မေ-၂၀၊၂၀၁၃
M-Media
ပိုလန်နိုင်ငံ တောင်ပိုင်းတွင်ရှိသော နာဇီ အကျဉ်းစခန်း(Nazi Auschwitz) သို့ ဆော်ဒီမှ ဘာသာရေးဆရာ အပါအ၀င် အစ္စလာမ်ဘာသာရေး ဦးဆောင်သူ ၁၄ ယောက်သည် လာမည့်အပတ်တွင် သွားရောက်လေ့လာမည်ဖြစ်ကြောင်း၊ ထိုဒေသတွင် ဖြစ်ပျက်ခဲ့သော ဂျူးများအား အစုလိုက်အပြုံလိုက် သုတ်သင်ခံခဲ့ရခြင်းကို အသိတရားရရန် နှင့် လူမျိုးတုံးစစ်ဆင်ရေးမှဆန့်ကျင်ရန် သွားရောက်ခဲ့ခြင်းဖြစ်ကြောင်း ခရီးစီစဉ်သူများမှ မနေ့က ပြောကြားခဲ့ကြောင်း သိရသည်။
“ သက်ဆိုင်ရာဒေသတွင်းမှ သြဇာရှိ ဘာသာရေးခေါင်းဆောင်များအတွက် ဤအခွင့်အရေးသည် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကို အသိတရားရရန် ၊ မည်သည့် အမုန်းတရားမျိုးက ဤကဲ့သို့ရက်စက်မှုမျိုးကို ဖြစ်ပေါ်လာစေကြောင်း သိမြင်ရန် ( နှင့် ) လူမှုအဖွဲ့အစည်းအတွင်း ထိုကဲ့သို့ ဖြစ်ရပ်ကို တားဆီးရန် နာဇီအကျဉ်းထောင်သို့သွားရောက်လေ့လာခြင်း ဖြစ်သည်” AFP သတင်းဌာနသို့ ပိုလန်နိုင်ငံ၏ ယဟူဒီတရားဟောဆရာ ခေါင်းဆောင် ဖြစ်သူ မိုက်ကယ် ရှောဒရိရှ်( Michael Schudrich) မှဟု ပြောကြားခဲ့သည်။
နိုင်ငံတကာ ဘာသာရေး လွတ်လပ်စွာကိုးကွယ်မှု (International Religious Freedom) အမေရိကန် နိုင်ငံဌာနခွဲမှ ဂျွန် ဆီ တေလာ (John C.Taylor) မှ AFP သို့ပြောကြားခဲ့သည်မှာ အဖွဲ့စည်းတွင် ပါဝင်သော အခြား ဘာသာရေး ခေါင်းဆောင်များသည် ဘော့စနီးယား၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဂျော်ဒန်၊ မော်ရိုကို၊ နိုင်ဂျီးရီးယား၊ ပါလက်စ္စတိုင်း၊ တူရကီ နှင့် အမေရိကန် နိုင်ငံများမှဖြစ်ပြီး၊ အကျဉ်းထောင်အား မလေ့လာမှီတွင် ပိုလန်နိုင်ငံ၏ မြို့တော်၊ ၀ါဆောမြို့ရှိ အသစ်ဖွင့်လှစ်ထားသော ဂျူးများ၏ တစ်ချိန်ကဘ၀အားပြသထားသည့် ပြတိုက်သို့ အရင်ဆုံးသွားရောက်မည် ဖြစ်ကြောင်းသိရသည်။
ခရစ်ယာန် ကက်သလစ်ဘာသာရေးခေါင်းဆောင်၊ အစ္စလာမ် ဘာသာရေးခေါင်းဆောင် နှင့် ဂျူးဘာသာရေးခေါင်းဆောင် များအားတွေ့ရန်လည်း စီစဉ်ထားကြောင်း၊ ရှော်ဒရိရှ် မှပြောကြားသည်မှာ “ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းရဲ့ ရက်စက်ကြမ်းကြုတ်မှုကို ကမ္ဘာကသိရင် ဂျူးတွေအပေါ် လူမျိုးတုံးစစ်ဆင်ရေး လိုမျိုး တခြားလူမျိုးတွေအပေါ်မှာလည်း ဖြစ်ပေါ်ဖို့ မရှိနိုင်တော့ပါဘူး။ ဒီအကြောင်းအရာကို လူမှုအဖွဲ့အစည်းခေါင်းဆောင်များ သိအောင်လုပ်ဆောင်ပေးဖို့ ကျွန်တော်တို့တာဝန်ဖြစ်ပါတယ် ” ဟု ပြောကြားခဲ့သည်။
မူစလင်ခေါင်းဆောင်များသည် ၂၀၁၁ ခုနှစ်က နာဇီအကျဉ်းထောင်သို့ နောက်ဆုံးရောက်ရှိခဲ့ပြီး၊ ၄င်း ဘာသာရေးညီညွတ်မှုအဖွဲ့အစည်းတွင် အရှေ့အလယ်ပိုင်း၊ အာဖရိက နှင့် ဥရောပမှ ဂျူးနှင့် ခရစ်ယာန် ခေါင်းဆောင်များလည်းပါဝင်ကြောင်း သိရသည်။
Ref:Arab News
Comments