6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

မေ-၄၊ ၂၀၁၃
M-Media
ထွန်းတောက်

8

ငြိမ်းချမ်းမှုတည်ဆောက်ရေး ကွန်ရက်နှင့် ရွှေဝါရောင်သံဃာကွန်ရက်မှ သွားရောက်လှူဒါန်းစဉ်

ပနီပင် ။            ။ပနီပင်ရွာရှိ အကြမ်းဖက်ခံရသော မွတ်စလင်မ်ဒုက္ခသည်များအတွက် အလှူရှင်များ ပေးလှူထားသော ပစ္စည်းများကို အကြမ်းဖက်သမားများက  ပြန်လည်လုယက်ရန် လုပ်ဆောင်မှုများ ရှိနေကြောင်းသိရသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ပနီပင်မှ ဒေသခံတစ်ဦးမှ ပြောပြရာတွင် –

“အလှူရှင်တွေ လာလှူသွားတာတွေကို မနေ့ညကတုန်းက ဗျာ ကျွန်တော်တို့ ပနီပင်မှာ လာလုတယ်။ ကျွဲကုန်းကလူတွေ လာလုတာပါ။ ဒီကျွဲကုန်းက မွတ်စလင်မ်တွေနေတာ မဟုတ်ပါဘူး။ မွတ်စလင်မ်တွေနေတာက ကျွဲကုန်းလေးပါ။ ခြောက်တဲမှာက (၁၆)အိမ်၊ ကျွဲကုန်းလေးမှာက  (၄၅)အိမ်၊ ကျွန်တော်တို့ ပနီပင်မှာ ၆-အိမ်က မီးရှို့ခံရပြီး ၆-အိမ်က ဖျက်ဆီးခံခဲ့ရတာ။ စုစုပေါင်း(၁၂)အိမ်ပါ။ ဘယ်လိုပုံစံနဲ့ လာလုတာလဲဆိုတော့ မနေ့က ညမိုးချုပ် ၈-နာရီလောက်ပေါ့ဗျာ။ အဲဒီမှာ လူ ၁၀၀-၀န်းကျင်လောက်ရှိတယ် ချီတက်လာပြီး သူတို့က ၀ိုင်းပြီးလုကြတာ။ အကြမ်းဖက်ခံလိုက်ရတဲ့အိမ်တွေက အိမ်မရှိတော့ဘူးလေ။ သူတို့က လမ်းဘေးမှာ တဲကုပ်လေးတွေနဲ့ နေနေရတာ။ အဲဒါကို အကြမ်းဖက်တွေက အတင်းဝင်ပြီးတော့မှ အနုကြမ်းစီးတဲ့ပုံစံမျိုးပေါ့ဗျာ။  အဲဒီမှာ ရဲတွေတော့ရှိတယ်။ ရဲတွေက သေနတ်တော့ဖောက်တယ်။ တစ်ခြားတော့ မလုပ်ဘူး။ လာလုတဲ့သူတွေ ပစ္စည်းတွေလုနေတုန်းမှာပဲ ရဲက သေနတ် ၄-၅-၆ ချက် ဆင့်ဖောက်လိုက်တယ်။ အဲလိုဖောက်လိုက်တော့မှ လူတွေ ပြန်ရှဲသွားပြီး ပစ္စည်းတွေတော့ မပါသွားဘူး။ လူတွေကိုတော့ မပစ်ပါဘူး။ မိုးပေါ်ထောင်ပစ်တာပါ။ ရဲအစောင့်ချထားတယ်ဆိုတာလည်း လာပြီးတော့မှ ထိုင်စောင့်နေတာပဲရှိတယ်ဗျ။ တကယ့်တကယ်တမ်းမှာ သူတို့လည်း ဘာမှ အကာအကွယ်မပေးနိုင်ဘူးဗျာ။

အလှူရှင်တွေ လာပေးကြတာက အင်္ကျီအ၀တ်အစား၊ ဆန်၊ တစ်ခြားအစားအစာနဲ့ အိမ်သုံးပစ္စည်းတွေ ပေးပါတယ်။ မွတ်စလင်မ်အဖွဲ့တွေလာတယ်။ နောက်ပြီး NLD အဖွဲ့ဆိုလား လာတယ်။ သူတို့ပြောတော့ပြောတယ် ကျွန်တော် မပြောတတ်ဘူး။ သူတို့ကတော့ NLD လို့တော့ပြောတယ်။

ကျွန်တော်တို့ သတင်းကြားနေရတာ တစ်ခုရှိတယ်။ ကျွန်တော်တို့ ပနီပင်ရွာက ပြန်ခုခံတော့ သူတို့ လုပ်ချင်သလို မလုပ်လိုက်ရဘူးလေ။ အဲဒီ အပေါ်မှာ သူတို့ မကျေနပ်ဘူး။ အခုက ကင်းချထားတော့ သူတို့ငြိမ်နေတယ်။ ဒီကင်းတွေထွက်သွားရင် သူတို့ပြန်လုပ်မယ်လို့ နည်းနည်းပါးပါး အသံတွေ ကြားနေရတယ်ဗျ။ ထပ်ပြီးမဖြစ်စေချင်တော့ဘူး။” လို့ M-Media ကို ဆက်သွယ်ပြောပြလာပါတယ်။

ဧပြီလ ၃၀ ရက်နေ့က ဥက္ကံမြို့တွင် ကိုရင်ငယ်တပါးကို မွတ်စလင်အမျိုးသမီးတဦး တိုက်မိရာမှ အကြောင်းရှာပြီး ဥက္ကံမြို့ပေါ်ရှိ ဗလီ၊ မွတ်စလင်မ်များ၏ နေအိမ်များနှင့် ဆိုင်ခန်းများ၊ ဥက္ကံမြို့ အနီးတဝိုက်ရှိ ရွာ(၄) ရွာမှ မွတ်စလင်မ် အိမ်ခြေများကို အကြမ်းဖက်သမားများမှ မီးရှို့ဖျက်ဆီး လုယက်မှုများ ပြုလုပ်ခဲ့ကြသည်။ အဆိုပါဖြစ်စဉ်တွင် လူ ၈ ဦး ဒဏ်ရာရရှိပြီး ၂ ဦးသေဆုံးခဲ့ပါသည်။

Leave a Reply