က ဖေါ်ပြခဲ့ကြသည်။ ဤသို့ဖြင့် တယ်ရီဂျုန်း၏ အစ္စလာမ်အပေါ် အထင်မှား ကာ အမှန်း တရားကြီး မှု ကပင် သူအား ကမ္ဘာအလယ် အရှက်တကွဲ အကျိုးနည်းဖြစ်စေခဲ့ပေပြီ။

ဘက်စုံထောင့်စုံကနေ အစ္စလာမ်အပေါ် မှိုင်းတိုက် ၀ါဒဖြန့် နေမှုများ ကြောင့် အစ္စလာမ်ကြောက်ရော ဂါ islamophobia မှာ ဆယ်စုနှစ် တစ်ခု အတွင်း သိသိသာသာ များပြာလာခဲ့သည်။  လွန်ခဲ့သော ၂၀၀၁ ခုနှစ်ကစ၍ အမေ၇ိကန်မွတ်စလင်တို့အပေါ် ရန်ပြု စောကား သည့်ဖြစ် ရပ်ပေါင်း ၈၀၀ ကျော်ရှိခဲ့ကြောင်း ဘာသာရေးခွဲခြားဆက်ဆံမှု များ၏ ၁၄%မှာ မွတ်စလင်များအပေါ် လုပ်ဆောင်ခဲ့ခြင်းဖြစ် ကြောင်း  islamophobia စောင့်ကြည့်လေ့လာရေးအဖွဲများ ကထုတ်ပြန်ထားခဲ့ သည်။

ကိုးကားသော သတင်းဌာနများ ..

အလ်အာရေးဘီးယား

အွန်အစ္စလာမ်

ဘီဘီစီ

Leave a Reply