6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

မေလ-၉၊ ၂၀၁၃
M-Media
သုတ
8

မိတ္ထီလာ ။        ။     ၂၀၁၃-ခု မတ်အတွင်းက မိတ္ထီလာမြို့မှာ အကြမ်းဖက်ဖျက်ဆီးခံရမှုတွေဟာ အခုဆိုရင် ၂-လ နီးပါးရှိလာပါပြီ။ အခုလို ၂-လနီးပါးကာလအတွင်း မိတ္ထီလာမြို့က ဒုက္ခသည်တွေရဲ့ အခြေအနေ၊ မိတ္ထီလာမြို့ရဲ့ အခြေအနေတွေကို ဆက်သွယ်စုံစမ်းထားတာဖြစ်ပါတယ်။

မိတ္ထီလာမြို့မှာ အကြမ်းဖက်ခံလိုက်ရတဲ့သူတွေကို ဒုက္ခသည်စခန်းတွေမှာ ထားရှိရာကနေ အခုဆိုရင် တချို့ဟာ မိမိရဲ့နေအိမ်တွေကို ပြန်လည်နေထိုင်ခွင့် ရရှိနေကြပြီဖြစ်ပြီး၊ အချို့ကတော့ ဒုက္ခသည်စခန်းတွေမှာပဲ နေထိုင်နေရဆဲဖြစ်ပါတယ်။ မိတ္ထီလာမြို့ အကြမ်းဖက်မှုမှာ ပါဝင်သူတွေလို့ သံသယရှိသူ ၂၀၀ ခန့်ကို ဖမ်းဆီးထားသော်လည်း တချို့ကိုတော့ ပြန်လွှတ်ပေးလိုက်ပြီဖြစ်ပါတယ်။ အကြမ်းဖက်ခံရမှုမှာ သေဆုံးသွားခဲ့ရတဲ့ ဘုန်းကြီးသေမှုမှာ ပါဝင်ပတ်သက်သူလို့ ယူဆသူ ၇-ဦးကို ဖမ်းဆီးထားရာကနေ ရုံးတင်စစ်ဆေးမှုများပြုလုပ်ပြီး မကြာခင်မှာ အမိန့်ချမှတ်တော့မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

မိတ္ထီလာမြို့ အကြမ်းဖက်မှုမှာ ပါဝင်သူလို့ သံသယရှိသူများထဲမှ တစ်ဦးဟာ မနေ့က ပြန်လည်လွတ်မြောက်လာပြီး၊ ယနေ့မှာ ထပ်မံ လွတ်မြောက်လာမည့်သူများလည်း ရှိပါတယ်။ အကြမ်းဖက်မှုမှာ ပါဝင်သူဟု သံသယရှိ၍ ဖမ်းဆီးခံထားရသူများမှာ မိတ္ထီလာအကြမ်းဖက်မှု မှတ်တမ်းဓါတ်ပုံ၊ ဗီဒီရိုဖိုင်များတွင် ပါဝင်နေသည့် အကြမ်းဖက်သမားများ မဟုတ်ပဲ အကြမ်းဖက်သမားများသည် မိတ္ထီလာမြို့တွင် တစ်ခါမှ မမြင်ဖူးသည့်သူများဖြစ်တယ်ဆိုတာကို မိတ္ထီလာမြို့ခံထံမှ သိရပါတယ်။

ကယ်ဆယ်ရေး စခန်းများတွင် နေထိုင်နေရသော ဒုက္ခသည်များ၏ အခြေအနေမှာ အကျယ်ချုပ်ပုံစံပိုဆန်ပြီး ယခုအခါ စခန်းအတွင်းတွင် ရေချိုးသည်ကိုပင် ရေပုံး(၃)ပုံးသာရေကန့်သတ်ချက်ဖြင့် ချိုးနေရပြီး ရေပိုချိုးမိပါက စောင့်သည့်ရဲမှ ရိုက်နှက်မှုပြုကြောင်းသိရသည်။ ထမင်းကို စုပြီးချက်ပေးကြတာဖြစ်၍ ထမင်းစားချိန်မှာ နေ့လည် ၁-နာရီကျော်မှ စားသောက်ရ၍ ကလေးများနှင့် သက်ကြီးရွယ်များအတွက် အခက်အခဲဖြစ်နေပြီး မနက်အစောကြီးစာ စားသောက်ရသည်မှာလည်း ခက်ခဲနေပါတယ်။ မိုးမကျမီ အမှီ ဒုက္ခသည်များ နေအိမ်ပြန်ရစေရန် စီစဉ်ပေးမယ်လို့ မန္တလေးမြို့ ဥပဒေရေးရာချုပ်က DVB နဲ့ RFA ကို ပြောကြားခဲ့ပေမယ့် အခုအချိန်ထိ ဒုက္ခသည်စခန်း(၃)ခုမှ ဒုက္ခသည်များ အိမ်ပြန်ခွင့်မရပဲရှိနေပါတယ်။ အခုအခါ မိုးဦးကျကာလရောက်လာပြီး မိတ္ထီလာမြို့မှာ မိုး ၂-ကြိမ်ရွာသွန်းပြီးသွားဖြစ်ပြီး မိုးရွာသွန်းမှုကြောင့် ၀မ်းရောဂါများလည်း ဖြစ်လာနေပါတယ်။ မိုးတွင်းကာလမတိုင်မီ ဒုက္ခသည်များ နေအိမ်ပြန်ပို့ရေးအတွက် လွန်စွာနေအပ်နေပါတယ်။

တခြား ဒုက္ခသည်စခန်းမှ ဒုက္ခသည်များ နေအိမ်ပြန်ခွင့်ရပြီဖြစ်ပြီး အခုအခါ ခရိုင်အားကစားကွင်း၊ ရေအရင်းအမြစ်(ရေရရှိရေး)နဲ့ စက်မှုလယ်ယာ စခန်း(၃)ခုက ဒုက္ခသည်တွေက အိမ်ပြန်ခွင့်မရကြသေးပါဘူး။ စက်မှုလယ်ယာနဲ့ ရေအရင်းအမြစ်မှာတော့ လူ(၂၀၀၀)ကျော်ရှိနေပါတယ်။ ခရိုင်အားကစားကွင်းဟာ လမ်းမဘေးမှာရှိပြီး လမ်းမထက်နိမ့်တဲ့ ချိုင့်အတွင်းမှာရှိသောကြောင့် မိုးရွာတဲ့အခါမှာလည်း ရေ၀ပ်တာကြောင့် CAMP ထဲမှ ဒုက္ခသည်တွေ အခက်အခဲရှိနေပါတယ်။

ဒုက္ခသည်တွေအတွက် အခြားအဖွဲ့အစည်းများမှ လုပ်ဆောင်ပေးနေမှုများရှိပါတယ်။ အဖွဲ့အစည်းများမှ တတ်နိုင်သရွေ့လုပ်ဆောင်ပေးကြသော်လည်း ဒုက္ခသည်တွေအနေနှင့် စခန်းတွေမှာ နေရတာဟာ မိမိတို့အိမ်ရာလောက် အဆင်ပြေနိုင်မှုမရှိနိုင်ပါဘူး။ အချို့ဒုက္ခသည်များမှာ အိမ်ကိုမီးရှို့ခံရပြီး အချို့မှာ ဖျက်ဆီးခံရသူများဖြစ်သည့်အတွက် ဖျက်ဆီးခံရသည့်အိမ်များမှ ဒုက္ခသည်များ နေအိမ်ပြန်ခွင့်ပေးသင့်သော်လည်း မည်သည့်အတွက်ကြောင့် အိမ်ပြန်ခွင့်မပေးပဲ မည်သို့ ကိုင်တွယ်ဖြေရှင်းနေသည်ကို စဉ်းစားနားမလည်နိုင်ကြောင်းကိုလည်း မိတ္ထီလာမြို့ခံတစ်ဦး၏ ပြောပြမှုမှ သိရပါတယ်။

မိတ္ထီလာမြို့မှာ အကြမ်းဖက်ခံရသည့် ဒုက္ခသည်အများစုမှာ မိမိကိုယ်ပိုင်အိမ်ရာဖြစ်သော်လည်း တချို့သောအနည်းစုမှာ အိမ်ငှားဘ၀ဖြင့် နေထိုင်ကြသူများဖြစ်ပါတယ်။ ယခုအခါနေအိမ်ပြန်ခွင့်ပြုလိုက်တဲ့အတွက် ကိုယ်ပိုင်အိမ်ရှိသူများမှာ မိမိအိမ်တွင် ပြန်လည်နေထိုင်ရသော်လည်း အိမ်ငှားဘ၀ဖြင့်နေထိုင်သူများမှာ အိမ်ရှင်များမှ ပြန်လည် လက်မခံတော့ဟုသိရှိရပြီး အချို့မှာ မိမိဆွေမျိုးသားချင်းများရှိရာ ရပ်ကွက်များတွင် သွားရောက်နေထိုင်သော်လည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ ဧည့်စာရင်းတိုင်ကြားရန် ခွင့်မရဘူးလို့သိရပါတယ်။ ရပ်ကွက်၏ ပုံစံ(၁၀)ရှိသောသူများကို နေထိုင်ခွင့်ပြုထားပြီး အိမ်ငှားနေသူများအတွက် ဥပဒေသတ်မှတ်ချက်များလည်းရှိနေပါတယ်။ ရပ်ကွက်အတွင်း ပြန်လည်နေထိုင်ရေးမှာလည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ လူရွေးပြီး ပြန်လည်ခေါ်ဆောင်မှုပြုလုပ်ပါတယ်။ ဒါကြောင့် ဒုက္ခသည်အများစုမှာ နေထိုင်ရေးအတွက် ဒုက္ခရောက်နေကြရပါတယ်။

ဒုက္ခသည်စခန်းတွေအတွင်း မီဒီယာများကိုလည်း ပေးမ၀င်သည့်အတွက် ဒုက္ခသည်စခန်းတွင်းမှ အခြေအနေမှန်များကို တခြားပြည်သူများ သေချာမသိနိုင်ပဲရှိနေပါတယ်။ ပွင့်လင်းမြင်သာမှုရှိတဲ့ သွားလာခွင့်မပေးတဲ့အတွက် အခြေအနေမှန်ကို မသိရခြင်းသာဖြစ်ပါတယ်။ ဒုက္ခသည်များအား ကူညီမှုပေးနေသည့် အခြားအဖွဲ့အစည်းများကိုလည်း လွတ်လပ်စွာဝင်ခွင့် မပြုပဲ သူတို့၏အလုပ်အား အခြားအဖွဲ့အစည်းများ ၀င်ရောက်နှောက်ယှက်သည်ဟု အစိုးရအနေဖြင့် မြင်နေကြောင်းကိုလည်း ဒုက္ခသည်များအား ကူညီပေးနေသည့် အဖွဲ့တွင် ပါဝင်နေသူတစ်ဦး၏ ပြောပြချက်အရ ထပ်မံသိရပါတယ်။

ဒုက္ခသည်များအား လှူဒါန်းနေသော အလှူရှင်များ၏ဆန္ဒမှာ ဒုက္ခသည်များထံသို့ တိုက်ရိုက်ရောက်စေလိုပေမယ့် အစိုးရမှတဆင့် လှူဒါန်းနေရသည်များကို အလှူရှင်များမှ လက်မခံလိုကြပါ။ အစိုးရပိုင်းအနေနဲ့ ယခုအခါ ကမ္ဘာ့ကြက်ခြေနီ၊ UN အဖွဲ့အစည်းများသွားရောက်မှုများကို မတားဆီးသည်မှာ ယင်းအဖွဲ့များမှာ အစိုးရမှ လွန်ဆန်မှုမပြုနိုင်သည့်အတွက် ခွင့်ပြုထားတာဖြစ်ပါတယ်။

အကြမ်းဖက်မှုမှာပါဝင်သည်ဟု သံသယရှိသူတွေကို စစ်ဆေးမှုမှာလည်း တရားခံဟုယူဆသူများနှင့် အခြားသူများတွေ့ဆုံခွင့်မရှိတာကြောင့် မည်သည့်အကြောင်းအချက်တွေ မေးမြန်းကြောင်းကိုလည်း မသိနိုင်ကြပါ။ မိတ္ထီလာအကြမ်းဖက်မှု မဖြစ်ပွားမီရက်ပိုင်းများတွင် မိတ္ထီလာမြို့ရှိ ဆိုင်ကယ်ကယ်ရီသမား (၃၀)ခန့် ဖမ်းဆီးခံရပြီး ယခုအခါ မိတ္ထီလာ အကြမ်းဖက်မှုတွင်ပါဝင်သည်ဟု သံသဖြင့် ဖမ်းဆီးခံရမှုမှ လွတ်မြောက်လာသူများတွင် ယင်း ဆိုင်ကယ်ကယ်ရီသမားများ ပါဝင်နေတာကြောင့် အာဏာပိုင်များ၏ ကြိုတင်ကြံစည်မှုများ ပါနေသည်ဟု ကောက်ချက်စွဲမိကြောင်းလည်း မိတ္ထီလာမြို့ခံမှ ပြောပြပြန်ပါတယ်။

မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုသည် လူမျိုးရေးအဓိကရုဏ်းမဟုတ်ပဲ ယခင်ကလည်း မိတ္ထီလာမြို့တွင် ဤကဲ့သို့သော အကြမ်းဖက်မှုများ မဖြစ်ပွားဖူးပါဘူး။ မိတ္ထီလာဟာ စစ်တပ်တွေရှိတဲ့မြို့လည်းဖြစ်ပြီး အေးအေးချမ်းချမ်းရှိခဲ့တဲ့ မြို့ဖြစ်ပါတယ်။ အခုအခါမှာတော့ တစ်ဘက်နဲ့တစ်ဘက် အပြန်အလှန် မယုံကြည်မှုတွေ၊ စိုးရိမ်ထိတ်လန့်မှုတွေနဲ့ ကျီးလန့်စာစားဖြစ်နေကြပါတယ်လို့လည်း မြို့ခံတစ်ဦး၏ ပြောပြချက်ကို သိရပြန်ပါတယ်။

အကြမ်းဖက်ခံရမှု ၂-လပြည့်မြောက်တော့မည်ဖြစ်သော်လည်း မိတ္ထီလာမြို့၏ ပြန်လည်ထူထောင်ရေးအခြေအနေမှာ အလွန်နှောင့်နှေးလျက်ရှိတာကြောင့်၊ မိုးတွင်းကာလအတွင်း ဒုက္ခသည်များ နေအိမ်ပြန်လည်ရောက်ရှိရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များ အထူးလိုအပ်နေပါကြောင်း စုစည်းတင်ပြလိုက်ရပါတယ်။

Leave a Reply