6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

အာဏာရှင် ကဒါဖီလက်ထက် လစ်ဗျား၌ အစ္စလာမ် အား ဆယ်စုနှစ်များစွာတိုင် အကန့်အသတ်ဖြင့် ထားရှိခဲ့ရာမှ လစ်ဗျား လွတ်မြောက်ရေးလှုပ်ရှားသူများ ထိန်းချုပ်ရာ ဘင်ဂါဇီ အပါအ၀င် အရှေ့ပိုင်းဒေသများ ၌ အစ္စလာမ်ပြန်လည် နိုးထလာမှုကို မြင်တွေ့လာရပြီဖြစ်သည်။ လစ်ဗျားအာဏာရှင် ကဒါဖီ က ၄င်း လွတ်မြောက်ရေးလှုပ်ရှားသူများ မှာ အလ်ကိုင်ဒါ အနွယ်ဝင် အစွန်းရောက်သူများဟု အနောက်တိုင်း မီဒီယာများသို့ ၀ါဒဖြန့် ထားသော်လည်း အရှေ့ပိုင်း လစ်ဗျား ရှိ ပညာရှင်များက အစွန်းရောက် ဘာသာရေးဟန် အား အမြစ်တွယ်ခွင့်ပေးမည် မဟုတ်ကြောင်း ပြန်လည် ရှင်း လင်း ပြောဆိုထားသည်။

ကဒါဖီ ဆန့်ကျင်ရေး လှုပ်ရှားသူများ အရှေ့ပိုင်းဒေသအား ထိန်းချုပ်ခဲ့ ချိန်မှ စ၍ ကဒါဖီလက်ထက် က အထိန်းချုပ်ခံ အစ္စလာမ်ပုံစံမှာ ယင်း ဒေသများ၌ သမိုင်းဖြစ်ရပ်သာ ဖြစ်သွားခဲ့ပါသည်။ အကယ်၍ ကဒါဖီ မှ အာဏာလက်လွတ်ခဲ့ပါက လစ်ဗျားရှိ အစ္စလာမ့်အခန်းကဏ္ဍမှာ ပိုမို ကျယ်ပြန့်လာမည်ဟု အစ္စလာမ့် အရေးလေ့လာသူများက သုံးသပ်ထားသည်။ ဆိုရှယ် လစ် စတိုင်အရောင်သွင်းထားသော ဟန်ပန်သစ် အစ္စလာမ် အား ကျင့်သုံးသူ ကဒါဖီ လက်ထက်၌ နိုင်ငံရေး ဆက်နွယ်သော အစ္စလာမ့် ကျင့်သုံးမှု များအား အပြင်းထန် နှိပ်ကွပ်ထားခဲ့သည်။ သို့သော် လစ်ဗျားပြည်သူများ တွင်မူ အစ္စလာမ့်ကျင့်သုံးမှုများ ကတော့ အမြစ်တွယ်နေ ဆဲဖြစ်သည်။ စုပေါင်းဝတ်ပြုမှုများ အသက်ဝင်လာသကဲ့သို့ တိုးတက်သော အစ္စလာမ့်ရေးရာစာအုပ်များ ရောင်းအား တက်လာခဲ့သည်။ ကဒါဖီလက်အောက်တွင် ဖမ်းဆီးထောင်ချ ခံရနိုင်သည့် ရှရီအဟ်လေ့လာမှု ဌာနများ ဖွင့်လှစ် ရန် အစီစဉ်ရေးဆွဲနိုင်ခဲ့သည်။ ဤသည်တို့အား လစ်ဗျား၏ အစ္စလာမ့်ပြန်လည်နိုးထ မှု၏ သင်္ကေတအဖြစ် ရှုမြင်နေကြသည်။ “လစ်ဗျားလွတ်မြောက်မှုက နဂိုဟန် ဆီ ပြောင်းလဲ စေမှာပါ ၊ နဂိုမူလ အစ္စလာမ့် ကျင့်သုံးတဲ့ လစ်ဗျားအဖြစ် ပြန်ဆောင်ကြဉ်းပေးနိုင်မှာပါ၊ ပြည်သူတို့ရဲ့ ကိုယ်ကျင့်သိက္ခာ စံနှုန်းတွေကို ပြန်လည် ပြောင်းလဲစေမှာ ပါ… လစ်ဗျား က မတ်စ်ဂျိဒ်တွေဆီ ပြန်လည် ရွေ့လျားလာမှာ ”ဟု ဘင်ဂါဇီ မြို့ရှိ အထင်ကရ ရှရီအဟ် ပါမောက္ခ Osama al-Salaaby က ရှုမြင်ပါသည်။ နေတိုး နှင့်အပေါင်းအပါ တပ်ဖွဲ့များက လေကြောင်း မှ အကူအညီ ပေးနေသော်လည်း ကဒါဖီ ထိန်းချုပ်ရာအနောက်ပိုင်းဒေသများသို့ ချဉ်းနင်း ၀င်ရောက်ရေးမှာ ထင်သာမြင်သာသော တိုးတက်မှု မရရှိသေးချေ။

အလယ်လမ်း

အာဏာရှင် ကဒါဖီအား ဂျီဟဒ် ရုန်းကန် တော်လှန်ရန် လှုံဆော်ခဲ့သ အရှေ့ပိုင်းဒေသက နာမည်ကျော် ပညာရှင် Salem Jaber က ရှရီအဟ်ကျောင်းများ ဖွင့်လှစ်နိုင်ရန် အစီစဉ်ရေးဆွဲထားသည်။ “အစ္စလာမ် လိုလားသူ နဲ့ လောကီ ယိမ်း စကျူလာ တွေအကြား အမြင်သဘောထားတွေကို ပေါင်းစပ်နိုင်ခဲ့တယ်။ အတူတကွ အလယ်လမ်းကိုဖန်တီးနိုင်ဖို့ပါ ”ဟု ၄င်းက ပြောသည်။ ကဒါဖီ ထိန်းချုပ်ရာ အနောက်ပိုင်း ဘက်က ဘာသာရေးအခြေခံ တိုက်ခိုက်မှုများနှင့် ဆက်စပ်လျက်အိမ်နီးချင်း အီဂျစ်၊ မော်ရိုကို နိုင်ငံများထက် နှိုင်းယှဉ်လျှင် သဘောထားတင်းမာသော စလဖီဟန် အတွေးအခေါ် များက လစ်ဗျား၌ အားပျော့နေခဲ့ သည်။ အလ်ကိုင်ဒါ ၏မြောက်အာဖရိက လက်ခွဲများ သည်လည်း လစ်ဗျားနိုင်ငံ ၌ အခြေစိုက်နိုင်ခြင်း မရှိချေ။ Salaaby က “ ရှရီအဟ် ကျောင်းတွေက ဘာသာရေးအစွန်းရောက် ၀ါဒကို နည်းပါးစေပါလိမ့်မယ်။ ပညာရေးနယ်ပယ်မှာ ပညာရှင်တွေ နေရာရလာတဲ့အခါ အစ္စလာမ်အား အသိပညာပေးခြင်းဖြင့် လူတွေကို အစွန်းရောက်တွေ အကြမ်းဖတ် တွေ ဖြစ်မှာ မဟုတ်ပါဘူး” ဟု ၄င်းက သုံးသပ်သည်။

လစ်ဗျားပြည်သူများ၏ ဘာသာရေးစံနှုန်းစောင့်ထိန်းလို့မှု နှင့် အစွန်းရောက်ဘာသာရေးဟန်အားစိုးရွံ့မှု များက လစ်ဗျား အခင်းအကျင်းသစ် ရှိ အစ္စလာမ့် အခန်းကဏ္ဍအား ပုံဖေါ် ပေးမည်ဟု အစ္စလာမ်လေ့လာသူများက မှတ်ချက်ပေးထား သည်။ ၁၉၆၉ ခုနှစ် ကဒါဖီအာဏာရရှိလာပြီးနောက်ပိုင်းတွင် ပြင်ပမှ ဘာသာရေး သို့ မဟုတ် အတွေးအခေါ် ၀င်ရောက် လာခြင်းကို တင်းကျပ်ထားသည်။ အစ္စလာမ်လိုလားသူများ သည်လည်း သူ၏ တချက်လွတ် အမိန့်အောက် တွင်ဆိုးဆိုးဝါ၀ါး ဒုက္ခရောက်ခဲ့ရသည်။ “ဘာသာရေးကြွေးကြော်သံ စာပိုဒ် တွေကို တောင်သူက တင်းကျပ်ခဲ့တာ၊ သင့်ကိုးကွယ်ရာကို ဗလီထဲမှာပဲထား အပြင် ဘက်မှာ နေရာမရှိပါဘူး အပြင်ဘက် သယ် လာရင်တော့ ထောင်ချပြစ်ရော” ဟု Salaaby က ဆိုပါသည်။

ဖွဲ့စည်းပုံလွန်ဆွဲခြင်း

ဆန့်ကျင်ရေးအင်အားစုက ကဒါဖီ၏ အခြေခံဥပဒေအားအစားထိုးနိုင်ရန် ဖွဲ့စည်းပုံဥပဒေအသစ်အား ရေးဆွဲလျက်ရှိသည်။ အမျိုးသား ပြုပြင်ပြောင်းလဲရေးကောင်စီ အဖွဲ့ဝင်တစ်ဦးက စကျူလာစတိုင် ဒီမိုကရက်တစ် ကျသောအစိုးရ နှင့် လွတ်လပ်သော ရွေးကောက်ပွဲ များ ကိုလိုလားကြောင်း၊ သူ့အမြင်ကို ပြောသည်။သို့သော် Salaaby နှင့် Jaber တို့ကဲသို့သော ပညာရှင်များက အစ္စလာမ့်ရှရီအဟ်က ကဒါဖီ အလွန် လစ်ဗျားလူအဖွဲ့အစည်းအတွင်း အဓိက နေရက ပါဝင်လိမ့်မည် ဖြစ်ကြောင်း ဆိုကြသည် “လစ်ဗျားမှာ ရှရီအဟ်နဲ့ဆန့်ကျင်တဲ့ ဥပဒေ ရှိမှမဟုတ်ပါဘူ။ ဒါက လစ်ဗျားကို တင်းကျပ်တဲ့ဘာသာရေးနိုင်ငံဖြစ်ရေး လို့ မဆိုလိုပါဘူး ”ဟု Salaaby က ရှင်းပြသည်။ ကဒါဖီ အလွန် လစ်ဗျားအရေးနှင့်ပတ်သတ်သော ညှိုနှိုင်းဆွေးနွေးပွဲများ မှာ အစ္စလာမ်လိုလားသူများနှင့်လောကီယိမ်း စကျူလာများအကြား စတင်နေပြိဖြစ် ကြောင်း၊ယင်းဆွေးနွေးပွဲများက တင်းမားမှု ၊ကွဲပြားမှု များဖြစ်စေမည် မဟုတ်ကြောင်း သူက သုံးသပ်သည်။ “ ဒီအခြေနေကို ဘာက ဆုံဖြတ်ရမှာ လဲ။ လစ်ဗျားပြည်သူတွေ ပဲဆုံးဖြတ်မှာပါ” ဟု ၄င်းက ဆက်ပြောသည်။ ဖွဲ့စည်းပုံဥပဒေ က ပြည်သူတွေကိုထင်ဟပ်သင့်တယ် ပြည်သူတွေက မွတ်စလင်တွေပါ ဒါကြောင့်ကျွန်တော်တို့ကတော့ အစ္စလာမ့်ရှရီအဟ်က ဖွဲ့စည်းပုံရဲ့ အရင်းအမြစ်ဖြစ်ဖို့ ကျွန်တော်တို့က တောင်းဆိုပါတယ်။ ပြည်သူတွေ ဆန္ဒမဲပေးရပါလိမ့်မယ်. သူတို့ကအပြောင်းအလဲ လိုတယ်ဆိုရင် စတင်လာမှာပါ” ဟုက Jaber က လစ်ဗျားဖွဲ့စည်းပုံနှင့်ပတ်သက်၍ပြောကြားခဲ့သည်။ ref: onislam.net

Leave a Reply